ဝန်ကြီးချုပ်ဟောင်း ရင်လတ်အား ထိုင်းဆန္ဒပြသူများ ထောက်ခံ

ပို့စ်တင်ချိန် - 5/11/2014 06:51:00 PM



ထိုင်းနိုင်ငံ ဗန်ကောက်မြို့လမ်းများပေါ်ထွက် ဆန္ဒပြသူများက မကြာမီက ဖြုတ်ချလိုက်သော ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ထရာအား ထောက်ခံဆန္ဒပြခဲ့သည်။ မေ ၁ဝရက်က ရှပ်နီဟုလူသိများသော အဆိုပါဆန္ဒပြသူများက ဝန်ကြီးချုပ်အား ဖြုတ်ချရန်ဆန္ဒပြနေသော အတိုက်အခံများနှင့်အပြိုင် ဆန္ဒပြခဲ့ကြသည်။

မိမိတို့အနေဖြင့် လက်ရှိအစိုးရကို ကာကွယ်ပေးရန်လိုအပ်၍ စုရုံးလာရောက်ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက ပြောသည်။ မေ ၇ ရက်က ထိုင်းဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဝန်ကြီးချုပ်ရင်လတ်အား အာဏာအလွဲသုံးစားမှုဖြင့် ရာထူးမှဖယ်ရှားလိုက်သည်။ အာဏာရပါတီက ကူးသန်းရောင်းဝယ်ရေးဝန်ကြီး နီဝပ်တန်ရောင်းဘွန်ဆွန်ပိုင်ဆန်အား ယာယီဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ထားသည်။ ထိုနေ့က ရင်လတ်၏ ဝန်ကြီးကိုးဦးကိုလည်း ရာထူးမှဖယ်ရှားလိုက်သည်။



Credit: ဘီဘီစီ