၁၉ရက်၊ ၆လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ

စိတ်ဝင်စားသည့် သတင်းအား နှိပ်၍ ဖတ်ရှုပါ။




ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ


၁) ကြက်ဥတစ်လုံးကျကွဲပြီး ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံးကျနေ
တယ်ဆိုရင် ဖိတ်ကျနေတဲ့ ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ... ပြီးရင် ခဏစောင့်ပါ.... နည်းနည်းကြာရင် ပေခြင်းပွခြင်းမရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်....

၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ... အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်...

၃) ပန်းကန်စင် စာအုပ်စင် စတဲ့စင်တွေပေါ်မှာ ပုရွက်ဆိတ်တွေတက်နေရင် ဆားဖြူးပေးလိုက်ပါ... ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်....

၎) ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲစိမ်ထားပါ... ကြေးခွံတွေအ
လွယ်တကူ ချွတ်နိုင်ပါလိမ့်မယ်...

၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေအလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်းငယ်ရောနှောထည့်ထားပါ...

၆) အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင်ပါတယ်...

၇) ကြက်ဥတွေကောင်းမကောင်းစမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ခွက်ထဲ
စိမ်ကြည့်ပါ.... ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့တဲ့ကြက်
ဥက ပေါလောပေါ်နေပါလိမ့်မယ်...

၈) ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်းခပ်လိုက်ပါ... ကွဲနေတဲ့ကြက်ဥတွေက သူ့အခွံထဲမှာပဲ ရှိနေပါလိမ့်မယ်....

၉) ရှုံ့တွနေတဲ့ပန်းသီးတွေကို ဆားအတော်အသင့်ခတ်ထားတဲ့ရေထဲ စိမ်ထားလိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်...

၁၀) မုန့်လုပ်တဲ့ဒယ်ပြားကို ဆားနဲ့ပွတ်ပေးထားရင် မုန့်တွေမကပ်တော့ပါဘူး....

၁၁) သွားတိုက်တံကို မသုံးခင်ဆားရည်ထဲစိမ်ထားခြင်းဖြင့် သက်တမ်းပိုကြာကြာ အသုံးပြုနိုင်ပါတယ်...

၁၂) ကော်ဖီအိုးကိုအရောင်ချွတ်တဲ့အခါ ဆားနဲ့ပွတ်ပြီးချွတ်နိုင်ပါတယ်...

၁၃) ဆားနဲ့ တာပင်တိုင်ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေကို ဖြူအောင်ဆေးနိုင်ပါတယ်...

.
နှိုင်းရင့်နွေ


ဝဖြိုးလွန်းသည့် ရုပ်အလောင်းကို ဩစတြေးလျ ရေခဲတိုက် လက်မခံ


သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းမှာ အလွန်ဝနေသည်ဆိုသော အကြောင်းပြချက်ဖြင့် ဩစတြေးလျ ရေခဲတိုက် တစ်ခုက ငြင်းဆန်ခဲ့သည်။

ဈာပနလုပ်ငန်းများအတွက် စီစဉ်ညွှန်ကြားသည့် အမျိုးသမီး တစ်ဦးက ရေခဲတိုက်က ရုပ်အလောင်းကို လက်ခံရန် ငြင်းဆိုမှုကြောင့် အဆိုပါ အလောင်းကြီးကို မိမိ၏ ကားနောက်ခန်းတွင်ပင် ထည့်ထားပြီး နေအိမ်၌ တစ်ညတာ ထားရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဂျိုအန်နာ ကမ်မင်းစ်က သူမသည် ကီလိုဂရမ် (၂၀၀)ထိ အလေးချိန်ရှိသော အလောင်းကို ရေခဲတိုက်သို့ သွားရောက်အပ်နှံ ပို့ဆောင်သော်လည်း ရေခဲတိုက် ဝန်ထမ်းများက လက်မခံသည့်အတွက် နေအိမ်ခြံဝင်းထဲတွင်ပင် ထားရှိခဲ့ရပြီး မပုပ်သိုး မပျက်စီးအောင် ကားအတွင်း လေအေးပေးစက်ကိုလည်း တစ်ညလုံး ဖွင့်ပေးထားခဲ့ရကြောင်း ဆိုသည်။

“ရေခဲတိုက်က လက်မခံတဲ့နောက် ရီအိုဘောင်းန်က ကျွန်မရဲ့အိမ်ထိ ပြန်ရောက်အောင် (၂)နာရီ ကားမောင်းပြီး ရုပ်အလောင်းကို ပြန်သယ်လာရတယ်။ ပြီးတော့ တစ်ညလုံး ကျွန်မရဲ့ ကားထဲမှာပဲ ထားခဲ့ရပါတယ်”ဟု ကမ်မင်းစ်က ပြောကြားခဲ့သည်။

“တစ်ညလုံး လေအေးပေးစက် ဖွင့်ထားခဲ့ရတယ်။ နာရီဝက်ကြာတိုင်း တစ်ကြိမ်လောက်လည်း သွားသွားပြီး စစ်ဆေးရပါတယ်။ နောက်တစ်နေ့ မနက်ကျတော့ ကျွန်မက အအေးပေးစနစ်ပါတဲ့ ကွန်တိန်နာ တစ်လုံးငှားပြီး ရုပ်အလောင်းကို ပြောင်းရွှေ့ထားလိုက်ရတယ်”ဟုလည်း သူမက ဆက်လက် ပြောဆိုသွားသည်။

ကမ်မင်းစ်သည် ဩစတြေးလျ အနောက်မြောက်ပိုင်းရှိ Pilbara ဈာပန ဝန်ဆောင်မှု လုပ်ငန်းကို ပူးတွဲပိုင်ဆိုင်သူ တစ်ဦးဖြစ်သည်။ သူမက ရေခဲတိုက် ဝန်ထမ်းများသည် ပြီးခဲ့သည့် နှစ်ကလည်း ကီလိုဂရမ် (၂၅၀)ကျော် အလေးချိန်ရှိသည့် အလောင်းတစ်လောင်းကို အအေးခန်း သေတ္တာများနှင့် မဝင်ဆံ့ဟုဆိုကာ လက်ခံရန် ငြင်းဆိုခဲ့ဖူးကြောင်းလည်း စွပ်စွဲခဲ့သေးသည်။

