ပြောတာပဲ - ဇော်သက်ထွေး

ပို့စ်တင်ချိန် - 2/28/2014 11:52:00 PM


ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကြီး က မြေသိမ်းယာသိမ်းကိစ္စတွေမှာ ပြည်သူတွေ နစ်နာဆုံးရှုံးမှုမရှိအောင် လုပ်ရမယ်လို့ပြောပါတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း ဒဒမိဘပြည်သူများ ခင်ဗျားဒဒ ဆိုပြီး ရိုသေကျိုးနွံစွာနဲ့ တိုင်းပြည်ကို မိန့်ခွန်းပြောလေ့ရှိပါ တယ်။ ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် တပ်မတော်ဟာ အတတ်နိုင်ဆုံး စိတ် ရှည်သည်းခံပြီး ဆောင်ရွက်နေတယ် လို့ နိုင်ငံတကာကို ပြောခဲ့ပါတယ်။ ဒါပေမယ့်လွှတ်တော်ကိုယ်စားလှယ် တွေထဲက ၁၆၀ ကျော်ဟာ လွှတ်တော် သက်တမ်း ၃ နှစ်အတွင်း ဘာမေးခွန်း မှ မမေးခဲ့ပါဘူး။ အစိုးရအဖွဲ့အတွင်းမှာ လည်း အကျင့်ပျက်ခြစားမှုကြောင့် အရေးယူခံရတဲ့ဝန်ကြီးမရှိပါဘူး။ လက်ရှိ အာဏာရထားတဲ့ ပါတီထဲက ပုဂ္ဂိုလ်တစ်ချို့ဟာ ပြုပြင်ပြောင်းလဲရေး တွေကို ခုခံဖို့အတွက် အရင်အစိုးရရဲ့ လက်ရာအတိုင်း ဗြောင်ကျကျလှုပ်ရှား နေဆဲပါပဲ။

ရာသီဥတုကပူတယ်။ ပြည်သူ တွေက ဆင်းရဲတယ်။ ဘတ်စ်ကားကြီး တွေက နိုင်ငံတော်ပိုင်လမ်းပေါ်မှာ စိတ်ထင် သလိုမောင်းနေကြတယ်။ ရုပ်ရှင်တွေကလည်း မကောင်းဘူး။ သရုပ်ဆောင်တွေက အခန်းတစ်ခန်း ထဲမှာစုရပ်ပြီး စကားတွေပဲပြောနေ ကြတယ်။ ပြဇာတ်သာသာပဲ။ ဟာသ ကားတွေပဲများနေပြီး အတွေးအခေါ် တွေက မြင့်မားမလာတော့ဘူး။ အရင် တုန်းက ရုပ်ရှင်သမားတွေ ပြောနေကျ စကားကြီးနှစ်ခွန်းရှိပါတယ်။ အဲဒါ ကတော့ ဒဒကျွန်တော်တို့ဆီက စက် ပစ္စည်းတွေ ခေတ်မမှီတော့လို့ဒဒ၊ ဒဒကျွန်တော်တို့ရဲ့ ဆင်ဆာမူဝါဒ တင်းကြပ်လွန်းလို့ဒဒ ဆိုပြီး မြန်မာ ဇာတ်ကားတွေအရည်းအသွေးကျဆင်း တာကို ဆင်ခြေပေးလေ့ရှိပါတယ်။ အခုဆင်ဆာလည်းမကြပ်တော့ပါဘူး။ စက်တွေလည်း ထိုက်သင့်သလောက် ရှိလာပါပြီ။ ဒါပေမယ့်ဇာတ်ကားတွေ ကတော့နာမည်တွေကရော၊ အတွေး အခေါ်တွေကရော၊ အောက်တန်းကျ တုန်းပါပဲ။

