စစ်သားစုဆောင်းရေးတပ်သို့ ဝင်ရောက်ပြီး နှစ်ရက်အကြာ ကြိုးဆွဲချသေဆုံး

ပို့စ်တင်ချိန် - 6/18/2014 07:06:00 AM


 မန္တလေး ဇွန် ၁၇

     စစ်သား စုဆောင်းရေး တပ်သို့  ၀င်ရောက် လာခဲ့ပြီး နောက်နှစ်ရက် အကြာတွင် မိမိကိုယ်မိမ် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး တိုင်းရဲတပ်ဖွဲ့ မှူးရုံး၏ မှတ်တမ်းများ အရသိရသည်။

   မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ ၇၈လမ်း၊ ၃၈လမ်းနှင့်၃၉လမ်း ကြားရှိ စစ်သား စုဆောင်းရေး တပ်အတွင်းတွင် ယခုလ ၁၅ရက် ညနေ ၃ နာရီ ၄၅ မိနစ် ၀န်းကျင်မှာ အမျိုးသား တစ်ဦး မိမိကိုယ် မိမိ ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွား ခဲ့သည်။

    ထိုနေရာသို့  သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ စစ်သား စုဆောင်းရေးတပ် စားရိပ်သာ၏ အမြင့် ၁၀ပေခန့် ရှိ ထုတ်တန်းတွင် တစ်မတ်လုံးခန့် ရှိ အပြာရောင် ပလတ်စတစ် ကြိုးဖြင့်  ကြိုးဆွဲချ သေဆုံးနေကြောင်း၊ ၄င်းသည် ဦးထန်မောင်၏သား ကိုဝင်းမင်းထက် ဖြစ်ပြီး ယခုလ ၁၃ရက်က စစ်တပ်အတွင်းသို့  ၀င်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ အခြား ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ ရဘဲ ကြိုးဆွဲချ သေဆုံးနေကြောင်း သိရသည်။

    ထိုကြောင့် မန္တလေး ဆေးရုံကြီးသို့ ပိုအပ်ခဲ့ပြီး သေမှုသေခင်း အမှတ်စဉ် ၁၆/၂၀၁၄ ဖြင့် ရေးဖွင့် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

 ဘေဘီမြင့်မောင်

The Union Daily