အများပြည်သူသို့ အသိပေးပန်ကြားခြင်း

ပို့စ်တင်ချိန် - 2/28/2014 02:04:00 PM


စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရတနာကမ်းလွန်ပလက်ဖောင်းတွင် ၁-၃- ၂၀၁၄ရက်နေ့မှ ၂-၃-၂၀၁၄ ရက်နေ့အထိ ၄၈ နာရီကြာ အထွေထွေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိသည့်အတွက် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပို့လွှတ်မှုကို ရပ်ဆိုင်းမည် ဖြစ်ပါသည်။ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပို့လွှတ်မှု ရပ်ဆိုင်းချိန်တွင် ပိုက်လိုင်းလက်ကျန် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ အလုံဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက်တစ်လုံး၊ ရွာမဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက်တစ်လုံး၊ ကုန်းတွင်းသဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး လှော်ကားဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက်(၂)လုံးအား မောင်းနှင်၍ စုစုပေါင်း ၁၇၄ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၃၄၉ မဂ္ဂါဝပ်လျော့နည်းမည် ဖြစ်ပါသည်။ အများပြည်သူ ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများမှ လျော့နည်းထုတ်လုပ်မည့် ပမာဏအားကာမိစေရန် လက်ရှိတီကျစ်နှင့် ရေအားလျှပ်စစ်စက်ရုံများမှ နေ့စဉ် ၂၃၀၀၀ မဂ္ဂါဝပ်နာရီ ထုတ်လုပ်ရာမှ ၃၀၅၀၀ မဂ္ဂါဝပ်နာရီထိ တိုးမြှင့် ထုတ်လုပ်ပေးသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သဘာဝဓာတ်ငွေ့လုပ်ငန်း ရတနာကမ်းလွန် ပလက်ဖောင်း ပြုပြင်နေစဉ် ကာလ၁-၃-၂၀၁၄ ရက်နေ့မှ ၂-၃-၂၀၁၄ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၏ ထုတ်လုပ်မှု လျော့နည်းသွားသဖြင့် ဟုံဟိုင်း ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထား သည့် အလုံ၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ဒဂုံ၊ စမ်းချောင်းမြို့နယ်များတွင် အချိန်ပိုင်းအလိုက် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်သည်မှလွဲ၍ ကျန်နေရာဒေသများအား ဓာတ်အားစဉ်ဆက်မပြတ် ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အများပြည်သူသို့ အသိပေးပန်ကြားအပ်ပါသည်။

MOI Webportal