ဝန်ကြီးချုပ်၏ ဆောင်ရွက်ချက်များ တရားမျှတမှုမရှိဟုဆိုကာ ဒုတိယသမ္မတထံတိုင်ကြား

ပို့စ်တင်ချိန် - 2/28/2014 10:18:00 AM



ပုသိမ်၊ဖေဖော်ဝါရီ၂၆

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် သီရိပျံချီ ဦးသိန်းအောင်သည် ယခင်အစိုးရက ချောင်းသာ ကမ်းခြေ သာယာလှပရေး အမည်ခံ၍ သိမ်းဆည်းသွားခဲ့သော လယ်ယာမြေများကိစ္စတွင် နစ်နာသူမူလ ပိုင်ရှင် လယ်သမားများ၏ အကျိုးအား မငဲ့ကွက်ဘဲ သိမ်းယူထား သော ကုမ္ပဏီပိုင်ရှင်သူဌေးများ၊ အာဏာရှိ သူများဘက်၌ ရပ်တည်၍ တရားမျှတမှုမရှိစွာ ဆုံးဖြတ်နေ သောကြောင့် မြေအသုံးချမှု စီမံ ခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌဖြစ်သော နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းထံသို့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ  ၁၁ ရက်တွင် တင်ပြ တိုင်ကြားထားကြောင်း ပုသိမ်မြို့ နယ်၊ ရွှေသောင် ယံမြို့နယ်ခွဲ၊ ချောင်းသာကျေးရွာ ရှိတိုင်ကြားသူ(၃)ဦးက ပြောသည်။

အဆိုပါ တိုင်ကြားသူများဖြစ်သော ဒေါ်သန်းသန်းကြူ၏ လယ်မြေ(၅)ဧကကို မက်(စ်)ဟိုတယ်ပိုင် ရှင် ဦးဇော်ဇော်က လည်းကောင်း၊ ဒေါ်သီတာမြင့်၏ လယ်မြေ (၂ ဒသမ၀၇)ဧကကို AMBO ဟိုတယ် ပိုင်ရှင် နိုင်ငံတော် သမ္မတအကြံပေး ဒေါက်တာနေဇင်လတ် နာမည်ဖြင့် လည်းကောင်း၊ ဒေါ်ညွန့်ညွန့်၏ လယ်မြေ (၅ဒသမ ၇၈)ဧကကို ရန်ကုန်မှ ဦးဌေးရင် နာမည်ဖြင့် လည်းကောင်း၊… လ/န (၃၉) အမည်ပေါက်လျက်ရှိကြောင်း၊ အဆို ပါကိစ်္စအား မူလပိုင်ရှင်များက လယ်မြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်သို့ တိုင်ကြားခဲ့သဖြင့် ကော်မရှင်အတွင်းရေးမှူး ဦးသိန်းထွန်း ဦးဆောင်သော အဖွဲ့က လာရောက် စစ်ဆေးခဲ့ရာ အမှန် တရားပေါ် ပေါက် ခဲ့ပြီး ကော်မရှင်အတွင်းရေး မှူး ဦးသိန်းထွန်းထံ ထပ်မံမေးမြန်း စုံစမ်းရာ ကော်မရှင်မှ လွှတ်တော်၊ လွှတ်တော် မှပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စု အစိုးရမှ တိုင်းဒေသ ကြီးအစိုးရသို့ လွှဲအပ်ပြီးဖြစ်၍ ၀န် ကြီးချုပ်ဦးသိန်းအောင်နှင့် တွေ့ ဆုံရန် ညွှန်းဆိုခဲ့သဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် တွင် ၀န်ကြီးချုပ်နှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ ၀န်ကြီးချုပ်က အဆိုပါလယ်မြေများမှာ လ/န(၃၉)အမည်ပေါက်ပြီးသားများဖြစ်၍ တရားစွဲခံရမည်ဖြစ်ကြောင်း ပြန် လည်ပြောဆိုခဲ့သည်ဟု တိုင်ကြား သူ(၃)ဦးတို့က မြန်မာသံတော်ဆင့် သို့ ပြောကြားသည်။

