အလုပ်မရှိ အလုပ်ရှာ ၀က်ကိုတောင် tatoo ထိုးပေးရတယ်လို့

ထူးထူးဆန်းဆန်း၊ ထူးထူးခြားခြားတွေ လုပ်နေရမှ ကျေနပ်နေတဲ့ သူတွေကတော့ တစ်ခုမဟုတ် တစ်ခု အမြဲတမ်း သူများနဲ့ မတူတာတွေကို လိုက်လုပ်နေကြတာပါပဲ...၊ အခုလည်း ကြည့်လေ... သူ့ဟာသူ နေတဲ့ ၀က်တွေကို tatoo တွေ ထိုးပေးထားပြန် သတဲ့....


ကလေးကို သတ်ပြီး ဟင်းချက်ဖို့ကြိုးစားတဲ့ လင်မယား


က မ္ဘောဒီးယားနိုင် ငံ မှာ ဖြစ်ပွားတဲ့ အမှုပါ။ ဖခင် နဲ့ မိခင် တို့  နှစ် ဦးပေါင်းပြီး
မိမိ ရင်သွေး ကိုခုတ်ပိုင်း ပြီး ဟင်းချက် ဖို့ ပြင် ဆင် ထားတာပါ သူ တို့  အသိတရားပြန် ဝင် တဲ့အချိန် မှာ မိမိသားကို သတ်မိပြီမို့  အဖမ်း ခံ ခဲ့ ပါ တယ်
စိတ် ကြွ ဆေး သုံးစွဲ တာ တွေ့ ရှိ တာ ကြောင့် ယင်းမိဘ နှစ် ဦးကို
တစ်သက် တစ်ကျွန်း ချမှတ် လိုက်ပါတယ်။ မူးယစ်ဆေးဝါးနောက် ဆက်တွဲ ပြဿနာကို
အများသိ အောင် share ပေးပါ ဦး

မျက်လှည့် နှင့် ထူးဆန်းဖွယ် ရာ' group မှ ဖော်ပြသည်။

အလောင်းကောင်မှ ပီယဆေး


ယောက်ျားလေး ပီယဆေးဆိုတဲ့ ဝေါဟာရကို ကောင်းကောင်း ရင်းနှီးကြမယ်ထင်ပါတယ်..။ ကျွန်တော်တို့ လူပျိုပေါက် အရွက်တုန်းက ပီယဆေးဆိုတာကို လိုချင်လိုက်တာ ပြောမနေနဲ့တော့..။ အတန်းထဲမှာ ပါဖြောင့်ဖြောင့်နဲ့ ရည်စားထည်လဲတွဲနိုင်တဲ့ကောင်ဆိုရင် ပီယဆေး ရှိတယ်လို့ နာမည် ကြီးပြီ..။ အဲ့ဒီမှာ ကျွန်တော်တို့ကလည်း မနေနိုင် မထိုင်နိုင် ပီယဆေး ဘယ်ကရလဲ ဘယ်လိုလုပ်ရလဲ ဆိုပြီး အောက်ကျခံပြီး မေးရတော့တာပေါ့..။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ပီယဆေးကို ဖော်နည်း ၈ မျိုးလောက်ရှိမယ်ထင်ပါတယ်..။ နောက်ကျရင်တော့ အလျဉ်းသင့်သလို တင်ပေးသွားပါ့မယ်..။ အခုတစ်ခါကတော့ အလောင်းကောင်ကနေ ပီယဆေး ရယူရင်း သရဲနဲ့ ထိပ်တိုက် တွေ့ခဲ့တဲ့အကြောင်းလေး ပြောပြချင်ပါတယ်.။

၈ တန်းလောက်တုန်းက ကျောင်းကို ကျောင်းသားသစ်တစ်ယောက်ရောက်လာတယ်..။ နာမည်က ကျော်ကျော်တဲ့..။ ရုပ်ရည် အပြောအဆိုကတော့ ကျွန်တော်တို့အတွက်တော့ သူလိုကိုယ်လိုပါပဲ..။ ခက်တာက အခန်းထဲက မိန်းကလေးတွေ..။ တစ်ကျော်တည်း ကျော်နေတော့တာ..။ မုန့်စားဆင်းချိန် လည်း သူ့အတွက် မုန့်ဝယ်ပေးလာရတာနဲ့ ထမင်း၊ ဟင်းပိုထည့် ပေးလာရတာနဲ့..ဆိုတော့ ကျွန်တော်တို့အဖွဲ့က နည်းနည်းတော့ အမြင်ကပ်လာတော့ပေါ့နော်..။ အဲ့ဒါ တစ်ရက်လည်းကျရော.. သတင်းတစ်ခုက ထွက်လာတယ်.. “ကျော်ကျော့်မှာ ပီယဆေးရှိတယ်တဲ့..”

နောက်နေ့ မုန့်စားဆင်းတော့ ကျွန်တော်နဲ့ အခြား သူငယ်ချင်းနှစ်ယောက် မုန့်နဲ့ အချိုရည် ၀ယ် လိုက်တယ်..။ ပြီးတော့ ကျော်ကျော့်စားပွဲကို သွားပြီး မုန့်နဲ့ အချိုရည်ကိုတင်လိုက်တယ်..။ ပြီးတော့ မျက်နှာကို အချိုဆုံးလုပ်ပြီး “သူငယ်ချင်းကျော်ကျော်.. စားပါအုံး… မင်းအတွက် ၀ယ်လာတာကွ..”

ဒီကောင်က ကျွန်တော်တို့ကို မယုံသလိုကြည့်တယ်..။ ပြီးတော့ သူ့အိပ်ကပ်ထဲကို သူပြန်ကြည့်တယ်..။ ပြီးတော့ ပါးစပ်ကနေ “ဒုတ်ခပဲ..။ ဒီဆေးက ယောက်ျားလေးတွေပါ အစွမ်းပြတာလားဟ…” ဆိုပြီး တိုးတိုးလေး ရေရွတ်သံကြားလိုက်ရတယ်..။

“ဟာ.. ဟရောင်.. တစ်မျိုး မထင်ပါနဲ့ကွာ.. ငါတို့က ရိုးရိုးသားသားကျွေးတာပါ.. တစ်ခုပဲ မင်းဆောင်ထားတဲ့ ပီယဆေးအကြောင်းသိချင်တယ်..။ မပြောပြရင်တော့ ငါတို့ အတန်းပိုင်ဆရာမနဲ့ တိုင်ရလိမ့်မယ်…”

“တိုင်တော့ မတိုင်ပါနဲ့ကွာ..။ ပြောပြမယ်.. ။ ကတိတစ်ခုတော့ပေး.. မင်းတို့ သုံးယောက်ကလွဲပြီး ဘယ်သူမှ မသိစေနဲ့..”

“အေး..ရတယ်..သဘောတူတယ်..”

“ဒီလိုကွ… ဒီပီယဆေးက လူသေကောင်ဆီက ယူထားရတာ.. စွမ်းတာ မစွမ်းတာတော့ မင်းတို့ အမြင်ပဲနော်..”

“အမငီးးးး. လူသေကောင်ဆီက…??? …ဘယ်လိုမျိုးလဲ ပြောပြပါလား..”

“အသက် ၄၀ ကျော်ပြီး လူပျိုစစ်စစ်ဆိုတဲ့ ဘယ်အလောင်းကမဆို ပီယဆေး ယူလို့ရတယ်..။ အဓိကက လူပျိုစစ်ရမယ်..။ အသက် ၄၀ကျော်မှ သေတဲ့အလောင်းဖြစ်ရမယ်..။ နောက်တစ်ချက်က အစိမ်းသေ မဖြစ်ရဘူး..။ ဆိုလိုတာက ရောဂါနဲ့ ဆုံးနဲ့သူဖြစ်ရမယ်..”

“အင်း..ရပြီ…ပြီးတော့ရော…”

“မခက်ပါဘူး.၊ ၂လက်မအရှည်ရှိတဲ့ ဆံပင် အချောင်း ၃၀၊ ညာဘက် လက်မ လက်သည်းခွံ၊ ဘယ်ဘက် လက်သန်း လက်သည်းခွံ၊ ညာဘက် ခြေမ ခြေသည်းခွံ၊ ဘယ်ဘက် ခြေသန်း ခြေသည်းခွံ တွေက အိတ်သေးလေး တစ်အိတ်ထဲမှာ ရောထည့်ပြီး သွားလေရာမှာ ဆောင်သွား..။ ဒီမှာကြည့်..”

အဟုတ်ဗျာ..။ သူ့အိတ်ကပ်ထဲက ထုတ်လိုက်တာ ဆံပင်နဲ့ လက်သည်းခွံလေးတွေ ရောထည့်ထားတဲ့ အိတ်အကြည်လေးတစ်ခု..။ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ကတော့ အပြုံးတွေ ကိုယ်စီနဲ့..။

ထုံးစံအတိုင်း သင်းချိုင်းက သုဘရာဇာဆီ အပူကပ်ရသည်။ စောင့်ရမည်။ သုံးသောင်း ပေးရမည်တဲ့…။ သူငယ်ချင်းသုံးယောက် တစ်ယောက် တစ်သောင်း ပေါင်းပြီး သုံးသောင်း ပေးထားလိုက်သည်။ ခက်တာက အလောင်းကောင် တစ်ကောင်ဆီကပဲဆိုတော့ ပီယဆေးက တစ်စုံပဲရမည်။ ကိစ္စမရှိ။ သူငယ်ချင်းသုံးယောက် တစ်ယောက် တစ်ပတ် အလှည့်ကျ ဆောင်ဖို့ တိုင်ပင်ထားကြသည်။

ကျွန်တော့်အထင် ၂ လ ၃ လ လောက်ကြာသွားသည်ထင်သည်။ သုဘရာဇာကြီးထံမှ အကြောင်း ကြားလာသည်။ ပီယဆေးရနိုင်မည့် အလောင်းတစ်လောင်း ဒီနေ့ရောက်လာမည်။ ညနေ လာယူရန် ပြောလာသည်။ ညနေ ကျောင်းဆင်းတာနဲ့ သူငယ်ချင်းသုံးယောက် ကျူရှင်လစ်ပြီး သင်းချိုင်းကုန်း ပြေးသည်။ ကျွန်တော့်တို့ရောက်တော့ သုဘရာဇာကြီးက အသင့်ဆောင့်နေလေပြီ..။

“ကဲ..ကဲ.. ယူစရာရှိတာ မြန်မြန်ယူ… သူများတွေ မြင်ရင် မကောင်းဘူး..”

“ဟာ.. ဦးလေး ယူပေးလေ..”

“ခွီး… ငါ့အလုပ်နဲ့ငါတောင် မအားဘူး..၊ ငါဟိုဘက်မှာ ရှိမယ်..။ ယူပြီးရင် ငါ့လာပြော.. ရော့ ဒီမှာ လက်သည်းညှပ်နဲ့ ကပ်ကြေး..”

အဲ့ဒါမှ ဒုတ်ခ..။ ကိုယ်ကလည်း ဒီအခြေအနေထိ ရောက်မှတော့ မတတ်နိုင်။ ဟိုနှစ်ကောင်ကြည့်ရတာ လည်း အားကိုးလို့ရမည့်ပုံမပေါ်..။ အလောင်းကောင်ကို ကျွန်တော် ငုံ့ကြည့်လိုက်သည်။ အလောင်းကောင်ပေါ် နားနေသော ယင်ကောင် တစ်သိုက် ထပျံသွားပြီး ဆုံးရွားလှသော အပုပ်နံ့က နားခေါင်းထဲ အလုအယက် တိုးဝင်လာသည်။ အလောင်းကောင်က မျက်နှာ တစ်ခုလုံးဖူးယောင်နေပြီး နာခေါင်း၊ နားရွက်၊ မျက်စိ၊ ပါးစပ် စတာတွေက သွေးပုပ်တွေ ကျလျက်ရှိသည်။ သြော်… ဦးနှောက် သွေးကြောပြတ်သေတဲ့ သူဆိုတော့လည်း လူကသေသွားပေမယ့် သွေးတွေက တောက်လျှောက် ကျဆင်းနေတာ ဖြစ်လိမ့်မည်။

ကျွန်တော် အသက်အောင့် ကပ်ကြေးယူပြီး အလောင်းကောင် ဦးခေါင်းက ဆံပင် အနည်းငယ်ကို ညှပ်ချလိုက်သည်။ ပြီးတော့ လက်သည်း၊ ခြေသည်းတွေကို လိုက်ညှပ်သည်။ အလောင်းကောင်က အသက် ၅၀ လောက်ရှိမည်ထင်သည်။ ပိုက်ဆံရှိ လူလတ်တန်းစားထဲက ဖြစ်နိုင်သည်။ လိုချင်တာတွေ ယူပြီးသည်နှင့် သုဘရာဇာကြီးကို နှုတ်ဆက်ပြီး ပြန်ခဲ့တော့သည်။ ကျွန်တော်တို့ သင်းချိုင်းမှ ပြန်ထွက်လာချိန်သည် ညနေ ၆း၃၀ ခန့်ရှိလေပြီ။

ပီယဆေးကို ကျွန်တော်အရင်ဆုံး ဆောင်ရမည်ဖြစ်သောကြောင့် အထုပ်ကို ကျွန်တော့်အိမ်ကို ယူလာလိုက် သည်။ အိမ်ထဲဝင်ဝင်ချင်း ဘေးအိမ်က ကောင်မလေး ကျွန်တော့်ကို လှမ်းပြုံးပြတာ မြင်လိုက်သည်။ နဂိုဆိုရင် အကြောမတဲ့သော ဒီတစ်ယောက် ဘာစိတ်ကူးတွေ ပေါက်ပြီး လာပြုံးနေသည်မသိ။ ပီယဆေးကြောင့် ပြုံးပြတာဖြစ်နိုင်သည်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ကျေနပ်ပြီး ပီယဆေးကို ကျောင်းလွယ်အိတ်ထဲထည့်ထားလိုက်ပြီး အခန်းထဲ ချိတ်ထားလိုက်သည်။ ပြီးတော့ ရေမိုးချိုး၊ ထမင်းစား၊ တီဗွီကြည့်ပြီး ည ၁၀း၀၀ နာရီလောက်မှာ အိပ်ယာဝင်ခဲ့သည်။ အဲ့ဒီအထိ အဆင်ချောသေးသည်။

ည ၁း၀၀ နာရီလောက် လုံးဝ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့်အချိန်။ ကုတင် အောက်မှာ တစ်ယောက်ယောက် ငိုနေသံကို ကြားလိုက်ရသည်။ အသံက အမျိုးသားတစ်ဦးအသံ။ ငိုတာမှ တအားကို ရှိုက်ကြီးတငင် ငိုနေတဲ့အသံ။ ကျွန်တော် အံ့သြစွာပဲ ဆက်လက်နားဆွင့်နေလိုက်သည်။ သေချာသည်။ ဒီငိုသံသည် အိမ်မှ လူတွေထဲကတော့မဟုတ်။ ကျွန်တော် ဇောချွေး ပြန်လေပြီ။ မဟုတ်က ဟုတ်က လုပ်ထားတာတွေကြောင့်လား…။

“ကျွန်တော့်ကို လွတ်ပေးပါဗျာ… ကျွန်တော့်ကို မချုပ်ထားပါနဲ့…။ ကျွန်တော် သွားပါရစေ…”

ငိုသံတွေကြားမှ စကားသံတွေ ကျွန်တော်ကြားနေရသည်။

“ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲဗျာ..။ ကျွန်တော်သွားပါရစေ..။ ကျွန်တော့်ပစ္စည်းတွေကို ကျွန်တော့် အုတ်ဂူခြေရင်းမှာ ပြန်မြှပ်ပေးပါ..။ ကျွန်တော့်ကို သွားခွင့်ပေးပါဗျာ….အီး..ဟီး..ဟီး…”

သေချာပြီ..။ ညနေက အလောင်းကောင် ကျွန်တော့်ဆီ သူ့ပစ္စည်းတွေ ပြန်တောင်းနေခြင်းဖြစ်သည်။ ကျွန်တော် စိတ်စွဲပြီး အိပ်မက်မက်တာလားဆိုတာ သေချာအောင် အမှတ်စဉ်ရေကြည့်သည်။ ကိုယ့်အသားကိုယ် ဆွဲစိတ်ကြည့်သည်။ အိပ်မက်မက်နေတာမဟုတ်။ ငိုသံက ပိုမိုကျယ်လောင်လာသလို… သူ့အသံတွေထဲမှာ ဒေါသသံတွေ ပါလာသည်ဟုလည်း ကျွန်တော် ထင်မိသည်။ အိမ်ကလူတွေကတော့ တစ်ယောက်မှ သိပုံမပေါ်..။

ကျွန်တော်လည်း အရဲစွန့်ပြီး…”ကျွန်တော် မနက်ဖြန် ညနေ ပြန်ထားပေးပါ့မယ်..။ ကျွန်တော့်ကို ခွင့်လွှတ်ပါခင်ဗျာ..” လို့ ပြောပြီး နားပိတ်ပြီး ရသမျှ ဘုရားစာတွေ ရွတ်ဆိုနေလိုက်တယ်..။ ကျွန်တော် ဘယ်အချိန် အိပ်ပျော်သွားလဲဆိုတာတောင် မသိလိုက်ပါဘူး..။

နောက်နေ့ ဟိုကောင်တွေကို ပြောပြီး ညနေကျောင်းဆင်းတာနဲ့ သူ့အုတ်ဂူခြေရင်းမှာ သူ့ပစ္စည်းတွေကို ပြန်မြှပ်ပေးလိုက်တယ်..။ အဲ့ဒီနောက်ပိုင်းမှာတော့ ဘာပြသနာမှ မရှိတော့ပါဘူး.. ဒီနည်းလမ်းက တစ်ကယ်စွမ်းလား မစွမ်းလာတော့ မသေချာပါဘူး..။ ဒါပေမယ့် သေချာပါတယ်..။ ဆံပင်နဲ့ ခြေသည်း၊ လက်သည်းတွေဆိုတာ ၀ိဥာဉ်ချုပ်တဲ့ ပစ္စည်းတွေပါပဲ..။ ကျော်ကျော်ကတော့ ကိုယ့်အကျိုးအတွက် ၀ိဥာဉ်တစ်ကောင်ကို အဲ့လိုချုပ်ထားနေတာလား..၊ ဒါမှမဟုတ် ကျွန်တော် ကျမှပဲ ဒီဖြစ်ရပ်မျိုး ကြုံတာလားဆိုတာကတော့ မစဉ်းစားတတ်တော့ပါဘူး.. ဒါပေမယ့် အဲ့ဒီနောက်ပိုင်း ပီယဆေးဆိုတဲ့အသံကြားတာနဲ့ ကျွန်တော်လည်း ဝေါင်ဝေါင်ရှေး ပြီး ဝေးဝေးကနေသာ ရှောင်ခဲ့တော့ပါကြောင်းးး..

