ဆံပင် မီးရှို့ခြင်းဖြင့် ဆံပင်အဖျား နှစ်ခွကွဲခြင်းကို ကုစားနိုင်

ပို့စ်တင်ချိန် - 6/18/2014 07:25:00 PM


ဒါကတော့ ထူးဆန်းပြီး မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ နည်းလမ်းတစ်ခုလို့ ထင်ကြပါလိမ့်မယ်။  တကယ်လက်တွေ့ လုပ်ပြီး အကျိုးထိရောက်မှု ရှိတယ်လို့ ပြောလာသူကတော့ ဘရာဇီး စူပါ မော်ဒယ်လ် တစ်ဦးဖြစ်ပြီး ဗစ်တိုးရီးယား ဆီးခရက် ရဲ့ မော်ဒယ်လ် တစ်ဦးလည်း ဖြစ်တဲ့ ဘာဘရာ ဖီလဟို ဖြစ်ပါတယ်။


သူမက ဆံပင်ဖြောင့်လိုက်တယ်ဆိုရင် ကျွန်မ ဆံပင်တွေ အကုန်လုံး ဆုံးရှုံးနိုင်တယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ ဆံပင်ဖြောင့်တာ က အရမ်းပြင်းတယ်လေ လို့ သူမကပြောပါတယ်။ အဲဒီလို ဆံပင်သား ပျက်စီးခြင်းရဲ့ ရလဒ်ဖြစ်တဲ့ ဆံပင် အဖျား နှစ်ခွဲကွဲခြင်းကို ကုစားဖို့ရာ အတွက် ဖယောင်းတိုင်ထွန်းပြီး ကွဲနေတဲ့ ဆံပင်သားတွေကို မီးနည်းနည်းရှို့လိုက်ပါတယ်။ အဆိုပါ နည်းလမ်းကို သူမသာမက ဗစ်တိုးရီးယား ဆီးခရက်မှ မော်ဒယ်လ်များဖြစ်တဲ့ အလက်ဇန်းဒရီးယား အမ်ဗရီယိုနဲ့ အစ္စဗယ်လ် ဖွန်တနာ တို့ပါ လုပ်ဆောင် ကြတယ်လို့ သိရပါတယ်။

Lace’s website မှာတော့ အဆိုပါ မီးတောက်က ဆံပင်ကို လောင်ကျွမ်းပြီး ဖြစ်ပေါ်လာတဲ့ အာဟာရ ဓါတ်တွေကို ဆံပင်သားထဲကို ရရှိစေပါတယ်။ ဒါ့အပြင် အဖျားနှစ်ခွ ကွဲတာကိုလည်း ဖယ်ရှားနိုင်ပြီး ဆံပင် ဖြီးခြင်း နဲ့ အခြားဓါတုပစ္စည်းတွေကြောင့် ဆံပင်သား ပျက်စီးခြင်းတို့ကို ကုသရာ ရောက်တယ်လို့ ဖော်ပြထားပါတယ်။

ဘရာဇီးရဲ့ အလှအပရေးရာ မှာ အဆိုပါ ကုသနည်းဟာ နာမည်ကြီးလျှက် ရှိတယ်လို့ သိရပါတယ်။ ဒါဟာ မယုံနိုင်စရာပါပဲ။ ဆံပင် မီးရှို့လိုက်လို့ အရမ်း တိုမသွားတဲ့ အပြင် မီးရှို့လိုက်တဲ့ နေရာကို ကိုင်ကြည့်မယ် ဆိုရင်လည်း အရင်ကထက် ပိုပြီး ချောမွှေ့ပြီး ကျန်းမာတဲ့ ဆံသားကို ရပါလိမ့်မယ်လို့ ပြောဆိုထားပါတယ်။


 

World Myanmar News
ref: dailymail.co.uk