မိသားစုလိုက် ဖျော်ဖြေဖြစ်တဲ့ Tri Family Violin Group

ပို့စ်တင်ချိန် - 2/28/2014 02:31:00 PM



အနုပညာ မိ သားစုအနေနဲ့ ဂျူးဂျူးကေ၊ နိုနို ကေနဲ့ အဖေဖြစ် သူ Mr.K တို့က တယောလေးတွေနဲ့ Tri Family Violin Group အဖွဲ့ အဖြစ် ဖျော်ဖြေလေ့ရှိ ပါတယ်။ ဒီလိုဂီတတူရိယာဖြစ်တဲ့ တယော ပညာကို စတင်သင်ယူဖြစ်ခဲ့တာ တွေနဲ့ ပတ်သက်ပြီး ဂျူးဂျူးကေ ကို မေးကြည့်တော့..

“တယောကိုစသင်ဖြစ် တာက အဖေက သူ့ပညာအမွေ ကိုပေးထားခဲ့ချင်တယ်။ ကိုယ့် ဘေးမှာ ဆရာတစ် ယောက် လည်းရှိနေတော့ အခွင့်အရေး တစ်ခုကို လက်ဆုပ် လက်ကိုင် ပြုသင့်တယ်လို့ထင်လို့ သင်ဖြစ် တာ။အစကတအားကြီးဝါသနာ ပါလို့တော့ မဟုတ်ဘူး။ သင်တဲ့အချိန်မှာ တအား ခက်ခဲတော့ ပင်ပန်းခဲ့ရ တယ်။နောက် တဖြည်း ဖြည်း ခင်တွယ်လာ တယ်။နှစ်သက်မြတ် နိုးလာတယ်။ လွန်ခဲ့ တဲ့ ၂ နှစ်လောက်က ဂျူးကေကို တယော တီးပေးဖို့ကုမ္ပဏီတစ် ခုက ကမ်းလှမ်း တယ်။ တယောက လူများ များနဲ့ဆို ပို မြိုင်တယ်ဆိုတော့ အဖေနဲ့ ညီမလေးပါ အားဖြည့်ခဲ့တာပါ။ အဲ ဒီမှာ ပရိသတ်တွေက အားပေးခဲ့ကြတဲ့ အတွက် နောက်ပွဲတွေ ဆက်ပြီး လုပ်ဖြစ်သွားတာပေါ့။

ကိုယ့်ကိုယ်ကိုယ်လည်း ဒီလိုတီးခတ်နေရရင် ယုံကြည်မှုအပြည့်ရှိလာ တယ်။ ကိုယ်ဖန်တီး လိုက်တဲ့ အနုပညာကို ပရိသတ်က နှစ်သက် သဘောကျလို့ လက် ခုပ်သံတွေ ကြားရရင် အပင်ပန်းခံရပေမယ့် အမော ပြေသွားတယ်။ စေတနာအပြည့်အဝနဲ့ လုပ်တဲ့အတွက် ပရိသတ် မေတ္တာ ရောင်ပြန်ဟပ် တယ်လို့ ထင်ပါတယ်။ မိသားစု လိုက် အနုပညာအလုပ်နဲ့ ပရိသတ်ကို တင်ဆက်ခွင့်ရတဲ့ အတွက် အားလည်းပိုရှိတယ်။ ပျော်လည်းပျော်ပါတယ်” လို့ ပြောပါတယ်။

ညီမဖြစ်သူ နိုနို ကေကလည်းဒီအဖွဲ့ရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး…

“မိသားစုလိုက်သမီးတို့ တတ် ကျွမ်းထားတဲ့ အနုပညာကို ဖျော်ဖြေ ခွင့် ရတာ တအားဝမ်း သာ ပီတိ ဖြစ်မိပါတယ်။ တယောကိုင်ပြီး စင် ပေါ်တက်တာနဲ့ ပိုယုံကြည် ချက်ရှိလာတယ်။ သမီးတို့အဖွဲ့ ရဲ့ အဓိကရည်ရွယ်ချက်က လည်း လာရောက်ကြည့်ရှု နား ဆင်ကြတဲ့သူတွေကိုစိတ်အပန်း ပြေစေချင်တာပါ။ ဒါကိုကြည့် ရတာကဘာနဲ့ မှမလဲနိုင်တဲ့ ခံစားချက်မျိုးဖြစ်ရပါတယ်။ ဂီတအသံ က လူကိုစိတ်အပန်းပြေစေတယ် လို့ ကြားဖူးတယ်လေ။ တယော ပညာကို အမွေပေးခဲ့တဲ့ ဖေဖေ့ကိုလည်းကျေးဇူး တင်ပါတယ်။ သင် ဆရာ၊မြင်ဆရာ၊ကြားဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ပြောပြခဲ့ပါတယ်။

မေမွန်မောင်



Popular Journal