သရဲအကြောင်းအခြေခံထားတဲ့ အမေရိကန် ဟာသဇာတ်ကား Life After Beth

ပို့စ်တင်ချိန် - 6/18/2014 08:42:00 PM


သူ့ချစ်သူကောင်မလေး Beth မမျှော်လင့်ဘဲ သေဆုံးသွားခဲ့တဲ့အတွက် Zach တစ်ယောက်ယူကျူံးမရဖြစ်ခဲ့ရပါတယ်။ Beth ရုတ်တရက်ကြီးသေရာကပြန်လာတဲ့အခါမှာတော့ Zach ဟာဒါကို ဒုတိယမြောက်အခွင့်အရေးအဖြစ်ရှုမြင်ပြီး သူမအသက်ရှင်သန်နေတုန်းကာလက သူလုပ်ပေးချင်ခဲ့တဲ့အရာရာတိုင်းကို ဖြည့်ဆည်းပေးဖို့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

Life After Beth ဟာ အမေရိကန် ဟာသဇာတ်ကား ဖြစ်ပြီး ဒါရိုကတာ Jeff Baena ကရိုက်ကူးပေးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Anna Kendrick, Aubrey Plaza, Matthew Gray Gubler, Dane DeHaan နဲ့ John C. Reilly တို့ဖြစ်ကြပါတယ်။ ဇန်န၀ါရီလ ၁၉ ရက်နေ့က Sundance ရုပ်ရှင်ပြပွဲမှာယှဉ်ပြိုင်ပြသပြီးသားဇာတ်ကားဖြစ်ပါတယ်။ သြဂုတ်လအတွင်း ထွက်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။


Ref:imdb.com
Trend Myanmar