_Ref: Channelnewsasia
7day news journal

နိုင်ငံခြားသားအိမ်ရှင်လင်မယား၏ နှိပ်စက်ခံရသည့် မြန်မာအိမ်အကူ စင်ကာပူ တရားရုံးသို့ ပထမဆုံးအကြိမ် တက်ရောက်မည်



မြန်မာအိမ်အကူအား နှိပ် စက်မှုဖြင့် အမှုဖွင့်ခံထားရသော စင်ကာပူနိုင်ငံနေ နိုင်ငံခြားသား လင်မယားနှစ်ဦးကို ဇူလိုင် ၁ ရက် တွင် ဒုတိယအကြိမ် ရုံးထုတ်စစ် ဆေးမည်ဖြစ်ပြီး နှိပ်စက်ခံရသူ မမိုးမိုးသန်းကိုယ်တိုင် ရုံးတော်သို့ ပထမဆုံးအကြိမ် တက်ရောက် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘မမိုးမိုးသန်းက အခုကျွန်မ တို့ ကူညီစောင့်ရှောက်မှုအောက် မှာရှိနေပြီး ဇူလိုင် ၁ ရက် ရုံးချိန်း ကို သူတက်မယ်လို့ပြောပါတယ်။ ဇွန်လ ၁၃ မှာအိမ်ရှင်လင်မယား ကို ပထမဆုံးရုံးထုတ်ပါတယ်။ မမိုးမိုးသန်းဟာ နှိပ်စက်တာမခံ နိုင်လွန်းလို့ မြန်မာနိုင်ငံကို ခိုးပြန် သွားပြီး စင်ကာပူပို့ပေးတဲ့ အေး ဂျင့်ဆီအကြောင်းစုံပြောတော့ အဲဒီအေးဂျင့်ကပဲ မခံနိုင်လို့ စင် ကာပူကို အကုန်အကျခံပြန်ပို့ပြီး ရဲကိုတိုင်စေတာဖြစ်ပါတယ်’’ဟု မမိုးမိုးသန်းအား ကူညီစောင့်ရှောက် မှုပြုနေသော ကမ်းလက်များ (He-lping hands) အဖွဲ့မှ မကစ် တီက ပြောသည်။

မြန်မာနိုင်ငံရှိ အေးဂျင့်၏ ဦးဆောင်မှုဖြင့် မမိုးမိုးသန်းက စင်ကာပူလူ့စွမ်းအားဝန်ကြီးဌာန (MOM)ကို တိုင်ကြားခဲ့ပြီး ရဲက အမှုဖွင့်ပေးခဲ့သည်။ ရဲနှင့် MOM အရာရှိတို့ မမိုးမိုးသန်း၏ အိမ်ရှင် အိမ်သို့ သွားရောက်စစ်ဆေးရာ တွင် အင်ဒိုနီးရှားနိုင်ငံသူ အိမ် အကူတစ်ဦးကိုပါ ထပ်မံတွေ့ရပြီး ၎င်းအိမ်အကူက အိမ်မှကယ် ထုတ်ပေးပါကအမှုတွင် သက် သေလုပ်မည်ဟု ကမ်းလှမ်း ကြောင်း မကစ်တီက ပြောသည်။

‘‘အင်ဒိုအိမ်အကူက သက် သေလုပ်ပေးမယ်ဆိုတာနဲ့ MOM နဲ့ ရဲအရာရှိတွေ ထတောင်ခုန် တယ်။ ဝမ်းသာလို့။ အမှုက သက် သေမရှိဘူးဖြစ်နေတာလေ။ မမိုး မိုးသန်းကို ရဲကစုံစမ်းစစ်ဆေးနေ စဉ်အတွင်း အစိုးရအဆောင်တစ် ခုမှာထားပြီး တစ်နှစ်နဲ့နှစ်လကြာ ပါတယ်။ ပြီးခဲ့တဲ့လကမှ အမှု က တရားရုံးစရောက်တာဖြစ်ပါ တယ်’’ဟု ၎င်းက ပြောသည်။

မမိုးမိုးသန်းမှာ ကမ်းလက် များ၏ စောင့်ရှောက်မှုအောက် တွင်ရှိနေပြီး အလုပ်လုပ်ရန် ကမ်း လှမ်းမှုများရှိသော်လည်း အိမ် အကူအလုပ်ကို  ကြောက်ရွံ့၍ မလုပ်လိုတော့ကြောင်း သိရှိရ သည်။ ဇူလိုင် ၁ ရက် ရုံးချိန်းတွင် စွဲဆိုထားသော နိုင်ငံခြားသားအိမ် ရှင်လင်မယားနှစ်ဦးကို စစ်ဆေး မည်ဖြစ်ပြီး အိမ်ရှင်အမျိုးသားကို စွဲချက် ၂၁ ချက်၊ အိမ်ရှင်အမျိုး သမီးကို စွဲချက် ၁၁ ချက်ဖြင့် တရားရုံးက  စွဲချက်တင်ထား သည်။