အောင်ထွန်းဦး

Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး



1. Facebook about an hour ago 10-5-2014
ဆရာရှင့် ကိုယ်ဝန်ခုနှစ်လမှာ လေယာဉ်စီးလို့ရပါသလား။ စီးခဲ့ရင် မည့်ကဲ့သို့ဖြစ်နိုင်မည်နည်း။
2. (၁) ဒေါက်တာ ခင်ဗျ ကျွန်တော့်အမျိုးကမီးက ယခုကိုယ်ဝန် ၅ လကျော်ရှိပါပြီိဗျ။ ကိုယ်ဝန် ၈ လထဲမှာ လေယာဉ်နဲ့ ခရီးသွားဖို့ အကြောင်းဖန်လာပါတယ်ခင်ဗျ။ မိတ်ဆွေတွေကတော့ ၇ လ ၉လ မဟုန်ရင် ပြဿနာမရှိဘူးလို့ ပြောကြပါတယ်ဗျ။ အဲဒါ ခရီးသွားဖို့ သင့် မသင့် ဖြေကြားပေးပါအုံးဗျ။
3. ဆရာရှင့် သမီးကအခု့ မှာနေတာပါ။ သမီးကိုယ်ဝန်ကို မြန်မာပြည်မှာပဲပြန်မွေးမှာပါ။ အဲ့ဒါကိုယ်ဝန် ၆ လ ကျော်ရင် လေယာဉ်စီးလို့မရဘူး၊ အန္တရာယ်ရှိတယ်၊ မစီးရဘူးလို့ တချို့ကပြောနေကြပါတယ်။ အဲ့ဒါဟုတ်ပါသလားရှင်။ ဘယ်နှစ်လထိ စီးလို့ရပါသလဲ။ ကလေးကိုထိခိုက်နိုင်ပါသလားရှင်။
4. ကျွန်မက မြန်မာပြည်ပြန်ပြီး မွေးချင်လို့ ကိုယ်ဝန်နဲ့ ဘယ်အချိန် လေယာဉ်စီးလို့ စိတ်အချရဆုံးလဲ သိချင်လို့ပါ။ လေယာဉ် ခရီးစဉ်က နှစ်ဆင့်ကို စုစုပေါင်း ၁၅ နာရီလောက် စီးရမှာမို့လို့ပါ တချို့တွေက ၆လ နဲ့ ၇ လကြားပဲ ကောင်းတယ်။ တချို့က နုတုန်းပဲ ကောင်းတယ် အမျိုးမျိုး ပြောကြလို့ပါရှင့်။

ကနေ့ခေတ်မှာ ကိုယ်ဝန်ဆောင်တုံး ခရီးသွားတာမှာ အဟန့်-အကန့်တွေ နည်းလာပါပြီ။ ဘယ်လောက်အထိ ပြောကြသလဲ ဆိုရင် “လေယာဉ်ပေါ်မှာ Bathrooms ဘယ်နား ရှိမှန်း သိရင်တော်ပြီ” တဲ့။

သုတေသနတွေ လုပ်ထားပါတယ်။ ကိုယ်ဝန်ဆောင် လေယာဉ်မယ်လေးတွေကို စမ်းတော့ ပဌမ ၃ လအတွင်း ကိုယ်ဝန် ပျက်တာ နဲနဲပိုများတာက လွဲရင် မထူးတာ တွေ့ရတယ်။ သိတဲ့အတိုင်း သူတို့ခမြာ နာရီတွေ အများကြီး (၁ လမှာ ၇၄ နာရီ) အလုပ် လုပ်ကြရသူတွေ ဖြစ်နေတယ်။

သတိပေးစရာလေးတွေ ဆောင်ထားရင် လုံးဝအမှား မရှိစေနိုင်ပါ။
• ကိုယ်ဝန် ၃၆ ပတ်ကျော်ရင် Airlines အတော်များများက မတင်ခြင်ပါ။ ဒါကလဲ လေယာဉ်ပေါ်မှာ ကလေးဖွါးရင် သူတို့ အလုပ်ရှုတ်မှာ စိုးလို့သာပါ။
• ဒုတိယ ၃ လခေါ်တဲ့ ကိုယ်ဝန် ၄ လ ကနေ ၆ လအတွင်းသွားတာ ဘာမှ မဖြစ်ပါ။
• သက်တောင့် သက်သာ သွားလာနိုင်အောင် ကြိုတင်စီစဉ်ပါ။ နေရထိုင်ခင်း ကျယ်တာ စသဖြင့်။
• Aisles မှာ လမ်းလျှောက်ပါ၊ ရေ-အရည်များများ သောက်ပါ။ သွားရည်စာ စားပါ။ ခြေ-လက် မကြာမကြာ ဆန့်ပါ။
• ဟိုရောက်ရင် Immunization ကာကွယ်ဆေး မထိုးမနေရ တိုင်းပြည်မျိုးကို သွားတာ ရှောင်ပါ။
• ကိုယ်ဝန်ဆောင်-မှတ်တမ်း လက်တကမ်းမှာ ထားပါ။
• ဘာတွေ ဖြစ်နိုင်သလဲ ကြိုတွေးထင်ထားပါ။ အဝတ်ပို၊ ကလေးအနှီး၊ (ဒိုင်ယ်ပါ) ဆောင်သွားပါ။ ခရီးသွားဖေါ်ထဲမှာ ဆရာဝန်၊ ဆရာမ ပါ-မပါ စပ်စုပါ စသဖြင့်။
• အဝတ်အစားရွေး ဝတ်သွားပါ။ အပူး-အအေး၊ အကြပ်-အချောင်။

လေကြောင်းလိုင်းတွေက ကိုယ်ဝန်သည်တွေအတွက် ကန့်သတ်တာ မတူကြပါ။
• British Ariways ကိုယ်ဝန် ၃၆ ပတ်ကျော်သူတွေ ကို ကန့်သတ်မှု လုပ်ထားတယ်။
• American Airlines မမွေးခင် ၄ ပတ်အတွင်း ခရီးသွားလိုသူ ကိုယ်ဝန်ဆောင်များ Medical certificate ဆေးစာ ပါရမယ်။ (အမွှာမဟုတ်၊ ပြဿနာ မရှိသူ၊ ရိုးရိုး ကိုယ်ဝန် အတွက်သာ ဆိုလိုတယ်။) မမွေးမီ နဲ့ မွေးပြီး ၇ ရက် အတွင်း ရှိသူများ အမေရိကန် ပြည်ထောင်စု အတွင်းမှာ ၅ နာရီထက် နည်းတဲ့ လေယာဉ်ခရီး စီးခွင့်မပြု။ American Airlines' Special Assistance Coordinator ထံက လက်မှတ်ပါရင်တော့ ရတယ်။ ရေပြင်ကို အကြာကြီး ဖြတ်ရမဲ့ ဥပမာ (ဟာဝိုင်ယီ) ခရီးအတွက် Due date မတိုင်ခင် တလအတွင်း ခရီးမသွားဘို့ အကြံပြုတယ်။ ဒါပေမဲ့ လေယာဉ် မတွက်ခင် ၄၈ နာရီအတွင်း ရထားတဲ့ သင့်တော်ကြောင်း ဆေးလက်မှတ် ပါရင် လာခြင်လာခဲ့ပါ။ မွေးရက်ထက် ၁ဝ ရက်စောပြီး နဲ့ မွေးပြီး ၇ ရက်အတွင်းရှိသူတွေ American Airlines' Special Assistance Coordinator ဆီက စာလိုတယ်။
• Southwest Airlines ကိုယ်ဝန်ဆောင်တိုင်း လေယာဉ်မစီးခင် Medical professional တဦးဦးဆီက အကြံဥာဏ် ရယူပါ။ ကိုယ်ဝန်ဆောင်ကို Emergency exit row မှာ ထိုင်ခွင့် ပြုချင်မှ ပြုမယ်။ Due date ရဲ့ ၁၄ ရက်အတွင်း လေယာဉ်စီခြင်း မပြုဘို့ Recommend လုပ်ပါတယ်။
• Delta Airlines အကန့်အသတ် မရှိပါ။ Due date ၁ လအတွင်းရှိသူတွေ Medical professional ရဲ့ ခွင့်ပြုချက် ရဘို့ Suggest လုပ်ပါတယ်။

Mid-air drama လေထဲမှာ စိတ်လှုတ်ရှားစရာ
၂ဝဝ၆ စက်တင်္ဘာ ၂၄ ရက်၊ ဗြိတိသျှလေယာဉ် BA 215 ဟာ လန်ဒန်ကနေ အမေရိကန်ပြည်ထောင်စု (ဘော်စတွန်)ကို ပျံသန်းနေတယ်။ ခရီးသည်ထဲက ကိုယ်ဝန်ဆောင်တဦး အတ္တလန်တိတ် သမုဒ္ဒရာပေါ် ပျံနေရင်း ကလေး မွေးတော့တယ်။ ခရီးသည်တွေထဲက ဆရာဝန်တဦး၊ သူနာပြု တဦး၊ ပင်စင်စား သားဖွါးဆရာမတဦး၊ ဆေးကျောင်းသားတဦးနဲ့ အမျိုးသမီး လေယာဉ်မယ်တွေကနေ အောင်မြင်စွာ မွေးပေးလိုက်ပါတယ်။ ကိုယ်ဝန်သည် ဗိုက်နာတာနဲ့ လေယာဉ်မှူးက အနီးဆုံး လေယာဉ်ကွင်း Nova Scotia ကို ဆင်းသက်ဘို့ လုပ်နေတုံး မွေးလိုက်တာပါ။ ကလေးက လမစေ့ (၆ ပတ်စော)မွေး၊ ပေါင်ချိန်လည်း မပြည့်လို့ ဆေးရုံတင်လိုက်ရတယ်။

မေးခွန်းကြီး တခုကတော့ မွေးလာတဲ့ သမီးလေး Nadine အတွက် နိုင်ငံသားဖြစ်ဘို့ Place of Birth ဘာလဲ။ မအေက အီဂျစ်သူ၊ ကိုင်ထားတာက အမေရိကန် (ပတ်စ်ပို့တ်)၊ လေယာဉ်က ဗြိတိန်ကနေထွက်၊ သွားတာနေက အမေရိကန်ကို၊ မွေးတာက လေထဲမှာ။ မွေးမွေးချင်း ဆေးရုံတက်ရတာက ကနေဒါ။

ဘယ်လ်ဂျီယမ် လေထဲ မွေးရင် မိဘ တဦးဦးက ဘယ်လ်ဂျီယမ် ဖြစ်မှ နိုင်ငံသားရတယ်။ အမေရိကန်မှာတော့ သူ့ပိုင်နက် US territories ထဲ မွေးတဲ့ကလေးဟာ အမေ-အဖေတွေက ဘယ်နိုင်ငံသားတွေ ဖြစ်နေနေ US citizens နဲ့ နိုင်ငံခြားသားဆိုရင် Dual citizenship ဖြစ်သွားတယ်။

မှတ်တမ်းတွေမှာ အစောဆုံး ပြောနိုင်တဲ့ လေယာဉ်ထဲ မွေးတဲ့ ကလေးကို ၂၉-၃-၁၉၃၁ မှာ Mrs. Alex Miller ကနေ Royal Canadian Air Force ပိုင် လေယာဉ်ထဲ ပေ ၄ဝဝဝ အမြင့်မယ် မွေးခဲ့တယ်။ နာမယ်ပေးတော့ Lindbergh Wright Cook Miller တဲ့။ ဘာလို့လဲဆိုတော့ ၁၉၂၇ တုံးက တယောက်ထဲနဲ့ Atlantic သမုဒ္ဒရာ ဖြတ်သန်း ပျံသန်းသူနဲ့ လေယာဉ် တီထွင်သူတွေကို ဂုဏ်ပြုတာပါ။

၁၆-၁၁-၂ဝ၁ဝ နေ့က ကနေဒါနိုင်ငံသူ ၁၈ နှစ်အရွယ် Louisa Pilurtuut ဆိုသူကနေ တလစော မွေးတဲ့ Baby William ဟာ Free pass for life, aboard Air Inuit တသက်လုံး လေယာဉ် အခမဲ့ စီးခွင့် ရသွားခဲ့တယ်။ ကနေဒါသားလို ကံမကောင်းသူကတော့ ၈-၇-၂ဝ၁ဝ မှာ Turkmenistan ကနေ အိန္ဒိယကို ပြန်လာတဲ့ အိမ်ထောင် မပြုရသေးတဲ့ ၂၅ နှစ်အရွယ် မကုလားမဟာ ကလေးကို လေယာဉ်ထဲ မွေးပြီး၊ Washroom ထဲ စွန့်ပြစ်ထားခဲ့လို့ Amritsar လေဆိပ်မှာ အဖမ်းခံလိုက်ရတယ်။

Dr. တင့်ဆွေ
၁၁-၁-၂ဝ၁၁
၁ဝ-၅-၂ဝ၁၄

ပိုက်ဆံတောင်းတဲ့ သူတွေမှာတွေ့ ရတတ်တဲ့ ကလေးတွေဟာ ဘာလို့ အမြဲ အိပ်နေကြတာလဲ


ပိုက်ဆံတောင်းတဲ့ သူတွေမှာတွေ့ ရတတ်တဲ့ ကလေးတွေဟာ ဘာလို့ အမြဲ အိပ်နေကြတာလဲဆိုတာ သင်သတိထားမိရဲ့ လား ။

ဘူတာရုံမှာ ညစ်ပေဟောင်းနွမ်းနေတဲ့အ၀တ်အစားနဲ့ ညစ်တီးညစ်ပတ်အမျိုးသမီး တစ်ဦးဟာ ခေါင်းငိုက်စိုက်ချပြီး ၀မ်းနည်းပူဆွေးခြင်းအပြည့်နဲ့  ထိုင်နေတယ် ။

အဲ့ဒီလိုညစ်ပတ်နေတဲ့ ကြမ်းပြင်မှာထိုင်နေတဲ့ အမျိုးသမီးဘေးမှာ ခရီးသွားလာတဲ့လူတွေ လှုတဲ့ အကြွေတွေ ထည့်ထားတဲ့အိတ်တစ်ခုရှိနေပြီး သူမလက်ထဲမှာ ညစ်ပတ်နေတဲ့ အ၀တ်စနဲ့ ထုပ်ထားတဲ့ ၂ နှစ်အရွယ် အိပ်ပျော်နေတဲ့ ကလေးလေးတစ်ယောက်ရှိနေပါတယ် ။
ခရီးသွားလာတဲ့ သူတွေတော်တော်များများတော့ သူမကို အကြွေလေးတွေ ပစ်ပေးကြတယ် ။ ကြင်နာတတ်တဲ့ လူတွေဟာ အမြဲတမ်း ကံမကောင်းတဲ့ ဒီလူတွေဘ၀ကို စာနာတတ်ကြတယ် ။ အကျီအ၀တ်အစားလေးကအစ ၊ ကိုယ့်မှာ တစ်ပဲတပြားရှိရင်တာင် အကျိုးအကြောင်း မစုံစမ်းပဲ လှုပစ်လိုက်ချင်ကြတယ် ။

ကျွန်တော် ဒီသူတောင်းစား ရှေ့ ကနေဖြတ်သွားဖြစ်တာ ကြာပါပီ ။ ဒါပေမယ့်လဲ တစ်ခါမှမလှုဖြစ်ခဲ့ဘူး ။ ဘာလို့ လဲဆိုတော့ အဲ့ဒီ သူတောင်းစားတွေကို လူတစ်ယောက်က အုပ်ချုပ်ပီး အဲ့ဒီလူက တော်တော်ချမ်းသာတဲ့ လူဖြစ်နေတာကို ကြားဖူးသိဖူးနေခဲ့လိုပဲ..။

တလလောက်အကြာ... လမ်းမှာ အဲ့ဒီသူတောင်းစားအမျိုးသမီးနဲ့  ကျွန်တော်ရုတ်တရတ် ၀င်တိုက်သလိုဖြစ်သွားခဲ့မိတယ် ။

ကျွန်တော်လမ်းကိုဆက်လျှောက်သွားမိတယ် အမျိုးသမီးလက်ထဲက ကလေးငယ်ကိုစူးစိုက်ကြည့်ရင်းနဲ့ .....။

ခုလိုမြေအောက်ရထားလမ်းမှာ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ ညစ်ပတ်ပေရေနေတဲ့ အ၀တ်စထဲကကလေးငယ်လေးရဲ့ ဘ၀က ဘယ်လိုများလဲ၊
ကလေးငယ်ဟာ အိပ်ပျော်နေတယ် ၊ ဘယ်တော့မှ အော်ခြင်း ငိုခြင်းမရှိဘူး ။ သူ့ အမေလို့ ယူဆရတဲ့ အမျိုးသမီးရဲ့ ပေါင်ပေါ်မှာ အိပ်ပျော်နေတာကများတယ် ။

သင်တို့ မှာ အသက် ၁ နှစ်ကနေ ၃ နှစ်အထိ အရွယ်ရှိတဲ့ ကလေးငယ်တွေရှိကြလား ။ သူတို့ ဟာ တစ်ခါအိပ်ရင် ၂ နာရီထက်ကြာပီး နှစ်ခြိုက်စွာ အိပ်ပျော်တတ်ကြပါ့မလား ။
ဘယ်လိုပဲဖြစ်ဖြစ် ခုတွေ့ နေတဲ့ကလေးငယ်လေးကတော့ အမြဲအိပ်နေတတ်တယ် ။ အမြဲတမ်းပဲ ။ အဲ့ဒါကြောင့်လဲ ကျွန်တော့်စိတ်ဝင်စားမှုတွေတိုးလာခဲ့တယ် ။

" ဘာလို့  ကလေးက အမြဲတမ်းအိပ်ပျော်နေတာလဲ " ကျွန်တော်ကလေးငယ်ကိုစိုက်ကြည့်ရင်း သူမကို မေးလိုက်တယ် ။

သူတောင်းစားအမျိုးသမီးက ကျွန်တော့်မေးခွန်းကို မကြားချင်ယောင်ဆောင်ပြီး သူမ မျက်နှာကို ကော်လာအထူကြီးထောင်ထားတဲ့ ဂျက်ကင်အိင်္ကျီထဲထိ ခေါင်းစိုက်အောင် ငုံ့ ထားတယ် ။

ကျွန်တော်မေးခွန်းကို ထပ်မေးလိုက်တယ် ။

အမျိုးသမီး ကျွန်တော့်ကိုမော့်ကြည့်တယ် ၊ ပီးတော့ ကျွန်တော့်နောက်ကျော်ဖက်ကို မျှော်သလိုကြည့်လိုက်တယ် ..။

" သွားစမ်းပါ " သူမတိုးတိုးညည်းပီးပြောတယ် ။

ကျွန်တော့ရဲ့  အနောက်ဖက်ကနေ လူတစ်ယောက် ပခုံးကိုလာကိုင်တယ် ။ ကျွန်တော်လှည့်ကြည့်လိုက်တော့ အမျိုးသားတစ်ယောက် ။

"မင်းသူမဆီက ဘာလိုချင်လို့ လဲ ၊ သူ မဘ၀ ဘယ်လောက်ခက်ခဲလဲဆိုတာ မတွေ့ ဘူးလား" ပြောရင်းနဲ့  သူ့ အိပ်ကပ်ထဲက အကြွေတစ်စေ့ကို ထုတ်ပီး သူမကို လှမ်းပေးလိုက်တယ် ။
သူတောင်းစားအမျိုးသမီးက အတတ်နိုင်ဆုံးသနားစဖွယ်မျက်နှာနဲ့ ဖြစ်နေတယ် ။ ထိုလူကတော့ကျွန်တော့်ပခုံးပေါ်က သူ့ လက်ကို ဖယ်ပြီး မြေအောက်ဘူတာရုံထဲ ဆင်းသွားတယ် ။

သေချာတာတော့ ဒီလူအိမ်ရောက်ရင် သနားစဖွယ်သူတောင်းစားအမျိုးသမီးတစ်ယောက်ကို အနှောင့်အယှက်ပေးနေတဲ့ လူတစ်ယောက်လက်ထဲက သူဘယ်လိုကယ်လိုက်တယ်ဆိုပီး ပြောနေမှာပဲ .

နောက်နေ့ မှာတော့ ကျွန်တော် ကျွန်တော့်သူငယ်ချင်းကို ဖုန်းဆက်ခဲ့တယ် ။ ကျွန်တော့်သူငယ်ချင်းထံကနေ ဒီလိုတောင်းစားနေမှုလုပ်ငန်းတွေဟာ သမားရိုးကျမဟုတ်ပဲ မှုခင်းတစ်ခုခုနဲ့ ဆက်သွယ်နေတယ်ဆိုတဲ့ အချက်တွေ သိခဲ့ရတယ် ။

အဲ့ဒီမှာရှိတဲ့ ကလေးတွေဟာ များသောအားဖြင့် အရက်သမားဆေးသမား မိသားစုတွေဆီက ငှားတာမျိုး ၊ ခိုးယူလာတာမျိုး ဖြစ်နေကြတယ် ။

ကျွန်တော်အသိချင်ဆုံးအချက်က ကလေးတွေဘာလို့  အမြဲအိပ်နေကြတာလဲဆိုတာပဲ ၊ ကျွန်တော့်သူငယ်ချင်းက အဲ့ဒီအချက်ကို အေးဆေးပဲ ပြောပြတယ် " ကလေးတွေက ဘိန်း ၊ အရက် သုံးနေကြရတာ ..။ "
" ဘယ်လို ဒီကလေးတွေက အရက်တွေ ဘိန်းတွေ သုံးနေကြရတယ် ! " ကျွန်တော် တအံ့တသြရေရွတ်မိတယ် ။

" အင်း... အဲ့ဒါကြောင့်လဲ ဒီကလေးတွေက မအော် မငိုပဲ ငြိမ်နေကြတာပေါ့ကွာ ။ အမျိုးသမီးဘေးမှာ တစ်ချိန်လုံး ငြိမ်သက်နေတဲ့ ပုံမှန်ကလေးတစ်ယောက် ထိုင်နေဖို့ ဘယ်လိုဖြစ်နိုင်မလဲ ။
ကလေးငယ်တစ်နေ့ လုံးငြိမ်နေဖို့  ဆေးထိုးခြင်း အရက်တိုက်ခြင်း ၊ ဘိန်းကျွေးခြင်းစတာတွေ လုပ်ကြတယ် "
" တကယ်တမ်း ဒီလောက်ငယ်ရွယ်တဲ့ ကလေးငယ်တွေနဲ့ ဒီလို အရာတွေနဲ့ ဘယ်လို မှ မအပ်စပ်ကြဘူး ။
တခါတလေ ဒီကလေးငယ်တွေဟာ ဒါကြောင့်ပဲ ရှော့တွေဖြစ်ပီး အသက်ဆုံးရှုံးကြရတယ် ။ အဆိုးဆုံးက ဒီကလေးငယ်တွေဟာ တခါတရံ အလုပ်ချိန်မှာတင်သေဆုံးကြတယ် ။
ဒီအမျိုးသမီးတွေလဲဒီ သေဆုံးနေတဲ့ ကလေးငယ်ကို ညနေအလုပ်သိမ်းတဲ့အချိန်ထိ ချီထားတတ်ကြတယ် ။
လူတွေကလဲ သူတို့ ပါလာတဲ့ ငွေလေးတွကို လှုခြင်းဟာ ခုလို သားသည်မိခင်တစ်ယောက်အတွက် ကောင်းကျိုးပြုခြင်းလို့ မှတ်ယူတတ်ကြတာကိုး ...။ "

နောက်တစ်နေ့ မှာ ကျွန်တော် မြေအောက်ဘူတာရုံက အဲ့ဒီ သူတောင်းစားအမျိုးသမီးဆီသွားခဲ့တယ် ။ ကျွန်တော့်ရဲ့ သူတင်းထောက် လိုင်စင်ကဒ်ကို ထုတ်ပြပီး သူမနဲ့ စကားပြောဖို့  ကြိုးစားခဲ့တယ် ။ ထုံးစံအတိုင်းပဲ သူမဟာ ညစ်ပတ်နေတဲ့ ကြမ်းပြင်ပေါ်မှာထိုင်ပီး လက်ထဲမှာကလေးတစ်ယောက်ရှိနေတယ် ။