မြန်မာ့လက်ရွေးစင်ဘောလုံး အ သင်းကလည်း ပွဲတိုင်းရှုံးနေတယ်။ လ စာဖြတ်တောက်ခြင်းခံရတဲ့ ဘောလုံး သမားတွေရဲ့ခြေစွမ်းကလည်း ကောင်း မလာတော့ဘူး။ ဘောလုံး အကယ်ဒမီ မှာရှိတဲ့ကျောင်းသားလေးတွေကလည်း ဆယ်တန်းအောင်အောင် မဖြေနိုင် ဘူး။ ကစားသမားတွေရဲ့ အပြုအမူ တွေဟာ ကြမ်းတမ်းရိုင်းစိုင်းတယ်လို့ မီဒီယာတွေက မှတ်ချက်ပြုတယ်။ ဒါ့ကြောင့် မြန်မာနေရှင်နယ်လိဂ်ကို လည်း ပရိသတ်တွေ လာမကြည့်တော့ ဘူး။ ယာဉ်ကြောပိတ်ဆို့နေတာ လမ်း တွေချည်းကိုပဲ အပြစ်ပြောလို့မရ၊ ကား တင်သွင်းခွင့်ပေးတာချည်းပဲ အပြစ် ပြောလို့မရ၊ လိုင်းနှစ်လိုင်းကို ခွမောင်း တဲ့မော်တော်ကားတွေ ညာဘက်ယာဉ် ကြောကဘယ်ဘက်ယာဉ်ကြောအထိ ပြောင်းပြီးမောင်းချင်တဲ့ ဒရိုင်ဘာတွေ ဘယ်သူ့ကားကိုမှ အလျှော့မပေးလို တဲ့ မြန်မာ့စိတ်ဓာတ်တွေက မီးပွိုင့်မှာ တစ်နေတယ်။

မြန်မာ့ပညာရေးအဆင့်အတန်း က နှစ် ၃၀ အတွင်း လုံးဝပျက်စီး သွားပြီး ကလေးတွေကလည်း လောက နီတိဆိုတာကို မသိတော့ပါဘူး။ တိုင်း ပြည်ချစ်စိတ်နဲ့ ကိုယ့်အားကိုယ်ကိုးလို စိတ်တွေ နည်းပါးပြီး အချောင်ရတဲ့ အခွင့်အရေးတွေကို မက်မောလာကြ တယ်။ သစ်ထုတ်လုပ်ရေးက ဒီနှစ် ဧပြီမတိုင်ခင် သစ်အားလုံးကို ခုတ်နေ တယ်။ မြန်မာပြည်ရဲ့သစ်တောဧရိယာ က စာရွက်ထဲမှာ ၁၉ ရာခိုင်နှုန်းပဲ ကျန်တော့တယ်ဆိုပေမယ့် သစ်တော တွေကို ကာကွယ်တားဆီးနေတဲ့ တော အုပ်ကြီးတွေကို ခြုံအုပ်ကြီးတွေလို ပြောင်ပြီးခေါ်နေကြပြီ။ တလောက ပလပ်စတစ်အိတ်တွေဟာ မြေဆီလွှာ ပျက်သုဉ်းတယ်ဆိုပြီး ကြပ်ကြပ်အိတ် အစား စက္ကူအိတ်တွေကို အစားထိုးဖို့ ပလတ်စတစ်လုပ်ငန်းရှင်တွေကို ခေါ် ပြောခဲ့ပေမယ့် နောက်ဆုံးတော့ ဒုံရင်း က ဒုံရင်းပါပဲ။ ဧရာဝတီမြစ်ကို လမ်း လျှောက်ကူးလို့ရပြီး ပန်းလှိုင်မြစ်ကို တော့ မြေပုံထဲက ဖျက်ပစ်လို့ရပါပြီ။ 

