မအောင်လျှင် ငွေပြန်အမ်းမည်

ပို့စ်တင်ချိန် - 5/11/2014 08:30:00 AM





(၁)

အခုလိုသင်္ကြန်ပြီးကာလများဆို ချဉ်ငန်စပ်တို့ တက္ကသိုလ်ဆရာလောကမှာ၊ နောက် ကျူရှင်ဆရာလောကနဲ့တက္ကသိုလ်ဝင်တန်းဖြေကျောင်းသားမိဘများကြား အသံလေးတွေကိုညံလို့၊ စီလို့။ ဘာသံလဲ မမေးနဲ့။ မတ်လမှာဖြေထားတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများသင်္ကြန်မတိုင်မီ ဧပြီလ ၁ ရက်က စတင်စစ်ဆေးပါတယ်။ သင်္ကြန်ပြီးမှာတော့ စစ်ဆေးပြီးခဲ့တဲ့ အဖြေလွှာတွေ ကုတ်ဖြေတဲ့အချိန်ပေါ့။ အောင်လား၊ကျလား၊ ဒီထွက်လား ဆိုတာကို အောင်စာရင်းမထွက်ခင် ကြိုသိဖို့ ကြိုးစားကြတဲ့  အသံလေးတွေ စုံလို့ စုံလို့။

မိတ်ဆွေတစ်ယောက်က ချဉ်ငန်စပ်ဆီကို  ဖုန်းတစ်ကော(Call) ၀င်လာသဗျ။

‘‘ဆရာ ကျွန်တော်….ပါ။ ဆရာ့ဆီက အကူအညီတစ်ခု လောက်လိုချင်လို့ပါ’’

‘‘သြော်…ဟုတ်ပြောဗျာ။ ဘာများအကူအညီပေးရမလဲဆိုစမ်းပါဦး။ ပြောနေစရာလိုလားဗျာ။ တတ်နိုင်တာဆို ကူညီမှာပေါ့ဗျ။ ဒီလူနဲ့ ဒီလူဘာပြောနေစရာလိုလို့လဲ’’

‘‘ဟုတ် ဆရာရယ်။ ကျေးဇူးပါဗျာ။  ကျွန်တော်တစ်လုံးလောက်ကြည့်ချင်လို့ပါ’’

‘‘ဗျာ ဘာတစ်လုံးလဲဗျ’’

‘‘အာ…ဟိုလေ ဆရာကလည်း ခုံအမှတ်တစ်ခုလောက်ကို ပြောတာ’’

‘‘ဘယ်ကခုံအမှတ်လဲဗျ။ ကျွန်တော်နားမရှင်းလို့ပါ’’

‘‘သြော်..ဒီလိုပါ ဆရာရယ်။ ကျွန်တော့်သမီးလေးက ဒီနှစ် ဆယ်တန်းဖြေထားတာလေ။ အဲ ဒါ အအောင်၊ အကျလေး သိချင် လို့ပါ။ ဖြစ်နိုင်ရင်တော့ ဒီ(Distinc tion) ဘယ်နှလုံးပါလဲဆိုတာလေး ပါ သိချင်တယ်ဗျ’’

‘‘အာ မဟုတ်တာ မလုပ်ပါနဲ့ ဗျာ။ ဒီကိစ္စက လျှို့ဝှက်ထားရတဲ့ ကိစ္စတွေ။ အချိန်တန်အောင်စာ ရင်းထွက်ရင် သိရမှာကို။ ဆန္ဒတွေ မစောပါနဲ့ဗျာ။ ဒီကိစ္စကို ကျွန် တော်မကူညီပါရစေနဲ့။ ကျွန်တော် တို့မှာ စည်းစောင့်ရတယ်ဗျ’’

‘‘ဆရာကလည်း ခက်နေပါ ပြီ။ဒီကိစ္စက အဆန်းမှ မဟုတ် တာ။ ဆရာကသာ စည်းစောင့်နေ တာ။ သိတဲ့လူက သိပြီးနေပြီဟာ ကို’’