ကျွန်တော်သူမကို ဒီကလေးဟာ သူမကလေးဟုတ်မဟုတ် ၊ သက်သေခံ စာရွက်စာတမ်းရှိမရှိ မေးခဲ့တယ် ဒါ့အပြင် ဒီကလေးဟာ မနေ့ က ကလေးနဲ့  မတူတဲ့အကြောင်းပါ မေးတယ် ။
သူမ လျစ်လျှုရှုနေခဲ့တယ် ။
ကျွန်တော့်မေးခွန်းတွေကို ခရီးသွားတွေက လျစ်လျူရှုမနေခဲ့ဘူး ။
သူတို့ တွေက ကျွန်တော့်ကို သနားစဖွယ်သူတောင်းစားသားအမိ ကို ပြဿနာရှာနေတယ် ထင်ပြီး ဘူတာရုံအပြင်ကို ပို့ ခဲ့တယ် ။
နောက်ဆုံးအနေနဲ့  ကျွတော် ရဲ ကို ခေါ်လိုက်တယ် ။ ရဲတွေရောက်လာတဲ့အခါ ဒီသူတောင်းစားအမျိုးသမီးနဲ့  ကလေးပျောက်သွားတယ် ။

တကယ်လို့ များ သင်ဟာ သူတောင်းစားအမျိုးသမီး တစ်ယောက်နဲ့  ကလေးတစ်ယောက်ကို တွေ့ ခဲ့မယ်ဆိုရင် .. သင် မလှုခင်စဉ်းစားပါ ။
ဒါဟာ သင့်ရဲ့ ငွေကြေးကို ဆုံးရှုံးသွားမှာဆိုးလို့ မဟုတ်ပါဘူး ။
ဒီလို စီးပွားရေးဆန်တဲ့ လုပ်ရပ်တွေကြောင့် သေဆုံးခဲ့ရတဲ့ ကလေးတွေအတွက်ပါ ။ ဒီလုပ်ရပ်တွေ ရပ်တန်းကရပ်သင့်ပါတယ် ။
အိပ်ပျော်နေတဲ့ကလေးငယ်ကို သနားစဖွယ်အကြည့်နဲ့  မကြည့်ပါနဲ့ ။ ထိတ်လန့်  အံ့သြဖွယ်ရာ အမြင်နဲ့ မြင်ကြည့်ပါ ။
ခုလို ဒီစာကို ဖတ်လိုက်ရတဲ့အချိန် သင်လဲ သူတောင်းစားတွေလက်ထဲက ကလေးငယ်လေးတွေ ဘာကြောင့်အမြဲငြိမ်သက်အိပ်မောကျနေတယ်ဆိုတာ သိလောက်မှာပါ...။

yu shwe ye tun 

ရွှေပြည်သာတွင် စက်ရုံအလုပ်သမားများဆန္ဒပြမည်


ရန်ကုန်၊ မေ၁၀။

မေ ၁၁တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုံရှိ စက်ရုံ(၅)ရုံမှ အလုပ်သမား (၅၀၀)ခန့်စီတန်း လှည့်လည်ဆန္ဒပြမည်
ဖြစ်ကြောင်းသိရသည်။

စတားတက် အထည်ချုပ်စက်ရုံမှ အလုပ်သမားများအားနှစ်စဉ်ပေးနေသော ဆုကြေးငွေကို မပေးသောကြောင့် အလုပ်သမားများက
အလုပ်မလုပ်ထိုင်သပိတ်မှောက်ခြင်းကို မန်နေဂျာဖြစ်သူ ဒေါ်သင်းသင်းခိုင်မှ ထောင်ချပြစ်မည်ဟု ခြိမ်းခြောက်ပြီး ဆဲရေးတိုင်းထွာမှု
များကြောင့် အရေးယူဆောင်ရွက်ပေးရန် အလုပ်သမားများက ဆန္ဒဆုတ်ဖော်မည်ဟု အလုပ်သမားတစ်ဦးကပြောသည်။

“ အလုပ်သမားတွေက မန်နေဂျာနဲ့အဆင်မပြေဘူး အဲ့ဒီအတွက်သူဌေးကိုပြောတယ် သူဌေးကမန်နေဂျာကို တော့ မထုတ်ဘူး နင်တို့
ထွက်ချင်ထွက်  လျော်ကြေးလည်းမပေးဘူးလို့ အလုပ်သမားတွေက ကျွန်တော်ကိုပြောပါတယ် ကျွန်တော်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့
မတ်လ ကအလုပ်သမားဝန်ကြီးဌာနကို ဆန္ဒပြမယ်လို့ မီဒီယာကိုပြောလိုက်တာ ရက်ပိုင်းအတွင်းအလုပ်ထုတ်ခံရပါတယ် လျော်ကြေး
ပေးမယ် လို့လဲမပြောပါဘူး ” ဟု ပီအမ်ဂျီ အခြေခံအလုပ်သမား သမဂ္ဂဥက္ကဌ ကိုကြည်မင်းထိုက်က ပြောသည်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်များကို မဖိနှိပ်ရန်၊ ဥပဒေမဲ့ အလုပ်မထုတ်ရန်  နှင့် အလုပ်သမားများတန်းတူ အခွင့်အရေးပေရန်
တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

“ အလုပ်ရှင်တွေက စာချုပ်ပါဥပဒေတွေကို အကြိမ်ကြိမ် ချိုးဖောက်တယ်၊ အလုပ်သမားညှိနှိုင်းရေး ခုံသမာဓိတွေကလည်း ပြေလည်အောင်
မဖြေရှင်းနိုင်ဘူး သပိတ်စခန်းဖွင့်ရတဲ့အကြောင်း ဆန္ဒပြရတဲ့အကြောင်းတွေကို အလုပ်သမားဝန်ကြီးဌာနက သိအောင်လို့ အလုပ်သမား
အရေးကို သူတို့ဆောင်ရွက်ပေးသင့်ပါတယ်” ဟု ဦးဆောင်လှုပ်ရှားသူ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ အကြံပေး ဒေါ်မျိုးမျိုးအေး
ကပြောသည်။

ဆန္ဒပြပွဲတွင် စတားတက်အထည်ချုပ်၊ ဆန်းဖလားဝါးနေကြာစေ့၊ဂေါ်ဇီလာခြင်နိုင်ဆေးစက်ရုံတို့အပြင် မိုးဟိန်းစက္ကူစက်ရုံမှ အလုပ်သမား
သမဂ္ဂအဖွဲ့နှင့် ပီအမ်ဂျီရုံးချုပ်အခြေခံ အလုပ်သမားသမဂ္ဂအဖွဲ့တို့ပါဝင်ပြီးရွှေပြည်သာမြို့ဦးစေတီမှစတားတက်စက်ရုံအထိ လမ်းလျှောက်
ဆန္ဒပြမည်ဖြစ်ကြောင်းသိရသည်။

ချမ်းမင်းဟန်
ဓာတ်ပုံ-နိုင်လေးထွေး
The Myanma Age

စကားအသုံးအနှုန်းအရေးကြီးပုံ


တစ်ခါတုန်းက ဘုရင်တစ်ပါးဟာ အိပ်မက်ဆန်းတစ်ခုမက်တယ်...

သူ့ရဲ့သွားတွေ အကုန် ကျွတ်ထွက်ကုန်တယ်လို့ အိပ်မက်မက်တယ်...
အိပ်မက် အတိတ်နိမိတ်ကောက်တတ်တဲ့ အမတ် ၂ယောက်ကို ခေါ်လာပြီး သူ့ အိပ်မက်အကြောင်းကို အတိတ်နိမိတ်ဖတ်ခိုင်းတယ်...

ပထမ အမတ်က

"အရှင်ဘုရင်ဟာ အရှင်ရဲ့ ဆွေမျိုး မိတ်ဆွေတွေ အားလုံး သေဆုံးပြီး မှ အရှင်နတ်ရွာစံပါလိမ့်မယ်... အဲဒီအချိန်မှာ ဆွေမျိုးတစ်ယောက်မှ ကျန်မှာ မဟုတ်ပါဘူး..."

ဘုရင်ဟာ ဒီစကားကို ကြားပြီး ဒေါသ ထွက်တော်မူသတဲ့... အဲဒီအမတ်ကို ကြိမ်ဒဏ် တစ်ရာ ရိုက်စေ ဆိုပြီး အပြစ်ပေးလိုက်တယ်...

ဒုတိယအမတ်ကတော့

"အရှင်ဘုရင် ဟာ အရှင်တို့ အမျိုးတော်တွေ ကြားမှာ သက်တော် အရှည်ဆုံး ဖြစ်ပါလိမ့်မယ်..."

ဘုရင်ဟာ ဒီစကားကြားပြီး ပျော်ရွှင်ကာ ဆုတော်ငွေများ ချီးမြှင့်လိုက်လေ သတဲ့...

တူညီတဲ့ စကား... တူညီတဲ့ အဓိပ္ပာယ်... ပြောပုံဆိုပုံ တင်ပြပုံ မတူညီတာနဲ့ အကျိုး အာနိသင်ဟာ မတူညီတော့ပါဘူး...

Zane

ယူနိုက်တက် လူငယ်ကစားသမားလေးကို ပြိုင်ဘက်ကလပ်များ အပြိုင်စိတ်ဝင်စား


မန်ချက်စတာ ယူနိုက်တက် အနေဖြင့် အသင်းမှ လူငယ်ကစားသမားလေး တစ်ဦးကို ပြိုင်ဘက်အသင်းများက သွေးဆောင်ခေါ်ယူမည့် ခြိမ်းခြောက်မှုမျိုးနှင့် ကြုံနေရကြောင်း သိရှိရသည်။ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းသည် ယူနိုက်တက်မှ အသက်(၁၆)နှစ်အရွယ် ကစားသမားလေး မားကက်စ်ရက်ရှ်ဖော့ဒ်ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း သတင်းများက ဆိုသည်။ ထို့အပြင် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ကလည်း ပင်ကိုအရည်အချင်း ပြည့်ဝသည့် အဆိုပါ ကွင်းလယ်တိုက်စစ် ကစားသမားလေးကို စောင့်ကြည့်နေကြောင်း သိရသည်။

ရက်ရှ်ဖော့ဒ်သည် အင်္ဂလန် ဘောလုံးလောကတွင် အနာဂတ် အလားအလာ အကောင်းဆုံး သွေးသစ်လူငယ်လေး တစ်ဦးအနေဖြင့် သတ်မှတ်ခံထားရသည်။ ယူနိုက်တက်သည် ရက်ရှ်ဖော့ဒ်အား များပြားသည့် လုပ်ခလစာမျိုး ပေးချေပြီး စာချုပ်ရန် အတန်ငယ် ဆုတ်ဆိုင်းနေပြီး ထိုအခြေအနေတွင် ပြိုင်ဘက်များက တက်တက်ကြွကြွ လှုပ်ရှားလာခြင်း ဖြစ်သည်။ ယူနိုက်တက် အနေဖြင့် ရက်ရှ်ဖော့ဒ် တစ်ဦးတည်းသာ မကဘဲ အခြားသော အကယ်ဒမီ လူငယ်သင်တန်းသားလေး အချို့ကိုလည်း ပြိုင်ဘက်များထံ လက်လွှဲပေးရမည့် အနေအထားမျိုး ကြုံနေရသည်။

အသင်း၏ လူငယ်သင်တန်းသား စာချုပ်မူဝါဒအရ ကစားသမားများကို လုပ်ခလစာ အများအပြား ပေးချေခြင်းအား ကန့်သတ်ထားခြင်းကြောင့် ယင်းအခြေအနေမျိုးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ လတ်တလောတွင် ယူနိုက်တက် လူငယ်အကယ်ဒမီ ကစားသမားလေး တစ်ဦးဖြစ်သည့် ဂျိမ်းစ်ဝီလ်ဆင်သည် ဟူးလ်စီးတီးနှင့်ပွဲတွင် ပထမအသင်း ပွဲထွက်ခွင့် ရရှိခဲ့ပြီး ပွဲဦးထွက်တွင်ပင် (၂)ဂိုးသွင်းယူထားနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် အခြားသော လူငယ် အကယ်ဒမီ သင်တန်းသား တစ်ဦးဖြစ်သည့် တွမ်လောရင့်စ်လည်း ပါဝင်ကစားပြီး ပရိသတ်များ နှစ်ခြိုက်အောင် ခြေစွမ်းပြသွားခဲ့သည်။

Planet Myanmar Network

ဆုံးရူံးမူတွေကိုပြန်လည် အစားထိုးနိင်တဲ့ စက်ရုပ်လက်


  နှစ်တွေများစွာ စမ်းသပ်ခြင်းရဲ့နောက်မှာတော့ လူကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ဆုံးရူံးမူတွေကို ပြန်လည်အစားထိုးနိင်တဲ့ Luke လက်မောင်းကို အမေရိကမှာ ရှိတဲ့ FDA လူသားဝန်ဆောင်မူနဲ့ ကျန်းမာရေး၊ အစားအစားနဲ့ ဆေးဝါးအေဂျင်စီက ယနေ့မှာ ထောက်ခံလိုက်ပါပြီ။

ပုံမှန် လူသားအစားထိုး စက်ရုပ်အစိတ်အပိုင်းတွေနဲ့ မတူတဲ့ ထို အစားထိုးမူကိုတော့ အမေရိကရဲ့ နာမည်ကြီး လျှပ်စစ်ကရိယာနဲ့ စက်ပစ္စည်းတွေတီထွင်ရောင်းချလျက်ရှိတဲ့ segway က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ထို စက်ရုပ်လက်ဟာ တစ်ကြိမ်တည်းမှာ အမိန့်ပေးမူ (၂) ခုကို တစ်ပြိုင်နက် နားလည်နိင်မှာ ဖြစ်ပြီး ခြေလက်အင်္ဂါတွေရဲ့ သဘာဝ ထိန်းချုပ်မူ အတိုင်း နီးစပ်ပါတယ်။

ဆံပင်ဖီးလိမ်းနိင်ခြင်း၊ စာရွက်တွေကို ကိုင်ဆောင် ရွေလျားနိင်စေခြင်း၊ ကြက်ဥကို မကွဲစေဘဲ ကောက်ယူနိင်ခြင်းတွေကို ပြုလုပ်နိင်ပါတယ်။ အခြား စိတ်နဲ့ ထိန်းချုပ်တဲ့ နည်းပညာကို သုံးနေတယ်လို့မြင်ရစဉ်မှာ ကြွက်သားတွေရဲ့ ဆောင်ရွက်လုပ်ရှာမူတွေကနေတစ်ဆင့် လျှပ်စစ်လှုပ်ရှားမူက မှတ်တမ်းတင်ခြင်းတွေနဲ့ ချင့်တွက်တဲ့ နည်းပညာပါဝင်တဲ့ ဆင်ဆာ အာရုံခံ အစိတ်အပိုင်းပါဝင်ထားပါတယ်။ တစ်ခုခြင်းရဲ့ ကုန်ကျမူ စုစုပေါင်းကိုတော့ သိရှိနိင်ခြင်း မရှိသေးပါဘူး။

ရိုးရာလေး

မန္တလေးတွင် ဆက်သွယ်ရေးစခန်း ၁၀၀ ကျော်နှင့် တာဝါတိုင် ၆၀ ကျော် မေလအပြီး တည်ဆောက်မည်


မန္တလေးတိုင်း ဒေသကြီးအတွင်း ဖုန်းအင်တာနက် အသုံးပြုမှုများ ပိုမို မြန်ဆန်လာစေရန်နှင့် ဖုန်းလိုင်းကျပ်ခြင်း နည်းပါးစေရန် ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် ဆက်သွယ်ရေးစခန်း တစ်ရာကျော်ကို လာမည့် မေလအပြီး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိ အဆိုပါ ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် စခန်း ၁၀၀ ကျော် တည်ဆောက်ရန် မြေနေရာ ရှာထားပြီး ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်သဖြင့် မေလတွင်အပြီး တပ်ဆင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အခုက ဖုန်းသုံးစွဲသူ ဦးရေကလည်း အရင်နဲ့ မတူတော့ဘူး။ များလာတယ်ဆိုတော့ ဖုန်းလိုင်းတွေက ကျပ်လာတယ်။ ခေါ်ဆိုမှု ခက်ခဲလာတာကို တွေ့နေရတယ်။ ဒီလိုမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ ဘက်ကလည်း ဆက်သွယ်ရေးစခန်းတွေ ထပ်မံတိုးချဲ့ တည်ဆောက်နေပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါကြဖို့ တိုက်တွန်းပါတယ်။ ပူးပေါင်း ပါဝင်ဖို့ ဆိုတာကလည်း တာဝါတိုင်တွေ လိုအပ်တဲ့ နေရာတွေမှာ စိုက်ထူတော့မယ်ဆိုရင် အဲဒီ နေရာမှာရှိတဲ့ ပြည်သူတွေက တာဝါတိုင်နေရာ တစ်ခုအတွက် နေရာတစ်ခုခု ပေးနိုင်ရင် ကောင်းမယ်ပေါ့၊ ဒါမျိုးကို ဆိုလိုတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် GSM ဆက်သွယ်ရေး စခန်းပေါင်း ၂၃၃ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၃ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ၃၅ ခု၊ CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၄၃ ခု ရှိပြီး မန္တလေးမြို့တွင်းတွင် GSM ဆက်သွယ်ရေး စခန်းပေါင်း ၁၄၂ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၀ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ကိုးခုနှင့် CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၁၇ ခုခန့် ရှိကာ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၂၃၈ ခု ခန့်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

The Voice Weekly

ဓာတ်ပုံရိုက်ကွင်းကြောင့် ချစ်သူနှင့် ပြဿနာတက်ဖွယ် ရှိနေသည့် အီရီနာ








Sports Illustrated မဂ္ဂဇင်းအတွက် ဓာတ်ပုံအရိုက်ခံခဲ့သည့် ကိစ္စအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် အီရီနာရှိတ်ခ်တို့ ပြဿနာ တက်ကြလိမ့်မည်ဟု အတင်းအဖျင်း မီဒီယာများက အရွှမ်းဖောက် ရေးသားခဲ့ကြသည်။ ရုရှားစူပါမော်ဒယ်လ် အီရီနာ အနေဖြင့် ဟာဝိုင်ယီရှိ ဓာတ်ပုံရိုက်ကွင်း တစ်ခုတွင် အပေါ်ပိုင်း ဗလာကျင်းလျှက် ရှိနေပြီး အမျိုးသား မော်ဒယ်လ်တစ်ဦးနှင့် ထွေးလုံးရစ်ပတ် ရှိနေသည်ကို တွေ့ရှိရသည်။

အလုပ်အပေါ် စိတ်နှစ်ထားဟန်ရှိသည့် အီရီနာသည် ကမ်းခြေတွင် သဲအလူးလူးဖြင့် ရှိနေပြီး ရိုက်ကွင်းမှ လူအများနှင့်လည်း ရယ်ရယ်မောမော စကားပြောဆိုနေခဲ့သည်။ ဘီကနီရေကူးဝတ်စုံ အောက်ပိုင်း ဘောင်းဘီတိုလေးမျှကိုသာ ဝတ်ဆင်ထားသည့် အီရီနာသည် သူမ၏ ခန္ဓာကိုယ်အလှအတွက် ယုံကြည်မှုအပြည့် ရှိနေပြီး ပတ်ဝန်းကျင်မှ စူးစမ်းမှုများကိုလည်း မျက်ကွယ်ပြုထားခဲ့သည်။



အသက်(၂၈)နှစ် အရွယ်ရှိ မော်ဒယ်လ်အနေဖြင့် အမျိုးသားတစ်ဦးနှင့် ယခုကဲ့သို့ လက်ပွန်းတတီး ရှိနေခဲ့သည့်အတွက် အလုပ်ကိစ္စပင် ဖြစ်လင့်ကစား သူမ၏ ချစ်သူ ကမ္ဘာကျော် ဘောလုံးသမား ခရစ္စတီယာနို အနေဖြင့် ဝန်တိုဒေါသထွက်နေဖွယ် ရှိကြောင်းလည်း သတင်းများက ရေးသားခဲ့သည်။ အီရီနာ အနေဖြင့် ယင်းကဲ့သို့ စုံတွဲဓာတ်ပုံ ရိုက်ကူးအပြီးတွင်မူ ပန်းပွင့်ပန်းခက်များဖြင့် ဒီဇိုင်းစီခြယ်ထားသည့် ရေကူးဝတ်စုံများကို ပြောင်းလဲဝတ်ဆင်ပြီး ကိုယ်ဟန်ပြနေခဲ့သည်ကိုလည်း တွေ့ရသည်။


အီရီနာသည် မော်ဒယ်လ် လျှောက်လမ်းများတွင် အထူးတလည် အောင်မြင် ကျော်ကြားခဲ့ပြီးနောက် ရုပ်ရှင်လောက ပွဲဦးထွက်အနေဖြင့် ဒါရိုက်တာ ဘရတ်ရတ္တနာ တာဝန်ယူထားသည့် Hercules ဇာတ်ကားတွင် မင်းသား ဒါဝိန်းဂျွန်ဆင်နှင့်အတူ တွဲဖက် သရုပ်ဆောင်ထားကြောင်းလည်း သိရှိရသည်။
Planet Myanmar Network

သားစိုး နဲ့ နန်းဆုရတီစိုး တို့ ကမ္ဘာ့ဖလား၂ဝ၁၄ကို ဘာ့ကြောင့် ကြိုဆိုတာလဲ


ဘရာဇီးနိုင်ငံမှာ မကြာခင် စတင်တော့မယ့် ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အဆိုတော် သားစိုးနဲ့ နန်းဆုရတီစိုးတို့က မေလ ၉ရက်နေ့က ရန်ကုန်မြို့ရဲ့ မုတ်သုန်မိုးအစနဲ့အတူ ကြိုဆိုလိုက်ပါပြီ။ ဘယ်သူက ဘာ့ကြောင့် ကြိုဆိုတာလဲ။

