ကိုယ့်အသင်းတန်းဆင်းသွားရင် ကလေးမွေးရသလောက် နာကျင်ခံစားရတယ်

ပို့စ်တင်ချိန် - 5/11/2014 05:59:00 PM



ကိုယ်အားပေးတဲ့အသင်း တန်းဆင်းသွားတဲ့အခါ ပရိသတ်တွေအတွက် ဒီအဖြစ်ကို လက်ခံဖို့ တော်တော်ခက်ခဲပါလိမ့်မယ်။ ဒီသီတင်းပတ်အတွင်း ထွက်ပေါ်လာတဲ့ စစ်တမ်းတစ်ရပ်အရ ကိုယ့်အသင်း တန်းဆင်းသွားရင် ဖြစ်ပေါ်လာတဲ့ နာကျင်မှုက ကလေးမွေးသလိုမျိုး ခံစားရတယ်လို့ ဖော်ပြထားပါတယ်။

တစ်ရာသီစာလက်မှတ် ၀ယ်ယူထားကြတဲ့ အမျိုးသား၊ အမျိုးသမီး ၁၂၀၀ကို TLF က စစ်တမ်းကောက်ယူရာမှာ သုံးပုံ၊ နှစ်ပုံက ကိုယ်အားပေးတဲ့အသင်း တန်းဆင်းသွားတဲ့အခါ ကလေးမွေးရင် ခံစားရတဲ့ နာကျင်မှုမျိုးဖြစ်ပေါ်လာတယ်လို့ ဖြေထားပါတယ်။ အဲဒီအထဲမှာ တစ်ယောက်ကတော့ အခုလိုပြောတယ်။ “အချိန် နာရီပိုင်းလောက်ပဲ ကြာပေမယ့် ကလေးမွေးရတာ အရမ်းနာကျင်မယ့်ပုံပါပဲ။ တန်းဆင်းသွားတဲ့အခါ အဲဒီဝေဒနာကို တစ်ရာသီလုံး ခံစားနေရတော့တာပဲ”လို့ ဆိုပါတယ်။

@z (ရိုးရာလေး)