ရွာသူရွာသားတွေက လယ်မြေ တွေ အသိမ်းခံရလို့ မလေးရှားကိုသွား ပြီး အလုပ်လုပ်ကြရတယ်။ တံငါသည် တွေက ငါးတွေကို ဘက်ထရီနဲ့ရှော့ တိုက်ပြီး ဖမ်းတယ်။ ပညာရေးဝန်ထမ်း ဆရာမတွေက အိမ်မှာကျူရှင်သင် တယ်။ ရှေ့နေတွေက တရားသူကြီး တွေအတွက် အမှုပွဲစားလုပ်ပေးပြီး တရားဥပဒေကို ဖျက်ဆီးတယ်။ ဂေါပကတွေက စီးပွားရေးလေလံပစ် တတ်ကြပြီး ကျောင်းဆရာတွေက ချဲဒိုင်လုပ်တတ်တယ်။ အထူးကု တွေကလူနာတစ်ယောက်ကို ငါးမိနစ် ပဲကြည့်တာ ဘယ်သူမှမပြောရဲဘူး။ ဆရာဝန်ကြီးက ဆွေးနွေးပညာပေး တယ်ဆိုတာ မြန်မာ့အသံကရေဒီယို ဇာတ်လမ်းထဲမှာပဲရှိတယ်။ အထူးကု ဆေးခန်းတွေကလည်း ဆရာဝန်ကြီး တွေကိုအလိုလိုက်နေရပုံပါပဲ။ သတင်း ထောက်တွေက ဂျာနယ်ရောင်းကောင်း ဖို့အတွက် စာနယ်ဇင်းကျင့်ဝတ်တွေ ချိုးဖောက်နေကြပြီး ပြည်ထဲရေးက လည်း ကျွံလာတဲ့ သတင်းသမားတွေ ကို သင်ခန်းစာပေးချင်နေတယ်။ ယာဉ် တိုက်မှုတွေကြောင့် မနှစ်က လူပေါင်း ၃၅၀၀ သေဆုံးခဲ့ပေမယ့် ဆိုက်ကား သမားတွေက ဆိုင်ကယ်တက္ကစီ ဆွဲ နေကြပြီ။ တပ်မတော်ရဲ့ကာကွယ်ရေး အသုံးစရိတ်ကို လွှတ်တော်က လျှော့ချ လိုက်ပေမယ့် အရာရှိစစ်သည် ၃၀၀၀ ကတော့ နှစ်စဉ်တိုးပွားနေပါတယ်။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ် ဆိုတဲ့ ဆောင်ပုဒ်က လူတွေရယ်စရာ ပျက်လုံးဖြစ်ခဲ့ပေမယ့် မြန်မာ့ကင်ဆာ အမျိုးမျိုး ကမ္ဘာမှာ တိုးစေရမည်ဆိုတဲ့ ဆောင်ပုဒ်ကတော့ တစ်နှစ်ထက်တစ်နှစ် ပိုပြီးမှန်ကန်လာပါတယ်။ ကမ္ဘာ့ကင်ဆာ အဖြစ်ဆုံးနိုင်ငံတွေထဲမှာ မြန်မာက အဆင့် ၃ ချိတ်သတဲ့။ ဒီနှစ်ပိုင်းမှာ ရွှေဆိုင်အတော်များများ လုယက်ခံ ရပြီး ရဲတွေက တရားခံတိုင်းကို မဖမ်း နိုင်ခဲ့ပါဘူး။

