သွားနဲ့ခံတွင်း သန့်ရှင်းဖို့အတွက် လိုက်နာသင့်တဲ့ အချက်(၅) ချက်

ပို့စ်တင်ချိန် - 5/11/2014 05:58:00 PM




လူတွေကြားထဲ အားရပါးရ ရယ်ပြုံးနိုင်ဖို့အတွက်ဆိုရင် အခြေခံအကျဆုံးအချက်ကတော့ သွားနဲ့ခံတွင်းကို ဂရုစိုက်ပေးရမှာပေါ့။ ဒါဟာ သွားကျန်းမာရေးအတွက်သာမကပဲ လူမှုဆက်ဆံရေးပိုင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတဲ့အချက် လည်းဖြစ်နေတာမို့ သွားနဲ့ခံတွင်းကို ဘယ်လိုဂရုစိုက်ပေးနိုင်သလဲဆိုတဲ့ အခြေခံအကျဆုံးနဲ့ လိုက်နာဖို့လွယ်ကူတဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။သွားတစ်ခါတိုက်ရင် အနည်းဆုံး နှစ်မိနစ်ခန့် ကြာမြင့်ရမှာဖြစ်ပြီး တစ်နေ့ကို နှစ်ကြိမ်ပုံမှန် တိုက်ရမှာပါ။

၂။သွားတိုက်တံကို လေးလတစ်ကြိမ် အသစ်လဲပေးပါ။

၃။တစ်နေ့ကို အနည်းဆုံး တစ်ကြိမ် ပလုတ်ကျင်းပေးပါ။

၎။တစ်နှစ်မှာ နှစ်ခါလောက်တော့ သွားဆရာဝန်ဆီမှာ ကိုယ့်သွားကျန်းမာရေးအတွက် စစ်ဆေးသင့်ပါတယ်။

၅။အက်ဆစ်ဓာတ်ပါတဲ့ အစားအသောက်တွေ စားပြီးတဲ့အခါ မိနစ်သုံးဆယ်ခန့်လောက်ခွာပြီးမှသာ သွားတိုက်သင့်ပါတယ်။

Ref:womenshealthmag.com
Trend Myanmar