ထပ်ဆင့် ထောင်ဒဏ် ၁၃၁ရက် ချမှတ်ခံလိုက်ရတဲ့ Chris Brown

ပို့စ်တင်ချိန် - 5/11/2014 01:55:00 PM




သီဟနိုင် on 2014-05-10 12:52    


မေလ ၉ရက်နေ့၊ တရားရုံးမှာ ဖွင့်ဟ၀န်ခံဖို့ Chris Brown ဟာ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ ခံဝန်ချုပ်ဖြင့်နေတုန်း သူဟာ ဥပဒေချိုးဖောက်ခဲ့ကြောင်း ၀န်ခံခဲ့မှုရဲ့ ရလဒ်အနေနဲ့၊ လော့စ် အန်ဂျလိစ် တရားသူကြီးတစ်ဦးက သူ့ကို ထောင်ထဲမှာ နောက်ထပ် ၁၃၁ရက် ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

Chris Brownရဲ့ ခံဝန်ချုပ်ချိုးဖောက်မှုဟာ ပြီးခဲ့တဲ့နှစ်က ၀ါရှင်တန်ဒီစီက လေယာဉ်မှာ ပါဝင်ခဲ့မှုကနေ စဖြစ်လာတာပါ။ ဒီတစ်ပတ် အစောပိုင်းတုန်းက ၀ါရှင်တန်ဒီစီမှာ Chris Brownဟာ ရန်ဖြစ်ခဲ့ပြီး အဲ့ဒီ့အမှုမှာ အချခံလိုက်ရတယ် ဆိုသူဘက်က ဓာတ်ပုံသက်သေတွေ ထွက်ခဲ့ပါတယ်။

အထက်တရားသူကြီး James R. Brandlinဟာ Chris Brown ကို ၃၆၅ရက် ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ နယူးယောက် နေ့စဉ်ထုတ်သတင်းစာ အရသိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူဟာ ပြန်လည်ပြုပြင်ရေး စခန်းနဲ့ ထောင်ထဲမှာ ၂၃၄ရက် ပစ်ဒဏ်ကျခံခဲ့ပြီး ဖြစ်ပါတယ်။ Chris Brownဟာ တကယ်တော့ တရားသူကြီး Brandlin နောက်ထပ်ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၁၃၁ရက်ထက်ကို နည်းပြီး ကျခံရဖို့ပဲ ရှိခဲ့တာပါ။

Chris Brownဟာ မကြာသေးမီက bipolar disorder (အလွန်အမင်း စိတ်ကျ-စိတ်တက်လွယ် ရောဂါ) ဖြစ်နေတယ်ဆိုတုန်းကလည်း တရားသူကြီး Bandlinဟာ သူ့အပေါ်ကို အလွယ်တကူစဉ်းစားဆုံးဖြတ်ပြီး အမိန့်ချခဲ့တယ်လို့ TMZ သတင်းဆိုဒ်က ဆိုပါတယ်။ သူခံစားနေရတဲ့ ရောဂါကြောင့် ၀ါရှင်တန်ဒီစီမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားဖို့ အလားအလာ ရှိခဲ့တာပါ။ သူ့ကို အမိန့်ချမှတ်ခံရမှုဟာ ထောင်ဒဏ် ၄နှစ်လည်း ဖြစ်သွားနိုင်ပါတယ်။


Ref:theboombox.com
Trend Myanmar