မြန်မာအစိုးရနဲ့ပူးပေါင်းပြီး Sky Net ရုပ်သံလိုင်းကို ထူထောင်ထားတဲ့ ရွှေသံလွင်ကုမ္ပဏီက ၂ဝ၁၄ ကမ္ဘာ့ဖလားကို မြန်မာနိုင်ငံမှာ တရားဝင် တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ရတဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ တာမွေ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပတာလို့ ဆိုပါတယ်။

၂ဝ၁၂ကစပြီး ဥရောပဖလား၊ အိုလံပစ်နဲ့ ဆီးဂိမ်းပွဲစဉ်တွေကို ထုတ်လွှင့်နိုင်ခဲ့ပြီး မြန်မာပြည်မှာ ကမ္ဘာ့ဖလားပွဲစဉ်တွေကို တစ်ဦးတည်း ထုတ်လွှင့်နိုင်ဖို့ တင်ဒါကို ခက်ခက်ခဲခဲနဲ့ အနိုင်ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရိုဘော့၊ ယူရေနီယံနဲ့ Here and Now Dancer အဖွဲ့တွေနဲ့အတူ အဆိုတော် သားစိုးနဲ့ နန်းဆုရတီစိုးတို့ရဲ့ ဖျော်ဖြေပွဲကို ပရိသတ်တွေ ထောင်နဲ့ချီအားပေးခဲ့ကြပါတယ်။

kamaryut media

ဘုန်းကြီးကျောင်းကို ၀င်ရောက် ဖျက်ဆီးခဲ့ခြင်း မရှိဟု NLDပါတီမှ တရားဝင် ငြင်းဆို



ရွှေပြည်သာ မြို့နယ်ရှိ ဘုန်းကြီးကျောင်းဆောက်ရာတွင် NLDပါတီမှ ၀င်ရောက် ဖျက်ဆီးသည်ဟု အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသော သတင်းမှာ မှားယွင်းနေကြောင်းနှင့် ယင်းသတင်းမှာ လုံးဝ မမှန်ကန်ကြောင်းကို ရွှေပြည်သာ မြို့နယ် NLDရုံးမှ တရားဝင် ငြင်းဆိုသွားခဲ့သည်။
ယင်းနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းပွဲအား မေလ ၃ ရက်နေ့တွင် ပြုလုပ်သွားခဲ့သည်။

အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ရွှေပြည်သာ မြို့နယ်မှ ဘုန်းကြီးကျောင်းမှာ ရွှေပြည်သာ မြို့နယ် ၁၈ ရပ်ကွက် ပန်းခြံ (၁) အကွက်၊ အကျယ် ပေ ၄၀၀၊ ပေ ၂၀၀ ရှိပြီး ပေ၂၀၀ ပတ်လည် တစ်ဝက်မှာ ဘုရားဝင်းဖြစ်၍ ကျန်တစ်ဝက်မှာ ကလေးများ ကစားရန် အတွက် ကစားကွင်း အဖြစ် ဆောက်လုပ် ထားသော နေရာဖြစ်ကာ ၄င်းကစားကွင်းအား လွန်ခဲ့သော တစ်နှစ်ခန့်က ကလေးများ ပညာရေး အတွက် တစ်နှစ်ခံဝန် ကတိဖြင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း အဖြစ် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

“ဘုန်းတော်ကြီးကျောင်းက တစ်နှစ်ပြည့်သွားပြီ။ ပြည့်လို့ ဖျက်ရမယ့် အချိန်မှာ ကျောင်းဆောက်ခဲ့တဲ့ ဆရာတော် ဦးကုသလက ကျောင်းကို မဖျက်ဘဲ အဲဒီမှာဘုန်းကြီးကျောင်းဆောက်ဖို့ လုပ်တယ်။ အဲဒီလိုလုပ်လို့ ရပ်ကွက်က ဒေသခံတွေ ဘုရားဝင်းထဲက ဂေါပက အဖွဲ့တွေက မကျေနပ်လို့ ကျွန်တော်တို့ဆီ ရောက်လာတယ်။

ကျွန်တော်တို့ ကလည်း ဆရာတော် ဦးကုသလကို ဘုန်းကြီးကျောင်း မဆောက်ရန် လျှောက်ထားပေမယ့် ဆရာတော်က ကျောင်းဆောက်ရန် အတွက် မြို့နယ် သံဃနာယက အဖွဲ့က ခွင့်ပြုချက်ရပြီးသား မယုံလို့ရှိရင် တိုင်ချင်ရာကို တိုင်နိုင်တယ် ဆိုပြီး ကျွန်တော်တို့ကို ကြိမ်းမောင်းသွားတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ဘုန်းကြီးကျောင်း ဆောက်တာကို NLDက ၀င်ရောက်ဖျက်ဆီးတယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာပါတယ်”ဟု NLDပါတီမှ ဦးဝင်းမိုးက ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ရွှေပြည်သာမြို့နယ် မြို့နယ် သံဃ မဟာနာယက ဥက္ကဋ္ဌ ဦးနန္ဒော ဘာသက “ဘာမဟုတ်တဲ့ ကိစ္စ သေးသေးလေးကနေ အကြီးကြီး ဖြစ်သွားတာပါ။ ဘုန်းကြီးတို့ သံဃ မဟာ နာယကမှာလည်း ကျောင်းတစ်ကျောင်း ဆောက်မယ်ဆိုရင် ကျောင်းနဲ့ညီတဲ့ အင်္ဂါရပ်တွေရှိတယ်။ အဲဒါကတော့ ကျောင်းဆောက်မယ့် နေရာအတွက် မြေဂရန် ရှိရမယ်။ အဲဒီကျောင်းမှာ ထိုင်မယ့် ကျောင်းထိုင် ဆရာတော်က တိပိဋက အောင်ရမယ်။

အဲဒီ စည်းကမ်းချက်တွေနဲ့ ပြည့်စုံမှ ကျောင်းဆောက်ခွင့် ပေးတာ အခု ကျောင်းဆောက်ခွင့် မပေးထားသေးပါဘူး။ ဂရန်ကလည်း လျှောက်ထားဆဲလို့ ပြောတယ်။ တကယ်လို့ ဂရန်ကို ချပေးလိုက်ရင်တော့ ကျောင်းဆောက်လို့ ရသွားမှာပါ။ အခုတော့ ဂရန်မကျ သေးလို့ ဘာမှလုပ်ပိုင်ခွင့် မပေးထားသေးဘူး။ အင်တာနက်ပေါ်က သတင်းနဲ့ ပတ်သက်လို့လည်း ပြန်လည် ဖြုတ်ချခိုင်းထားပါတယ်”ဟု မိန့်ကြားခဲ့သည်။

Tomorrow


ပြည်ပ ကုမ္ပဏီများ လုပ်ငန်းစတင်ချိန်မှ MPT မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခ လျှော့ချမည်



အများပိုင် ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ယခုနှစ်အတွင်း အော်ရီဒူး၊ တယ်လီနော စသည့် ပြိုင်ဘက် ကုမ္ပဏီများ လုပ်ငန်း စတင်ချိန်မှသာ မိုဘိုင်းဖုန်း ခေါ်ဆိုခများ လျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။ “ဈေးနှုန်းကိုတော့ အခုချိန်မှာ မပြောနိ...ုင်သေးပေမယ့် လူတိုင်း အဆင်ပြေပြေ သုံးစွဲနိုင်မယ့် ပြည်ပ ကုမ္ပဏီတွေနဲ့လည်း ယှဉ်နိုင်တဲ့ ဈေးနှုန်း ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် အသွင်ပြောင်းရန် ပြင်ဆင်နေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နောက်ပိုင်းတွင် အင်တာနက် သုံးစွဲမှုများကိုလည်း နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ သုံးစွဲသူ စိတ်ကြိုက် ရွေးချယ် ဝယ်ယူသည့် စနစ်သို့ ပြောင်းလဲရန် ပြင်ဆင်နေကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

“မိုဘိုင်းဖုန်း ခေါ်ဆိုခတွေ လျှော့ချတာထက် ဝန်ဆောင်မှုတွေကို ပိုကောင်းအောင် အရင်လုပ်သင့်တယ်။ ဖုန်းခေါ်ဆိုခတွေ လျှော့လည်း ဒီလိုဝန်ဆောင်မှုတွေပဲ ထပ်ပေးနေမယ်ဆိုရင် ဘာမှမထူးဘူး။ ဒီအချိန်မှာ MPT ကို ပြည်သူတွေ ယုံကြည်လာအောင် လုပ်သင့်နေပြီ။ ပြည်ပ ကုမ္ပဏီတွေစမှ အသည်းအသန် ပြောင်းမယ်ဆိုရင်တော့ နောက်ကျနေပြီလို့ ထင်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစား အရာရှိ ဦးသန်းဦးက ဆိုသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်ရန် အဓိကကျသည့် ဆက်သွယ်ရေး လိုင်စင် ရရှိရေးအတွက် တင်ဒါအောင် ပြည်ပ ကုမ္ပဏီ နှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနောတို့က ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနနှင့် လိုင်စင် ကိစ္စရပ်များကို အပြီးသတ် ဆွေးနွေးနေပြီး ယခုနှစ်ဆန်းပိုင်းတွင် အပြီးသတ်နိုင်ဖွယ် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

အော်ရီဒူးက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၄၅ ကျပ်၊ ဆင်းမ်ကတ်တစ်ခု ၁၅၀၀ ကျပ် ဖြင့် 3G စနစ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်မည်ဟု ကြေညာထားပြီး တယ်လီနောက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်၊ ဆင်းမ်ကတ် တစ်ခု ၁၅၀၀ ကျပ်ဖြင့် ဝန်ဆောင်မှုများ ပေးမည်ဟု ဆိုထားကာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကမူ မိုဘိုင်းဖုန်း ခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ် ကောက်ခံနေသည်။

The Voice Weekly


အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် နိုင်ငံနှင့်ချီသည့် ကိစ္စများတွင် ဟနနှင့် တိုင်ပင်ဆောင်ရွက် ရန် ဗန်းမော်ဆရာတော် မိန့်ကြား


ရွှေရည်မဉ္ဇူ၊ ၊ ဟေမာန်
==========================================
ရန်ကုန်၊ မေ ၉- အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အ နေဖြင့် ညီညီညွတ်ညွတ်ဆောင်ရွက် ရန်နှင့် နိုင်ငံနှင့်ချီသည့်ကိစ္စများတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)နှင့် တိုင်ပင်ဆောင်ရွက်ရန် ဗန်းမော် ဆရာတော်ကြီးက မိန့်ကြား ခဲ့သည်။

မဘသအဖွဲ့၏ သဘောထားနှင့် ပတ်သက်ပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာ တော်ဘုရားကြီးက ''အခုလို အမျိုး ဘာသာသာသနာအဖွဲ့စောင့်ရှောက် ရေးအဖွဲ့အနေနဲ့ သံဃမဟာနာယက နဲ့ပူးပေါင်းလက်တွဲတဲ့အတွက် ဂုဏ် ယူပါတယ်။ မဘသအဖွဲ့က အမျိုးဘာ သာသာသနာကို စောင့်ရှောက်ဖို့၊ ဆန့်ကျင်ဖို့မဟုတ်ဘူးလို့ လျှောက် ထားတဲ့အတွက် ဝမ်းသာတယ်။ ကြို ဆိုပါတယ်။ ဂုဏ်ယူပါတယ်''ဟု မိန့် ကြားခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က အမျိုးဘာ သာသာ သနာစောင့် ရှောက်ရေး အတွက် ဆောင်ရွက်နေ သော အမျိုး ဘာသာသာ သနာစောင့် ရှောက်ရေးအဖွဲ့(မဘသ)ကို အသိအ မှတ်ပြုလက်ခံလိုက်ခြင်း သည် အပြု သဘောဆောင် သည့်လုပ်ရပ်မျိုးဖြစ် မဖြစ်စောင့်ကြည့် အကဲခတ်သွားမည် ဖြစ်ကြောင်း ၂၀၀၇ အရေးအခင်းကို ဦးဆောင်လှုပ်ရှား ခဲ့ကြ သည့် ရွှေဝါ ရောင် ဆရာတော်များမှ မိန့်ကြား လိုက်သည်။

ရွှေညဝါဆရာတော်ကြီးအရှင် ပညာသီဟက ''စည်းလုံးတယ်ဆို တာ ကောင်းမွန် တဲ့ စကား။ ပူးပေါင်းတယ် ဆိုတာလဲ ကောင်း တာပဲ။ ဒါပေမဲ့ ကောင်းမွန်တဲ့ ရလဒ်နဲ့မှန်ကန်တဲ့ ရလဒ်ထွက်ဖို့လို တယ်။ တည့်မတ်တဲ့လမ်းကြောင်းက လဲ သွားဖို့လိုအပ်တယ်။ အဲဒီလမ်း ကြောင်းလဲ ရှိဖို့လိုအပ်တယ်''ဟု မိန့် ကြားသည်။

မဟနနှင့် မဘသနှစ်ဖွဲ့ပူးပေါင်း ဆောင်ရွက်မှုအတွက် လက်ရှိ တွင် ထောက်ပြပြော ဆို မှုမလုပ်သေးဘဲ စောင့်ကြည့်အကဲ ခတ်ပြီး မှ သာ ဝေဖန် ထောက်ပြ ပြောဆိုသွားမည်ဖြစ်ကြောင်း ရွှေညဝါဆရာတော်က ဆက်လက် မိန့်ကြားသည်။

၂၀၀၇ ရွှေဝါရောင်ဆရာတော် တစ်ပါးဖြစ်သူ ဦးပဏ္ဏဝံသ(ခ) ဦး ပြည်ကျော်က ''မြန်မာနိုင်ငံ မဟာသံ ဃနာယက (မဟန)ရော၊ အမျိုးဘာ သာ သာသ နာစောင့်ရှောက်ေ ရးအဖွဲ့ (မဘသ)ရော ထေရဝါဒမူအရ သွား မယ်ဆို ရင်တော့ ကောင်းတာပေါ့။ အာဏာရှင်လူတစ်စုအတွက် သွား မယ်ဆို ရင်တော့ တိုင်းပြည်အတွက် မကောင်းဘူး။ လူမှုရေး၊နိုင်ငံရေးတွေ မှာ အာဏာ ရှင် တစ်စုအတွက် လိုက် ပါဆောင်ရွက်ရင် ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့မှာပေါ့''ဟုမိန့်သည်။

အဆိုပါနှစ်ဖွဲ့အနေဖြင့် ထေရဝါ ဒမူအရ လုပ်ဆောင်သွားမ ည်ဆို လျှင် ကောင်းမွန်သော်လည်း အာဏာရှိ လူပုဂ္ဂိုလ်များ အတွက်သာ လုပ်ဆောင် မည်ဆိုပါက တိုင်းပြည်အတွက် အ ကျိုးမရှိနိုင်ကြောင်း ဆရာတော် ဦး ပဏ္ဏဝံသ(ခ) ဦးပြည်ကျော်က ရှင်း လင်းမိန့်ကြားသည်။

အမျိုးဘာသာသနာစောင့်ရှောက် ရေးအဖွဲ့(ဗဟို)သည် မေ ၈ ရက် တွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံမှ အသိအ မှတ်ပြု ဩဝါဒခံယူပွဲအခမ်းအနား ကို ကမ္ဘာအေးကုန်းမြေ မဟာဝိဇယ ဓမ္မသဘင် တွင် ပြုလုပ်ခဲ့ပြီးနောက် တွင် နိုင်ငံနှင့်ချီသော ကိစ္စရပ်များကို လုပ်ဆောင် မည်ဆိုပါက (မဟန)နှင့် တိုင်ပင်ဆောင်ရွက်ကြရန် (မဟန)ဥက္ကဋ္ဌ ဆရာတော်ကြီး မှ ဩဝါဒ ပေးခဲ့ကြောင်း သိရသည်။

မဘသ(ဗဟို) ဦးဆောင်ဆရာ တော်တစ်ပါးဖြစ်သူ ဦးဝီရသူကမူ (မဟန)နှင့် (မဘသ)အဖွဲ့နှစ်ခုစလုံး သည် နိုင်ငံရေး အရောင်အသွေး မရှိ ကြောင်း မိန့်ကြားသည်။

''အမျိုးဘာသာသာသနာလုပ် ကြတဲ့ ဘုရားသားတော်တွေက တစ်စိတ် တစ်ဝမ်းတည်းရှိတယ်ဆိုတာ ပြတဲ့ သဘောပါ။ အထင်မလွဲကြပါနဲ့။ ဘယ် သူ့ထိုင်ခုံမှမလုသလို ဘယ်သူ့ကိုမှလဲ ထိုင်ခုံပေါ်မတင်ပါဘူး''ဟုမိန့်သည်။

ဘာသာပေါင်းစုံချစ်ကြည်ရေး ဆောင်ရွက်နေသည့် ဆရာတော်တစ် ပါးဖြစ်သူ ကွမ်းခြံကုန်းဆရာတော် က ''အားလုံးပူးပေါင်းပြီး တိုင်းပြည် ငြိမ်းချမ်းအောင် ညီညီညွတ်ညွတ် ဆောင်ရွက်ကြမယ်ဆိုရင်တော့ ကောင်း တာပေါ့။ အုပ်စုဖွဲ့ပြီးခိုက်ရန်ဖြစ်စေ မယ့်ကိစ္စတွေကို ပိုမိုဖြစ်ပွားအောင် လှုံ့ဆော် တဲ့ ဟောပြောမှုမျိုး ဆိုရင် တော့ မကောင်းဘူး။ (မဟန) ဆိုတာ အာဏာ လက်ရှိပုဂ္ဂိုလ်တွေရဲ့ သဘော ဆန္ဒအလျောက် လိုက်လံလုပ်ဆောင် နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဘုန်း ကြီးက သုံးသပ်တယ်''ဟု မိန့်သည်။

(မဘသ)အဖွဲ့အနေဖြင့်လည်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကိုဦးဆောင်ကန့်ကွက်ဆန္ဒပြဖြုတ်ချ ရန် လုပ်ဆောင်မည့် အစီအစဉ် မရှိ ကြောင်း၊ နောင်လည်းလုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း၊ ၁၃၇၆ခုနှစ် ကဆုန်လဆန်း ၁၃၊ ၁၄၊ ၁၅ရက်များ တွင် ကျင်းပမည့်ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးပွဲကြီးကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)မှ ကြိုဆိုထောက်ခံကြောင်း၊ နိုင် ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့တို့အတွက် အ မျိုးဘာသာသာ နာစောင့်ရှောက်ရေး ကိစ္စများကို တစ်တပ်တစ်အားကူ ညီ ဆောင်ရွက်ပေးသွား မည်သာ ဖြစ် ပါ ကြောင်း မေ ၈ရက်တွင် မဘသ(ဗဟို) မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

[--Democracy today Daily Newspaper--]

Yangon Media Group

ပရိသတ်တွေရဲ့ မျက်ကြည်လွှာတွေ ကိုယ်စားလှူပေးခဲ့တဲ့ ထားထက်ထက်


ပရိသတ်များကို မျက် ကြည်လွှာလှူဒါန်းရန် ဖိတ်ခေါ်ခဲ့ ပြီး အနယ်နယ်အရပ်ရပ်မှ လူ ဦးရေ၃၀ နီးပါး၏ မျက်ကြည်လွှာ ကို ကိုယ်စားအနေဖြင့် အလှမယ်ထားထက်ထက်က လှူဒါန်းပေး ခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၉ ရက်က မျက်စိဆေး ရုံကြီးတွင် ထားထက်ထက်က လှူဒါန်းပေးခဲ့သည်။

မျက်ကြည်လွှာလှူဒါန်းလို သော ပရိသတ်များကို ဖေ့စ် ဘွတ်ခ်ပေါ်တွင် သုံးရက်ကြာ တိုက်တွန်းခဲ့ပြီး နယ်မြို့များနှင့် ပြည်ပမှ ပရိသတ်များက မျက် ကြည်လွှာလှူဒါန်းရာတွင် လိုအပ် သောအချက်အလက်များကို ထားထက်ထက်ထံ ပေးပို့ကာ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လူကိုယ် တိုင်လာရောက်လှူဒါန်းသော ပရိ သတ်အချို့လည်း ရှိခဲ့သည်။

‘‘သုံးရက်လောက် ဖေ့စ် ဘွတ်ခ်ကနေ ကြော်ငြာပြီးတင် ပေးထားတာ။ အဲဒီလောက်အများ ကြီးလှူကြမယ်လို့လည်း မထင်ခဲ့ ဘူး။ လူကိုယ်တိုင်လာပြီး မလှူ နိုင်လို့ မန္တလေးကနေ ငွေလွှဲပြီး လှူပေးပါလို့ပြောတဲ့သူရှိတယ်။ ကိုယ်လှူတာထက် လှူချင်တဲ့ သူတွေကို စုပြီးလှူပေးရတာ ပိုပြီး ဝမ်းသာတယ်’’ဟု ထားထက် ထက်က ပြောသည်။

ထားထက်ထက်သည် ၎င်း ၏ မျက်ကြည်လွှာကို ၂၀၁၃ ခုနှစ် အောက်တိုဘာက လှူဒါန်းခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် ပရဟိတ များသာ လုပ်ဆောင်နေပြီး ပထမ ဆုံးရိုက်ကူးမည့် အက်ရှင်ကား အတွက် ပြင်ဆင်မှုများသာပြုလုပ် နေပြီး အခက်အခဲတချို့ကြောင့် ရိုက်ကူးရန်ကြန့်ကြာနေခြင်းဖြစ် ကြောင်း ထားထက်ထက်က ပြော သည်။

