မောင်တော သရေကုန်ဘောင်ရွာတွင် အိမ်တစ်လုံး မီးလောင်

ပို့စ်တင်ချိန် - 2/28/2014 11:33:00 PM


(နိရဉ္စရာ- ၂၈ ဖေဖေါ်ဝါရီလ ၂၀၁၄)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် တည်ရှိသော သရေကုန်ဘောင် ဘင်္ဂလီရွာတွင် မီးလောင်မူ ဖြစ်ပွားရာ  အိမ်တစ်ဆောင် မီးထဲပါသွားကြောင်း သတင်း ရရှိသည်။

“ ညနေ ၅ နာရီကျော်ကျော်မှာ လောင်တာပါ။ အိမ်တစ်လုံးဘဲ မီးထဲပါသွားပါတယ်” ဟု မောင်တောခရိုင် တည်ငြိမ်ရေးနှင့် ပြန်လည် နေရာချထားရေး အတွင်းရေးမှူး ဥပဒေအရာရှိ ဦးမြင့်သန်းက နိရဉ္စရာသို့ ပြောသည်။

ယခု မီးလောင်သော သရေကုန်ဘောင် ဘင်္ဂလီရွာမှာ ယခင် ပြဿနာ ဖြစ်ပွားခဲ့သော ဒုချီးရားတန်း အနီးတွင် တည်ရှိကြောင်း သိရသည်။

“ လောင်တာကတော့ ပေါ့ဆမီးပါ။ တစ်လုံးတည်းပါ။ နောက်ထပ်ကူးစက် လောင်ကျွမ်းတာ မရှိပါဘူး” ဟု ဦးမြင့်သန်းက ဆိုသည်။

သို့သော်ဒေသအတွင်းမှ အစိုးရ တာဝန်ရှိသူများနှင့် ရခိုင်တိုင်းရင်းသားများမှာ ၎င်းမီးလောင်မူအား ယခင်စွပ်စွဲနေကျ အတိုင်း ရခိုင်များက မီးရှို့သည်ဟု စွပ်စွဲ ပြောဆိုလာမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

Narinjara