ကိုယ်ခန္ဓာအပူချိန်ကိုအသုံးပြု၍ ဖုန်းအားသွင်းနိုင်တော့မည်

ပို့စ်တင်ချိန် - 5/11/2014 06:33:00 PM


ယနေ့အချိန်အခါတွင် ဖုန်းများကို အားသွင်းရန် သကြားကိုအသုံးပြု၍ သော်လည်းကောင်း၊ တုန်ခါခြင်း ဖြင့်သော်လည်းကောင်း၊ အစရှိသည်ဖြင့် နည်းလမ်းပေါင်းစုံကို အသုံးပြုကာ လုပ်ဆောင်လာသည်ကို သိရှိနေရ ပါသည်။ ယခုအခါတွင်လည်း မိမိတို့၏ ကိုယ်ခန္ဓာအပူချိန်ကို အသုံးပြု၍ ဖုန်းများကို အားသွင်းနိုင်ရန်အလို့ငှာ တောင်ကိုရီးယားသုတေသနသမားများက Glass နှင့် Fabric ကိုအခြေခံထားသော သာမိုအီလက်ထရစ် ဂျင်နရေတာတစ်ခုကို တည်ဆောက်နေကြပါသည်။

ပါမောက္ခ Byung Jin Cho နှင့် Korea Advanced Institute of Science and Technology University မှ သုတေသနသမားများက Thermoelectric (TE) ဂျင်နရေတာတစ်ခုကို တီထွင်ထုတ်လုပ်ခဲ့ကြပြီး ၄င်းအနေဖြင့် သင့်ကိုယ်ခန္ဓာ အပူချိန်ကိုအသုံးပြုကာ အီလက်ထရောနစ်ပစ္စည်းများကို အားသွင်းပေးနိုင်မည် ဖြစ်ပါသည်။ အဆိုပါပစ္စည်းအနေဖြင့် Heart Monitors၊ Smartglasses နှင့် အခြားသော Wearable များကို အားသွင်းပေးရန် သင့်တော်မည် ဖြစ်သည်။

သာမိုအီလက်ထရစ်ဂျင်နရေတာသည် သေးငယ်၍ အေ၇ပြားနှင့် လေအကြား ဖြစ်ပေါ်လာသော အပူခြားနား ချက်ကို လျှပ်စစ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးနိုင်မည့် ပစ္စည်းကိရိယာ တစ်ခုဖြစ်ပါသည်။ ထို့အပြင် အသုံးပြုသူအနေဖြင့် အားသွင်းရန် တပ်ဆင်ထားပါကလည်း အလွန်ပေါ့ပါးခြင်း၊ သက်တောင့် သက်သာဖြစ်ခြင်းများကို ခံစားရရှိစေနိုင်မည် ဖြစ်သည်။
ယခုတီထွင်ခဲ့သော ကိရိယာသည် စမတ်ဖုန်းများကို သေချာပေါက် အားသွင်းနိုင်မည်ဖြစ်ပြီး နောက်တစ်ဆင့်အနေဖြင့် ဆေးဝါးကုသမှုဆိုင်ရာ အာရုံခံစနစ်များကိုပါ စွမ်းအားပေးနိုင်ရန် ကြိုးစားလုပ်ဆောင် နေကြကြောင်း Cho မှ ပြောပါသည်။ လက်ရှိတွင် TE ဂျင်နရေတာ ပုံစံနှစ်မျိုးကိုတီထွင်ထုတ်လုပ်ထားပြီး ၄င်းတို့မှာ Organic နှင့် Inorganic ဒြပ်ပစ္စည်းများကို အခြေခံ၍ biological စနစ်နှင့် geological စနစ်ဟူ၍ တည်ဆောက်ထားခြင်းဖြစ်သည်။

TE ဂျင်နရေတာသည် လူ၏ အသားအရေနှင့် လုံးဝသင့်တော်မှုရှိအောင်ပြုလုပ်ထားနိုင်သော်လည်း အားနည်းချက်အနေဖြင့် စွမ်းအင်ထွက်ရှိမှု နည်းခြင်းပင်ဖြစ်သည်။ Inorganic ကို အခြေခံထားသော TE ဂျင်နရေတာအနေဖြင့် မြင့်မားသောစွမ်းအင်ကို ထုတ်လုပ်ပေးနိုင်သော်လည်း ၄င်းတို့မှာ လေးလံခြင်း၊ မာတောင့်ခြင်း နှင့် အရွယ်အစားကြီးမားခြင်း အစရှိသည့် ကန့်သတ်ချက်များကို ဖြစ်ပေါ်စေပါသည်။

ထို့ကြောင့် ပါမောက္ခ Cho အနေဖြင့် Organic နှင့် Inorganic ဒြပ်ပစ္စည်းနှစ်မျိုးပေါင်းကာ ပေါ့ပါး၍ လူ့အရေးအပြားနှင့်လည်း သင့်လျော်ပြီး စွမ်းအင်လုံလောက်စွာ ထွက်ရှိပေးနိုင်မည့် နည်းလမ်းများကို စဉ်းစားလုပ်ဆောင်လျက်ရှိပါသည်။ ယခုနည်းပညာသည် ဂျင်နရေတာပုံစံထုတ်လုပ်ခြင်းဆိုင်ရာအတွက် ပြောင်းလဲလာသော လုပ်ဆောင်မှုဖြစ်ပြီး ၄င်းကိုသာ သေချာပေါက်လုပ်ဆောင်နိုင်ပါက ကျွန်ုပ်တို့လက်ရှိ အသုံးပြုနေသော ဂျင်နရေတာများ၏ အလေးချိန်ကို လုံးဝလျှော့ချနိုင်မည်ဖြစ်သလို Wearable Electronics များအတွက်လည်း အကျိုးကျေးဇူးများစွာ ဖြစ်ပေါ်စေနိုင်မည် ဖြစ်ပါသည်။

TE အနေဖြင့် လျှပ်စစ်စွမ်းအင် 40 Miliwatts သာ ထုတ်လုပ်နိုင်စွမ်းရှိနေသေးသော်လည်း ၄င်းနည်းပညာအနေဖြင့် ကားများ၊ စက်ရုံများ၊လေယာဉ်များနှင့် ရေယာဉ်များ အတွက် စွမ်းအင်ပေးမှုဆိုင်ရာ ၌ အထောက်အပံဖြစ်လာစေနိုင်မည်ဟု ပါမောက္ခ Cho မှ ယုံကြည်နေပါသည်။

Ref:DM
WorldWide(BMSTU)
TechSpace Journal