7day daily

မွန်ဘိုင်းမှာ လမ်းဘေးသေးပေါက်တဲ့လူတွေကို ရေပိုက်နဲ့ လိုက်ထိုးနေ


အိန္ဒိယနိုင်ငံ၊မွန်ဘိုင်းမြို့ ရဲ့ အစိုးရမဟုတ်တဲ့ ပြည်သူအဖွဲ့ က မိမိဘာသာ အာဏာအပ်နှင်းပြီး လမ်းတွေမှာ သေးပေါက်တဲ့ လူတွေကို ရေပိုက်နဲ့ လိုက်ထိုးနေပါပြီ။


ရွန်နီနှင့်ဂျုံးစ်တို့ ကမ္ဘာ့ဖလားအတွက် အဆင်သင့်ဟု ဂစ်အာမခံ


ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အင်္ဂလန် အသင်းအတွက် ပါဝင်ကစားနိုင်ရန် ဝိန်းရွန်နီရော၊ ဖီးလ်ဂျုံးစ်ပါ အဆင်သင့် ရှိနေမည်ဟု မန်ချက်စတာ ယူနိုက်တက် ယာယီမန်နေဂျာ ရိုင်ယန်ဂစ်က အတည်ပြု ပြောကြားခဲ့သည်။

 လတ်တလောတွင် ဒဏ်ရာပြဿနာများ ရှိနေသည့်တိုင် အဆိုပါ ကစားသမား နှစ်ဦးလုံးသည် ဘရာဇီးလ်တွင် ကျင်းပမည့် ပြိုင်ပွဲကြီးအမီ အပြည့်အဝ ကြံ့ခိုင်နေမည်ဟု ဂစ်က ဆိုသည်။ တိုက်စစ်မှူး ရွန်နီနှင့် ခံစစ်မှူး ဂျုံးစ်တို့သည် ယူနိုက်တက်မှ အင်္ဂလန် လက်ရွေးစင် ကစားသမားများအနက် ယခုရာသီ အသင်းအတွက် ခြေအမှန်ဆုံး ကစားပေးနိုင်ခဲ့သူများ ဖြစ်ကြသည်။ အင်္ဂလန်အသင်း မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်သည် တနင်္လာနေ့တွင် ၎င်း၏ ကမ္ဘာ့ဖလား လူစာရင်းကို ကြေညာမည်ဖြစ်ပြီး ဘယ်ဘက်ပခုံးတွင် ဒဏ်ရာရှိနေသည့် ဂျုံးစ်ကို ရွေးချယ်ရန် သင့်မသင့် ချိန်ဆနေရသည်။

သို့သော်လည်း ဂစ်က ဟူးလ်စီးတီးနှင့်ပွဲတွင် ထိခိုက်မိခဲ့သည့် ဂျုံးစ်၏ ဒဏ်ရာသည် မူလမျှော်လင့်သလောက် မပြင်းထန်ဟု ဆိုသည်။ “ဖြစ်ဖြစ်ချင်းညက ကျွန်တော်တို့ တွေးခဲ့သလောက် သူ့ဒဏ်ရာက မဆိုးပါဘူး။ ဂျုံးစ်က ဆောက်သမ်တန်နဲ့ ပွဲမှာတော့ သေချာပေါက် မပါဝင်နိုင်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ဖလားအတွက်တော့ အိုကေပါပဲ။ ဒဏ်ရာအခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ ဆိုးဆိုးရွားရွား မဟုတ်ပါဘူး”ဟု ဂစ်က ပြောကြားခဲ့သည်။ ဂျုံးစ်ကဲ့သို့ပင် ရွန်နီသည်လည်း စိန့်မေရီမှ ပွဲစဉ်ကို လွဲချော်မည် ဖြစ်သည်။

 ဂစ်က “တနင်္ဂနွေနေ့ ပွဲမှာ ဝင်ကစားဖို့ ဆိုတာကတော့ ရွန်နီ့အတွက် နည်းနည်း စောနေဦးမယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကာလမှာတော့ သူ့အခြေအနေ အကောင်းဆုံး ဖြစ်နေမှာပါ။ ရွန်နီဟာ သူ့ရဲ့ အကောင်းဆုံး ဘောလုံး ရာသီကို ဖြတ်သန်းခဲ့တယ်။ ထိထိရောက်ရောက် တစ်ခုခု လုပ်ပြဖို့လည်း သူ့အတွက် အသင့်အနေအထား ဖြစ်နေပြီ။ သူ့ဒဏ်ရာက ပေါင်ခြံမှာ နည်းနည်းလေး ကြွက်သား တင်းမာမှုလေး ဖြစ်သွားတာပါ။ အခြေအနေ ကောင်းနေပါပြီ။ ရွန်နီအနေနဲ့ အားကစားရုံထဲမှာ အဓိက လေ့ကျင့်နေတယ်။ မနေ့ကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။ လာမယ့်တစ်ပတ်လုံး ကြံ့ခိုင်မှုပိုင်း အတွက် သူအဓိက ပြင်ဆင် လေ့ကျင့်နေလိမ့်မယ်။ ဒဏ်ရာကြောင့် ပွဲမကစားရတာက သူ့အတွက် လန်းဆန်းကြံ့ခိုင်နေဖို့ လမ်းထွင်ပေးသလိုတောင် ဖြစ်လာပါတယ်” ဟုလည်း မှတ်ချက်ပြုသွားသည်။

Ref:Dailymail
soccer myanmar

ကိုရီးယားနိုင်ငံမှ ကမ္ဘာ့ပထမဆုံး ထိတွေ့ပြီး ဝယ်ယူရတဲ့ စူပါမားကက်


ကမ္ဘာ့ပထမဆုံး ထိတွေ့ပြီး ဝယ်ယူရတဲ့ စူပါမားကက်ကို ကိုရီးယားနိုင်ငံမှ တီထွင်လိုက် ပါတယ်။ အခြားသော စူပါမားကက်တွေ လိုမျိုး လှည်ကြီးနဲ့ သယ်နေစရာ မလိုပါဘူး။

ထိတွေ့ပြီး ဝယ်ယူလို့ ရတဲ့ အတွက်ကြောင့် မိမိအလို ရှိသော ပစ္စည်းကို လက်ဖြင့်ထိတွေ့ လိုက်ရုံဖြင့် အလိုအလျောက်ငွေရှင်း ကောင်တာကို ရောက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ဒီထွင်လိုက်ခြင်းဟာ အချိန်မရ သူတွေ အတွက် ပိုမိုမြန်ဆန်စွာ ဈေးဝယ် ယူလို့ ရမှာ ဖြစ်ပါတယ်။ ထိုထိတွေ့ပြီး ဝယ်ယူ ရတဲ့ စူပါမားကက်မှ ပစ္စည်းတွေကို Online ကနေ ဝယ်ယူလို့ မရဘူးလို့ သိရပါတယ်။

ထို့ကြောင့် ကိုရီးယားနိုင်ငံမှ ကမ္ဘာ့ ပထမဆုံး ထိတွေ့ပြီး ဝယ်ယူရတဲ့ စူပါမားကက်ကို ဗဟုသု အနေဖြင့် ရေးသားပေး လိုက်ရပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

အပစ်ရပ်ထားတဲ့ RCSS/SSA ရုံးကို အစိုးရတပ် ရှောင်တခင်ဝင်ရောက်စီးနင်းရှာဖွေ



ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ဆက်ဆံရေးရုံးကို အစိုးရဘက်က လက်နက်ကိုင် တပ်အပြင် အရပ်ဝတ် (စရဖ) တွေ အပါအ၀င်

တညင်းကုန်းဘူတာဈေး၌ ကုန်ထမ်းသည့်ကိစ္စဖြင့် စကားများ ရန်ဖြစ်ပြီး ဓါးဖြင့်ထိုးခဲ့၍ အမျိုးသားတစ်ဦးသေဆုံး


ရန်ကုန်၊ မေ ၁၀

၁၀.၅.၂၀၁၄ရက်နေ့ ၀၅၀၀အချိန်တွင် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် အင်းစိန်ဆေးရုံသို့ လူတစ်ဦးဓါးထိုးခံရ၍ သေဆုံးရောက်ရှိ
လာကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ
ကိုတင်လှ (ဘ)ဦးပိန်းကွေး၊ ရွှေပြည်သာမြို့နယ်နေသူဖြစ်ပြီး ယာ
လက်မောင်းထိုးသွင်းဒဏ်ရာ၊ ၀ဲလက်မောင်း ပြတ်ရှဒဏ်ရာနှင့် ၀ဲပခုံးပေါက်ပြဲဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၀၄၃၀ အချိန်ခန့်က
အင်းစိန်မြို့နယ်၊ တညင်းကုန်းဘူတာဈေးသို့ ကန်စွန်းရွက်ရောင်းရန်
ရောက်ရှိစဉ် ဘူတာဈေး၌ကုန်ထမ်းသူ အင်းစိန်မြို့နယ်၊ တညင်းကုန်း
ရပ်ကွက်နေ ရန်လင်းဦး (၂၆)နှစ်၊ (ဘ)ဦးညိုသင်းမှကန်စွန်းရွက်ထုပ်
အားထမ်းမည်ပြုသည်ကို မထမ်းရန်ပြောဆိုရာမှ စကားများရန်ဖြစ်
ခဲ့ကြပြီး ရန်လင်းဦးမှ ၎င်း၏ညီဖြစ်သူ ကိုမင်း(၂၄)နှစ်၊(ဘ)ဦးညိုသင်း
အား နေအိမ်သို့သွားရောက်ခေါ်ဆောင်ခဲ့ရာကိုမင်းမှဓါးကိုင်၍
လိုက်လာပြီး ကိုတင်လှအားထိုးခဲ့၍ ဒဏ်ရာများရရှိသေဆုံးခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

ကိုတင်လှသေဆုံးမှုနှင့်ပတ်သက်၍ ရန်လင်းဦးနှင့် ကိုမင်းတို့အား အင်းစိန်မြို့မရဲစခန်း(ပ) ၄၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၁၁၄
ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

အမေက Facebook အကောင့်ကို ဖျက်သိမ်းခိုင်းတဲ့အတွက် ၁၃ နှစ်အရွယ် မိန်းကလေး ကြိုးဆွဲချသေဆုံး


အိန္ဒိယနိုင်ငံက အသက် ၁၃ နှစ်အရွယ် မိန်းကလေး Aditi Gupta ဟာ တစ်နေကုန်တစ်နေခန်း facebook ပေါ်မှာပဲ အချိန်ကုန်နေတဲ့အတွက် သူမအမေ Mohana က သူမရဲ့ Facebook အကောင့်ကို ဖျက်သိမ်းခိုင်း ခဲ့ပါတယ်။ ဒီကိစ္စကို အရမ်းစိတ်ဆိုးသွားတဲ့ Aditi Gupta ဟာ သူမရဲ့ အိပ်ခန်းမှာ ကိုယ့်ကိုကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့တာပါ။

အသက် ၃၆ နှစ်အရွယ် မိခင်ဖြစ်သူ Mrs.Gupta က သူမအလုပ်က ပြန်လာတဲ့အခါ Facebook အကောင့်ကို ဖျက်သိမ်းပြီးတာ လိုချင်ကြောင်း Aditi ကို အလုပ်မသွားခင် ပြောခဲ့တာပါ။ လေးနာရီကြာပြီးနောက် နေ့  လည်စာ စားဖို့ Mrs.Gupta တစ်ယောက် အိမ်ပြန်လာချိန်မှာတော့ Aditi က သေဆုံးနေပါပြီ။

ဘာမှအရေးမပါတဲ့အရာကြောင့် သူမသမီးလေး ကိုယ့်ဘ၀ကိုယ်အဆုံးသတ်ပစ်မယ်လို့ သူမ မယုံနိုင်ခဲ့ကြောင်း ရဲတွေကို ပြောကြားခဲ့ပါတယ်။

“ ကျွန်မ အလုပ်ကို ပုံမှန်အားဖြင့် မနက် ၉ နာရီခွဲလောက်ဆို ထွက်ပါတယ်။ ကျွန်မ ယောင်္ကျားက အစောကြီး ထွက်သွားသလို သားကြီးကလည်း အားလပ်ရက်မှာ အဖွားအိမ်သွားနေနေတာပါ၊ ကျွန်မ အလုပ်သွားမယ် လုပ်တော့ သမီးလေးက ကွန်ပြူတာရှေ့ မှာ ထိုင်နေပြီ။ ကျွန်မ တော်တော်ဒေါသထွက်သွားခဲ့တယ်။ သူက ဒီ ဆိုရှယ်နက်ဝေါ့ခ်မှာပဲ တစ်နေကုန်တစ်နေခမ်းနေ နေတာလေ”

“ သမီးအသက်က Facebook သုံးဖို့ အရမ်းငယ်နေသေးတယ် ပြီးတော့ သမီးအချိန်တွေ ဖြုန်းနေတာပဲလို့  ကျွန်မ ပြောခဲ့တယ်။ ပြီးတော့ သူ့ ရဲ့ facebook အကောင့်ကို ဖျက်သိမ်းခိုင်းမိခဲ့တယ်”

ဒီကိစ္စကြောင့် အိန္ဒိယမှာ  Facebook ၊ မိဘတွေရဲ့ တာဝန်ရှိမှုနဲ့ ကလေးတွေ ထိတွေ့ ရနိုင်တဲ့ ဆိုက်ဘာအန္တရာယ်တွေ အကြောင်း ငြင်းခုံပြောဆိုနေကြပါတယ်။

Ref: Dailymail.co.uk
trend myanmar

အာဖရိကတိုက်ကို ကူညီထောက်ပံ့ငွေ ၁၂ ဘီလီယံပေးမည်ဟု တရုတ်ဝန်ကြီးချုပ် ကတိပြု


အဒစ်အဘာဘာ၊ မေ ၉

အာဖရိကတိုက်အတွက် အပိုကူညီ ထောက်ပံ့ငွေ ၁၂ ဘီလီယံ ပေးအပ်သွားမည်ဟု တရုတ်ဝန်ကြီးချုပ် လီကွပ်ချောင်က ကတိပြုလိုက်ပြီး မြန်နှုန်းမြင့် မီးရထား စီမံကိန်းများ လုပ်ဆောင်နိုင်ရေးအတွက် အဆင့်မြင့် နည်းပညာများ ပေးအပ်သွားမည်ဟု ကမ်းလှမ်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အီသီယိုးပီးယားနိုင်ငံ အဒစ်အဘာဘာ မြို့တော်ရှိ အာဖရိကသမဂ္ဂအဖွဲ့ ဌာနချုပ်၌ မိန့်ခွန်း ပြောကြားရာတွင် တရုတ်ဝန်ကြီးချုပ် လီကွပ်ချောင်က ယခုကဲ့သို့ ကတိပြုလိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက အာဖရိကတိုက်အတွက် ချေးငွေဒေါ်လာ ၁၀ ဘီလီယံ ပေးအပ်မည် ဖြစ်ပြီး တရုတ်-အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအတွက် ဒေါ်လာ ၂ ဘီလီယံ ပိုမိုပေးအပ်မည်ဟု ကတိပြုလိုက်ခြင်းကြောင့် စုစုပေါင်း ရန်ပုံငွေ ပမာဏမှာ ဒေါ်လာ ၅ ဘီလီယံထိ ရောက်ရှိသွားမည် ဖြစ်သည်ဟု တရုတ်နိုင်ငံပိုင် Xinhua သတင်းတွင် ဖော်ပြထားသည်။

အာဖရိက အသိုင်းအဝိုင်းကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် ဆက်သွယ်မှု တိုးမြှင့်နိုင်ရန် အာဖရိကမြို့တော် အားလုံးကို မြန်နှုန်းမြှင့် မီးရထားများဖြင့် ဆက်သွယ်ရန် လိုအပ်သည်ဟု လီက ထုတ်ဖော် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှာ မြန်နှုန်းမြှင့် မီးရထား နည်းပညာနယ်ပယ်တွင် တိုးတက်မှုများ ရရှိနေသဖြင့် အထက်ဖော်ပြပါ စိတ်ကူး လက်တွေ့ အကောင်အထည် ဖော်လာရန် အသင့်ရှိကြောင်း တရုတ် ခေါင်းဆောင်က ဆက်လက်ပြောကြားသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ ဝယ်လိုအား များပြားခြင်းကြောင့် အာဖရိကတိုက်တွင်း မျိုးတုံး ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ဆင်စွယ်နှင့် ကြံ့ချိုများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရေး လုပ်ငန်းတွင် သုံးစွဲနိုင်ရန် ဒေါ်လာ ၁၀ သန်း ထောက်ပံ့ပေးမည်ဟု တရုတ်က ကတိပြုသည်။

လက်ရှိ အာဖရိက ခရီးစဉ်သည် တရုတ်ဝန်ကြီးချုပ် လီကွပ်ချောင်၏ ပထမဆုံး အာဖရိက ခရီးစဉ်ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ပထမဆုံး အာဖရိကခရီးစဉ် (၂၀၁၃ ခုနစ်) ပြီးနောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်သမ္မတ၏ ခရီးစဉ်အတွင်း ဒေါ်လာ ၂၀ ဘီလီယံ ချေးငွေပေးမည်ဟု ကတိပြုခဲ့ကာ တရုတ်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဒေါ်လာ ၁၀ ဘီလီယံ ချေးငွေပေးမည်ဟု ထပ်မံကတိပြုခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီကွပ်ချောင်၏ အာဖရိက ခရီးစဉ်အတွင်း ရေနံ ကြွယ်ဝသည့် နိုင်ဂျီးရီးယားနှင့် အင်ဂိုလာနိုင်ငံများသို့ သွားရောက်မည် ဖြစ်သော်လည်း ဝန်ကြီးချုပ်၏ ခရီးစဉ်မှာ စွမ်းအင် သဘောတူညီချက်များ ရရှိရေး သွားရောက်သည့် ခရီးစဉ်မဟုတ်ဘဲ အာဖရိက တိုက်သားများ၏ လူနေမှု အဆင့်အတန်း တိုးမြှင့်ရာတွင် အကူအညီပေးရန် သွားရောက်ခြင်း ဖြစ်သည်ဟု တရုတ်အစိုးရ အရာရှိများက ပြောကြားသည်။

“တရုတ် ဖွံ့ဖြိုးတိုးတက်မှုက အာဖရိကအတွက် အခွင့်အလမ်းဖြစ်ပြီး အာဖရိက ဖွံ့ဖြိုးတိုးတက်မှုက တရုတ်အတွက် အကျိုးဖြစ်စေတယ်ဆိုတာ သမိုင်းနဲ့ လက်တွေ့ဖြစ်ရပ်တွေက သက်သေပြပြီး ဖြစ်ပါတယ်” ဟု တရုတ် ဝန်ကြီးချုပ်က ပြောကြားသည်။

သို့သော်လည်း တရုတ်ခေါင်းဆောင်များ၏ အာဖရိက ခရီးစဉ်များတွင် သဘာဝဓာတ်ငွေ့နှင့် စွမ်းအင် သဘောတူညီချက် စာချုပ်ကြီးများသာ ချုပ်ဆိုလေ့ ရှိသဖြင့် အာဖရိကတိုက်၏ သယံဇာတများ အပေါ်တွင်သာ တရုတ်က စိတ်ဝင်စားကြောင်း အချို့က ဝေဖန်ထားသည်။

တရုတ်နှင့် အာဖရိကကြား ဆက်သွယ်မှုသည် လက်ရှိ ကာလတွင်သာမကဘဲ အာဖရိကနိုင်ငံများ၏ လွတ်လပ်ရေး ကြိုးပမ်းမှု၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု ကာလများကတည်းက တရုတ်ကွန်မြူနစ် ခေါင်းဆောင်များက ထောက်ခံအားပေးခဲ့သည်။

အာဖရိက နိုင်ငံများကလည်း တရုတ်နိုင်ငံမှာ အနောက်တိုင်း လွှမ်းမိုးမှုကို တန်ပြန်နိုင်မည့်နိုင်ငံ ဖြစ်သည်ဟု ယူဆထားသည်။

The Voice Weekly

ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာဦးဇော်မြင့် ရာထူးမှနုတ်ထွက်ခဲ့

ဖိုးလပြည့်၏ ဆရာဟု နာမည်ထွက်နေသူ လက်ရွေးစင်ဟောင်းဦးမျိုးလှိုင်ဝင်း တက္ကသိုလ်ချန်ပီယံဆုဖလား ယူဆောင်လာစဉ်

 ၂၀၁၄ တက္ကသိုလ်ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ ချန်ပီယံ ဆုဖလားအား နေပြည်တော် ဘောလုံးအ သင်း နည်းပြချုပ်ဦးမျိုးလှိုင်ဝင်း သယ်ယူမှုအပေါ် ဝေဖန်ခဲ့မှုကြောင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာဦးဇော်မြင့်ဟာ ရာထူးမှနုတ်ထွက်ခဲ့ ရတယ်လို့ သိရပါတယ်။
"ကျွန်တော်က ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောတာပါ။ နုတ်ထွက်ခဲ့ရတာကို ၀မ်းမနည်းပါဘူး၊ တက္ကသိုလ် ဘောလုံးသမားတွေ သယ်တာပဲ ဖြစ်သင့်တယ်ထင်ပါတယ်"လို့ ဦးဇော်မြင့်ကပြောပါတယ်။

Author မြင့်ဟိန်း

အမြင်မတော် ဆင်တော်နှင့်ခလောက်


  အလုပ်လက်မဲ့ဘွဲ့ရ ပြဿနာ ဖြေရှင်းလိုသည်မှာ အမှန်ဖြစ်လျှင် အလုပ်ရှိပြီးသား၊ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ ကို နေရာပြောင်း ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခန့်အပ်ရန်မလိုပါ . . . သည်တော့ Ph.D ဆိုတဲ့ ဘွဲ့ရသော ခြင်္သေ့ များ မြက်မစားကြပါနဲ့ မြက်စားတဲ့ ခြင်္သေ့လည်းရှိမှာပါ အဲဒီခြင်္သေ့ကတော့ . . . .

