သေနတ်အစစ်များရောင်းသည့်ဆိုင်ကို သေနတ်အတုသုံး၍ ဓားပြဝင်တိုက်

ပို့စ်တင်ချိန် - 6/18/2014 02:40:00 PM


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် El Cajon မြို့မှာ စနေနေ့ နေ့လယ်ပိုင်းက လူသုံးယောက်ဟာ သေနတ်အစစ် ရောင်းတဲ့ဆိုင်ကို သေနတ်အတုနဲ့ဝင်ရောက်ဓားပြတိုက်ခဲ့တာ ကြောင့် ဖမ်းဆီး ခံခဲ့ရပါတယ်။

Hiram’s Guns & Spirits ဆိုတဲ့ သေနတ် အရောင်းဆိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်ယောက်က ဆိုင်ဝန်ထမ်းကို သေနတ်နဲ့ချိန်ထားတဲ့အချိန်မှာ ကျန်နှစ်ယောက်က ကောင်တာတွေကိုရိုက်ခွဲပြီး သေနတ်အစစ်တွေကို လုယူ သွားခဲ့တယ်လို့ NBC San Diego က ဖော်ပြခဲ့ပါတယ်။


လုယူသူများ ကားနဲ့ထွက်ပြေးသွားတဲ့အခါမှာ ဆိုင်က 911ကို ဖုန်းဆက်ခဲ့တာကြောင့် သူတို့ကားကို လမ်းမှာတင် ဖမ်းမိခဲ့ပါတယ်။

“အရာရှိတွေရှာတဲ့အခါ ဆိုင်ကတိုက်လာတဲ့ လက်နက်အစစ်တွေနဲ့ သေနတ်အတုတစ်လက်ရယ်၊ မျက်နှာဖုံး တွေရယ်ကို ရှာတွေ့ခဲ့ပါတယ်” လို့ El Cajon ရဲအရာရှိ Rob Ransweiler က ပြောကြားခဲ့ပါတယ်။

ကျူးလွန်သူနှစ်ဦးဟာ ဆယ်ကျော်သက်ဖြစ်နေတာကြောင့် လူငယ်စောင့်ရှောက်ရေးဌာကိုပို့ခဲ့ပြီး ကျန်အဓိကကျူးလွန်သူ Mykeon D. Menefee ကိုတော့ ကြီးလေးတဲ့ပြစ်မှုတွေနဲ့ စွဲချက်တင် သွားမယ်လို့ဆိုပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။