ထိုင်းနိုင်ငံတွင် ကျောင်းသားများတင်ဆောင်လာသော မော်တော်ကား တိမ်းမှောက်မှုဖြစ်ပွား၊ အနည်းဆုံး ၁၅ ဦး သေဆုံး

ပို့စ်တင်ချိန် - 2/28/2014 07:50:00 PM


ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈

ထိုင်းနိုင်ငံအရှေ့ပိုင်းတွင် ဒီကနေ့နံနက်ပိုင်းက ကျောင်းသားများတင်ဆောင်လာသည့် ကားတစ်စင်းနှင့် ကုန်တင်ယာဉ်တစ်စင်းတို့ တိုက်မိရာ ကားပေါ်တွင် လိုက်ပါလာသည့် ကလေးငယ် ၁၃ ဦးနှင့် ဆရာမ ၂ ဦး အပါအ၀င် ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ ၃၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒုတိယရဲမှူးကြီး Aunkarn Thamvijarn က တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုခဲ့သည်။ ကားဘရိတ်ချို့ယွင်းမှု (သို့မဟုတ်) ကားမောင်းသူမှ အိပ်ငိုက်မှု တစ်ခုခုကြောင့် ယခုကဲသို့ ဖြစ်ပွားခဲ့ခြင်းဟု ၎င်းက ပြောဆိုခဲ့သည်။

ကျောင်းသားများမှာ အသက် ၁၀ နှစ်မှ ၁၄ နှစ် အရွယ်များဖြစ်ကြပြီး၊ နိုင်ငံ အနောက်မြောက်ပိုင်းရှိ Nakhon Ratchasima ဒေသမှ Pattaya မြို့သို့ သွားလာစဉ် ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု သိရသည်။

MOI Webportal Myanmar