အိပ်ပျော်နေသော မန်းဆေးရုံကြီးလူနာစောင့်အမျိုးသမီးထံမှ ရွှေထည်ပစ္စည်းများ ခိုးယူသူ ဖော်ထုတ်ဖမ်းဆီး

ပို့စ်တင်ချိန် - 6/18/2014 07:34:00 PM



မန္တလေးခရိုင်(မှု/ကူ)မှဒုရဲအုပ် သူရဌေးနှင့်အဖွဲ့ သည်ချမ်းအေးသာစံမြို့နယ်
မြို့မရဲစခန်းမှ(ပ)၂၀၃/ ၂၀၁၄ပြစ်မှုပုဒ်မ၃၈၀အမှုမှ မသင်္ကာတရားခံပူတင်း
(ခ)တင်အောင်ဆန်း (၂၇) နှစ် ကျွန်းလုံးဦးသျှောင် ရပ်ကွက်၊ ချမ်းမြသာစည်
မြို့နယ်နေသူအား အမှုကွင်း ဆက်စစ်ဆေးရာ ၎င်းင်းသည် ၂၀၁၄ ခုနှစ် ဧပြီ
(နေ့ရက် မမှတ်မိ)နံနက် ၂ နာရီ ခန့်က ချမ်းအေးသာစံမြို့နယ် လမ်း ၃၀
မန္တလေးဆေးရုံကြီးဝင်း ခွဲစိတ်ကုသဆောင် (၃ )အနောက်ဘက်လူသွားလမ်း
ဘေးပလက်ဖောင်းပေါ် တွင် အိပ်ပျော်နေသောလူနာစောင့် အမျိုးသမီး၏ခြင်
ထောင်အတွင်းမှ မိန်းမကိုင်မိုးကာအိတ်အား ခိုးယူခဲ့ပြီးအိတ်အတွင်းရှိရွှေများ
အနက် ရွှေလက်ကောက်နှင့်ရွှေကလစ်တို့အား မန်းမြို့ဈေးရှိ ရွှေသမာဓိရွှေပန်း
ထိမ်ဆိုင်မှဦးကျော်ခိုင်ထံငွေကျပ်သိန်း ၃၀ ခန့်ဖြင့်ရောင်းချထားကြောင်းစစ်ဆေး
ပေါ်ပေါက်သဖြင့်ရွှေကလစ်နှင့်ရွှေလက်ကောက် ခုနစ်ကွင်းတို့အား အရည်ကျို
ထားသည့် ရွှေရည် ၁၆ပဲရည် အလေးချိန် ၅ ကျပ် ၃ပဲ ၇ ရွေးရှိ ရွှတုံးတစ်တုံးအား
သိမ်းဆည်းရမိပြီး ၎င်းင်းနေအိမ် သေတ္တာအတွင်းရွှေလက်စွပ်၊ ရွှေဆွဲကြိုး၊ နားကပ်
တစ်ဖက် တို့အား ထပ်မံသိမ်းဆည်းရမိသဖြင့် ဇွန် ၁၅ ရက်တွင် ချမ်းအေးသာစံ
မြို့နယ်မြို့မရဲစခန်းမှ (ပ) ၄၆၈/၂၀၁၄၊ ပြစ်မှုပုဒ်မ၃၇၉^၅၄အရထပ်မံအမှုဖွင့်အရေး
ယူထားသည်။


မောင်ပြည်သူ
စံတော်ချိန်နေ့စဉ်သတင်းစာ