ဖောင်းပွပစ္စည်း

မြန်မာနိုင်ငံရဲ့ အဆင့်ဆင့်သော အစိုးရ၏၀န်ကြီးများ၊ အစိုးရများ၏ ၂၀၁၄ ခုနှစ်အတွင်း ပြောဆိုခြင်း၊ လုပ် ဆောင်ခြင်းများသည် အံ့သြဖွယ်ရာတွေ တွေ့ရပါသည်။ ၀န်ကြီးအချို့က အစည်းအဝေး ခေါ်ဆဲလိုဆဲ၊ စစ်တပ် ထဲမှာ နေတုန်းက ရတဲ့ဒဏ်ရာ လှန်ပြလိုပြ၊ ပုဆိုးလှန်ပြလိုပြ လုပ်နေကြတာ အတော်အံ့သြဖို့ ကောင်းပါ တယ်။ ယခုလည်း ပါရဂူဘွဲ့ (Ph.D) များ ကိုပါ နေ့စား၊ လပေးနှင့်ခန့်မည့် မူလတန်း ပြဆရာ ခေါ်ပြန်ပါပြီ။ လွန်ခဲ့သော နှစ်ပေါင်း (၇၀)က မူလတန်းပြဆရာတွေကို သတ္တမတန်းအောင်က ခန့်အပ်ခဲ့ပါသည်။ လစာ က ၁၂၆ ကျပ် ၇၅ ပြားပေးပါသည်။ ထို မူလတန်းပြဆရာများက သင်ပေးခဲ့သော တပည့်များမှာ ယခုအခါ အသက်(၇၀)နှင့် (၇၀) ကျော်များဖြစ်နေပါပြီ။ ထို့နောက် မျိုးဆက်ကျောင်းသားများကို H.S.F ခေါ် အထက်တန်းကျောင်းထွက် လက်မှတ်ရ စာမေးပွဲအောင်သူများကို ခန့်ထား၍ သင်ပြစေခဲ့ပါသည်။ ယနေ့ထိ မျိုးဆက်ကျောင်း သားများကို ဘွဲ့တစ်ခုခုရသည့် သူများကို ခန့်ထား၍ သင်စေခဲ့ပါသည်။ လစာကလည်း တစ်သိန်းဝန်းကျင်ပေးပါသည်။ ဤ သည်တို့ကိုကြည့်လျှင် ခန့်ထားသည့်ဆရာ များ၏ ပညာအဆင့်၊ ပေးသောလစာ၏ အနည်းအများတို့ကို တွေ့ရပါသည်။ သာမန်ကြည့်လျှင် နှစ်ရပ်စလုံးမြင့်လာသည်ဟု ပြောနိုင်ပါသည်။ သို့သော် ယခင်က ၁၂၆ ကျပ် ၇၅ ပြားရသော လစာဖြင့် ဆရာ တစ်ဦး၏ မိသားစု ၃/၄ ယောက် စားနိုင် သောက်နိုင်ပါသည်။ ရွှေစ တစ်မတ် သား ခန့် ၀ယ်နိုင်ပါသေးသည်။ … ယခု ရွှေဈေး (၇)သိန်းဝန်းကျင်ဆို၍ မိသားစု ၃/၄ ယောက်စားပြီး ရွှေစတစ်မတ် သားမည်သို့ ၀ယ်နိုင်ပါမည်နည်း။ သည်အခါ လစာ အဆင့်မြင့်လာသည်ဟု ဆိုနိုင်ပါမည်လော။ ပညာရေးတွင် လည်း ကြည့်ပါက ဘွဲ့ရတစ်ဦးသည် မြန်မာစာနှင့် အင်္ဂလိပ်စာ ၀ါကျတစ်ကြောင်း ဟန်ကျပန်ကျမရေး တတ်ကြ ပါ။ သို့သော် မြန်မာစာမှလွဲ၍ အခြားဘာသာများကို အထက်တန်းအဆင့်တွင် အင်္ဂလိပ်စာဖြင့် သင်ကြားနေပါ သည်။ ထိုအခါ ကြက်တူရွေး စကားသင်သလို အင်္ဂလိပ်စာ၏ အဓိပ္ပာယ် မသိပါဘဲ အလွတ်ကျက်၍ မေးခွန်းကို ဖြေကြပါသည်။ မေးခွန်းကိုလည်း ဆရာများက ကြိုပေး၍ထားပါသည်။ သို့မှသာ ဖြေနိုင်မည်။ ဘာသာ ရပ်က များသည်။ အင်္ဂလိပ်စာဖြင့် သင်သည်။ အကျများလျှင်လည်း ဌာနကအရေး ယူခံရမည်။ ထိုအခါ အရည်အချင်း မမီသော ဘွဲ့ရများ၊ ပေါများလာသည်။ ဖောင်းပွလာသည်။ မြန်မာပြည်တွင် ငွေ ကြေးဖောင်းပွသည်။ ဘွဲ့ရ ဖောင်းပွသည်။ ပူးပေါင်းကော်မတီများ၊ ကော်မရှင်များ၊ ပါတီများမှာ ဖောင်းပွ၍ မဆုံးပါ။ ပိန်သွား တာက သယံ ဇာတမျိုးစုံဖြစ်သည်။ တောင်တန်းတွေ ပိန်၍ ချိုင့်ဝင်သွားသည်။ ရေလျှံနေသောမြစ်တွေ ပိန်သွားပြီး ရေစီး ချောင်း သာသာသာရှိတော့သည်။

မတူလျှင်မတုနဲ့

ယခုမူလတန်းပြဆရာခန့်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများက ပါရဂူ ဘွဲ့ရများကိုပင် ခန့်ထားရန် လျှောက်လွှာ ခေါ်ယူလိုက်ခြင်းသည် စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေ ပေါ်လာပါသည်။ (၁) ပါရဂူ ဘွဲ့ရများကို နေ့စားလပေးဖြင့် တစ်သိန်းဝန်းကျင်ရမည့်ဝင်ငွေတွင် ခန့် အပ်ရန် ခေါ်ယူလိုက်ခြင်းသည်။ ပညာရေး ကို အထူးသဖြင့် မူလတန်း ပညာရေးကို မြှင့်တင်လို၍လား (သို့မဟုတ်) ပါရဂူဘွဲ့ရ တွေကိုနှိမ် လို၍လား။ ခြင်္သေ့ဆီကို ရွှေခွက် ဖြင့်မထည့်ဘဲ ရွှံ့ခွက်ဖြင့် ထည့်လိုက်တာလား။ (၂) ပါရဂူဘွဲ့အပါအ၀င် ဘွဲ့ရမျိုးစုံ တွေ အလုပ်လက်မဲ့ဖြစ်နေ၍ အလုပ်ဖန်တီး ပေးလိုက်တာလား။ (၃)အလုပ်ခန့်ထားရန် လျှောက်လွှာ ခေါ်သည့် တိုင်း/ပြည်နယ် ဒေသကြီးမှ ၀န်ကြီးများက ဘူးတောင်းနစ်၍ စောင်းခြမ်းပေါ်အဖြစ်ကို လှစ်ပြလိုက် တာလား။ (၄) ဂျပန်နိုင်ငံကို အတုယူပြီး ပါရဂူဘွဲ့ရတွေကို မူလတန်းကို သင်ခိုင်းတာလား။ ဂျပန်နိုင်ငံက ပါရဂူ ဘွဲ့ရသူများ သည် ကလေးသူငယ်တို့၏ စိတ်ခံစားချက် နှင့် စိတ်ပိုင်းဆိုင်ရာ သုတေသနပြုလုပ်ထား သည့် ပါရဂူ ဘွဲ့ရများကို ခန့်ထားခြင်းဟု သိရသည်။ ၎င်းတို့ကို တက္ကသိုလ်ပညာရေး တွင် တာဝန် ထမ်းဆောင် နေသည့် ဆရာ၊ ဆရာများ၏လစာထက်မြင့်မားသည့် ခံစား ခွင့်များ၊ နေအိမ်များ ပေးအပ်ချီးမြှင့်ထား သည်ဟု သိရသည်။ မြန်မာနိုင်ငံက လပေး နေ့စားတစ်သိန်းဝန်းကျင်ဖြင့် လက်ရှိခန့် ထားသည်ကိုသိရသည်။ သည်တော့ ““မတူ လျှင် မတုနဲ့””လို့ ပြောချင်ပါတယ်။ သတိ ပြုရမှာက တိုင်းပြည်ကို စေတနာနဲ့အုပ် ချုပ်ဖို့ပါပဲ။ ကိုယ့်သား သမီးရဲ့တစ်နေ့အသုံး စရိတ်တောင် မရှိတဲ့လစာနဲ့ ကိုယ်ကိုယ်တိုင် ပါရဂူဘွဲ့မရဘဲနဲ့ ကိုယ်ချင်းမစာပါဘဲ မလုပ် မပြောသင့်ပါဘူး။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာလည်း မကျပါစေနဲ့။ ကိုယ် ကိုယ်တိုင်ကတော့ “အာဏာ”ကို မရမနေ ရအောင်ယူတတ်တဲ့ ပညာသာတတ်ပြီး တိုင်းပြည်အတွက် တိုးတက်အောင်အသုံး ချပညာရပ်တွေ မတတ်ဘဲ သစ်ဆိုလည်း တောလုံးကုန်အောင် ရောင်း၊ ဓာတ်သတ္တုဆိုလည်း တောင်လုံးပျောက်အောင် ရောင်းတတ်တဲ့ ပညာလောက်နဲ့ မစဉ်းစားသင့်ပါ။ အကောင်းဆုံးက ရရှိနေတဲ့ အဆင့်က ထွက်ပြီး အေးအေးပဲ ထိုင်စား နေသင့် ပါပြီ။ ကိုယ်စီမံခန့်ခွဲတဲ့ နေရာရဲ့ တန်ဖိုးကိုလည်းကြည့်သင့်ပါသည်။ နေရာနှင့် တန်အောင်ပြောပါ။ တန်အောင် လုပ်ပါ။ တန်တဲ့အတွေးအခေါ်ကို သုံးပါလို့ အကြံ ပြုပါတယ်။

ခြင်္သေ့ဆိုတာ မြက်မစားဘူး

ခြသေ့င်္တို့မည်သည် မြက်ကိုမစားဘူး။ ဒါပေမဲ့ ကြွက်ကို စားချင်စားမည်။ ကြွက်ကသေးပေမယ့် အသားရှိ သတ္တ၀ါမို့ပဲ။ နွားသည် ကြွက်ကိုမစားဘူး၊ မြက်ကို စားသည်။ သည်လိုပါပဲ။ သူ့သဘာဝနှင့် သူ ရှိကြရမှာပါ။ ယခု ကိစ္စက ခြင်္သေ့ကို မြက်စားခိုင်းသည်နှင့် တူပါသည်။ ယခုကိစ္စမှာ ဆရာဝန်စာရေးဆရာတစ်ဦးက ထောက်ခံ သည့်သဘောရေးထားသည်ကို Hot News မှာဖတ်ရပါတယ်။ သူအလုပ်လက်မဲ့ ဘ၀ ၁၉၉၅ ခုနှစ်က ကုမ္ပဏီ တစ်ခုက ယာဉ်မောင်းခေါ်သည့် အခါ သွားလျှောက်ပါ သည်။ Over Qualification (ခေါ်တဲ့ ခန့် မယ့်အလုပ်နဲ့ အရည်အချင်းလွန်) ဆိုပြီး မခန့်ပါဟုပြောပါသည်။ L.L.M ဘွဲ့ရမိန်းကလေး တစ်ယောက်က ကုမ္ပဏီကြီး တစ်ခု မှာ အောက်တန်းစာရေး လျှောက်ရာ မဟာဥပဒေဘွဲ့ရမို့ ပယ်ဖို့စိတ်ကူးရှိကြောင်း၊ ဒါပေမဲ့ မိန်းကလေးက အလုပ်ရှာနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ၀င်ငွေမရှိကြောင်း၊ အလုပ်ကြီးကြပ်သူ (ဆယ်တန်းမအောင် သေးသူ) ကို ရိုရိုသေသေ ဆက်ဆံပါမည့် အကြောင်း၊ အစမ်းခန့်ကြည့်ဖို့ ပြော၍ ခန့်လိုက်ကြောင်း ဖော်ပြထားပါသည်။ နောက်တော့ လက်ထောက်မန်နေဂျာဖြစ်သွား သည်ဟုဆိုပါသည်။ သည်တော့ မူလတန်း ပြဆရာအလုပ်ကို Ph.D တွေ လုပ်ကြဟုဆိုခြင်းပါ။ ဒါက ပုဂ်္ဂိုလ်ရေး ဆန္ဒနဲ့ဆုံးဖြတ် ချက်ကို ဆိုချင်ကြောင်းလို့ ထင်ပါသည်။ နိုင်ငံတော် အဆင့်က ကြည့်လျှင် နိုင်ငံ တကာအလယ်မှာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ကြည့်ပြီး အလုပ်ခေါ်သည့် ပုဂ်္ဂိုလ်များက ကြည့်သင့်ပါသည်။ ယခု Ph.D ဘွဲ့ရတွေ ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှာ လက်ထောက် ညွှန်ကြားရေးမှူးတို့၊ ညွှန်ကြားရေးမှူးတို့လို နေရာတွေမှာ ခန့်ဖို့ခေါ်ပါက နိုင်ငံ့ဂုဏ် မဆောင်ပေ ဘူးလား။ စစ်သားတွေကို ဘာလို့ ခန့်ရသလဲ။ ဒီလို ခန့်တာဟာ နိုင်ငံရေးအမြင်နဲ့ ခန့်တာ၊ စစ်သားဆိုတာ အထက်အမိန့်ကို နာခံရာမှာ ခြောက်ပေတွင်းထဲ မရောက်မချင်းပါဘဲ။ တက္ကသိုလ်က Ph.D ဘွဲ့ရကျောင်းသား က အမိန့်ပေးရင် ဦးနှောက်နဲ့စဉ်းစားပြီးမှ ဆုံးဖြတ်မှာဖြစ်လို့ ကျားကိုက်ကိုက် ခြင်္သေ့စားစား ဆုံးဖြတ်မည် မဟုတ်ပါ။ အလုပ် လက်မဲ့ဘွဲ့ရပြဿနာ ဖြေရှင်းလိုသည်မှာ အမှန်ဖြစ်လျှင် အလုပ်ရှိပြီးသား၊ ဗိုလ်ကြီး၊ ဗိုလ်မှူး တွေကိုနေရာ ပြောင်းပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခန့်အပ်ရန် မလိုပါ။

သည်တော့ Ph.D ဆိုတဲ့ ဘွဲ့ရသော ခြင်္သေ့များ မြက်မစားကြပါနဲ့။ မြက်စားတဲ့ ခြင်္သေ့လည်းရှိမှာပါ။ အဲဒီခြင်္သေ့ ကတော့ . . . . ။

Myanmartandawsint Newspaper

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေတွေဟာ ချုပ်ချယ်ကန့်သတ်တာမျိုးမဟုတ်ဘဲ ကာကွယ်ကန့်သတ်တာမျိုးပဲ ဖြစ်ရမယ် (အန်ဒီအက်ဖ်ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ မေးမြန်းချက်)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ

မေလ ၈ရက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်မူကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ ဆက်သွယ်မေးမြန်းချက်ကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အပြည့်အစုံ နားဆင်နိုင်ပါတယ်။
DVB Burmese


ကယ်ရီမောင်းနှင်သူအား ဓါးနှင့်ထိုးပြီး ဆိုင်ကယ်ကိုလုယက်ယူဆောင်သူ ကို ဖမ်းဆီးရမိ


ရန်ကုန်၊ မေ ၁၀

၂၅.၄.၂၀၁၄ ရက်နေ့ ၀၀၂၀ အချိန်တွင် အင်းစိန်မြို့နယ်၊ ကမ်းနား
အနောက်ရပ်ကွက်နေ ဦးကျော်လှသည် မြို့သစ်(ဂ)ရပ်ကွက်၊ ပိတောက်လမ်းထိပ်၌ ကန်ဘို-125 အနက်ရောင်ဆိုင်ကယ်ဖြင့် ကယ်ရီလိုက်ရန်စောင့်နေစဉ် အမျိုးသားလူငယ်(၁)ဦးရောက်ရှိလာပြီး လှိုင်သာယာသို့ပို့ပေးရန်ပြောဆိုငှားရမ်းသဖြင့် လိုက်ပို့ရန်အတွက် ဆိုင်ကယ်အားစက်နှိုးနေစဉ် ၎င်းလူငယ်မှ ဓါးဖြင့်ဆက်တိုက်ထိုး၍ လမ်းဘေးသို့တွန်းချခဲ့သဖြင့် ဦးကျော်လှတွင် ၀ဲခါးဆစ်ထိုးသွင်းဒဏ်ရာ
(၁)ချက်၊ ၀ဲနံစောင်းထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ယာနံစောင်းတွင် ဓါးတစ်ချောင်းစိုက်ဝင်နစ်မြုပ်သည့်ဒဏ်ရာများရရှိခဲ့ပြီး ဆိုင်ကယ်ကို
လုယူမောင်းနှင်သွားသဖြင့် အင်းစိန်မြို့မရဲစခန်း(ပ)၃၉၄/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လူခြုံရေး
တပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များနှင့်ပူးပေါင်း၍ အမှုမှတရားခံအားဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှု ကျူးလွန်သူမှာ လှိုင်သာယာမြို့နယ်၊
ရွှေလင်ပန်းစက်မှုဇုန်နေ ကောင်းထက်(ခ)မိုးစက်အောင်၊ (ဘ)ဦးအေးကျော်ဖြစ်ကြောင်းသိရှိရပြီး ထွက်ပြေးတိမ်းရှောင်နေ
သဖြင့် ၎င်း၏မိသားစုများနှင့်တွေ့ဆုံ၍ ကျူးလွန်ခဲ့သောပြစ်မှုအား ဥပဒေအရရင်ဆိုင်ဖြေရှင်းရန် စည်းရုံးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စည်းရုံးဆောင်ရွက်ခဲ့သဖြင့် ကောင်းထက်(ခ)မိုးစက်အောင်
သည် ၅.၅.၂၀၁၄ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လူခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များထံသို့ ဆက်သွယ်၍ လာရောက် အဖမ်းခံခဲ့ပါသည်။

ကောင်းထက်(ခ)မိုးစက်အောင်အားစစ်ဆေးရာ ၎င်း၏ဇနီးဖြစ်သူမှာ ကိုယ်ဝန်ပျက်ကျ၍ ဆေးကုသရန်ငွေလိုအပ်နေသဖြင့် အခင်းဖြစ်
နေ့က အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ပိတောက်လမ်းထိပ်တွင်
ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ဦးကျော်လှအား ဓါးဖြင့်ထိုးကာ ဆိုင်ကယ်အားလုယူမောင်းနှင်ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း၊ ဆိုင်ကယ်အား ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းမြို့နယ်တွင်
ငွေကျပ်(၄)သိန်းဖြင့် ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့
သဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။

MOI Webportal Myanmar 

မျိုးစောင့်ဥပဒေကန့်ကွက်သူများကို ရှုတ်ချဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဆို


အောင်ကိုဦး

မန္တလေး၊ မဇ္ဈိမ။ ။ မျိုးစောင့်ဥပဒေရေးဆွဲခြင်းနှင်
့ ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ခြင်းကြောင့် သမ္မတဦးသိန်းစိန်အား အမျိုးသမီး အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်း ၁၀၀ခန့်က ကန့်ကွက်ခြင်းနှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)က မေလ၉ရက်တွင်
သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)က ဦးဆောင်ဆရာတော် အရှင်ဣန္ဒာစက္ကာ ဘိဝံသက မဇ္ဈိမကို မိန့်ကြားသည်။

"အခုလုပ်နေတာ အမျိုးသမီးအခွင့်အရေး ချိုးဖေါက်နေတာမပါဘူး။ မရသေးတဲ့ အခွင့်ရေးတွေရအောင်လုပ်ဖို့နဲ့ အခွင့်အရေးတွေ မဆုံးရှုံးဖို့လုပ်နေတာပါ။ ဗုဒ္ဓဘာသာနိုင်ငံမှာ မျိုးစောင့်ဥပဒေမရှိလို့မရဘူး။ ဒါကြောင့်လည်း မဖြစ်ဖြစ်အောင် လုပ်ဆောင်နေကြတယ်။"ဟု ဦးဆောင်ဆရာတော် မှမိန့်ကြားသည်။

ယခုကန့်ကွက်နေကြသော အဖွဲ့အစည်းများသည် မျိုးစောင့်ဥပဒေကို သေချာမသိဘဲ ကန့်ကွက်နေခြင်းဖြစ်ပြီး အဓိပ္ပါယ်မဲ့လုပ်ရပ်သာ ဖြစ်သည်ဟု ဆရာတော်က
မိန့်ကြားလိုက်သည်။ ကန့်ကွက်လိုပါကလည်း အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့သို့ တရားဝင် ကန့်ကွက်စာနှင့် ကြေငြာချက် ပိုသင့်သည်ဟု မိန့်သည်။