7day daily

အဖေများနေ့မှာ ဖခင်နဲ့အတူလျှောက်လည်ကြတဲ့တေလာဆွစ်ဖ်တို့



တေလာဆွစ်ဖ်ရဲ့ဖခင်ဖြစ်သူ စကော့ထ်ဟာ မိခင်အန်ဒရီယာ နဲ့တရားဝင်
ကွာရှင်းပြတ်စဲထားသူဖြစ်ပါတယ်။ ဒါကြောင့် တေလာဆွစ်ဖ်နဲ့ မောင်ဖြစ်
သူအော်စတင်တို့ဟာ ဖခင်နဲ့အတူ အဖေများနေ့မှာ နေ့လယ်စာထွက်စားရင်း
လည်ပတ်ကြတဲ့အကြောင်း ဇွန် ၁၆ရက်က မေးလ်အွန်လိုင်းမှာဖော်ပြထား
ပါတယ်။ နှစ်စဉ်ဇွန်လရဲ့ တနင်္ဂနွေ တတိယပတ်တိုင်းမှာ အဖေများနေ့ကို
ကျင်းပလေ့ရှိပြီး နိုင်ငံအနှံ့ အပြားမှာရှိတဲ့ သားသမီးအများစုနဲ့ ဖခင်အများစုက
တညီတညွတ် တည်း ပါဝင်ဆင်နွှဲလေ့ရှိတာကို တွေ့နိုင်ပါတယ်။ ဇွန် ၁၅ရက်
မှာကျ ရောက်တဲ့ ၂၀၁၄ခုနှစ်အဖေများနေ့မှာလည်း ပျော်ရွှင်နေကြတဲ့မိဘ
တွေနဲ့ သားသမီးတွေကို လမ်းမထက်မှာ၊ အိမ်တွေမှာ၊ ပန်းခြံတွေမှာ၊
စားသောက်ဆိုင်တွေမှာ၊ ကစားကွင်းတွေနဲ့ လူမှုကွန်ရက်စာမျက်နှာ
တွေပေါ်မှာ စုံစုံညီညီတွေ့မြင်နိုင်မှာဖြစ်ပါတယ်။

အသက် ၂၄နှစ်အရွယ် အဆိုကျော်တေလာဆွစ်ဖ်က အ၀ါ ရောင်ပန်းပွင့်
ကလေးတွေနဲ့ တောက်ပနေတဲ့ ကလေးဆန်ဆန်ဂါဝန် ကလေးကို အဖေများ
နေ့နဲ့လိုက်ဖက်ညီစွာ ၀တ်ဆင်ထားပြီး အသက် ၂၂နှစ်အရွယ် မောင်ဖြစ်သူ
အော်စတင်နဲ့အတူ ဖခင်ရဲ့ အနောက်က လမ်းလျှောက်လာပုံကို ချစ်စ
ဖွယ်မြင်တွေ့နိုင်ပါတယ်။ I Knew You Were troubleအဆိုရှင်
တေလာရဲ့ရွှေရောင်ဆံကေသာပျော့ ပျောင်းပျောင်းကလေးဟာ ပခုံးထက်ကနေ ခပ်ကွေးကွေးကလေး ခွေကျနေပြီး ဖျော့တော့တဲ့ဆံပင်နဲ့
လိုက်ဖက်အောင် နှုတ်ခမ်းနီရဲရဲဆိုးထားပုံကလည်း စတိုင်လ်ကျလှပါ တယ်။ တေလာဟာ Notre Dame တက္ကသိုလ်ကျောင်းသား မောင်လေး
အော်စတင်နဲ့လည်း နီးကပ်ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပါတယ်။

တေလာဆွစ်ဖ်တစ်ယောက် ခုနစ်ကြိမ်မြောက် ဂရမ်မီဆု ပေးပွဲတက်ရောက်စဉ်
က အော်စတင်ဟာ အစ်မဖြစ်သူကို ဂုဏ် ပြုတဲ့အနေနဲ့ ဆုပေးပွဲကိုတက်ရောက်
ခဲ့သလို အဲဒီပွဲ မှာ တေလာက မောင်ဖြစ်သူအော်စတင် အကြောင်းရေးသား
စပ်ဆိုထားတဲ့ The Best Day သီချင်းကို သီဆိုဖျော်ဖြေသွားခဲ့တာကို ကြည်နူးဖွယ်ရာ မြင်တွေ့ခဲ့ရဖူးပါတယ်။ တေလာ ဆွစ်ဖ်ရဲ့ မိဘနှစ်ပါးဟာ
လည်း ကွဲကွာနေပေမယ့်အေးဆေးတည်ငြိမ်စွာနေထိုင်ကြသူတွေ
ဖြစ်ပါတယ်။ဖခင်ဖြစ်သူစကော့ထ်ဟာ ငွေကြေးဆိုင်ရာအကြံပေးတစ်ဦး
ဖြစ်ပြီ Merrill Lynch ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌတစ်ဦးလည်းဖြစ်ပါတယ်။
စံတော်ချိန် နေ့စဉ်သတင်းစာ

လိင်အသားပေးဖော်ချွတ် ဓာတ်ပုံနဲ့ Porn ဗီဒီယို ကြည့်သူတွေ သတိထား၊ အကြည့်များက ဦးနှောက် ကျုံ့သွားတတ်ကြောင်း လေ့လာတွေ့ရှိ



ရည်မွန်အောင်


လိင်ပိုင်းဆိုင်ရာအရ သိသာ ထင်ရှားလွန်းသော ဗီဒီယိုများနှင့် ရုပ်ပုံများကို ကြည့်ရှုလေ့ရှိသော အမျိုးသားများ၏ ဦးနှောက်သည် ကျုံ့သွားလေ့ရှိကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါ လေ့လာမှုကို JAMA စိတ်ကု ပညာဂျာနယ်၌ ဗုဒ္ဓဟူးနေ့ တွင်ဖော်ပြ ခဲ့သော်လည်း လေ့လာမှု ပြုလုပ်ခဲ့သည့် သုတေသန ပညာရှင် များက လိင်အသားပေး ဗီဒီယိုများ၊ ရုပ်ပုံများကြောင့် ဦးနှောက် အမှန်တကယ် ကျုံ့သွားခြင်း ရှိမရှိကို သေချာ ကျနစွာ ဆုံးဖြတ်နိုင်ခြင်း မရှိသေးသောကြောင့် နောက်ထပ် လေ့လာမှုများကို ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လိင်အသားပေး ဗီဒီယိုများ၊ ရုပ်ပုံများ၏ တိုက်ရိုက် အကျိုး သက်ရောက်မှုကို လေ့လာရဦးမည် ဖြစ်ပြီး အလေ့လာခံများအား လိင်ပိုင်းဆိုင် ရာအရ သိသာ ထင်ရှားလွန်းသော ဗီဒီယိုများ၊ ရုပ်ပုံများကို ပိုမိုကြည့်ရှုစေကာ အကျိုးဆက် များကိုလေ့လာရမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ လူသား ဖွံ့ဖြိုးမှုဆိုင်ရာ မက်စ်ပလန့်ခ် အင်စတီကျုမှ ပညာရှင်များက ပြောဆိုခဲ့သည်။