““ကျွန်မတို့က ဆက်ပြီး ဒုသမ္မတ ဦးဉာဏ်ထွန်းပြောတဲ့ နိုင်ငံတော်အတွင်း လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရ မှုနှင့်ပတ်သက်ပြီး မျှမျှတတမှန်မှန် ကန်ကန်မြန်မြန်ဆန်ဆန် ဖြေရှင်း ဆောင်ရွက်ပေးဖို့ ပြောကြားချက်ပါတဲ့ ၂၀၁၃ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်ထုတ် မြန်မာ့အလင်း သတင်းစာကို ပြတော့လည်း ဒုသမ္မတရဲ့ မိန့်ခွန်းသာဖြစ်တဲ့အတွက် ဆောင်ရွက်ပေးလို့ မရတဲ့ပုံစံ လုပ်နေတယ်။ ကျွန်မတို့ထင်ထားတာက ကော် မရှင်ရဲ့စုံစမ်းဖော်ထုတ်မှုကို ပြည် ထောင်စုလွှတ်တော်၊ ပြည်ထောင်စု အစိုးရကတစ်ဆင့် တိုင်းအစိုးရက အကောင်အထည်ဖော်မယ်လို့ ထင် ထားတာ၊ အခုတော့ ၀န်ကြီးချုပ် ဦးသိန်းအောင်က ကုမ္ပဏီပိုင်ရှင် သူဌေး အာဏာပိုင်တွေဘက်ကို လိုက်ပြီး ဒုသမ္မတရဲ့ လမ်းညွှန် ပြောကြားချက်ကို လျစ်လျူရှုထား တော့ အမှန်တရား ပျောက်ဆုံးကာ ပြဿနာများ မဖြစ်ပွားစေရေး အတွက် ဒုသမ္မတ ထံတိုင်ကြားတာပါ”” ဟု တိုင်ကြားသူ တစ်ဦးဖြစ်သော ဒေါ်သန်းသန်းကြူက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ အကြီးအကဲများအား တိုင်ကြားမှု တွင် ယခုတစ်ကြိမ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်ကလည်း တိုင်းအစိုးရအဖွဲ့အတွင်း ရေးမှူး တိုင်းမင်းကြီးဦးအေးကျော် အား နိုင်ငံတော် သမ္မတ ထံတိုင် ကြားခံခဲ့ရဖူးကြောင်း၊ တိုင်းမင်းကြီး ဦးအေးကျော်၏ လုပ်ဆောင်ချက်များကြောင့် နစ်နာသူများမှ တရားစွဲဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က ခွင့်ပြုမိန့် ပေးခဲ့သော်လည်း နစ်နာသူများက တရားစွဲဆိုနိုင်ခြင်းမရှိဘဲ အမှု ပျောက်ဆုံးသွားကြောင်း ပုသိမ်မြို့ နယ် NLD ပါတီအတွင်းရေးမှူး ဦးဝေလှိုင်ထွန်းက မြန်မာသံတော် ဆင့်သို့ ပြောကြားသည်။

““တိုင်းမင်းကြီးဦးအေးကျော် နဲ့ ဦးဖြူထွေးကိစ္စမှာ မတရားလုပ် တာပေါ်တော့ သမ္မတက ကာ ယကံရှင် ဦးဖြူထွေးကို တရားစွဲဖို့ ခွင့်ပြုမိန့်ချပေးတယ်။ အဲဒီမှာခွင့် ပြုမိန့်ကို ဦးဖြူထွေးဆီတိုက်ရိုက် မပေးဘဲ ၀န်ကြီးချုပ် ကတစ်ဆင့် ပေးခိုင်းတယ်။ တောသားဦးဖြူ ထွေးကလည်း အာဏာပိုင်ကို တရားစွဲချင်တာ၊ စွဲရင်ရောလက်ရှိ စနစ်နဲ့ ဖြစ်နိုင်ပါ့မလား၊ သမ္မတ ကရော အစိုးရအဖွဲ့ထဲကလူ မဟုတ်တာလုပ်တာကို ဘာလို့ တစ်ခါတည်း အရေးမယူဘဲ တရားစွဲ ခိုင်းတာလဲ၊ ၀န်ကြီးချုပ်ကလည်း ဦးဖြူထွေးကို ကားနဲ့ခေါ်ပြီး အစိုးရ ရုံးခန်းထဲမှာ ညှိနှိုင်းတယ်။ ပြီးတော့ တရားမစွဲတော့ပါဘူးလို့ ဦးဖြူထွေး ကို လက်မှတ်ထိုးခိုင်းတယ်။ သမ္မတက အဲဒီလို ညှိနှိုင်းခိုင်းလို့လား။ ဒီ တော့ ဘယ်မှာ အမှန်တရား ပေါ်ပေါက်တော့မလဲ””ဟု ဦးဝေလှိုင်ထွန်းက ဆက်လက် ပြောဆိုသည်။

ဝန်ကြီးချုပ် ဦးသိန်းအောင် သည် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ  ပူးပေါင်းပြု လုပ်သော ပြည်သူ့ရေး ရာတာဝန်ခံယူမှု ဆွေးနွေးပွဲ (၃) ကြိမ်စလုံးတွင် အစိုးရအဖွဲ့ဝန်ကြီး များနှင့်အတူ တက်ရောက်ခဲ့ပြီး ပြည်သူတို့ပြောကြားသော လိုလား ချက်များအား တာဝန်ခံယူသွားခဲ့ပြီး စက်မှုစီးပွား ဇုန်ဆောက်လုပ်ရန် မြေလိုအပ်သဖြင့် လယ်သမားများ က လယ်မြေများ အဆင်ပြေစွာဝယ် ယူနိုင်ရန် ကူညီဆောင်ရွက်ပေးစေ လိုကြောင်း လူမှုရေးအသင်းအဖွဲ့များသို့ တိုက်တွန်းပြောကြားသွား ခဲ့သည်။

ရဲရင့်ထွန်း(ပုသိမ်)
မြန်မာသံတော်ဆင့်