ပြည်သူတွေ မကြည်ညိုတဲ့ ခရိုနီ တွေက သူတို့ရှင်သန်မှုအတွက် အတိုက် အခံ နိုင်ငံရေးပါတီတွေရဲ့ လူမှုရေး လှုပ်ရှားမှုတွေမှာ ငွေတွေလှူနေပေ မယ့် နောက်ထပ်အခွင့်အရေးတွေမရ တော့လို့ဝမ်းနည်းနေပါတယ်။ အတွင်း သိတွေကတော့ နောက်ထပ် အခွင့်အ ရေးတွေ မရတော့ဘူးဆိုတာ ဘယ်သူ ပြောလဲလို့ဆိုပါတယ်။ အာဏာရှင် အစိုးရလက်ထက်က ကရုဏာကြီး ချင်ယောင်ဆောင်ထားတဲ့ အမျိုးသမီး ပရဟိတအဖွဲ့အစည်းတွေကလည်း အခုတော့လူမှုရေးမလုပ်ကြတော့ဘူး။ အနုပညာသမားတွေကတော့ လူမှု ဂုဏ်ထူးဆောင်လက်မှတ်ရဖို့ နာရေး ကူညီမှုအသင်းက လူသေတွေကို သင်္ဂြိုဟ်ပေးနေပေမယ့် အနုပညာ လောကအတွင်း မူးယစ်ဆေးသုံးစွဲမှု ကတော့ အရင်အတိုင်းပါပဲ။ လူငယ် တွေကြားထဲမှာ လက်ဖက်ရည် သောက်တဲ့သူနည်းလာပြီး အရက် သောက်တဲ့သူ များလာပေမယ့် ဘယ် စတိုးဆိုင်ကမှ ၁၈ နှစ်အောက် အရက် မ၀ယ်ရလို့ ကြေညာချက်မထုတ်သေး ပါဘူး။ ဘယ်အရက်ကောင်တာမှ လည်း အချိန်ပိုင်းနဲ့ ရောင်းမယ်ဆိုတာ မျိုး မရှိပါဘူး။ အရက်ကုမ္ပဏီတွေ သိန်းပေါင်းသောင်းချီ ချမ်းသာလာ ပေမယ့် အသည်းကင်ဆာနဲ့ သေတဲ့သူ တွေကလည်း သိန်းပေါင်းသောင်းချီနဲ့ အပြိုင် ချီတက်လာပါပြီ။ မြန်မာနိုင်ငံ သားတွေအားလုံးဟာ ပင်လယ်၊ တော တောင်၊ သစ်ပင်၊ ကျေး ငှက်တိရစ္ဆာန် တွေကို ချစ်ပုံမရတဲ့အတွက် တိုင်းပြည် ရဲ့ သဘာဝပတ်ဝန်းကျင်က အဆိုးဝါး ဆုံးအခြေအနေကို ရောက်ရှိလာ ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ အိမ်ထောင်ပြုမှုနှုန်း ကျလာသလို အိမ်ထောင်ကွဲမှုနှုန်းကလည်း မြင့်တက်ခဲ့တဲ့အတွက် ဖခင်မဲ့ကလေး ဦးရေကလည်း ပိုပြီးတိုးပွားလာပါ တယ်။ ဆင်ဆာမဲ့အပြာဗွီဒီယိုခွေတွေ ဟာ လမ်းဆုံလမ်းခွနဲ့ လက်ဖက်ရည် ဆိုင်တွေမှာ ပေါ်ပေါ်တင်တင်ရောင်း ချနေပေမယ့် ဖမ်းဆီးမယ့်သူ မရှိသေး ပါဘူး။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဖတ်လို့ ကောင်းအောင် ရေးထားတဲ့ စာအုပ်ထဲက စာသားတစ်ခုသာ ဖြစ် ပါတယ်။ ဒီအပြာခွေတွေရဲ့ ရိုက်ခတ် မှုကြောင့် အသိဉာဏ်ချို့တဲ့တဲ့ ဗုဒ္ဓ ဘာသာကျေးလက်တွေမှာ ကိုယ့်သား သမီးတွေကို အဓမ္မကျင့်ကြံတဲ့အမှု မျိုးတွေ မကြားစဖူး ပေါ်ပေါက်လာ ပါတယ်။ မြန်မာပြည်ရဲ့သူဌေးအား လုံးက အာဏာပိုင်တွေကို လာဘ်ထိုး ဖို့လက်မနှေးပေမယ့် အခွန်ရှောင်ဖို့ကျ တော့ ညီတူညာတူ ယိမ်းကနေကြ တယ်။ ဆေးတက္ကသိုလ်က မွေးထုတ် ပေးလိုက်တဲ့ ဆရာဝန်တွေက စာပေ လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်း ကျောင်းပြုကြပြီး စစ်ဗိုလ်တွေက စီးပွားရေးလုပ်တယ်။ လယ်သမားတွေ က ဆန္ဒပြနည်း တတ်မြောက်သွားပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မကြာခဏ ခွင့်ယူတတ်တယ်။ တရား သူကြီးတွေက ငွေတိုးပေးပြီး ဗိုလ်ချုပ် ကတော်တွေက လုံးချင်းအိမ်တွေ ငှား စားကြတယ်။ စာရေးမတွေက ညွှန် ကြားရေးမှူးရဲ့ အငယ်အနှောင်းဖြစ် သွားပြီး ရပ်ကွက်ထဲက ကောင်မလေး တစ်ယောက်ပျောက်ပြီးပြန်ပေါ်လာ ရင် ဂျာနယ်လစ်ဖြစ်နေတတ်တယ်။ 

