အာဆီယံမျှော်မှန်းချက်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များအခန်းကဏ္ဍကိုအလေးထားထည့်သွင်းစေလိုကြောင်း သမ္မတတိုက်တွန်း

ပို့စ်တင်ချိန် - 5/11/2014 06:19:00 PM



နေပြည်တော်၊ မေ ၁၁

၂၀၁၅အလွန်အာဆီယံမျှော်မှန်းချက်တွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် အခန်းကဏ္ဍကို ပိုမိုမြင့်မားသည့်
စီမံချက်များအလေးထားထည့်သွင်းပေးစေလိုကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ယနေ့ထိပ်သီးအစည်းအဝေးတွင်တိုက်တွန်းပြောကြားခဲ့သည်။

အာဆီယံကြေညာချက်ပါအမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ်အကြမ်းဖက်မှုပပျောက်ရေးကို ပိုမိုအကောင်အထည်ဖော်နိုင်ရန် အာဆီယံအမျိုးသမီးများနှင့်ကလေးများအခွင့်အရေးကာကွယ်မြှင့်တင်ရေးကော်မရှင်နှင့် လူမှုအဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်း ကိစ္စမှာ အင်ဒိုနီးရှားနိုင်ငံမှအလှည့်ကျဥက္ကဌတာဝန်ယူခဲ့ချိန်တွင် သမ္မတ ဒေါက်တာ ဆူစီလိုဘမ်ဘမ်းယူဒိုရိုနိုဖော်ပြခဲ့သည့်
အာဆီယံ၏ ၂၀၃၀ ခုနှစ် ဖွံ့ဖြိုးမှုနှစ်ဆမြှင့်တင်ရေးနှင့် ဆင်းရဲမှုထက်ဝက်လျှော့ချရေးမျှော်မှန်းချက်များနှင့်လည်း ဆက်နွယ်ပြီး
အရေးပါလှကြောင်း ပြောကြားခဲ့သည်။



သုတလင်း၊ မြတ်စုငြိမ်း

Popular