သြစတေးလျနိုင်ငံတွင် နေပူဆာလှုံသူ အမျိုးသမီးတစ်ဦးကြောင့် ကားတိုက်မှုများဖြစ်

ပို့စ်တင်ချိန် - 6/18/2014 02:39:00 PM



အသားအရေလှပဖို့ နေပူစာလှုံတဲ့ သြစတေးလျယာ နိုင်ငံက အမျိုးသမီးတစ်ဦးကြောင့် ကားတိုက်မှုတွေဖြစ်ပြီး ကားတွေ ပိတ်ကုန်တယ် လို့ဆိုပါတယ်။

သူနေပူဆာ လှုံတဲ့ပုံစံက ပုံပါအတိုင်း တံခါးပေါင်မှာ ဝမ်းလှားမှောက်ပြီး ခြေထောက်တွေကို အတွဲလိုက် ချပြထားတာ ဖြစ်ပါတယ်။ ဒီပုံကို ရိုက်ခဲ့တဲ့ကျောင်းသားတစ်ဦးဖြစ်သူ Gregory Shakaki က “ဒါကိုမြင်တော့ ကျွန်တော် နေပူရှပ် သွားခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်က ချိတ်မိနေတဲ့ နှစ်ကောင်နောက်မှာ။ သူတို့ရှေ့က ကားသမားတွေက လမ်းကို မကြည့်ဘဲ အပေါ်မော့ကြည့်လိုက်ကြတာကိုး” လို့ ကားမောင်းသမား တစ်ဦးဖြစ်သူ Michael Kienast က ဒေသခံမီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။


“နောက်ဖက်မှာ ဆင့်တိုက်မိတဲ့လူက သူ့ကို တိုက်တဲ့လူကို အော်လိုက်တာ ကျွန်တော်ကြားရတယ်။ ကိုယ်သွားနေတဲ့ လမ်းတောင် ကိုယ်မမြင်ဘူးလားတဲ့။

တိုက်တဲ့လူကလည်း  တံခါးမှာ ဝမ်းလျားမှောက်နေတဲ့ မိန်းမကို လက်ညှိုးထိုးပြီး ပြောတယ်။ ဆောရီးဗျာ ကျွန်တော် လမ်းလွဲ သွားတယ်တဲ့။ အဲ့ကျမှ တိုက်ခံရတဲ့လူက  ခင်ဗျားပြောချင်တာကို ကျွန်တော် သဘောပေါက်ပြီဗျို့တဲ့”  လို့ Michael Kienast က သူကြုံ့ခဲ့ရတဲ့ ဖြစ်ပုံကို အသေးစိတ်ပြောပြခဲ့ပါတယ်။

ကားများ ပိတ်သွားတာကြောင့် ရဲများရောက်လာတဲ့ အချိန်မှာတော့ အမျိုးသမီးဟာ အထဲဝင်သွားပြီး တံခါးတွေကို ပိတ်ထားခဲ့တယ်လို့ဆိုပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။