အင်စတီကျုသည် အသက် ၂၁ မှ ၄၅ နှစ်ကြားရှိ အမျိုးသား ၆၄ ဦးအား လိင်အသားပေး ဗီဒီယိုများ၊ ရုပ်ပုံများကို ကြည့်ရှုစေခဲ့သည်။ ပညာရှင်များက လိင်အသားပေး ရုပ်ပုံများက ဦးနှောက်အပေါ် အကျိုးသက်ရောက်ပုံကို လေ့လာနေခြင်း ဖြစ်ကြောင်း အလေ့လာခံများအား အစောပိုင်းတွင် ပြောဆိုခဲ့ခြင်း မရှိခဲ့ဘဲ ဦးနှောက် ပုံရိပ်ဖော်စက်ဖြင့် တိုင်းတာ နေခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နောက်ပိုင်းတွင် လိင်အသားပေး ရုပ်ပုံများ နှင့် ပတ်သက်ပြီး မေးခွန်းများ မေးမြန်းမည် ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အလေ့လာခံများ က သဘော တူညီခဲ့ကြသည်။ အလေ့လာခံ အမျိုးသားများသည် လိင်အသားပေး ဗီဒီယိုများကို မည်မျှ ကြည့်ရှုသည် အစရှိသည့် မေးခွန်းများ ပါဝင်သော စစ်တမ်းများကို ဖြေဆိုခဲ့ရသည်။ အလေ့လာခံ အများစုက တစ်ပတ်လျင် လေးနာရီခန့် သာ ကြည့်ရှုလေ့ ရှိကြောင်း ဖြေဆိုခဲ့ကြသည်။

လိင်အသားပေး ၀က်ဘ်ဆိုက်များရှိ အဖော်အချွတ် ပုံများနှင့် လိင် အသားပေး မဟုတ်သည့် အားကစား လေ့ကျင့်နေသည့် ပုံများကို အလေ့လာခံများက ကြည့်ရှုနေချိန် တွင် ၄င်းတို့၏ ဦးအား ဦးနှောက် ပုံရိပ်ဖော်စက်ဖြင့် ရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက်တွင် လိင်အသား ပေးရုပ်ပုံများကို ကြည့်ရှုလေ့ ရှိသူများ၏ ဦးနှောက် အရှေ့ဘက်ရှိ အညိုရောင်နေရာများ လျော့နည်း လာနေကြောင်း ပညာရှင်များက လေ့လာ တွေ့ရှိခဲ့ကြသည်။ ထို့ပြင် လိင်အသားပေး ရုပ်ပုံများကို ပြသလေ အလေ့လာခံများ၏ ဦးနှောက်ရှိ လှုံ့ဆော်မှု ပြုလုပ်ရာ တာဝန်ရှိသော အစိတ်အပိုင်းသည် ပမာဏသေးငယ် လာခဲ့ကြောင်း လေ့လာ တွေ့ရှိခဲ့သည်။အညိုရောင်နေရာ လျော့နည်း လာသူများသည် သာယာမှု ရှိလာစေရန် အတွက် ပြင်ပမှ လှုံ့ဆော်မှုများ ကို ပိုမိုလိုအပ် သောကြောင့် လိင်အသားပေး ရုပ်ပုံမျိုးကဲ့သို့ လှုံ့ဆော်မှု ပြင်းထန်သော အရာများကိုပိုမို ကြည့်ရှုလေ့ ရှိလာခဲ့ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

Source:AFP

The Messenger

တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများရဲ့ ဆန့် ကျင်မှုကြောင့် ခွေးသားစားပွဲတော်ကို တရုတ် စောစီးစွာ ကျင်းပ


တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဆန့် ကျင်လှုပ်ရှားမှုတွေကို ရှောင်ရှားနိုင်
ဖို့ အတွက် တရုတ်ပြည်သူ တွေဟာ ယခုလမှာတင် ခွေးတွေကို သတ်ဖြတ်၊
စားသုံးနေကြပြီဖြစ်ပါတယ်။ နှစ်စဉ်အောက်တိုဘာလမှာ ကျင်းပမြဲဖြစ်တဲ့ ခွေးသားစားပွဲတော်ကို ဒီနှစ်မှာတော့ စောစီးစွာကျင်းပနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း Yulin မြို့ က ဒေသခံတစ်ချို့ ဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်ကုန်မှာ စတင်စုဝေးခဲ့ကြပြီး နှစ်တစ်နှစ်ရဲ့ အရှည်လျားဆုံးနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ ခွေးသားနဲ့ လိုင်ချီးတို့  စားသုံးတဲ့ပွဲတော်ကို ကျင်းပ နေပါပြီ။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ခွေးသားစားပွဲတော်ဟာ တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ပစ်မှတ်ထား ဆန့်   ကျင်မှုကို ကြုံတွေ့ ခဲ့ရပါတယ်။ အွန်လိုင်းအသနားခံစာတွေနဲ့ ဆိုရှယ်မီဒီယာတွေကနေတဆင့် ခွေးသားစားပွဲတော်ရဲ့ ဓာတ်ပုံတွေ၊စာတွေကို ဖော်ပြခဲ့ရာမှာ လူထုရဲ့ အာရုံစိုက်မှုကို လှုံ့ ဆော်နိုင်ခဲ့ပြီး ခွေးတွေကို ရောင်းချတဲ့ သားသတ်ရုံတွေနဲ့ ဈေးတွေရဲ့ အပြင်မှာ ရုတ်တရက်ဆန္ဒပြခဲ့ကြပါတယ်။