"အမျိုးသမီးတွေ အခွင့်အရေးကို ထိန်းချုပ်ထားတာပါရင် ဆွေးနွေးလို့ရတယ်။ ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်ပြော ဆွေးနွေးမယ်။ ဥပဒေမူကြမ်းကိုလည်း တစ်နိုင်ငံလုံးမှာ ဖြန့်ထားတယ်။ အခုမြန်မာအမျိုးသမီးတွေက ကိုယ့်နိုင်ငံမှာနေပြီး အခွင့်အရေးချိုးဖေါက်ခံနေရတယ်။ ဒါတွေကို မျက်ကွယ်ပြုပြီး ကန့်ကွက်နေတာ အမျိုးသားရေးကို
သစ္စာဖေါက်တာပဲ"ဟု ဆရာတော်က မိန့်သည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)၏ ကြေငြာချက်တွင် မျိုးစောင့်ဥပဒေကို လေ့လာရန် တိုက်တွန်းချက်အပါအဝင် ထိုဥပဒေကို ကန့်ကွက်နေသူသည့် အဖွဲ့များအား အမျိုးသားရေးသစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း၊ လူ့အခွင့်မျက်လုံးဖြင့်ကြည့်ကာ နိုင်ငံတော်ကို သစ္စာမစောင့်ထိုင်းသူများကို
အပြင်းအထန်ရှုတ်ချကြောင်းနှင့် ယင်းဥပဒေနှင့် ပတ်သက်၍ မည်သူမဆို လာရောက်ဆွေးနွေးနိုင်ကြောင်း ရေးသားထားသည်။

ထိုနေ့တွင်ပင် အမျိုးသမီးအဖွဲ့များကလည်း ရန်ကုန်မြို့တွင် မျိုးစောင့်ဥပဒေကို ကန့်ကွက်ကြောင်းနှင့် ပတ်သက်၍ မီဒီယာများသို့ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

Mizzima Burmese

ရောဂါပိုး ကူးစက်ခြင်း (အမေးအဖြေ) (၃)


မေး။    ။ အဖေရော အမေရော အိတ်ခ်ျအိုင်ဗွီပိုး ရှိနေရင် မွေးလာတဲ့ ကလေးမှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနိုင်ပါသလား။
ဖြေ။    ။ ရှိနိုင်ပါတယ်။ ဒါပေမယ့် မွေးလာတဲ့ ကလေးတိုင်း အမေဆီက အိတ်ခ်ျအိုင်ဗွီပိုး ရမယ်လို့တော့ တစ်ထစ်ချ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါပိုးရှိတဲ့ အမေကမွေးတဲ့ ကလေး ၃ ယောက်မှာ ၁ ယောက် နှုန်းလောက်ပဲ ကူးစက်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။
မေး။    ။ ရောဂါမရှိပေမယ့် လိင်ဆက်ဆံမူများပါက အေအိုင်ဒီဘက်စ် ဖြစ်နိုင်ပါသလား။
ဖြေ။    ။ လိင်ဆက်ဆံဖက် များလေလေ ဒီရောဂါဖြစ်နိုင်ဖို့ အန္တရာယ်များလေလေ ပါပဲ။ အေအိုင်ဒီအက်စ် ရောဂါဟာ အကာအကွယ် မပါပဲ လိင်ဆက်ဆံမူကြောင့် အများဆုံး ကူးစက်ဖြစ်ပွားတာပါ။ ကိုယ်နဲ့ လိင်ဆက်ဆံတဲ့ သူဟာ ရောဂါပိုး ရှိမရှိ သေသေချာချာ ဘယ်လိုမှ မသိနိုင်ပါဘူး။ ရောဂါ လက္ခဏာမပေါ်သေးခင် ရောဂါ မရှိဘူးလို့ အထင်မှား နေကြတာပါ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူဟာ သာမန်လူကောင်းအတိုင်း ရှိနေနိုင်တယ်ဆိုတာ အမြဲသတိရပါ။
မေး။    ။ သွားနှုတ် ကရိယာတွေကနေ တဆင့် ကူးစက်နိုင်ပါသလား။
ဖြေ။    ။ အသုံးပြုတဲ့ သွားနုတ်ကရိယာတွေကို ပိုးသတ်ဆေးရည်၊ ဓါတုဗေဒ ဆေးရည်၊ ဒါမှ မဟုတ် ရေနွေးဆူဆူနဲ့ မိနစ် ၂၀ ပြုတ်ပြီး ပိုးသန့်စင်ထားရင် ရောဂါ မကူးနိုင်ပါဘူး။
မေး။    ။ ရောဂါပိုး ရှိ၊ မရှိ မသိပဲနဲ့ သွားတိုက်တံ အတူသုံးရင် ရောဂါ ကူးစက်နိုင်ပါသလား။
ဖြေ။    ။ ရောဂါပိုး ရှိသူ အရင် တိုက်ပြီးသား သွေးစတွေ ပေကျံနေတဲ့ သွားတိုက်တံကို ဆက်တိုက်မယ်ဆိုရင် ရောဂါ ကူးစက်နိုင်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး မကူးစက်အောင်၊ အထွေထွေ ကျန်းမာရေးနှင့်လည်း ညီညွှတ်အောင် သွားတိုက်တံ အတူမသုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။
မေး။    ။ ရောဂါရှိတဲ့ လူထိုင်ပြီးတဲ့ နေရာမှာ၊ အိပ်ပြီးတဲ့ နေရာမှာ ထိုင်ရင်၊ အိပ်ရင် ကူးစက်နိုင်ပါသလား။
ဖြေ။    ။ မကူးပါဘူး။ ဒီရောဂါဟာ သာမန်နေ့စဉ် အပြုအမူတွေကတဆင့် မကူးစက်နိုင်ပါဘူး။ ရောဂါ ကူးစက်တာက အဓိက လိင်ကစ္စနဲ့ မူးယစ်ဆေးထိုးတဲ့ ကိစ္စကြောင့် ဖြစ်တာပါ။
မေး။    ။ အဝတ်တော့ အတူ မဝတ်ပါဘူး။ ဒါပေမယ့် အဝတ်တွေကို ဘီဒိုတစ်ခုထဲမှာပဲ အထူတူ ထားတယ်ဆိုရင်ကော ကူးစက်နိုင်ပါသလား။
ဖြေ။    ။ အဝတ်အစား အတူတူ ဝတ်ရင်တောင် မကူးနိုင်တာ၊ ဘီတိုတစ်ခုထဲမှာ ထားတဲ့အဝတ်ကြောင့် မကူးနိုင်ပါဘူး။
မေး။    ။ ဒီရောဂါဟာ ဘာကြောင့် လူတွေပဲ ကူးနိုင်တာလဲ၊ တိရိစ္ဆာန်တွေမှာ ဘာကြောင့် မကူးတာပါလဲ။
ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုးဟာ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ရှင်သန်ပြန့်ပွားနိုင်ပါတယ်။ တိရစ္ဆာတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် လူအချင်းချင်းပဲ ရောဂါကူးနိုင်ပါတယ်။ အိမ်မွေး တိရိစ္ဆာန်တွေ၊ ခြင်၊ ယင်၊ ကြမ်းပိုး တွေကနေတဆင့် ရောဂါ မကူးနိုင်ပါဘူး။
မေး။    ။ အေအိုင်ဒီအက်စ် ရောဂါ ရှိတဲ့သူကို ကိုက်ထားတဲ့ခြင်က သာမန်လူကောင်းကို ကိုက်ရင် ရောဂါ ကူးနိုင်ပါသလား။
ဖြေ။    ။ လုံးဝ မကူးနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ -
၁။ အိတ်ခ်ျအိုင်ဗွီပိုးဟာ ခြင်ထဲမှာ၊ ခြင်ရဲ့ သွေးထဲမှာ အသက်မရှင်နိုင်ပါဘူး။
၂။ ခြင်ကိုက်လို့ အိတ်ခ်ျအိုင်ဗွီပိုး ကူးတယ်ဆိုရင် တစ်အိမ်ထဲအတူတူနေတဲ့ အိမ်သားတွေ အိမ်နီးနားချင်းတွေပါ ရောဂါ ဖြစ်လာမှာပေါ့။ ရောဂါကူးနိုင်တဲ့သူတွေဟာ လိင်ဆက်ဆံဖက်များတဲ့သူတွေ၊ မူးယစ်ဆေး အကြောထဲထိုးတဲ့ သူတွေရယ်၊ အဲဒီ သူတွေရဲ့ အိမ်ထောင်ဖက် ဇနီးမယား (သို့မဟုတ်) လိင်ဆက်ဆံဖော်တွေသာ ဖြစ်ပါတယ်။ သူတို့နဲ့ ခြင်အတူတူ အကိုက်ခံရသူတွေ အားလုံး ရောဂါမဖြစ်ပါဘူး။ ဒါကြောင့် ခြင်ကိုက်လို့ ရောဂါ မကူးနိုင်ပါဘူး။
မေး။    ။ ယောက်ျားကနေ မိန်းမ၊ မိန်းမကနေ ယောက်ျား ဘယ်ဟာက ပိုပြီး ကူးစက်လွယ်ပါသလဲ။
ဖြေ။    ။ ယောက်ျားကနေ မိန်းမကို ကူးတာ ပိုလွယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမရဲ့ မျိုးပွားအင်္ဂါတည်ဆောက်ပုံအရကိုက ရောဂါပိုးနဲ့ ထိတွေ့တဲ့ မျက်နှာပြင် ဧရိယာပိုကျယ်လို့ပါ။ ပြီးတော့ အိတ်ခ်ျအိုင်ဗွီပိုးရှိတဲ့ မိန်းမတစ်ယောက်ရဲ့ မိန်းမအင်္ဂါအရည်မှာ ပါတဲ့ ပိုးအရေအတွက်ထက် ပိုများလို့ပါပဲ။ နောက်တစ်ချက်ကတော့ အမျိုးသမီး အများစုဟာ ဒီရောဂါအကြောင်း မသိကြပါဘူး။ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ ဗဟုသုတ မရှိကြပါဘူး။ ဒီအကြောင်းတွေကို ဆွေးနွေးရမှာ ရှက်ကြပါတယ်။ ယောက်ျားတွေရဲ့ အလိုဆန္ဒကိုလည်း အလွန်ဆန်နိုင်ကြရှာပါဘူး။ သူတို့ ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းလည်း မရှိရှာတဲ့ အတွက်ကြောင့်လည်း ယောက်ျားတွေဆီကနေ မိန်းမတွေဆီကို ရောဂါ အလွယ်တကူ ပိုပြီး ကူးစက်ကြပါတယ်။
မေး။    ။ ရိုးသားတဲ့ တောင်သူ အမျိုးသမီးကြီး တစ်ယောာက်မှာ ဘာဖြစ်လို့ အေအိုင်ဒီအက်စ် ရောဂါဖြစ်ရတာပါလဲ။ သူ့မှာ အိမ်ထောင်လဲ မရှိဘူး။ ရောဂါကူးနိုင်တဲ့ အန္တရာယ်ဆိုလို့ ဆေးရုံတက်ပြီး သားအိမ်ခွဲတုန်းက သွေးသွင်းဖူးတာပဲ ရှိပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရတာပါလဲ။
ဖြေ။    ။ ဆေးရုံမှာ သွေးသွင်းရင် အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ စစ်ပြီးမှ ရောဂါပိုး မရှိတဲ့ သွေးကိုပဲ သွင်းပေးပါတယ်။ ဒါပေမယ့် သွေးစစ်ကြည့်လို့ အိတ်ခ်ျအိုင်ဗွီပိုး မရှိဘူးဆိုတဲ့ သွေးတစ်ချို့ဟာ စိတ်မချရသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သွေးစစ်တယ်၊ ဆိုတာ ရောဂါပိုးကို စစ်တာ မဟုတ်ပါဘူး။ ရောဂါပိုးကြောင့် ထွက်လာတဲ့ ပဋိပစ္စည်းကို စစ်တာပါ။ အဲဒီ ပဋိပစ္စည်းတွေ ထွက်လာဖို့ ၃ လ လောက်စောင့်ရပါတယ်။ ရောဂါပိုး ကူးစက်ခံရပြီးတာ သိပ်မကြာသေးရင် သွေးစစ်ပေမယ့်လည်း ရောဂါပိုး မရှိဘူးလို့ပဲ အဖြေထွက်တယ်။ အဲဒီလိုသွေးမျိုးကို သွင်းမိတဲ့ အတွက် တောင်သူ အမျိုးသမီးကြီးမှာ အေအိုင်ဒီအက်စ် ရောဂါဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သွေးလှူရှင်များဟာလည်း ရောဂါပိုး လုံးဝကင်းပြီး စိတ်ချရတဲ့ သွေးလှူရှင်တွေ ဖြစ်နေဖို့ အင်မတန် အရေးကြီးပါတယ်။
မေး။    ။ ဒါဆိုရင် ကိုယ်မသိတဲ့ သူတွေဆီက သွေးကို သွင်းချင်ရင် ရောဂါပိုး ရှိမရှိ စစ်ပြီးပေမယ့်လည်း စိတ်မချရဘူးပေါ့။ ဒီလို နည်းနဲ့ရော ပိုးမကူးစက်အောင် ဘယ်လို စီစဉ်ရပါမလဲ။
ဖြေ။    ။ ဒီနဲ့နဲ့ ရောဂါ မကူးစက်အောင် ရောဂါပိုး ကင်းစင်တဲ့ သွေးသန့်သန့်ရရှိ အသုံးပြုနိုင်ဖို့ ဆောင်ရွက်ရပါမယ်။ အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်နိုင်တဲ့၊ အမူအကျင့် လုံးဝမရှိတဲ့ စေတနာ သန့်သန့် သွေးလှူရှင်တွေကို စည်းရုံးဟော ပြောပြီး “စေတနာသွေး လှူရှင်အသင်း” ဖွဲ့ထားဖို့ လိုပါတယ်။ အရပ်ထဲမှာ သွေးသွင်းကုသဖို့ သွေးလိုခဲ့ရင် “စေတနာသွေးလှူရှင်အသင်း” ကို ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း အရပ်သားတွေကို ကြိုတင်အသိပေးဖို့လည်း လိုပါတယ်။ သွေးလှူဘဏ်တွေ၊ ဆေးရုံကြီးတွေမှာ ယခုအခါ သွေးလှူရှင်များအား ပညာပေးစည်းရုံးခြင်း၊ အန္တရယ်များသော အပြုအမူများကို ရှောင်ရှားစေခြင်းဖြင့် ရောဂါပိုး ကင်းစင်တဲ့ သွေးသန့်များ ရရှိရေးကို ဆောက်ရွက်လျက် ရှိပါတယ်။
ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIV information for Myanmar

အခြေခံဥပဒေဖြင့် အာဏာသိမ်းထားခြင်းလော


  ၂၀၀၈ဖွဲ့စည်းပုံတွင် “တိုင်းပြည်ချောက်ထဲကျဖို့ရန် လက်တစ်လုံးအလို စီမံချက်ကြီး”များဖြင့် အာဏာပြန်လည် သိမ်းယူနိုင်သည်အထိ ဖန်တီးထားသည်ကို တွေ့ရသည် . . .

၅၉ (စ) မပြင်ဆင်ရေးလာပြီ

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ် ရေးအတွက် ကြိုတင်ဖန်တီးရေးဆွဲခဲ့သည် ဟု နိုင်ငံရေးရပ်ဝန်းမှ ဝေဖန် လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) ပြင် ဆင်ရေး၊ မပြင်ဆင်ရေး ဒွိဟပွားနေမှုအပေါ် ရှင်းလင်း ပြတ် သားသော သဘောထားတစ် ရပ်အား ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူအများ အမြင်ရှင်းသွားစေရန် လှုပ်ရှားမှု တစ်ခု ကို ၂၀၁၄ မေလ ၃ ရက်နေ့က ပြုလုပ်ခဲ့ သည်။ လေးမျက်နှာမြို့နယ်တွင် မေလ ၂ရက်က NLD ပါတီမှ ဦး ဆောင်၍ ၅၉(စ) အပါအ၀င် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ပြီး နောက်တစ်ရက် မေလ ၃ ရက် တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ၅၉ (စ) မပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ ဤမတိုင်မီ ၅၉ (စ) မပြင်ဆင်ရေး ဟောပြောပွဲ၊ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ဖူးသော် လည်း ပြည်ခိုင်ဖြိုးပါတီ ၏ ခေါင်း စဉ်အောက်တွင်တော့ မဟုတ်ခဲ့ချေ။ မေ လ ၃ ရက် ၅၉ (စ) မပြင်ဆင်ရေးဆန္ဒ ထုတ်ဖော်ပွဲကား ပြည်ခိုင်ဖြိုးပါတီမှ ပထမ ဆုံးအကြိမ် ဦးစီးပြုလုပ်ခြင်း လည်း ဖြစ်သည်။… ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ် မည်ကို မလိုလားသော ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားအား တိုင်းသိပြည်သိကြေ ညာလိုက်ခြင်းလည်း မည်၏။ လက်ရှိ အစိုးရ၏ ဆင်ခြေပေးနေကျ မူအတိုင်း ““အောက်ကလုပ်တာ အပေါ်ကမသိလိုက်ဘူး””ဟုဆိုလျှင် မူကား ပြည်ခိုင်ဖြိုးပါတီ အောက်ခြေပိုင်းသည် ဗဟိုကော်မတီအား မထီမဲ့မြင်၊ လျစ်လျူရှုကာ ကိုယ့်သဘော နှင့် ကိုယ်လုပ်ခွင့် ရှိသည့်သဘော သက်ရောက်နေသည်မှာ ဧကန်ဟုသာဆိုရမည်။ သို့သော် အထက်- အောက် စီးဆင်းပုံ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော ပြည်ခိုင် ဖြိုးပါတီ၏ ဖွဲ့စည်းပုံရှုထောင့်မှကြည့်လျှင် နာယကကြီးများ၊ ဗဟိုကော်မတီဝင်များ၏ သဘောထားဟုသာ ယူဆရပါလိမ့်မည်။ ပြည်ခိုင်ဖြိုးကား ၅၉ (စ)အား ပြင်ဆင်ရန် အလိုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မပေးနိုင်ဟု တစ်နိုင်ငံလုံး အား တိုင်းသိပြည်သိ ပထမဆုံး ကြေညာ လိုက်ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မကြာမီကာလများတွင် ၅၉ (စ) မပြင် ဆင်ရေး အတွက် ပြည်ခိုင်ဖြိုးဘက် တော်သားများက ဆန္ဒထုတ်ဖော်ပွဲများ ထပ်မံပြုလုပ်လာနိုင်ဖွယ်ရှိ၍ ဖြစ်သည်။

တိုက်ဆိုင်စွာပင် ဧပြီ ၂၀ ရက်၌ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈မျိုးဆက်ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပြီး လူထုဟောပြောပွဲများ၊ ဆန္ဒထုတ်ဖော်ပွဲများ၊ လက်မှတ်ရေးထိုးလှုပ်ရှား မှုများဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးလှုပ်ရှားမှု များအား အရှိန်မြှင့်တင်ရန်ဆုံးဖြတ်၍ ပထမ ဆုံးအကြိမ်အဖြစ် NLD နှင့် ၈၈ တို့ ပူးပေါင်း ပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကြသည်။

မေလ ၃ ရက် ပြည်ခိုင်ဖြိုး၏ ၅၉ (စ) မပြင်ဆင်ရေးလှုပ်ရှားမှုသည် NLD ၏ ၅၉ (စ) ပြင်ဆင်ရေး လှုပ်ရှားမှု များအား တန်ပြန် အဟန့်သဘောဆောင်နေသည် ဟု နိုင်ငံရေးရပ်ဝန်းက ဝေဖန်သုံးသပ်ခဲ့ကြ သည်။ လွှတ်တော်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်း ထားသည်မှာ နှစ်ဝက် ခန့်ရှိ နေပြီဖြစ် သော်လည်း ပြည်ခိုင်ဖြိုးပါတီဝင်အများစုပါဝင်သော ကော်မတီမှ မည်သည့် အချက်များပြင်ဆင် မည်၊ မည်သည့် အချက်များမပြင်ဆင်ဟူ၍ တိတိကျကျထုတ်ပြန်ကြေညာခြင်းမရှိဘဲ ကော်မတီတွင်းဆွေးနွေးမှုများအား လျှို့ ၀ှက်ထားရမည်ဟူ၍ သတင်းမီဒီယာတစ်ခု ၏ဖော်ပြချက်အရ သိရသည်။ အခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီ သည် ပြည်တွင်း၊ ပြည်ပတွင် မျက်နှာပန်းလှရုံသက် သက်ဖွဲ့စည်းထားသောကော်မတီဟု ဆိုရ မလိုပင် လက်ရှိ ကာလအထိ ထိရောက် သော သက်ဝင်လှုပ်ရှားမှုမျိုးကား မမြင် တွေ့ရသေးချေ။ အတိတ်မေ့ သလိုလို၊ ရွှေ ပျောက်သလိုလို လုပ်နေသည်ဟုပင် နိုင်ငံရေးသုတေသီတစ်ဦးက ဆိုခဲ့သည်။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် ပြည် သူတွေ ပြင်ချင်သော ဆန်္ဒရှိလျှင် ပြင်ဆင် သင့်ကြောင်း အာဏာရပြည် ခိုင်ဖြိုးပါတီ၏ အကြီးအကဲက ဆိုခဲ့လေသနည်း။ ပြည် ထောင်စုလွှတ်တော်နာယကကြီးကလည်း လွှတ်တော်ထဲ တွင် ဖွဲ့စည်းပုံပြင်ဆင်လိုသူ ကိုယ်စားလှယ်တွေက အများစုဖြစ်ပါသည် ဟု ဆိုခဲ့လေသနည်း။ အများစုဆို သည်မှာ လည်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များဖြစ် ၍ ပြည်ခိုင်ဖြိုးမှဦးဆောင်၍ ဖွဲ့စည်းပုံမပြင် ရေး ၅၉(စ)အား ဆန်္ဒထုတ်ဖော်ပွဲများလုပ် နေသည်ဆိုလျှင် ပြည်ခိုင်ဖြိုးမှမည်သည့် အချက်များ မပြင်ချင်သည်ကို ခန့်မှန်း၍ပင် ရနိုင်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆လ အလိုတွင် ဖွဲ့စည်းပုံမှ ပြင်ဆင်သင့်သည်များ ပြင်ရမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက၏ ပြောကြားထားချက်အရဆိုလျှင် ၅၉(စ)ကိုတော့ ပြင်ဆင်မပေးချင်သည့် သဘောရှိ သည်ဟု ကောက်ချက်ချနိုင် သည်။ ထို့ပြင် မကြာမီကာလက ပြောကြား သွားခဲ့သော သမ္မတ မိန့်ခွန်းနှင့် ကာချုပ် မိန့်ခွန်းတို့ကိုထောက်ရှုလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သော့ခလောက်သဖွယ် ဖြစ်သော ပုဒ်မ ၄၃၆ အားလည်း ပြင်ဆင် မပေးနိုင်ဟု ယူဆ၍ရသည်။ ပုဒ်မ ၄၃၆ မပြင်လျှင် (သို့) စတိသဘော စကား ရပ် အနည်းငယ်သာပြောင်းလဲပြင်ဆင်၍ ပုဒ်မ ၄၃၆ အား သော့ခလောက်အဖြစ် ဆက် လက်ထား ရှိမည်ဆို လျှင် ဖွဲ့စည်းပုံ ပြင် ဆင်ရေးမှာ ဟန်ပြသဘောသာ ဖြစ်နေ ပေလိမ့်မည်။

