ခရိုင်းမီးယားသို့ ရုရှားသမ္မတပူတင် သွားရောက်မှု လောင်စာမီး ထည့် သလို ဖြစ်နိုင် ဟု အမေရိကန်ပြော

ပို့စ်တင်ချိန် - 5/11/2014 09:16:00 AM


ရုရှားသမ္မတ ဗလာဒီမာပူတင် ခရိုင်းမီးယားသို့သွားရောက်လည်ပတ်ခြင်းသည် တမင်တကာဆွပေးပြီး မလိုလား အပ်ဘဲ သွားရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း အမေရိကန် က ဝေဖန်ပြောဆိုလိုက်သည်။

ခရိုင်းမီးယားသည် ယူကရိန်းပိုင်ဖြစ်ပြီး မိမိတို့အနေဖြင့် တရားမဝင် သိမ်းပိုက်မှုအပေါ် အသိအမှတ်မပြုနိုင် ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးဂျင်းပီဆာကီကပြောကြား လိုက် သည်။

ပူတင်သည် ခရိုင်းမီးယားသို့ ဆိုဗီယက်ယူနီယံ ကဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို အောင်နိုင်ခဲ့သည့် (၆၉) နှစ်မြောက် အထိမ်းအမှတ်အဖြစ် သွားရောက်ခဲ့သည်။

အဆိုပါခရီးစဉ်သည် ခရိုင်းမီးယားက ရုရှားနှင့်ပူးပေါင်းပြီးနောက် ပထမဆုံး အကြိမ် သွားရောက်ခဲ့ခြင်းဖြစ်သည်။

မိမိတို့အနေဖြင့် ရုရှားနိုင်ငံက ခရိုင်းမီးယားကိုတရားမဝင်လက်နက်နိုင်ငံပြု သိမ်းပိုက်ခြင်းကို လက်မခံပါ ကြောင်း၊ ယင်း သွားရောက်မှုကြောင့် လောင်စာမီး ထည့်သကဲ့သို့သာဖြစ်နိုင်ပြီး တင်းမာမှုများ ပိုမိုဖြစ်လာ နိုင် ကြောင်းအမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ
ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး လော်ရာလူးကတ်မက်နူ ဆင်၏ ကြေညာချက်တွင် ဖော်ပြသည်။

(ဘီဘီစီ)


MOI Webportal Myanma