Yulin ထုံးတမ်းစဉ်လာအရ အီကွေတာကနေ နေအဝေးဆုံးအကွာအဝေးရောက်ရှိတဲ့နွေအချိန်ကာလမှာ ခွေးသား၊ လိုင်ချီးနဲ့ အရက်တို့ စားသောက်ခြင်းက လူတွေက ဆောင်းတွင်းမှာ အသက်ရှည်ကျန်းမာစေတယ် လို့  ဆိုပါတယ်။


တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒီပွဲတော်ဟာ လူထုရဲ့ကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ခွေးတွေဟာ ရောဂါပိုးကင်းမကင်းစစ်ဆေးခြင်းမရှိသလို၊ နိုင်ငံအနှံ့ က လမ်းဘေးခွေးတွေအပြင် ခွေးပိုင်ရှင်တွေဆီက ခိုးယူထားတဲ့ ခွေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ခွေးတွေကို အများအားဖြင့် အဆိပ်ဓာတုဆေးကျွေး သတ်ဖြတ်ကြပြီး ဒါဟာ လူသားတွေပေါ်မှာလည်း အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ ဒီလို ခွေးသားစားပွဲတော်မျိုး နိုင်ငံမှာ တရားဝင်ရှိတယ်ဆိုတာကို ငြင်းဆိုထားပြီး တစ်ချို့  တစ်ချို့ သော အချက်အပြုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ လူတစ်စုရဲ့ အလေ့အထ သာဖြစ်တယ်လို့  ပြောဆိုထားပါတယ်။

Treand Myanmar

၁၈၅၆ ခုနှစ်က ၁ ဆင့်တန် ရှားပါးတံဆိပ်ခေါင်းကို လေလံပွဲမှာ ကမ္ဘာ့စံချိန်တင် ပေါင် ၅.၆ သန်းနဲ့ ရောင်းချ


ကမ္ဘာ့အရှားပါးဆုံးတံဆိပ်ခေါင်းကို စံချိန်တင် တန်ကြေး အမေရိကန်ဒေါ်လာ
၉.၅ သန်း (ပေါင် ၅.၆သန်း) နဲ့  ရောင်းချခဲ့ရပါတယ်။

အရင်က အမေရိကန် မီလျံနာ ၊ လူသတ်မှုတရားခံ John du Pont ပိုင်ဆိုင်ဖူးတဲ့ ဒီတံဆိပ်ခေါင်းဟာ တစ်လက်မ အရွယ်အစားသာ ရှိပါတယ်။

၁ ဆင့်သာတန်ခဲ့တဲ့ တံဆိပ်ခေါင်းဟာ အခုဆို ပေါင် ၅.၆ သန်းတန်သွားပြီဖြစ်ပြီး ရောင်းချခဲ့ရသမျှ တံဆိပ်ခေါင်းတွေထဲမှာ ဈေးအကြီးဆုံးတံဆိပ်ခေါင်းဖြစ်လာခဲ့ပါတယ်။ သူ့ ရဲ့ အမှန်တကယ်တန်ဖိုးထက် အဆ သန်းထောင်ပေါင်းများစွာ ဈေးခုန်တက်ခဲ့တာပါ။

ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးတဲ့ တောင်အမေရိကတိုက်၊ British Guiana ရဲ့ စာတိုက်အရာရှိက ဒီတံဆိပ်ခေါင်းကို ၁၈၅၆ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လန်ဒန်ကနေ တံဆိပ်ခေါင်းတွေ တင်ပို့ လိုက်တဲ့ သဘောင်္ နောက်ကျနေတဲ့ အချိန်မှာ ပြုလုပ်ခဲ့တာပါ။

ပြုလုပ်ခဲ့စဉ်က တံဆိပ်ခေါင်း  သုံးခုပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒီတံဆိပ်ခေါင်းတစ်ခုပဲ လက်ဝယ် ရှိတော့တာဖြစ်ပါတယ်။ British Guiana ဟာ အခုတော့ လွတ်လပ်သော Guyana နိုင်ငံအဖြစ် လူသိများပါတယ်။

ဒီတံဆိပ်ခေါင်းဟာ ပိုင်ရှင်တော်တော်များများလက်ထဲ ရောက်ခဲ့ပြီး နောက်ဆုံးပိုင်ဆိုင်ကတော့ John du Pont ၊ du Pont ဓာတုပစ္စည်းကုမ္ပဏီအင်ပါယာကြီးရဲ့ အရှင်သခင် John du Pont ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ John du Pont ဟာ ၁၉၉၇ ခုနှစ်က အိုလံပစ်နပန်းရွှေတံဆိပ်ဆုရှင် David Schultz ကို သတ်ဖြတ်မှုမှာ ပြစ်မှုထင်ရှားတဲ့ အတွက် ထောင်ကျခဲ့သူဖြစ်ပါတယ်။

Du Pont ဟာ ၂၀၁၀ ခုနှစ် အသက် ၇၂ နှစ်အရွယ်မှာ ထောင်ထဲမှာသေဆုံးခဲ့ပြီး ဒီ တံဆိပ်ခေါင်းရောင်းချမှုက ရရှိတဲ့ ငွေရဲ့  ၈၀ ရာခိုင်နှုန်းကို သူ့ ရဲ့ နပန်းကစားသမားသူငယ်ချင်း Valentin Jordano  Dimitrov ရဲ့ မိသားစု ဆီ အပ်နှင်းရမှာဖြစ်ပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ Du Pont ထောက်ပံ့ခဲ့ဖူးတဲ့ ဥရောပအာရှပစိဖိတ် တောရိုင်းတိရိစ္ဆာန် ဖောင်ဒေးရှင်း ကို ပေးအပ်ရမှာပါ။

New York မြို့ မှာပြုလုပ်ခဲ့တဲ့ Sotheby လေလံပွဲဟာ နှစ်မိနစ်သာကြာမြင့်ခဲ့ပြီး အမည်မသိ စုဆောင်းသူ တစ်ဦးက ၀ယ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။

