မောင် ဖြစ်သူ ထောင်ကလွတ်ဖို့ ရှေ့နေကျောင်းတက်ပြီး ကြိုးစားကယ်ခဲ့တဲ့ အစ်မ

ပို့စ်တင်ချိန် - 6/18/2014 02:43:00 PM



Kenny Waters လို့ အမည်ရတဲ့ အမေရိကန် ပြည်ထောင်စုက အမျိုးသားဟာ ၁၉၈၃ ခုနှစ်က လူသတ်မှု တစ်ခု စွဲချက်နဲ့ နဲ့ ထောင်ထဲ ဝင်ခဲ့ ရပါတယ်။ သူ မသတ်ခဲ့ဘူး ဆိုတာကိုလည်း သက်သေ ပြပေးနိုင်တဲ့သူ မရှိပါဘူး။ နောက်ဆုံး သူ့ကိုယ်သူ အဆုံးစီရင်ဖို့တောင် ထောင်ထဲမှာ အကြိမ်ကြိမ် ကြိုးစားခဲ့ ပါတယ်။

အမှန်တရားကို သိရှိနေတဲ့ သူ့ရဲ့ အစ်မ Betty Anne Waters ဟာ အထက်တန်း ကျောင်းကနေ အထုတ်ခံရတဲ့ စာညံ့ဖျင်းသူ တစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် အပြစ်မရှိပဲ အပြစ်ခံနေရတဲ့ မောင်လေး ဖြစ်သူကို ကယ်ထုတ်ဖို့ စိတ်ကူး ရှိတော့ ကျောင်းပြန် တက်ပါတယ်။ ရှေ့နေ့ ဖြစ်အောင် ကြိုးစားပြီး ဥပဒေ ပညာရပ်ကို တက္ကသိုလ်မှာ အထူးပြုလို့ ဆက်တက် ပါတယ်။ အိမ်ထောင် တစ်ဖက် ရှိနေသည့်တိုင် ပညာရေး အတွန် ကြိုးစားပြီး သူမရဲ့ မောင်ဖြစ်သူ ကို ပြန်လည် ကယ်ထုတ်ဖို့ စုံစမ်း စစ်ဆေးမှုများ ပြန်လည် ပြုလုပ် ပါတော့တယ်။

နောက်တော့ သေဆုံးသူကို သတ်ခဲ့တဲ့ လက်နက်မှာ သူ့မောင်လေး DNA မတွေ့တာကနေ စလို့ အမှန်တရား အကုန် ပေါ်သွားပြီး မတရား အပြစ်ခံနေရတဲ့ သူမ မောင်လေး ဖြစ်သူ Kenny Waters တစ်ယောက် ထောင်ကနေ လွတ်ခဲ့ ပါတယ်။ ဒီအတွက် ကြာမြင့်သွားတဲ့ အချိန်က ၁၈ နှစ် ဖြစ်ပါတယ်။ ယုံကြည်ချက် ရှိရှိ ကြိုးစား ရုန်းကန်ခဲ့တဲ့ နောက်ဆုံး Kenny တို့ မောင်နှမရဲ့ ဖြစ်ရပ် ဟာ မောင်နှမ သံယောဇဉ် ကြီးခြင်းနဲ့ ဇွဲကြီးခြင်းရဲ့ ပြယုဒ် တစ်ခု ဖြစ်ခဲ့ ပါတယ်။ ရုပ်ရှင် အဖြစ်တောင် ပြန်လည် ရိုက်ကူး ဖြစ်ခဲ့ ကြပြီး Conviction လို့ အမည်ရ ပါတယ်။

http://en.wikipedia.org/wiki/Kenny_Waters

အောင်ခမ်း (ရိုးရာလေး)