ဆရာတော်ဦးဝီရသူ ဟော်မုန်းဆေးမသုံးစွဲပါ

ပို့စ်တင်ချိန် - 6/18/2014 06:55:00 AM



“အဲဒါတွေကို ဦးဇင်းက ဒိုင်ခံပြီး ဖြေရှင်းနေရင်တော့ ဦးဇင်းတို့ ရှေ့ဆက်သွားမဲ့ လုပ်ငန်းတွေထိခိုက်လို့ ဘယ်သူကိုမှ ပြန်မဖြေရှင်းတာပါ” ဆရာတော် ၀ီရသူ

ဖေ့ဘုတ်စာမျက်နှာများတွင် ပြောကြားနေကြသည့် ဆရာတော် ဦးဝီရသူ ဟော်မုန်းဆေးသုံးစွဲ နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေမှုများနှင့် ပတ်သတ်၍ ယင်းသတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် ယင်းကဲ့သို့ တိုက်ခိုက် ခံနေရခြင်းများမှာ အကြိမ်ကြိမ် ရှိနေပြီ ဖြစ်ကြောင်း ဆရာတော်မှ မိန့်ကြားခဲ့သည်။

“ဦးဇင်းအဲဒီဆေးကို အခုချိန်ထိ မမြင်သေးတာပါ၊ ဆေးရဲ့ အမည်ကိုလည်း သူတို့ပြောမှ သိရတာ သေချာတောင် မဖတ်သေးတော့ ဘာတွေစွမ်းလဲဆိုတာလည်း မသိပါဘူး၊ ဦးဇင်းက အမျိုးဘာသာ သာသနာ လှုပ်ရှားမှုတွေ လုပ်နေတာကို မလိုတဲ့သူတွေက ဦးဇင်းကို အရင်ကတည်းက ငွေကြေးကိစ္စ ရှုပ်တာတွေရော၊ မုဒိမ်း ကျင့်တာတွေရော၊ မူးယစ်ဆေးဝါး သုံးစွဲနေတာတွေရော စုံလို့ပဲ မကောင်းမှုတွေနဲ့ ပတ်သက်လို့ အကုန်လုံး တိုက်ခိုက်နေတာပါ၊ အခုလည်း တစ်မျိုးလာပြန်ပြီး ဟော်မုန်းဆေးတဲ့ ဘယ်လိုပဲ ဖြစ်ပါစေ ဦးဇင်းကတော့ ဘာမှမလုပ်လို့ မတုန်လှုပ်ပါဘူး၊ ဘယ်သူကိုမှလည်း မကြောက်ပါဘူး၊ ပြောတဲ့သူတွေကိုလည်း ပြန်မဖြေရှင်းပါဘူး၊ ကြာလာရင် သူ့သဘောသူ ဆောင်သွားမှာပါ၊ အဲဒါတွေကို ဦးဇင်းက ဒိုင်ခံပြီး ဖြေရှင်းနေရင်တော့ ဦးဇင်းတို့ ရှေ့ဆက်သွားမယ့် လုပ်ငန်းတွေ ထိခိုက်လို့ ဘယ်သူကိုမှ ပြန်မဖြေရှင်းတာပါ” ဟု ဆရာတော် ဦးဝီရသူက Tomorrowဂျာနယ်သို့ မိန်ကြားခဲ့သည်။

ဖေ့ဘုတ် စာမျက်နှာပေါ်တွင် ဆရာတော် ဦးဝီရသူသည် ရုပ်ပျိုသည့် အီစတိုဂျင် ဟော်မုန်းဆေးကို သုံးစွဲနေကြောင်း ၄င်းဆေးသည် ပင်ပန်းနွမ်းနယ်မှုများကို ပျောက်စေပြီး အသားရေမှာလည်း စိုပြေ လှပစေသောကြောင့် သုံးစွဲရခြင်းဖြစ်ကြောင်း ဆေးကိုလည်း ဆရာတော်၏ ဒကာ မိသားစုမှ အမြဲမပြတ် လှူဒါန်းထားကြောင်းကို မစိုးရိမ်တိုက်သစ်မှ ဆရာတော် တစ်ပါးက ပြောသည်ဟု ရေးသားထားသည့် အတွက် ၄င်းသတင်းနှင့် ပတ်သက်၍ မှန်မမှန်ကို ဆရာတော်အား မေးမြန်းခဲ့ရာ ဆရာတော်မှ အထက်ပါအတိုင်း ပြန်လည် မိန့်ကြားခဲ့ခြင်းဖြစ်သည်။

Tomorrow News Journal