‘‘ဗျာ ဟုတ်လို့လား။ ဖြစ်နိုင် ပါ့မလားဗျ။ ဒီမှာ ဒီလောက်တင်း တင်းကျပ်ကျပ်လုပ်နေတာ။ လူ အများကြားမှာ  ဘယ်လိုလုပ် ကြည့်မလဲ၊ မှတ်မလဲဗျ။ ကြည့်လို့  ရတောင်တစ်ဘာသာ နှစ်ဘာသာ  ပေါ့။ အားလုံးတော့ဘယ်လွယ်မ လဲ’’

‘‘ဆရာကသာမဖြစ်နိုင်နေ တာ။ မနှစ်ကလည်း တူတစ် ယောက်အတွက်ကြည့်ခိုင်းတာ အဆင်ကိုပြေလို့။ အမှတ်တောင်သိရသေးတယ်။ ပြောတဲ့အတိုင်းပဲ။ အမှတ်ထွက်လာတော့ ကွက်တိ’’

‘‘ဗျာ  ဒီကိစ္စမျိုးရှိသလား(တ ရုတ်ကားထဲမှ ပေါင်ချိန်ကြီးလေ သံဖြင့်)။ ဒါဆို သွားပေါ့ဗျာ။ အဲဒီ ကို’’

‘‘ဂွပ်’’

(၂)

ဒီတော့မှ ကျွန်ုပ် ချဉ်ငန်စပ် တစ်ယောက်လည်းစီနီယာဆရာ ကြီးတစ်ယောက်ကိုမေးကြည့်မိ ပါတယ်။

‘‘တစ်ချိန်က (ချဉ်ငန်စပ်တို့ ကျောင်းသားဘ၀က)  ကုတ်ဆိုတာကြီး အုပ်မထားတော့ ‘Open to  ဒလဟော’ကွ။ အဲဒီအချိန်က စာ စစ်ဆရာတွေအူစိုတဲ့အချိန်ပေါ့’’

‘‘ဗျာ ဘယ်လိုကြောင့် အူစို ရတာတုံး ဆရာရဲ့’’

‘‘အူစိုဆိုကွာ အဲဒီအချိန် ရန် ကုန်တက္ကသိုလ်ဝန်းကျင်မှာ ပွဲဈေး တန်းကျနေတာပဲ။ အုန်းအုန်းကို ထလို့ကွ။ ပွဲစားတွေကလည်း တစ် ပုံကြီး။ ပွဲစားတွေပါးစပ်က  ထွက် ကျနေတာက ‘‘ဆီးမလား၊ ဒူးမ လားတဲ့’’

‘‘ဗျာ ဘာတွေလဲ ဆရာရယ်။ ဆီးတွေ ဒူးတွေက’’

‘‘ဆီးတယ်ဆိုတာ (See)တာ ကိုပြောတာကွာ။ အမှတ်ကြည့်ရုံ ကြည့်တာ။ ဒူး(Do)တာဆိုတာက တော့ အမှတ်ပြင်တာကိုပြောတာ။ ‘ကျမှတ်’ကို ‘အောင်မှတ်’ ဖြစ်အောင်လုပ်တာနဲ့ ‘ဂုဏ်ထူး မှတ်’ဖြစ်အောင်လုပ်တာကိုပြော တာ’’

‘‘ဗျာ အဲဒါက တကယ်လုပ် လို့ရခဲ့လို့လား’’

‘‘ရလို့ အူစိုတယ်ပြောတာ ပေါ့ကွာ’’

‘‘ခုလို ကုတ်(Code)အုပ်လိုက်မှ ဒီကိစ္စတွေရပ်သွားတာ။ ဒါ တောင် ခုခေတ်မှာလည်း ဆီးလို့ကတော့ရတုန်းပဲ ကောင်လေးရ။ ဒူးတာတောင်ရဆိုပဲကွ’’

‘‘ဗျာ ဟုတ်ပါ့မလား ဆရာ ရယ်’’

‘‘ဒူးနေရာ ဒူး၊ တော်နေရာ တော်ဆိုတဲ့စကားသိတယ်မဟုတ် လား။ ဆိုလိုတာက ‘ကတော်’တွေ ‘ဒူး’နေတယ်ဆိုပဲ’’

