လူ ၃ ဦး မျိုးဗီဇ ပေါင်းစပ်မွေးဖွားခွင့် ဥပဒေကြမ်း ထွက်လာ

ပို့စ်တင်ချိန် - 2/28/2014 10:18:00 AM


သိပ္ပံပညာ ထွန်းကားလာတာနဲ့အမျှ လူသားရဲ့ သဘာဝ သန္ဓေတည်မွေးဖွားတဲ့ ဖြစ်စဉ်တွေမှာ ဖန်တီးတဲ့ နည်း ပညာတွေလည်း တိုးပွားလာကြတာပါ။ ပုံမှန်အားဖြင့်တော့ သန္ဓေတခုဆိုတာ လူ ၂ ဦးရဲ့ သုပ်ပိုးနဲ့ မျိုးဥ ပေါင်းစပ်မှုပြီး မွေးဖွားကြတာပါဘဲ။


 ဓာတ်ပုံ- ဘီဘီစီ

ဒါပေမယ့် အခုဆိုရင် ဗြိတိန်နိုင်ငံမှာ လူ ၃ ဦးဆီက မျိုးဗီဇကို အသုံးပြုပြီး မွေးဖွားတဲ့ ကလေးမွေးဖွားမှု ဆိုတာ ရှိနေပြီး ဒီကိစ္စကိုလည်း တရားဝင်ခွင့်ပြုဖို့ ဥပဒေကြမ်း ထွက်လာပြီလို့ ဘီဘီစီသတင်းတပုဒ်က ဆိုပါတယ်။

အဲဒီ လူ ၃ ဦးဆီက မျိုးဗီဇ ယူပြီး ကလေး မွေးဖွားခွင့် ဥပဒေကြမ်းကို ဒီနှစ်ကုန်လောက်မှာ အတည်ပြုနိုင် မယ်လို့ လည်း ဆိုပါတယ်။

လူ ၃ ဦးဆီက မျိုးဗီဇ ယူတာကတော့ မိဘ ၂ ဦးဆီက သုပ်ပိုးနဲ့ မမျိုးဥ အပြင် နောက်ထပ် အမျိုးသမီးတဦး ရဲ့ မမျိုးဥကိုပါ ပေါင်းစပ်သန္ဓေတည်စေပြီး မွေးဖွားစေမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။ ဆိုလိုတာက အဖေ တဦးနဲ့ အမေ ၂ ဦးက မွေးဖွားတဲ့ ကလေးတဦး အဖြစ်ပါ။

မျိုးဗီဇ ၃ မျိုးစပ်ပြီး မွေးဖွားလာတဲ့ ကလေးမျိုးဟာ သဘာဝအတိုင်း မွေးတဲ့ ကလေးတွေနဲ့ မတူပဲ အထူး သဖြင့် ဝမ်းတွင်းရောဂါတွေ ကင်းစင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ မိခင်ဆီက ပါလာတဲ့ ဝမ်းတွင်းရောဂါနဲ့ ပတ်သက်လို့ သဘာဝ အတိုင်းမွေးတဲ့ ကလေး ဦးရေ ၆၅ဝဝ မှာ တဦးနှုန်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

ကိုယ့်ကလေး ဝမ်းတွင်းရောဂါ ကင်းစေဖို့ ဗြိတိန်မှာ ဒီလို ၃ မျိုးစပ်ကလေးတွေ မွေးဖွားခွင့် ဥပဒေ အတည်
ပြု လိုက်ပြီ ဆိုရင်တော့ ဗြိတိန်ကိုပြောင်းကာ အလှူရှင် နောက်ထပ် အမျိုးသမီးကို ရှာပြီး မမျိုးဥ အလှူခံ ဖို့လည်း လိုအပ်ပါလိမ့်မယ်။


အိမ့်သံစဉ် ~
arrawady