အမွေကိစ္စဖြင့်စကားများရန်ဖြစ်စဉ် ညီမဖြစ်သူမှ အစ်မဖြစ်သူအား တုတ်ဖြင့်ရိုက်၊ ဓါးဖြင့်ခုတ်ခဲ့၍ သေဆုံး

ပို့စ်တင်ချိန် - 5/11/2014 08:57:00 AM


ရန်ကုန်၊ မေ ၁၀

၁၀.၅.၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန်တွင် မှော်ဘီမြို့နယ်၊ လိပ်ပုတ်
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေသီးမှ ၎င်းသည် နေအိမ်၌ရှိနေစဉ် လိပ်ပုတ်ကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာရှိ နှင်းဆီခြံတွင်
ခြံပိုင်ရှင် ညီအစ်မ(၂)ဦး စကားများရန်ဖြစ်ကာ တုတ်၊ ဓါးများဖြင့် ရိုက်၊ခုတ်နေကြကြောင်းကြားသိရသဖြင့် သွားရောက် ကြည့်ရှုခဲ့
ကြောင်း၊ ထိုသို့သွားရောက်ကြည့်ရှုရာ ခြံပိုင်ရှင် ဒေါ်မယ်လေးချော၊ (၄၆)နှစ်၊(ဘ)ဦးစောအာချော၊ လှော်ကား၊ ရွှေပြည်သာမြို့နယ်
နေသူအား နဖူးယာဘက်၊ မေးစေ့၊ ၀ဲမျက်ခုံးတို့တွင်ပေါက်ပြဲဒဏ်ရာများ၊ ယာနားပြတ်ရှ ဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် လဲကျနေသည်
ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အားစုံစမ်းရာ ဒေါ်မယ်လေးချောနှင့် အတူနေညီမဖြစ်သူ မအေးသန္တာချော(ခ)မနယ်ရှီဘစ်၊ (၄၃)နှစ်၊ (ဘ)ဦးစောအာချောတို့သည် အမွေကိစ္စဖြင့်စကားများရန်ဖြစ်ကြစဉ် မအေးသန္တာချော(ခ)မနယ်ရှီဘစ်မှ သစ်သားတုတ်ဖြင့်ရိုက်ကာ အရိုးအသွား(၁)ပေခွဲခန့်ရှိဓါးဖြင့်ခုတ်ခဲ့၍ ဒဏ်ရာများရရှိခဲ့ကြောင်း
သိရှိရပြီး ဒဏ်ရာရရှိသူ ဒေါ်မယ်လေးချောအား မှော်ဘီဆေးရုံသို
့ဆေးကုသရန်ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားကြောင်း သိရှိရ
ပါသည်။

ယင်းကဲ့သို့အစ်မဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူ မအေးသန္တာချော(ခ)မနယ်ရှီဘစ်အား အရေးယူပေးရန် ဦးရွှေသီးမှတိုင်တန်းချက်အရ မှော်ဘီမြို့မရဲစခန်း
(ပ)၂၅၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police