မေလ ၃ရက် လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်သော ဆန္ဒထုတ်ဖော်ပွဲတွင် အချက်သုံးချက် အား တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့သည်။ (၁) ၅၉(စ) မပြင်ဆင်ရေး၊ (၂) အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး၊ (၃) တည်ငြိမ် အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး စသည့်အချက် များအား ဆိုင်းဘုတ်များကိုင်ကာ တောင်း ဆိုဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး

အာဏာရှင်အစိုးရအဆက်ဆက် သည် သံဃာတော်များ နိုင်ငံရေးကင်းရှင်း ရမည်ဟု အကြိမ်ကြိမ်ဆိုခဲ့သည်။ ထိုသို့ ဆိုလျှင် နိုင်ငံရေးနယ်ပယ်တွင်လည်း ဘာသာရေးအား ခုတုံးလုပ်အမြတ်ထုတ်၍ နိုင်ငံရေးကစားကွက် အသာမယူသင့်ဟု ယူဆမိပါသည်။ ဘာသာတရားကိုင်းရှိုင်း သော ဗုဒ္ဓဘာသာ မြန်မာလူမျိုးအများစု အတွက် ““အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး””ဟူသောစကားရပ်သည် သည်း ခြေကြိုက်စကားရပ်ဖြစ်သည်။ ၅၉(စ)ပုဒ်မ သည် နိုင်ငံရေးနယ်ပယ်မှဖြစ်သည်။ ပြည် ခိုင်ဖြိုးပါတီဝင်ပြောဆိုသော ““အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး””သည် ၅၉(စ) ၏ အခြေခံအုတ်မြစ်ဖြစ်သည်ဆိုသည်မှာ နိုင်ငံရေးနှင့် ဘာသာရေးအား ရော ထွေး တွဲစပ်ဖန်တီးယူခြင်းပင်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကမ္ဘာသိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသော ဘာသာရေးဆန်သည့် လူမျိုးရေး ပဋိပက္ခ များ၊ အမျိုးသားရေး အစွန်းရောက် ပြဿနာများတွင် မီဒီယာများ၏အမြင်မှန်ကန်မှု၊ ဘက် နှစ်ဖက်မျှတမှုဖြင့် ဖော်ပြနိုင်စွမ်းရှိမှုသည် ကမ္ဘာ့အလယ်တွင် တိုင်းပြည်၏ ဂုဏ်သိက္ခာ မကျဆင်းစေရေးအတွက် လွန်စွာ အရေးပါ သော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ မီဒီယာကျင့်ဝတ်နှင့်အညီ ဘက်နှစ် ဖက် မျှတအောင် အမုန်းခံရမည်ကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ တင်ပြနိုင်စွမ်းသည် လွန်စွာအရေးကြီးလေသည်။ လက်ရှိကာလ အထိ မငြိမ်းနိုင် သေး သော ပဋိပက္ခများသည် နိုင်ငံရေးပယောဂကြောင့်လား၊ လူထု၏ အသိရေချိန် မရင့်ကျက်မှုကြောင့်လား ဆို သည်ကို ပညာရှင်များ၊ တာဝန်ရှိသူများ ၀ိုင်းဝန်းအဖြေရှာသင့်ပေသည်။

ကွယ်လွန်လေပြီးသော သတင်းစာ ဆရာကြီး ဦးဝင်းတင်ကတော့ နိုင်ငံရေး ပယောဂမဟုတ်ရင်တောင် ပယော ဂတော့ ပယောဂပဲဟု ကောက်ချက်ချခဲ့ဖူးသည်။

၂၀၁၅ ရွေးကောက်ပွဲကြီး နီးကပ် လာသည်နှင့်အမျှ အမုန်းတရား ဖြန့်ဖြူး ရေးအေဂျင်စီများ အလျှိုလျှို ပေါ် ပါက်လာ နိုင်ပြီး နိုင်ငံရေးအာရုံလွှဲခြင်း (Political masturbation) များ ဖြစ်ပေါ်နိုင်သည်ကို ပြည်သူတစ်ရပ်လုံး အထူးဂရုပြုစောင့်ကြည့် ရန် လိုပေလိမ့်မည်။

တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး

န၀တ၊ နအဖလက်ထက်က ဆောင် ပုဒ်နှင့် အသွင်တူ စကားရပ်ပင်ဖြစ်သည်။ ယခင်စစ်အာဏာရှင်ခေတ်တွင် နိုင်ငံရေး လှုပ်ရှားမှုတိုင်းအား အမျိုးသားလုံခြုံရေး ရှုထောင့်တစ်ခုတည်းမှသာ ရှုမြင်၍ နိုင်ငံ ရေးဆိုသည်မှာ နှိမ်နင်းရန်သာဖြစ်ပြီး ထို နှိမ်နင်းမှုအတွက်လည်း တရားမျှတသည် ဟု စစ်အာဏာရှင်များ ခံယူခဲ့ကြသည်။ လက်ရှိ ဒီမိုကရေစီအကူးအပြောင်းကာလ တွင် လူပုဂိ္ဂုလ်အခြေပြု အာဏာချုပ်ကိုင် ခြင်းမရှိတော့သော်လည်း ၂၀၀၈ အခြေခံ ဥပဒေဖြင့် အာဏာအား ထိန်းချုပ်ထားသော အခင်းအကျင်းအား ဖန်တီးထားခဲ့သည်။

၂၀၀၈ အခြေခံဥပဒေတွင် အာဏာ မပြိုလဲအောင် ခံတပ်အဆင့်ဆင့်ဖြင့် သေ ချာစွာ စနစ်တကျ စီမံထား သည်ကို လည်း တွေ့ရသည်။ ၂၀၀၈ဖွဲ့စည်းပုံတွင် ““တိုင်း ပြည်ချောက်ထဲကျဖို့ရန် လက်တစ်လုံး အလို စီမံချက်ကြီး””များဖြင့် အာဏာပြန် လည်သိမ်းယူနိုင်သည်အထိ ဖန်တီးထား သည်ကို တွေ့ရသည်။

သုံးသပ်ချက်

အချုပ်အားဖြင့်ဆိုသော် ဒီဘူတာပဲ ပြန်ဆိုက်ပါတော့မည်။ အခြေခံဥပဒေ၏ အရေးကြီးပုဒ်မများပြင်ဆင်ရပါမည်။ ပြည် တွင်းငြိမ်းချမ်းရေး၊ လူမှုစီးပွားများတိုးတက် ရေး၊ တရားဥပဒေစိုးမိုးရေး အစ ရှိသဖြင့် ခေတ်နောက် ကျန်ရစ် နေသော တိုင်းပြည် အနာဂတ်အတွက် အရေးပါသောကဏ္ဍများ ပြုပြင်ပြောင်းလဲချောမွေ့ရန်မှာ ၂၀၀၈ အခြေခံဥပဒေအား အကောင်းဆုံး မွမ်းမံ ပြင်ဆင်ရပါလိမ့်မည်။ မဟုတ်သော် အရပ် သားတစ်ပိုင်း အစိုးရသည် လည်း ၂၀၀၈ အခြေခံဥပဒေဖြင့် အာဏာသိမ်းထားခြင်း ဟုသာ ယူဆရပါတော့မည်ဖြစ်ပါကြောင်း။

လင်းထိုက် (Y.I.T)
Myanmartandawsint Newspaper

သင်ခန်းစာ


ဆာလောင်နေသော မြေခွေးသည် တောတစ်ခုလုံးအနှံ့ စားစရာရှာသည်။ မမျှော်လင့်ပဲ
မြင်းတစ်ကောင်ကို တွေ့သည်။
”ဟေ့ မြင်း၊ မင်းကို ငါစားရမယ်”
”ငါ့ကို စားလို့ မရဘူး”
”ဘာဖြစ်လို့လဲ”
”ငါက ဦးပိုင်ကုမ္ပဏီရဲ့မြင်းဖြစ်နေလို့”
”ဘာဆိုင်လို့လဲ”
”ဒီလိုလေ၊ ဆိုကြပါစို့။ ပုဂ္ဂလိကပိုင်မြင်းကို မင်းစားလိုက်တယ်
ဆိုပါစို့။ ပိုင်ရှင်ဟာ မင်းကို တစ်ရက်နှစ်ရက်ထက် ပိုမရှာနိုင်ပါဘူး။
နောက်ဆုံး မောပြီး သူလက်လျှော့လိုက်မှာပဲ။ ဦးပိုင်မှာကျတော့ အသင်းဝင်တွေ
အများကြီးရှိတယ်။ သူတို့ ဝိုင်းရှာလိုက်ရင်၊ မင်းကို ခဏလေးနဲ့
ဖမ်းမိမှာကွ”
”မင်းပြောတာ သဘာဝကျပါတယ်။ ဒါပေမယ့် မင်းဟာ ဦးပိုင်ကုမ္ပဏီက မြင်းဆိုတာ
ဘယ်လိုလုပ်သက်သေထူမလဲ၊ ကဲ”
”ငါ့ရဲ့နောက်ခြေထောက်မှာ ဦးပိုင်ကုမ္ပဏီတံဆိပ်ပါတဲ့ သံခွာရိုက်ထားတယ်။
ကြည့်ပါလား”
မြေခွေးငုံကြည့်သည်။ ဤအချိန်တွင် မြင်းက ဖနောင့်နှင့်
မြေခွေးကိုပေါက်ကန်လိုက်ရာ မြေခွေး လွင့်စင်ထွက်သွားသည်။ သုံးမိနစ်ခန့်
သတိမရဘဲဖြစ်သွားသည်။ သတိပြန်လည်လာသောအခါ မြေခွေးကအောက်ပါအတိုင်းပြောသည်။
”ငါကိုက မိုက်တာ၊ စာ မဖတ်တက်ဘဲနဲ့များ ငုံကြည့်ရတယ်လို့”

ရဲစတိုင်း
The Myanma Age

စည်းကမ်း မလိုက်နာသည့် ယာဉ်မောင်းများကို လိုင်စင် ရာသက်ပန်ပိတ် သိမ်းမည်ဟုဆို

ရန်ကုန်မြို့လယ်တွင် ယာဉ်ထိန်းရဲတစ်ဦး လမ်းရှင်းနေစဉ်။ ဓာတ်ပုံ - ရဲနောင် (ဖယ်ခုံ)

 ရန်ကုန်၊ မေ ၉ - ယာဉ်စည်းကမ်း မလိုက်နာသည့် ယာဉ်မောင်းများ၏ လိုင်စင်ကို ရာသက်ပန်ပိတ်သိမ်းသည် အထိ အရေး ယူဆောင် ရွက်တော့ မည် ဖြစ်ကြောင်း သိရသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာ န၏ လက်အောက်တွင်ရှိသော ကုန်း လမ်း ပို့ဆောင်ရေးဌာနမှ ထုတ်ဝေ ထားသည့် ၁၉၆၃မော်တော်ယာဉ်နည်း ဥပဒေ ကို ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ၎င်းဝန်ကြီးဌာနတို့ မှညှိနှိုင်းကာ ယခု လအတွင်း နည်းဥပဒေပါအတိုင်း ယာဉ်စည်းကမ်းချိုးဖောက်သည့် ယာဉ်မောင်းများ ၏လိုင်စင်ကို ကန့် သတ်ချက်(သို့)ရာသက်ပန်အထိ ပိတ်သိမ်းအရေးယူတော့ မည်ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က မေ ၉ရက်တွင် မီဒီယာများသို့ပြောကြား သည်။

''ယာဉ်စည်းကမ်းလိုက်နာမှုမ ရှိတဲ့ယာဉ်မောင်းတွေကို ၁၉၆၃ နည်းဥပဒေ အတိုင်းလိုင်စင်ကို ခြောက် လပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ဝန်ကြီးဌာနကိုတင်ပြတဲ့အခါ နည်း တယ်လို့ပြောတယ်။ အရေးယူမှုတွေ ကို အခုလာမယ့်နှစ်ပတ်အတွင်းမှာ စတင်လုပ်ဆောင်တော့မှာဖြစ်ပါ တယ်''ဟု ဒုရဲမှူးကြီးလင်းထွဋ်က ဆိုသည်။

ယခုကဲသို့ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ အရေးယူဆောင်ရွက်မည့်ကိစ္စနှင့် ပတ်သက်ပြီး အဆိုပါစနစ်ကို တိကျစွာ လုပ်ဆောင်နိုင်ပါက များစွာ အကျိုးပြုနိုင်မည်ဖြစ်သော်လည်း ထို့ကဲ့သို့မ ပြုလုပ်နိုင်ပါက ယာဉ်ထိန်း ရဲတချို့နှင့် ယာဉ်မောင်းတချို့ကြားတွင် ကြီးမား သည့်လာဘ်ပေး လာဘ်ယူမှုများဖြစ် လာနိုင်ခြင်းနှင့်ပတ် သက်ပြီး ဝေဖန် ပြော ဆိုမှုများလည်း ရှိနေကြောင်း သိရသည်။

''ယာဉ်ထိန်းရဲတွေအနေနဲ့ ဥပ ဒေအတိုင်း တိတိကျကျပြုလုပ်မယ် ဆိုရင်တော့ ယာဉ်တိုက် မှုတွေတော် တော်လေး လျော့ ကျသွားမှာဖြစ်ပါ တယ်။ စည်းကမ်းပျက်ယာဉ်မောင်း တွေလဲ ဆင်ခြင်လာမယ်လို့ ထင်ပါ တယ်။ ဒါပေမဲ့အဂတိ လိုက်စားမှုကို တော့ဆင်ခြင်နိုင်မှ ဒီစနစ်ကပိုပြီး အောင်မြင် မယ် လို့ ထင်ပါတယ်။ ဥပ ဒေအတိုင်း ဆောင်ရွက် တဲ့အခါမှာ လာဘ်ပေး လာဘ်ယူပါလာရင် ဘယ် လိုဆောင်ရွက်ရွက်အောင်မြင်မှာ မ ဟုတ်ပါဘူး။ ယာဉ်တိုက်မှုတွေလဲ ဒုံ ရင်းက ဒုံရင်း အတိုင်း ဆက်ဖြစ်နေ မှာသေချာ တယ်''ဟု ယာဉ်မောင်းတစ် ဦးမှ ၎င်း၏အမြင်ကိုပြောပြသည်။

၂၀၁၄ခုနှစ် ဇန်နဝါရီလမှ ဧပြီ လအတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှု ၅၇၉၅မှုဖြစ်ပွားခဲ့ပြီး၊ ၁၆၅၂ဦးသေဆုံး၍ ၉၅၈၁ဦး ဒဏ် ရာရခဲ့ကြောင်း သိရသည်။''အရင် ၁၅ဝဝ ဒဏ်ငွေနဲ့ တုန်း က တောင် ယာဉ်ထိန်းကဖမ်းလိုက်ရင် နှစ်သောင်း၊ သုံးသောင်းလောက်ကုန် တာ။ အခုလိုလုပ် မယ်ဆိုတော့ သေ ချာတယ်။ ယာဉ်ထိန်းတွေကို ပိုက်ဆံ အများကြီးပေးပြီး ညှိရ တော့မှာ ပေါ့။ ဘာလို့လဲဆိုတော့ လိုင်စင်ကိုရာ သက် ပန်ပိတ်တဲ့အထိတော့ ဘယ်သူက အ ဖြစ်ခံမှာလဲ''ဟု စမ်းချောင်းရှိ အငှား ယာဉ်မောင်းတစ်ဦးက ဆိုသည်။

၁၉၆၃မော်တော်ယာဉ်နည်းပဒေနှင့်လိုင်စင်ပိတ်သိမ်းခံရသည့်ယာဉ် မောင်းများ လိုင်စင်မဲ့မောင်းနှင်လျှင် ယာဉ်မောင်းများအား ပုဒ်မ ၂၁၊ ၆၄နှင့် ထောင်ချအရေးယူမည့်ဖြစ်ပြီး ယခုကဲ့ သို့ပြု လုပ်ခြင်း သည် မြန်မာနိုင်ငံရှိ စည်း ကမ်းမဲ့ယာဉ်မောင်းများ ၏မီးနီဖြတ် မောင်းမှု၊ ကွေ့ကြောဖြတ်မောင်းမှု၊လမ်းပြောင်းပြန်မောင်းနှင်မှုတို့ကြောင့် ဖြစ်ပွားသည့် ယာဉ်တိုက်မှုများ အား လျော့ကျစေရ န်ရည်ရွယ်၍ ပြုလုပ်ရ ခြင်းဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က မေ ၉ရက်နေ့တွင် မီဒီ ယာများသို့ ပြောကြားသည်။

''ယာဉ်ထိန်းရဲတွေအနေနဲ့ အ ရေးယူဆောင်ရွက်တဲ့အခါမှာ ထိထိ ရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်။ တချို့ယာဉ်ထိန်း ရဲတွေက ယာဉ်မောင်း တွေကို ငွေလိုချင်လို့ ပိုက်ဆံညှိတာတွေ ရှိ တယ်။ အဲဒီလိုညှိတဲ့ယာဉ်ထိန်းရဲ တွေကို စံပြဖြစ်အောင် ထိထိရောက် ရောက် အရေးယူသင့်တယ်။ လာဘ် ပေးလာဘ်ယူမှုကို လုပ်နေမယ်ဆိုရင် တော့ ဘယ်လိုနည်းဥပဒေမှ ယာဉ် စည်းကမ်း ချိုးဖောက်မှုတွေ ကို ကာ ကွယ်နိုင်မှာမဟုတ်ပါဘူး''ဟု မင်္ဂ္လာ ဒုံမှ အငှားယာဉ်မောင်း ကိုဇော်ထက် အောင်က ဆိုသည်။

နေမင်းခ

[--Democracy today Daily Newspaper--]
Myanmar News Network

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကို ဂုဏ်ပြု၍ ပန်းပုထုမည်


မြန်မာနိုင်ငံ၏ မိုးလေဝသ ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာထွန်းလွင်ကို ဂုဏ်ပြုသောအားဖြင့် မေလ ၁၃ ရက်နေ့ ကဆုန်လပြည့်နေတွင် ပုံတူပန်းပုရုပ် ထုလုပ်ခြင်းနှင့် ပုံတူရေးဆွဲခြင်းကို ပြုလုပ်မည် ဖြစ်ကြောင်း ပန်းပုပညာရှင် ဦးကျော်ကျော်မင်းက ပြောကြားသည်။

အဆိုပါ ဂုဏ်ပြု ပန်းပုထုခြင်းကို အမှတ် ၆၂ ပထမထပ် ပန်းဆိုးတန်းလမ်း ရန်ကုန်မြို့ရှိ လောကနတ် ပန်းချီပြခန်းတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်မည် ဖြစ်ပြီး ပန်းချီပညာရှင်များဖြစ်သူ ဦးရွှေမြင့်နှင့် ဦးသာဆန်း တို့ကလည်း ပုံတူပန်းချီ ရေးဆွဲမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ဆရာကြီးရဲ့ ပုံတူကို ဂုဏ်ပြု အမှတ်တရ အနေနဲ့ ပေးချင်လို့ပါ။ ပန်းပုကတော့ ရွှံ့နဲ့အရင်ထုပြီး မိုလောင်းမှာပါ” ဟု ဦးကျော်ကျော်မင်းက ဆိုသည်။ ယင်းသို့ ၎င်းပုံတူ ဂုဏ်ပြုပန်းပု ထုလုပ်သူများကို ရွှေ FM မှဂုဏ်ပြုချီးမြှင့် ငွေတစ်ဦးလျှင် ကျပ်ငါးသိန်း ပေးအပ်မည်ဟု ကြားသိရကြောင်း ဦးထွန်းလွင်က ပြောကြားသည်။

“အခုလို ပန်းပုထုပြီး ဂုဏ်ပြုခံရတဲ့အတွက် အံ့သြဝမ်းသာရ ပါတယ်။” ဟု ၎င်းကဆိုသည်။ ပန်းပုပညာရှင် တစ်ဦးဖြစ်သူ ဦးကျော်ကျော်မင်းသည် ဗိုလ်ကလေးတင့်အောင်၊ လယ်တွင်းသား စောချစ်နှင့် ဆရာမ ဒေါ်သန်းမြင့်အောင်တို့၏ ပုံတူရုပ်တု များကိုလည်း ဂုဏ်ပြုအမှတ်တရ ထုလုပ်ပေးခဲ့ဖူးသည်။

The Voice Weekly