ပိုင်ဆိုင်ထားတဲ့ မြင်းကို ခိုးယူမှာစိုးလို့ လေသာဆောင်မှာ ထားရှိ

ပို့စ်တင်ချိန် - 6/18/2014 10:39:00 AM



အေသင်အောင်

                လူတွေဟာ သူတို့တန်ဖိုးထား ပစ္စည်းတွေကို သေချာ သိမ်းဆည်းလေ့ရှိပါတယ်။ ဒီ ပစ္စည်းကို အခြားသူတွေခိုးယူနိုင်ခြင်းမရှိဖို့ လုံခြုံရေးသတိနဲ့ သိမ်းဆည်းလေ့ရှိ ပါတယ်။ ပိုလန်နိုင်ငံမှာ ရှိတဲ့ အဖြစ်အပျက် တစ်ခုကတော့ ထူးခြားမှုရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပိုင်ဆိုင်ထားတဲ့ မြင်းတစ်ကောင်ကို ခိုးယူသွားမှာ စိုးလို့ လေသာဆောင်မှာ ထားရှိခဲ့ခြင်း ဖြစ်ပါတယ်။ ပိုလန်နိုင်ငံ၊ ဂရာဂျီမြို့မှာ နေထိုင်တဲ့ ကိုဇလိုစကီးဟာ သူ့ရဲ့မြင်းကို အမြတ်တနိုးထားလေ့ရှိ ပါတယ်။ မြင်းအတွက် အစားအစာတွေ ရှာဖွေရာမှာ လုံလောက်တဲ့ အချိန်ယူရလေ့ရှိတာမို့ စိတ်မချနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။

                အစောပိုင်းတုန်း က သူဟာ မြင်း အတွက် အစားအစာတွေကို နေအိမ် ပတ်ဝန်းကျင်နားမှာပဲ ရှာဖွေလေ့ရှိပါတယ်။ ဒါပေမဲ့ အခြားနေရာတွေ ကို သွားရောက် ရှာဖွေရာမှာတော့ လုံလောက်တဲ့ အချိန်တစ်ခုယူရ တတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ သူ့အနေနဲ့ မြင်းကို ဒီ အတိုင်းထားသွားရမှာကို စိတ်မချနိုင်ခဲ့ပါဘူး။ ဒါကြောင့်မို့သူဟာ နေအိမ်အတွင်းက လေသာဆောင်ပေါ်မှာ မြင်းကို ထားရှိပြီး အစားအစာကို သွားရောက် ရှာဖွေလေ့ ရှိခြင်း ဖြစ်ပါ တယ်။

                သူက  ကျွန်တော့်မြင်းကို အခြားသူတွေ ခိုးသွားမှာ အလိုမရှိပါဘူး။ ကျွန်တော်ဟာ မြင်းအတွက် အစားအစာတွေ ရှာဖွေရတဲ့ အပြင် အခြား အလုပ်တွေကိုလည်း လုပ်နေရပါတယ်။ ဒါကြောင့်မို့ မြင်းကို စိတ်မချနိုင်တာမို့ လေသာဆောင်မှာ ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် လို့ ပြောသွားခဲ့ပါ တယ်။

Messenger