တံဆိပ်ခေါင်းတစ်ခုကို အများဆုံးရောင်းရတဲ့ငွေစံချိန်ဟောင်းကတော့ ၁၉၉၆ ခုနှစ်က  ပေါင် နှစ်သန်းနဲ့  ရောင်းချခဲ့ရတဲ့ Treskilling Yellow တံဆိပ်ခေါင်းဖြစ်ပါတယ်။

Ref: Mirror.co.uk
Treand Myanmar

အိမ်ရိုက်သံ



ကြိုက်လွန်းလို့..အကြိမ်ကြိမ် ပြန်ဖတ်ပါတယ်..ဖတ်ပြီးတိုင်းလဲပြန်မျှဝေပေးချင်တဲ့
စိတ်ကြောင့်…ပြန်တင်ပေးလိုက်ပါတယ်နော်…မဖတ်ရသေးတဲ့သူငယ်ချင်းတွေအတွက်ပါ………
ဒီစာလေး ဖတ်ပေးပါအုံးနော်……. သိပ်ကောင်းတဲ့ စာလေးပါ၊ ဒီစာလေးဖတ်ပြီး ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်………
ဒီစာလေးကိုကျေးဇူးပြုပြီး ဆုံးအောင်ဖတ်ပေးပါ….
ဟိုတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။
မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။
ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်…. အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ။
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော…၊

မင်းကိုယ်မင်း ဒေါသမဖြစ်အောင်တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။ တစ်နေ့ထိန်းနိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေး က သူ့အဖေကိုပြောနိုင်သွားတယ်။ အဖေရေ သားရိုက်ခဲ့တဲ့ သံတွေ အားလုံး ကိုနှုတ်ပြီးသွားပြီ၊ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ၀င်းထရံဆီကို ခေါ်သွားတယ်၊
တော်တယ်ငါ့သားလို့လည်း ဆိုပါတယ်။

ဒါပေမယ့် သားသေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သားမြင်တယ် မဟုတ်လား။
အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလို အမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။

အဲဒီလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်ပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါဘဲ ရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်….တဲ့။

တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊ သုခတွေကို လည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။

ဒါကြောင့် တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက် ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့် ကြောင်းပြောကြားပေးပါ။

ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်း ပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့ စာ ကိုယ့်ဆီပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။

(ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။)

Credit: Phyu Sin

iPhone 5s ကို တစ်ပတ်ဌားခွင့်ရမည့် အစီအစဉ်



နေရာက အမေရိကမှပါ။ T-Mobile လို့ခေါ်တဲ့ ဥရောပတိုက် အတွင်းရှိ ဆယ်လူလာ အခြေခံကာ တယ်လီကွန်မြူနစ် ကေရှင်တွေ ဆောင်ရွက်ပေးနေတဲ့ ကုမ္ပဏီ တစ်ခုကပါ။ ထို ကုမ္ပဏီဟာ သင့်ကို ဖောက်သည် ဖြစ်စေချင်ကာ မားကတ်တင်း ဆင်တဲ့ သဘောမျိုး ဖောက်သည်ရှာတဲ့ သဘောမျိုးပါပဲ။ သူတို့ရဲ့ နက်ဝပ်ကို စမ်းသပ်မူတွေ ပြုလုပ်စေလို့ကာ iPhone 5S ကို တစ်ပတ်ဌားတဲ့ သဘောပါ။ ဒီအတိုင်း နက်ဝပ်ကို မျက်ကန်း ပုံစံမျိုးဖြစ် သုံးစွဲချင်မှ ရှောင်ရှားစေလို့တဲ့ အနေအထားကို ပြသခဲ့ပါတယ်။ အဓိကကတော့ ဟန်းဆက်ကိုဆိုတာထက် ဖုန်းလိုင်းကို သုံးစေလို့တာ ဖြစ်ပါတယ်။

မ၀ယ်ခင် စမ်းသုံးစေကာ Apple ရဲ့ နောက်ဆုံးထုတ် ဟန်းဆက်ကို တစ်ပတ်တိတိ သုံးပြီး ပြန်ပေးရပါမယ်။ ဒီအတွက် သူတို့ T-mobile ၇ဲ့ ၀က်ဒ်ဆိုက်မှာ sign up လုပ်ပြီး ဒေါ်လာ ၇၀၀ အနည်းဆုံးရှိတဲ့ သင့်ရဲ့ ခရစ်ဒစ်ကဒ်ကို သူတို့က အပေါင် သဘောမျိုးနဲ့ထားရမှာပါ။ ဒီအတိုင်းတော့ မရပါဘူး။ US အတွင်းမှာ ကြိုက်သလောက် ဖုန်းပြောနိင်၊ မတ်ဆေ့ပို့နိင် ၊ စတာတွေကို လုပ်နိင်ပါတယ်။ ၂ရက်လောက်ကြာတဲ့အခါမှာတော့ သင့်ကို သူတို့က စမ်းသပ်မူက ဘယ်လိုလဲ ဘာလဲလို့မေးမှာ ဖြစ်ပါတယ်။ ရေစို၊ Screen ကွဲ ဒေါ်လာ ၁၀၀ ပါ။ ပျောက်သွားရင်တော့ ခရစ်ဒစ်ကဒ်ထဲမှာ ရှိတဲ့ ဒေါ်လာ ၇၀၀ လုံး" ပလုံ" ပါမယ်။ ဒီလို ၀န်ဆောင်မူမျိုးက ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ သူမတိုင်ခင် Verizon တို့လည်း လုပ်ခဲ့ဖူးပါတယ်။

အောင်ဟိန်း (ရိုးရာလေး)

ဘရာဇီးတိုက်စစ်မှူး Neymar က Nike မှ ထုတ်လုပ်တဲ့ ရွှေဖိနပ်ဖြင့် ဘောလုံး ကန်သွားမည်




ထူးခြားတဲ့အောင်မြင်မှု ရရှိစေရန်အတွက် ဘရာဇီးတိုက်စစ်မှူး Neymar က Nike မှ ထုတ်လုပ်တဲ့ ရွှေဖိနပ်ဖြင့် ဘောလုံး ကန်သွားမည်ဟုဆိုပါသည်။

