လက်ရှိအခြေခံဥပဒေက ငြိမ်းချမ်းမှုပေးနိုင်ရဲ့လားဟု လူထုခေါင်းဆောင်မေးခွန်းထုတ်

ပို့စ်တင်ချိန် - 5/11/2014 01:13:00 PM


စည်သူမောင်မောင်

မအူပင်၊ မဇ္ဈိမ။ ။ လက်ရှိကျင့်သုံးနေသည့်
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် တန်းတူညီမျှမှု မရှိအောင် ရေးဆွဲထားသည့် အခြေခံဥပဒေ တစ်ခုဖြစ်ပြီး ယင်းအခြေခံဥပဒေသည် ငြိမ်းချမ်းမှုကို
ပေးနိုင်ရဲ့လားဟု ဒေါ်အောင်ဆန်းစုကြည်က မအူပင်မြို့တွင် မေလ ၁၀ရက်က
ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ၌
မေးခွန်းထုတ်လိုက်သည်။

“မဟုတ်တဲ့ မသင့်တော်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်မှာ နေရတာ ရာသီဥတု ထက်ပိုပြင်းထန်တယ်၊ မှန်ကန်တဲ့ ဥပဒေအရိပ်အာဝါသမရှိရင် ကျွန်မတို့ဟာ ထပ်ပြီးတော့ တစ်နှစ်မဟုတ်ဘူး၊ နှစ်မဟုတ်ဘူး၊ ဆယ်စုနှစ်တွေနဲ့ ထပ်ပင်းပန်ရလိမ့်မယ်၊ ကျွန်မတို့ ကိုယ်လိုချင်တဲ့ဟာရဖို့ 
ပြည်သူလူထုပါဝင်ဖို့ တိုက်တွန်းပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သူမက ဆက်လက်၍ “ကျွန်မတို နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ
့စည်းထားတဲ့ ပြည်ထောင်စုဖြစ်ပါတယ်။ ပြည်ထောင်စု တခုဖြစ်လို့
ညီညွတ်မှုရှိမှ ငြိမ်းချမ်းရေးရမယ်၊ ညီညွတ်မှုဆိုတာ တန်းတူညီမျှခွင့်ကို
အခြေခံပါတယ်၊ တန်းတူညီမျှမှုဟာ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်၊
တန်းတူညီမျှမှုမရှိအောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
ငြိမ်းချမ်းမှုကို ပေးနိုင်လားဆိုတဲ့ မေးခွန်းထုတ်ခြင်းပါတယ်”ဟု ပြောသည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်ပါက ဒီမိုကရေစီ စံနှုန်းနှင့်
မကိုက်ညီဟု သူမက ဆက်ပြောသည်။

“ဖွဲ့ စည်းအုပ်ချုပ်ပုံ ပြင်ဆင်ဖို့ တချို့သဘောမတူဘူး၊ ဖွဲ
့စည်းပုံအခြေခံဥပဒေကို လေ့လာရင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီပါဘူး၊
ကျွန်မတို့ အားလုံးဟာ တန်းတူညီမျှရှိရမယ်၊ ပြည်သူလူထု ဆန္ဒဟာ သြဇာရှိရမယ်၊ အစုအဖွဲ့ တခုကို အဓိက အကြီးဆုံး အမြင့်မားဆုံး သြဇာပေးထားတာ ဘယ်လိုမှ ဒီမိုကရေစီ မဆန်ဘူးဆိုတာ အားလုံးနားလည်ရမယ်၊ တပ်မတော်ကို မုန်းတီးလို့ မဟုတ်ဘူး၊ တပ်မတော်ကိုမလိုလားလို့ မဟုတ်ဘူး၊ တပ်မတော်မှ မဟုတ်ဘူး ဘယ်အဖွဲ့ အစည်းကိုမှ အထူးအခွင့်အရေးပေးထားကို
မလိုလားတာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ရာ၌ တပ်မတော်သားများပါ
ပါဝင်ရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
တပ်မတော်သားများသည် မွေးကတည်းက တပ်မတော်သား မဟုတ်ဘဲ နိုင်ငံသားအနေနဲ့ မွေးဖွားလာခြင်းဖြစ်ပြီး တပ်မတော်သားများအနေဖြင့် နိုင်ငံသားကျေပွန်မှု
ရှိမရှိ မိမိကိုယ်ကိုယ် မေးခွန်းထုတ်ရန်လည်း ပြောကြားခဲ့သည်။

မအူပင်မြို့ အိုင်ဝိုင်ဘောလုံးကွင်းတွင် မေလ ၁၀ရက် နံနက်ပိုင်းက
ပြုလုပ်ခဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲတွင်
ဧရာဝတီတိုင်းအတွင်း မြို့နယ်အသီးသီးမှ ကားအစီး ၈၀၀ခန့်ဖြင့်
လူတစ်သိန်းနီးပါး လာရောက်ခဲ့ပြီး ၉၉ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရန် ဆန္ဒပြုခဲ့သည်။

(ဓာတ်ပုံ-ဟိန်းထက်)
Mizzima Burmese