‘‘ဗျာ ကျွန်တော်တို့ စာစစ်ဆ ရာတွေဆီကတော့ ဘယ်လိုမှ သိဖို့၊  လုပ်ဖို့မဖြစ်နိုင်တဲ့ဟာကို။ ဆရာကလည်း ’’

‘‘ဟကောင်ရ ရွှေသမင် ဘယ်ကထွက်’’

(၃)

ချဉ်ငန်စပ်တို့ တက္ကသိုလ်ဆ ရာတွေပဲ ခေတ်နောက်ကျတာ လား၊ အစွမ်းအစမရှိတာလားပြန် သုံးသပ်မိသဗျ။ အထက်လူကြီးနဲ့ မပိုင်မနိုင် မပေါက်မမြောက်တာ လား။ ကျွန်ုပ်တို့ လုပ်လို့မရပါဘူး ပြောနေတဲ့ ဆီးတွေ၊ ဒူးတွေကို အပြင်ကလူတွေက တကယ်ရ ကြောင်းအခိုင်အမာပြောနေကြ လေရဲ့။ ‘ဒီ’တစ်လုံးကို ပုံးသုံးဆယ် တဲ့။ ဘုရား၊ ဘုရား။ မကြားဝံ့မနာ သာဗျာ။ ဟုတ်မှ ဟုတ်ပါလေစလို့ ချဉ်ငန်စပ်တော့မယုံမကြည်ဖြစ်မိ ရဲ့။

တစ်နေ့က မိတ်ဆွေ(နာမည် ကြီးကျူရှင်ဆရာ)တစ်ယောက်နဲ့ ပွဲတစ်ခုမှာ ဆုံတော့ ဒီဆယ်တန်း အောင်စာရင်း ဆီးတဲ့၊ ဒူးတဲ့ကိစ္စကိုပြောဖြစ်ကြသဗျ။ မိတ်ဆွေက ပြောတာက

‘‘ခင်ဗျား တော်တော်တုံးတာ ပဲ။ ဟုတ်တယ် ခင်ဗျားပြောတာ မှန်တယ်။ ခင်ဗျားတို့လို စာစစ်၊ စာခြစ်လုပ်တဲ့လူတွေဆီကသိရ တာမှ မဟုတ်တာ။ ဆီးတာပဲဖြစ် ဖြစ် ဒူးတာပဲဖြစ်ဖြစ် ခင်ဗျားတို့ပြီး ရင် ဘယ်ကို လွှဲရသလဲ’’

‘‘ဟာ’’

ချဉ်ငန်စပ်ခေါင်းထဲမှာလင်း ခနဲ လက်ခနဲ

‘‘သြော်…ခေတ်အဆက်ဆက် လူစွမ်းကောင်းတွေကလည်း မပြတ်ကိုပေါ်နေတာပါလား’’

(၄)

တစ်နေ့ကတော့ လက်ဖက် ရည်ဆိုင်ထိုင်နေရင်း တစ်ဖက်ဝိုင်း က အသံကိုမကြားချင်လည်းကြား နေရသဗျာ။ လူငယ်တစ်ယောက် နဲ့ အသက်(၅၀)၀န်းကျင်လင်မ  ယားနှစ်ဦးတို့ စကားပြောနေကြ တာပါ။

‘‘အာ..မပူပါနဲ့ စိတ်သာချ။ အောင်ကိုအောင်စေရမယ်။ အာ မခံပါတယ်။ ကျွန်တော့်ဦးလေးက တက္ကသိုလ်ကထိကပါ။ အားလုံး ကို ပိုင်ပါတယ်’’

‘‘တကယ် သေချာပါ့မလား ငါ့မောင်ရယ်၊ အစ်မတို့က ချမ်း သာလွန်းလို့ မဟုတ်ပါဘူး။ သမီး ကလေးကို ချစ်လွန်းလို့ရယ်။ မ တော်လို့ ‘ကျ’ခဲ့ရင် နောင်နှစ်မှာ ကုန်မယ့် ငွေနဲ့စာရင် ဒီမှာသုံးမ လားလို့ စဉ်းစားမိလို့သာပါကွယ်’’

