အင်္ဂလန်ဆရာတော် ဦးဥတ္တရနှင့်သံဃာတော်လေးပါးတို့အား တရားစွဲဆို

ပို့စ်တင်ချိန် - 6/18/2014 11:16:00 AM



ဓါတ်ပုံ - ဇာနည်ဖြိုးဓါတ်ပုံ - ဇာနည်ဖြိုး

ကမ္ဘာ့ဗုဒ္ဓသာသနာပြုမဟာသန္တိသုခကျောင်းတော်ကြီးအား ချိတ်ပိတ်ပြီးနောက် ပင့်ဆောင်သွား
သော ၄င်း၏ တပည့်ရဟန်းများဖြစ်သော အင်္ဂလန်ဆရာတော် ဦးဥတ္တရနှင့်သံဃာလေးပါးတို့အား
ဇွန် ၁၃ရက်နေ့ တွင် တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။

မဟာသန္တိသုခကျောင်းတိုက်တွင် ယာယီသတင်းသုံးနေထိုင်သော အင်္ဂလန် ဆရာတော် ဦးဥတ္တရ
အပါအ၀င် သံဃာတော်လေးပါးတို့အားသာသနာတော် ညှိုးနွမ်းစေမှု ၂၉၅၊ သံဃာအဖွဲ့အစည်း
ဆိုင်ရာ ဥပဒေပုဒ်မ၂၀/၉၀ဖြင့် စွဲချက်တင်စစ်ဆေးနိုင်ရန် လူဝတ်လဲစေကာ အင်းစိန်အကျဉ်း
ထောင်သို့ ပို့ဆောင်ခဲ့ပြီး ဖြစ်ကာ ဇွန်လ၂၀ရက်နေ့တွင် တာမွေမြို့နယ်တရားရုံး၌ ပြန်လည်
စစ်ဆေးမည် ဖြစ်သည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ က တွင် 'ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သော လူတစား
၏ ဘာသာရေးစိတ်ကိုနာကြည်းစေရန် တမင်မသမာသော အကြံဖြင့် မည်သူမဆို စကားဖြင့်
ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ ထင်ရှားသောပုံသဏာန် ဖြင့်ဖြစ်စေ၊ ထိုလူတစားကိုးကွယ်သည့် ဘာသာ
သာသနာကိုသော်၎င်း၊ ဘာသာ သာသနာ ရေးယုံကြည်မှုကိုသော်လည်းကောင်း၊ စော်ကားလျှင်၊
သို့တည်းမဟုတ် စော်ကားရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊
ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်' ဟု ဖော်ပြထားပြီး သံဃာအဖွဲ့အစည်းဆိုင်ရာ
ဥပဒေပုဒ်မ ၂၀/၉၀အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁နှစ်မှ ၂နှစ်အထိ ချမှတ်နိုင်ကြောင်း
သာသနာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ မဟာသန္တိသုခကျောင်းတော်ကြီးကို ချိတ်ပိတ်ရန် နိုင်ငံတော်သံဃာမဟာနာယအဖွဲ့က
ဇွန်လ ၆ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ ဆုံးဖြတ်ချက်ညွှန်ကြားလွှာကို ရန်ကုန်တိုင်း
ဒေသကြီး သံဃာနယကအဖွဲ့ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုနောက် တိုင်းသံဃာနယကအဖွဲ့
ဒုဥက္ကဌ ဦးဆောင်သော စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၂၈၀ကျော်တို့က ဇွန်လ ၁၀ရက်နေ့
နောက်ဆုံးထားကာ ည ၁၁နာရီတွင် ၀င်ရောက်ဖယ်ရှားကာ ချိတ်ပိတ်ခဲ့ကြခြင်း ဖြစ်သည်။

သာသနာတော် ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုခြင်းခံရသော အင်္ဂလန်ဆရာတော် ဦးဥတ္တရအပါအ၀င်
သံဃာတော်လေးပါးတို့ကို သံဃာ့သိက္ခာ ချထားခြင်းမရှိဘဲ တရားရုံးတို့ ၀င်ထွက်သွားလာရာတွင်
အဆင်ပြေစေရန်အတွက် လူဝတ်လဲစေခြင်းသာ ဖြစ်ကြောင်း ဆရာတော်ဦးကုနာလင်္ကာရက
မိန့်သည်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၊ မန္တလေး မစိုးရိမ်ကျောင်း
တိုက်ဆရာတော် ဦးဝီရသူ၊ ရွှေည၀ါဆရာတော် ဦးပညာသီဟ ၊ ၈၈မျိုး ဆက် ငြိမ်းချမ်းရေးနှင့်ပွင့်
လင်းလူ့အဖွဲ့အစည်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
(မ.ဘ.သ)တို့မှမဟာသန္တိသုခကျောင်းတော်ကြီး ချိတ်ပိတ် ခံရမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ
ဖြေရှင်းဆောင်ရွက်ရန် ကြေညာချက်အသီးသီးကို ထုတ်ပြန်ခဲ့ကြသည်။

အောင်ကျော်မင်း
myanmar times