၁၆ အသင်း အရှုံးအထွက် ပွဲစဉ်ကို ရောက်ရှိပါက ဘရာဇီးအသင်းမှ တိုက်စစ်မှူး Neymar စီးနင်း ရန်အတွက် Nike မှ ရွှေဖိနပ်ကို ထုတ်လုပ် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါ်တူဂီ ဘာသာဖြင့် အဆိုပါ ဖိနပ်ကို Sonho Dourado ဟု ခေါ်ဆိုပြီး၊ ဘရာဇီး တိုက်စစ်မှူး Neyrmar အနေဖြင့် ခြောက်ခုမြောက် ကမ္ဘာ့ဖလားကို ဆွတ်ခူးပေးနိုင်ရန် အကူအညီဖြစ်မည်ဟု ဘရာဇီး တစ်နိုင်ငံ လုံးက မျှော်လင့်လျက်ရှိကြောင်း သိရသည်။



MOI


ပုဒ်မ ၄၃၆ နှင့် ၂၀၀၄ ခုနှစ်အလွန် အမျိုးသားညီလာခံ



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ဖြစ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်း၏ အခြေခံရမည့်မူများကို ၂၀၀၇  ခုနှစ်၊ သြဂုတ်လ အမျိုးသားညီလာခံ အစည်းအဝေးများတွင်ဆုံးဖြတ်အတည်ပြုခဲ့သည်။

အစိုးရနှင့် ပြည်ခိုင်ဖြိုးအ သင်းသည် စိတ်တိုင်းကျရွေးချယ် ခဲ့သော အမျိုးသားညီလာခံကိုယ် စားလှယ် ၈၀ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုဖြင့် ပုဒ်မ ၄၃၆ ဖြစ် လာမည့် အခြေခံမူများကို အတည်ပြုခဲ့ခြင်းမှာ နိုင်ငံရေးအဓမ္မ ပြုကျင့်ခြင်းဖြစ်သည်။ လွန်ခဲ့သော ခုနစ်နှစ်က နိုင်ငံရေး ဗလက္ကာရ ပြုလျက် ဆုံးဖြတ်အတည်ပြုခဲ့သော ပုဒ်မများအား ညောင်မြစ်တူးခြင်းသည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုအခြေပြုလှုပ်ရှားမှုများနှင့် ထုံမွမ်းလျက်ရှိသည့် ခေတ်ပြိုင်နိုင်ငံရေးကိုအထောက်အကူပြုနိုင်မည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးလမ်းပြမြေပုံ ၏ ပထမအဆင့်အဖြစ် ရှစ်နှစ် ကြာရပ်ဆိုင်းထားခဲ့သော အမျိုး သားညီလာခံကို ၂၀၀၄ ခုနှစ် မေ လ ၁၇ ရက်တွင် ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ညောင်နှစ်ပင် စခန်းရှိ ပြည်ထောင်စုခန်းမ၌ ပြန်လည်ကျင်းပခဲ့သည်။ အမျိုးသား ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌသည် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန် (ယခုနိုင်ငံတော်သမ္မတ ဦးသိန်းစိန်)ဖြစ်ပြီး ကိုယ်စားလှယ် ၁၀၀၀ ဦးကို ဖိတ်ကြားခဲ့သည်။ ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်မှ ၁၉၉၆ ခုနှစ် မတ်လ ၃၁ ရက်အထိ ကျင်းပခဲ့သော အမျိုးသားညီလာခံ အစည်းအဝေးများနှင့် နှိုင်းယှဉ်လျှင်စုစုပေါင်း ကိုယ်စားလှယ်ဦးရေမှာ လေးရာနီးပါး ပိုများခဲ့သော်လည်း နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသော ကိုယ်စားလှယ်ဦးရေမှာ တစ်ရာကျော် လျော့နည်းခဲ့သည်ကို တွေ့ရှိရသည်။

နိုင်ငံရေးပါတီများမှ ကိုယ် စားလှယ် ၂၉ ဦး၊ ရွေးကောက်ပွဲ တွင် ရွေးချယ်ခံထားရသော ကိုယ် စားလှယ် ၁၅ ဦး၊ တိုင်းရင်းသား လူမျိုးကိုယ်စားလှယ် ၆၃၃ ဦး၊ တောင်သူလယ်သမား ကိုယ်စား လှယ် ၉၃ ဦး၊ အလုပ်သမား ကိုယ်စားလှယ် ၄၈ ဦး၊ အသိ ပညာရှင်၊ အတတ်ပညာရှင်ကိုယ် စားလှယ် ၅၆ ဦး၊ နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ် ၁ဝ၉ ဦးနှင့် အ ခြားဖိတ်ကြားသင့်သည့် ကိုယ်စား လှယ် ၁၀၅ ဦးတို့ တက်ရောက်ခဲ့ သည်။ အမျိုးသားညီလာခံကိုယ် စားလှယ် ၁၀၈၈ ဦးအနက် တိုင်း ရင်းသား လူမျိုးကိုယ်စားလှယ် ၆၃၃ ဦး၊ တောင်သူလယ်သမား ကိုယ်စားလှယ် ၉၃ ဦး၊ အလုပ်သ မားကိုယ်စားလှယ် ၄၈ ဦး၊ အသိ ပညာရှင် အတတ်ပညာရှင် ကိုယ် စားလှယ် ၅၆ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ် ၁၀၉ ဦး စုစုပေါင်း ညီလာခံကိုယ်စားလှယ် ၉၃၉ ဦး၊ ကိုယ်စားလှယ်စုစုပေါင်း၏ ၈၆ ရာခိုင်နှုန်းကျော်ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တို့က ရွေးချယ်ခဲ့သည်။ ကျန်ကိုယ် စားလှယ် ၁၄ ရာခိုင်နှုန်းတွင် အ စိုးရ၊ ပြည်ခိုင်ဖြိုးအသင်းတို့နှင့် နီးစပ်သူ အများအပြား ပါဝင်ခဲ့ သည်။ ပြည်သူလူထုအများစု သည် အမျိုးသားညီလာခံကိုယ် စားလှယ်များကို မည်သို့မည်ပုံ ရွေးချယ်ခဲ့သည်ကို ဂဃနဏ မသိရှိခဲ့သည့်အပြင် မေးခွန်း ထုတ်ခွင့်လည်း မရရှိခဲ့ပေ။

