ကမ္ဘာ့ဖလားပွဲ စုကြည့်တဲ့နေရာကို အကြမ်းဖက်သမား ဗုံးခွဲ အသေအပျောက် အလွန်များ

ပို့စ်တင်ချိန် - 6/18/2014 07:27:00 PM


နိုက်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်လို့ခေါ်တဲ့ အစ္စလာမ်မစ် အကြမ်းဖက်သူပုန်လို့ ယူဆရသူတစ်ယောက်က ကမ္ဘာ့ဖလားပွဲ စုကြည့်နေတဲ့ လူအုပ်ကြီးထဲကို ဝင်ပြီး အသေခံဗုံးခွဲခဲ့တာမို့ ဘောလုံးဝါသနာရှင် အမြောက်အမြား သေဆုံးဒဏ်ရာ ရသွားခဲ့ပါတယ်။

“ဒဏ်ရာရတဲ့လူတွေက များလွန်းလို့ ရေတောင် မရေတွက်နိုင်ပါဘူး” လို့ အရေးပေါ်ကျန်းမာရေး လုပ်သားတစ်ဦးက ပြောပြပါတယ်။

နိုက်ဂျီးရီးယား နိုင်ငံမြောက်ပိုင်း ယိုဘီပြည်နယ်က ဘောလုံးပွဲစုကြည့်နေတဲ့နေရာကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီးတော့ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ ဘရာဇီးလ်-မက္ကဆီကို ပွဲလာနေတာဖြစ်ပါတယ်။

နိုက်ဂျီးရီးယား နိုင်ငံမြောက်ပိုင်းကို အစိုးရက အကြမ်းဖက်သမားတွေ အန္တရာယ်ကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီးတော့ ဘောလုံးပွဲကို လူအများကြီးစုပြီး မကြည့်ကြဖို့ ညွှန်ကြားထားပါတယ်။

ဘိုကိုဟာရမ် အစ္စလာမ်မစ် သူပုန်တွေဟာ နိုက်ဂျီးရီးယားမြောက်ပိုင်းမှာ သောင်းကျန်းနေပြီးတော့ တစ်လောကလည်း ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲသွားပြီး အတင်း အစ္စလာမ်ဘာသာဝင်ခိုင်းကာ ရောင်းစားမယ်လို့ ပြောထားပါတယ်။

The Voice