သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၁၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ အမှုမှ ပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်နေသူအား ကူညီသတင်း ပေးနိုင်ပါရန် မေတ္တာရပ်ခံခြင်း

ပို့စ်တင်ချိန် - 5/11/2014 09:01:00 AM




ရန်ကုန်၊ မေ ၁၀

၂၆.၄.၂၀၁၄ ရက်နေ့ ၁၉၄၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်နေ ဦးအောင်ကျော်မိုး၏ညီဖြစ်သူ စိုးမင်းအောင်၊ (၃၄)နှစ်၊ မွတ်ဆလင်/
အစ္စလာမ်၊ (ဘ)ဦးအောင်မြင့်၊ (င/ခ)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်
နေသူသည် ရဲဇော်ဦး၊(၂၆)နှစ်၊ (ဘ)ဦးအောင်ထွန်း၊ (င/က)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူနှင့် သုဝဏ္ဏ၊(င/က)ရပ်ကွက်၊ ပဲကြော်တန်း
လမ်း၌တွေ့ဆုံစဉ် ရဲဇော်ဦးမှ ၎င်း၏ဇနီးနှင့် စိုးမင်းအောင်တို့ ယခင်ကချစ်ကြိုက်ခဲ့ကြသည်ကို သ၀န်တိုစိတ်ဖြင့်မကျေမနပ်ဖြစ်ကာ ဓါးဖြင့်ထိုးခဲ့၍ ၀ဲရင်အုံနှင့် ၀ဲချိုင်းအောက်တို့တွင် ထိုးသွင်းဒဏ်ရာများ
ရရှိပြီး သေဆုံးခဲ့သဖြင့် သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၁၃၃/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး စုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ ရဲဇော်ဦး၊ (၂၆)နှစ်၊ ကားအမိုးကူရှင်လုပ်ငန်း၊ မွတ်ဆလင်/အစ္စလာမ်၊ ၁၂/သလန (နိုင်)၁၂၀၆၆၄၊ (ဘ)ဦးအောင်ထွန်း၊ အမှတ်(၁၅/၁၃၇၂)၊ သာယာကုန်း(၂)လမ်း၊ (င/က)ရပ်ကွက်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်နေသူမှာ အခင်းဖြစ်ပွားပြီးနောက်ထွက်ပြေး
တိမ်းရှောင်နေသဖြင့် ၎င်းအားဖမ်းဆီးရမိ နိုင်ရေးအတွက် မိဘပြည်သူ
များမှလည်း ၎င်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာတွေ့မြင်ကြားသိရပါက
အောက်ဖေါ်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီသတင်းပေးနိုင်ပါရန်
မေတ္တာရပ်ခံအပ်ပါသည်-

၀၁-၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ) ၊
၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး) ၊
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊
၀၁-၂၀၁၇၆၁ (အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၅၆၂၄၃၆ (သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၅၆၂၅၈၈ (သုဝဏ္ဏရဲစခန်း)။

Yangon Police