Bill Gates ပြောတဲ့ အနာဂတ် အစီအစဉ်

ပို့စ်တင်ချိန် - 5/11/2014 06:00:00 PM


လူတွေအတွက် အနဂတ် ဘဝဟာ အရေးကြီးတယ်။ ကျွန်တော်တို့ဟာ အနာဂတ်မှာ ယခုထက် ပိုကောင်းအောင် ပြုလုပ်နိုင် ရလိမ့်မယ်။ အနာဂတ်မှာ ယခုထက် ပိုကောင်းအောင် ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတဲ့ လမ်းစဉ်တွေကို ရှာဖွေရမယ်။။ ဒါကြောင့် ယနေ့မှစပြီး အနာဂတ်ကို ဆေးရောင်လှလှခြယ်ရအောင်။

အပေါ်က စာကတော့ Bill Gates ကပြောတဲ့ နိဒါန်း စာကြောင်းလေး ဖြစ်ပါတယ်။ သူသည် အစီအစဉ်များ ချမှတ်ပြီး အလုပ်လုပ်ရတာကို ယခုချက်ချင်း ထပြီး လုပ်တာထက် ပိုပြီး စွဲလမ်းပါတယ်လို့ ဆိုပါတယ်။ သူဟာ အစည်းအဝေးတစ်ခုကို သွားရင် အရေးကြီးတဲ့ အရာတွေကို ထိပ်ဆုံးမှာ ထားပြီး ပြောပါတယ်လို့ ဆိုပါတယ်။ နောက်မှ အရေးမကြီးတဲ့ အရာတွေကို ပြောပါတယ်။ ဘာကြောင့် အရေးကြီးတာတွေကို အရင်ပြောသလဲ ဆိုတော့ လူတွေဟာ စကားတွေ အရမ်းနားထောင် ရတာများရင် ငြီးငွေ့သွားတတ်လို့ပါလို့ သူကဆိုပါတယ်။

Bill Gates က သူများတွေ မလုပ်တဲ့ အလုပ်တွေကို လုပ်ရတာကို ပို၍ နှစ်သက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ အလုပ်က မှန်ကန်သော အလုပ် ဖြစ်ဖို့တော့ လိုပါတယ်လို့သူကပြောပါတယ်။ ကမ္ဘာပေါ်မှာ လူငါးယောက်ရှိရင် နှစ်ယောက်လောက်ပဲ ကိုယ်ပိုင် ထုတ်ကုန်ကို ထုတ်နိုင်ကြတယ်။ ဥပမာ – လူတစ်ယောက်သည် ဖုန်းပြင်တတ်သည်။ လူတစ်ယောက်သည် ကွန်ပျူတာ ပြင်တတ်သည်။ အဲဒါကို ထုတ်ကုန်ဟုခေါ်ပါသည်။

လူတိုင်းမှာ အကောင်းဆုံး အတွေးခေါ်ကောင်းတွေ ရှိဖို့ဟာ အလွန်အရေးပါတယ်။ သို့မှသာ အနာဂတ်အတွက် ကောင်းစွာ ဖန်းတီးနိုင်လိမ့်မယ်။ တီထွင်မှုတွေ ပြုလုပ်ရာမှာ အမှားတွေ ဖြစ်မှာကို စိုးရိမ်နေစရာ မလိုပါဘူး။ အမှားတွေဟာ အမှန်တွေဆီကို ရောက်ရှိစေဖို့ လမ်းစဖြစ်တယ်လို့Bill Gates က ဆိုပါတယ်။

ကျော်လင်းနိုင်