အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ တရားဓမ္မ ရှာဖွေခဲ့တဲ့သူ

ပို့စ်တင်ချိန် - 6/18/2014 10:40:00 AM



အေသင်အောင်
                 ဆယ်ကျော်သက် အရွယ် အမျိုးသမီး အများစုဟာ ဖြတ်သန်းရမယ့် ဘ၀အတွက် ရည်မှန်းချက်တွေထားရှိ တတ်ကြပါတယ်။ လက်ထပ်ခြင်း၊ ပျော်ရွှင်ခြင်း စတဲ့ မဆုံးနိုင်တော့တဲ့ မျှော်လင့်ချက်တွေကို ဖြစ်လာဖို့ တိတ်တခိုး ဆုတောင်းလေ့ရှိ ကြပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာရှိတဲ့ ဆယ်ကျော် သက်အရွယ် အမျိုးသမီး တစ်ဦးဟာ ရည်မှန်းချက် တွေအားလုံး စွန့်လွှတ်ပြီး သီလရှင် အဖြစ် ကျင့်ကြံ အားထုတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီအမျိုးသမီးဟာ တရုတ်နိုင်ငံ၊ အရှေ့ဘက် Jinan  မြို့မှာနေထိုင်ပြီး ဘွဲ့ရပညာတတ် တစ်ဦးလည်း ဖြစ်ပါတယ်။ Ting Tienလို့ အမည်ရတဲ့ အမျိုးသမီး ဟာ အရင်တုန်းက ခေတ်နဲ့ အညီ ၀တ်စား ဆင်ယင်ခဲ့ပါတယ်။

အသက် (၂၄) နှစ်သာရှိသေးတဲ့ Ting Tien ဟာ ငြိမ်းချမ်းမှု တရားကို ရှာဖွေလိုတာမို့ ပေပေါင်း (၁၃,၀၀၀) ကျော်မှာရှိတဲ့ ဘုရားကျောင်းမှာ တရားအားထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တကယ်တော့ တရုတ်နိုင်ငံမှာ ငွေကြေးနဲ့ အောင်မြင်မှု အတွက် လောဘဇောတက်နေသူက အများစုဖြစ်ပြီး အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ တရား အားထုတ်နေတဲ့ Ting Tienရဲ့ဖြစ်ရပ်ကို ချီးကျူးမှုများ ပြုလုပ် ခဲ့ပါတယ်။ Ting Tien ကလည်း သူ့ရဲ့ဘ၀သစ်ကို ဓာတ်ပုံရိုက်ကူးပြီး အင်တာနက်ပေါ်တင်ခဲ့ရာ လူသိများသွားခဲ့ပြီး တရုတ်နိုင်ငံမှာ လူပြောများတဲ့ အကြောင်းအရင်း ဖြစ်လာခဲ့ပါ တယ်။ Ting Tien က  ကျွန်မအနေနဲ့ ဘာကြောင့် သီလရှင်ဝတ်ခဲ့ခြင်းကို အဖြေပေးဖို့ ခက်ပါတယ်။

ကျွန်မအနေနဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားနေတာလည်း မဟုတ်ပါဘူး။ ကျွန်မဟာ ဘ၀ကို ကောင်းမွန်စွာ နေထိုင်ရေးနဲ့ သေခြင်းတရားကို သိရှိနိုင်ဖို့ လေ့လာ နေတာ ဖြစ်ပါတယ်။ ဗုဒ္ဓကို ယုံကြည်ခြင်းက သီလရှင်ဖြစ်လာစေတာပါ လို့ ပြောကြားသွားခဲ့ပါတယ်။ Ting Tienဟာ သူ့ရဲ့အမည်ကိုပါ ပြောင်းလဲခဲ့ပြီး ဗုဒ္ဓရဲ့ အဆုံးအမ အတိုင်း တရားတော်တွေ ကျင့်ကြံ အားထုတ်နေတယ်လို့ သိရပါတယ်။

Messenger