‘‘ဟုတ်တယ် အစ်မ။ အခု ဟာကလည်း ဘာသာစုံဆို လုပ် ပေးလို့မရပါဘူး။ အစ်မသမီးက နှစ်ဘာသာလောက်ထိတာရယ်။ နောက်ဖြေထားတာကလည်း အ မှတ်(၃၀)ကျော်ဝန်းကျင်ရနိုင် တယ်ဆိုတာကြောင့် ကျွန်တော့် ဦးလေးကို အပူကပ်ခိုင်းရမှာပါ’’

‘‘ဒါနဲ့ ဘယ်လောက်၊ မောင် ရင့်ကိုပေးရမှာက’’

‘‘အစ်မတို့အနေနဲ့ မများပါ ဘူးအစ်မရယ်။ တစ်ဘာသာကို နှစ်ပုံးတည်းပါ။ နောက်ငွေကိုလည်း ကျွန်တော်တာဝန်ယူပါတယ်’’

‘‘ဘယ်လိုတာဝန်ယူမှာလဲ ကွဲ့’’

‘‘မအောင်ရင် ငွေပြန်အမ်းပါ့ မယ်’’

နောက်သူတို့ ပြန်သွားတော့ မှ ချဉ်ငန်စပ်တစ်ယောက် လက် ဖက်ရည်ဆိုင်ပိုင်ရှင်ကိုမနေနိုင်မ ထိုင်နိုင်မေးမိပါတယ်။

‘‘ဟုတ်တယ်ဆရာ။ ဒီကောင် လေးဦးလေးက တက္ကသိုလ်က ကထိကပါ။ နောက်မအောင်ရင်လည်း အမှန်တကယ်ငွေပြန်အမ်း တယ်ဆရာ’’လို့ ဆိုင်ရှင်ကပြန်ဖြေ တယ်။

‘‘ဟာ ဒါဆို သူ့ဦးလေးက တော်တော်ပိုင်နိုင်ပုံရတယ်ထင်ပါ့’’

‘‘ဒါပေမဲ့ ခက်ပါတယ် ဆရာ ရယ်’’

‘‘ဗျာ ဘာကခက်တာလဲဗျ။ အောင်အောင်လုပ်ပေးမယ်။ မ အောင်ရင် ငွေပြန်အမ်းမယ်။ ရှင်း နေတာပဲကို’’

‘‘အဲဒါပြောတာဆရာ။ သူ့ဦး လေးက စွမ်းတာလည်းမဟုတ်ဘူး။ သူက စွမ်းတာလည်းမဟုတ်ဘူး ဆရာ။ သူကလာပေးတဲ့ပိုက်ဆံတွေ လက်ခံထားလိုက်တယ်။ အောင်စာရင်းမထွက်မချင်းဘာမှ မသုံးဘူး။ အောင်စာရင်းထွက်တဲ့ အချိန် သူက သွားကြည့်တယ်။ အောင်တဲ့လူစာရင်း၊ မအောင်တဲ့ လူစာရင်းမှတ်ခဲ့တယ်’’

‘‘ဗျာ..ခင်ဗျားပြောတာ ကျွန် တော်နားမရှင်းဘူး’’

‘‘အာ..ဆရာကလည်း ‘အ’ရန်ကော။ ဒီကောင်လေးက ဘာမှ လုပ်ပေးတာမဟုတ်ဘူး။ သူ့ဦး လေးကလည်း ဘာမှမလုပ်နိုင် တာ ဆရာသိသားနဲ့။သူက လက် ခံကတည်းက Moderation ၀င် လောက်မယ့် သူတွေကိုမှ ရွေး  လက်ခံတယ်။ Moderation ဆို တာ အမှတ်ဘယ်လောက်လဲ ဆ ရာတို့ ပိုသိပါတယ်ဗျာ။ ဒါကြောင့် သူက Moderation နဲ့အောင်တဲ့ လူဆီက ပိုက်ဆံသူယူတယ်။ အောင်စာရင်းထွက်ပြီးရင် သူသုံး တယ်။ သူသစ္စာရှိ ကတိတည်ပါ တယ်’’

‘‘ဗျာ’’

‘‘မအောင်တဲ့သူတွေကို တော့ ငွေပြန်အမ်းလိုက်တယ်လေ’’

‘‘တိန်’’

7day