လွှတ်တော်က ဥပဒေတွေအမျိုးမျိုး ပြဌာန်းနေပေမယ့် ကိုယ်စားလှယ်တွေ က သူ့မဲဆန္ဒနယ်မြေတွေဆီကိုလည်း မသွားကြပါဘူး။ နိုင်ငံရေးယဉ်ကျေးမှု သစ်ဖြစ်လာပြီလို့ သမ္မတကြီးကပြော ပေမယ့် အဖွဲ့အစည်းတွေနဲ့ အတွေး အခေါ်တွေကတော့အဟောင်းတွေ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်း ရေးမရသေးပေမယ့် လက်နက်ကိုင်အဖွဲ့ တွေကတော့ မော်တော်ကားပါမစ်ရ သွားပါပြီ။ လွှတ်တော်နဲ့အစိုးရအဖွဲ့ ရန်ဖြစ်နေပေမယ့် ချမ်းသာပုံခြင်းက တော့ အတူတူပါပဲ။ 

အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှာ ကမ္ဘောဒီးယားခြင်းအဖွဲ့ကို ရွှေ တံဆိပ်ရစေရမယ်လို့ ကတိပေး ဖိတ်ခေါ်ခဲ့ပြီး နောက်ဆုံးတော့ မြန်မာ တွေက ကတိဖျက်ခဲ့တယ်။ နိုင်ငံတော် သမ္မတကြီးကြေးကြော်ခဲ့တဲ့ ဆင်းရဲသား မွဲတေမှုတိုက်ဖျက်ရေးက မအောင်မြင် ဘဲ ပြည်သူတွေခမျာ နွားနို့တောင် မသောက်နိုင်ပါဘူး။ အစိုးရ၀န်ကြီးတွေ သုံးနှစ်အတွင်းပြောတဲ့ မိန့်ခွန်းတွေက မြန်မာပြည်သမိုင်းမှာ ထာဝရတွင်ကျန် ရစ်ခဲ့ပါပြီ။ ပြည်သူတွေ ထမင်းတစ်နပ် လျှော့စားပါ။ ဖယောင်းတိုင်ထွန်းပြီး နေပါ။ တရုတ်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါ။ လိုအပ်ရင် ပါး အရိုက်ခံပါ။ ကလေးတွေအတွက် အားကစားကွင်းတွေ ပျောက်ကွယ် သွားပြီး စည်ပင်သာယာနဲ့ အဆင်ပြေ တဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေ အတွက်ဈေးတွေဖြစ်လာတယ်။ ကျေး လက်မှာ ယောက်ျားတွေ ပြည်ပသွား အလုပ်လုပ်နေလို့ မိန်းမတွေက လယ် ထွန်နေကြတယ်။ အမျိုးသား အစွန်း ရောက်တွေက လူတွေကို စည်းရုံးဖို့ ဘာသာရေးကို ခုတုံးလုပ်တယ်။ ဗုဒ္ဓ ဘာသာကိုကိုးကွယ်ယုံကြည်ကြပေ မယ့် လောဘ၊ ဒေါသ၊ မောဟတွေ ကတော့ ကြောက်ခမန်းလိလိပဲ။

တိုင်းပြည်မှာတော့ သဘာဝ ဓာတ်ငွေ့တွေရှိသေးတယ်လို့ပြောတာ ပဲ။ ရေနံတွေရှိသေးတယ်လို့ပြောတာ ပဲ။ ကျွန်းသစ်တွေရှိသေးတယ်လို့ ပြောတာပဲ။ ကျောက်စိမ်းတွေရှိသေး တယ်လို့ပြောတာပဲ။

ဂုဏ်သိက္ခာတွေရှိသေးတယ်လို့ ပြောတာပဲ။

ပြောတာပဲ...........

ဇော်သက်ထွေး
Tomorrow Journal