လှော်ကားဘူတာဈေးအနီး အမျိုးသားတစ်ဦး ရိုက်နှက်ခံရသဖြင့် သေဆုံး

ပို့စ်တင်ချိန် - 6/18/2014 11:17:00 AM


ရန်ကုန် ဇွန် ၁၆
လှော်ကားဘူတာဈေးအနီးတွင် ဇွန် ၁၃ ရက် ညပိုင်းက အမျိုးသား တစ်ဦး ရိုက်နှက်ခံရသဖြင့် သေဆုံး သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ည ၁၁ နာရီခွဲက ရွှေပြည်သာမြို့မရဲစခန်း မှ တပ်ဖွဲ့ဝင်များသည် ရွှေပြည် သာမြို့နယ် (တ/၁၅)ရပ်ကွက် လှော်ကားဘူတာဈေးအနီး မြို့ပတ် လမ်းဘေးတွင် အမျိုးသားတစ်ဦး ရိုက်နှက်ခံရကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ မြို့ပတ် လမ်းနှင့် ကိုက် ၅ဝ ခန့်အကွာရှိ ရေကန်ပေါင်ပေါ်တွင် အသက်(၃ဝ နှစ်)ခန့် ရှိ အမည်မသိ အမျိုးသား တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရသည်။

ထို့နောက် ဖြစ်စဉ်ကို စုံစမ်းရာ သေဆုံးသူကို အမျိုးသားနှစ်ဦးက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး အနီးရှိ ရေကန်ပေါင်ပေါ်သို့ တွဲခေါ်သွားကာ ပစ်ချခဲ့ကြောင်း၊ ဆက်လက်စုံစမ်း ဖော်ထုတ်ခဲ့ရာ ရိုက်နှက်သူအမျိုးသား
နှစ်ဦးမှာ ရွှေပြည်သာမြို့နယ်နေ သူများဖြစ်သည့် ကျော်နိုင်ညွန့်နှင့် ကျားကြီးတို့ဖြစ်ကြောင်း သိရသဖြင့် ၄င်းအမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေရဲစခန်းက အမှုဖွင့် လှစ်ကာ ပြစ်မှုကျူးလွန်သူ ကျော်နိုင် ညွန့်နှင့် ကျားကြီးတို့နှစ်ဦးကို ဖမ်းဆီးရမိရေး အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စိုးဝင်း(SP)

The Mirror Daily