နိုင်ငံတကာမှာ လှုံ့ဆော်မှု ပြင်းထန်နေတဲ့ Bring back our girls လှုပ်ရှားမှု

ပို့စ်တင်ချိန် - 5/11/2014 12:39:00 PM



ပုံမှာ မြင်တွေ့နေရ သလိုပဲ အမေရိကန် သမ္မတ အိုဘားမားရဲ့ ဇနီး ဖြစ်သူ မီချယ် အိုဘားမား ကိုယ်တိုင် ဦးဆောင်လို့ Bring Back Our Girls ပရိုဂရမ်ကို ကြီးကြီးကျယ်ကျယ် ပြုလုပ် နေပါတယ်။

တစ်ကမ္ဘာလုံးက ထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံခေါင်းဆောင်များ၊ အနုပညာရှင် များလည်း ပါဝင်နေပြီ ဖြစ်ပါတယ်။ ပရိုဂရမ်ဖြစ်လာခြင်း အကြောင်းက ဒီလိုပါ။ ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့က နိုင်ဂျီးရီးယား နိုင်ငံမှာ အစ္စလာမစ် အစွန်းရောင် သူပုန် အဖွဲ့ဟာ အလယ်တန်း ကျောင်းသူ ၂၇၆ ဦးကို ဖမ်းဆီးလို့ သယ်ဆောင် သွားပါတယ်။ ယင်းထဲကနေ ၅၃ ဦးကတော့ ထွက်ပြေး လွတ်မြောက် သွားပေမယ့် ကျန်တဲ့ ၂၂၃ ဦး ကတော့ ပျောက်ဆုံး နေဆဲပဲ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယား နိုင်ငံတွင်းမှာပဲ ရှိနေ အုံးမယ်လို့ ယူဆပြီး ကယ်ဆယ် ရှာဖွေရေးကို အပြင်းအထန် ပြုလုပ် နေပါပြီ။ ဒီအတွက် အမေရိကန်၊ ဗြိတိန် စစ်တပ်တို့က ဦးဆောင်လို့ အခြားသော နိုင်ငံမှ စစ်တပ် များလည်း ပါဝင် ပါတယ်။

သတင်းများအရ ဘိုဂိုဟာရန် သူပုန် အဖွဲ့တွင်းမှာတင် မိန်းကလေး တစ်ဦးကို ၁၂ ဒေါ်လာနဲ့ ရောင်းချပြီး ဇနီးမယား အဖြစ် ပေါင်းသင်း နေစေကြောင်း သိရ ပါတယ်။ ဒါကြောင့်မို့ လူကုန်ကူး ရောင်းဝယ်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ယင်းလုပ်ဆောင်ချက်ကြောင့် ဘိုဂိုဟာရန် သူပုန် အဖွဲ့ကို နိုင်ဂျီးရီးယား အစိုးရကော၊ အမေရိကန်၊ ဗြိတိန် တို့ကပါ လုံးဝ ခွင့်လွတ် လိမ့်မည် မဟုတ်ကြောင်း သတိပေးထားပြီး ဖြစ်ပါတယ်။ သို့ပေမယ့် အခြေအနေ မထူးခြား သေး ပါဘူး။

ရှာဖွေရေး လုပ်ငန်းကို ကြိုးစား ပန်းစား ပြုလုပ်နေရဆဲ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: CNN
အောင်ခမ်း (www.innewsmyanmar.com)