ကိုယ်ရေး အချက် အလက်များ ကို အခြားသူများ မသိအောင် ဖေ့စ်ဘွတ်ခ် သုံးနိုင်ရန် စီစဉ်ပေးမည်

ပို့စ်တင်ချိန် - 5/11/2014 12:54:00 PM



သန်းထိုက်စိုး

ယခုအခါ ဖုန်း အပလီကေး ရှင်းများကို Log in ၀င်ရာတွင် ဖေ့စ်ဘွတ်ခ် ကိုသုံးပြီး ၀င်ရောက်နိုင် သည်ဖြစ်ရာ ထိုသို့ ၀င်ရောက်ရာတွင် ဖေ့စ်ဘွတ်ခ် သုံးသူ၏ ကိုယ်ရေး အချက် အလက်များ၊ မိတ်ဆွေ သူငယ်ချင်း စာရင်းများကို အပလီ ကေးရှင်းများက တောင်းယူခြင်း ကို ခွင့်ပြုမှသာ ထိုအပလီကေးရှင်း သို့ ဖေ့စ်ဘွတ်ခ် သုံး၍ ၀င်ရောက်နိုင် ကြသည်။

ေ ဖေ့စ်ဘွတ်ခ် သုံး၍ log in ၀င်ချင်သော် လည်း ကိုယ်ရေး အချက် အလက်များ သိခွင့် မပေးလိုသော ဖေ့စ်ဘွတ်ခ် သုံးသူများ အဆင်ပြေ စေရေး အတွက် ကိုယ်ရေး အချက် အလက်များ၊ သူငယ်ချင်း စာရင်း များကို သက်ဆိုင်ရာ အပလီကေး ရှင်များအား သိခွင့်မပြုဘဲ log in ၀င်နိုင်မည့် စနစ် တစ်ရပ်ကို ဖေ့စ် ဘွတ်ခ်က ဖန်တီးပေး သွားမည်ဖြစ် ကြောင်း သိရသည်။ ယခုနှစ် ကုန် ပိုင်းတွင် စတင် အသုံးပြု နိုင်ကြမည် ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ် ထူထောင် သူ မာ့ခ်ဇက်ကာဘက် က ပြော သည်။

ယခုအခါ ကမ္ဘာတစ်ဝန်း ဖေ့စ်ဘွတ်ခ် သုံးသူ သန်း(၁၂၈၀)ထိ ရှိနေပြီ ဖြစ်သည်။ ဖေ့စ်ဘွတ်ခ် အကောင့် ကိုသုံး၍ အပလီကေးရှင်း အမျိုးမျိုးသို့ ၀င်ရောက်ကာ သီချင်းများ နားထောင်ခြင်း၊ ဂိမ်းကစား ခြင်း၊ သတင်းများ ဖတ်ရှုခြင်း၊ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ထားသည့် နှုန်းများကို ဖုန်းဖြင့် မှတ်သားခြင်း များလုပ်နိုင် နေပြီ။ သို့သော် ဖေ့စ်ဘွတ်ခ် သုံးပြီး ထိုသို့ log in လုပ်ပါ က ကိုယ်ရေး အချက်အလက် များနှင့် မိတ်ဆွေ စာရင်းများကို အပလီကေး ရှင်းများအား သိခွင့် ပေးရသည့် ကန့်သတ်ချက် ရှိနေသည်။

Source: Daily Mail
The Messenger