နိုင်ငံရေးပါတီများမှ ကိုယ် စားလှယ်များ အစုအဖွဲ့တွင် ကိုး ကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေး ပါတီ၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ၊ ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ မြို (ခေါ်) ခမီအမျိုး သားညီညွတ်ရေးအဖွဲ့၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါ တီနှင့် ‘၀’ အမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီတို့မှ ကိုယ်စား လှယ်များပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အ များစု အနိုင်ရရှိခဲ့သော ဒီချုပ်နှင့် တိုင်းရင်းသားပါတီများ၏ ကိုယ် စားလှယ်များသည် အမျိုးသားညီ လာခံသို့ တက်ရောက်ခဲ့ခြင်း မရှိ ခဲ့ပေ။

အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များ အစုအဖွဲ့တွင် တက် ရောက်ခဲ့သော ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှာ ရှမ်းပြည် မြောက်ပိုင်းအထူးဒေသ-၁၊ ရှမ်း ပြည်မြောက်ပိုင်း အထူးဒေသ-၂ (UWSA) ၊ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ-၃ (SSA) ၊ ရှမ်းပြည် မြောက်ပိုင်း အထူးဒေသ-၄ (မိုင်း လား)၊ ရှမ်းပြည်မြောက်ပိုင်းအ ထူးဒေသ-၅ (KDA)၊ ရှမ်းပြည် မြောက်ပိုင်း အထူးဒေသ-၆ (PNA) ၊ ရှမ်းပြည်မြောက်ပိုင်း အ ထူးဒေသ-၇ (PSLA)၊ ကချင် ပြည်နယ် အထူးဒေသ-၁ (NDA-K)၊ ကချင်ပြည်နယ် အထူးဒေ သ-၂ (KIO/KIA) ၊ ကယားပြည် နယ်အထူးဒေသ-၁၊ ကယားပြည် နယ် အထူးဒေသ-၂၊ ကယား ပြည်နယ် အထူးဒေသ-၃၊ ကရင် နီအမျိုးသား တိုးတက်ရေးပါတီ (KNDP) ၊ နဂါးအဖွဲ့၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) (ဟိုယာ)၊ ကရင်နီအ မျိုးသားစည်းလုံးညီညွတ်ရေးအ ဖွဲ့ (ကမစည)၊ ရှမ်းပြည်နယ်လူ မျိုးပေါင်းစုံ ပြည်သူလွတ်မြောက် ရေးအဖွဲ့ (ရလလဖ)၊ မွန်ပြည် သစ်ပါတီ (NMSP) ၊ တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားအစည်းအရုံး (DKBA) ၊ ဟောင်သရောအထူးဒေသအဖွဲ့၊ ဘုရားကုန်းအထူးဒေသအဖွဲ့၊ ရှမ်းပြည်နယ်အမျိုးသားတပ်မ တော်၊ ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်အဖွဲ့)၊ ဟိုမိန်းဒေသ သက် သာချောင်ချိရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့၊ ရွှေပြည်အေး MTA အလင်းဝင်အဖွဲ့၊ မန်ပန်ဌာ နေ ပြည်သူ့စစ်အဖွဲ့၊ မွန်လက် နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ (ချောင်ချိဒေသ)၊ မွန်( ခွဲထွက်) နိုင်သိုက်ချမ်းအဖွဲ့နှင့် ရခိုင်တပ်မ တော် (အေအေ)တို့ဖြစ်သည်။ ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် ရှမ်း ပြည်မြောက်ပိုင်း အထူးဒေသ-၃ (အက်စ်အက်စ်အေ) အဖွဲ့သည် အမျိုးသားညီလာခံ အစည်းအ ဝေးများ၌ တက်ရောက်ခြင်း မရှိခဲ့ ပေ။

၂၀၀၇ ခုနှစ် သြဂုတ်လ ၃ ရက်တွင် ရန်ကုန်တိုင်း၊ မှော်ဘီ မြို့နယ်၊ ညောင်နှစ်ပင်စခန်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့ သည့် အမျိုးသားညီလာခံ စုံညီ အစည်းအဝေးမှ နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေရေးဆွဲရာ တွင်ပါဝင်မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း အခန်း၏ အ သေးစိတ်အခြေခံရမည့် မူများကို ချမှတ်ခဲ့သည်။ ၁၉၉၃ ခုနှစ် ဇွန် လ ၇ ရက်မှ စက်တင်ဘာ ၁၆ ရက်အတွင်း ပြုလုပ်ခဲ့သော အ မျိုးသားညီလာခံ အစည်းအဝေး များအတွင်း အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရေးအတွက် အခြေခံရမည့် အခြေခံ မူ ၁၀၄ ချက်တွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပြင်ဆင်ရေးနှင့် ဆက်စပ် သော အခြေခံမူများ ပါရှိသည်ကို မတွေ့ရှိရပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ခြင်းအခန်း၏ အသေးစိတ်အ ခြေခံရမည့် မူများတွင် ချမှတ်ခဲ့ ပြီးဖြစ်သည့် အခြေခံရမည့် မူများ နှင့် အသေးစိတ်အခြေခံရမည့် မူ များရှိ နိုင်ငံတော်အခြေခံမူများ၊ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက် ပုံ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ဖွဲ့စည်းမှု  အပိုင်းနှင့် အရေးပေါ်ကာလဆိုင် ရာ ပြဋ္ဌာန်းချက်များအခန်းတို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လို လျှင်  ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ခုနစ် ဆယ့်ငါးရာခိုင်နှုန်းကျော်က ပြင် ဆင်ရန် သဘောတူလက်ခံပြီး နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒ မဲဖြင့်သာ ပြင်ဆင်ရမည်ဟုလည်း ကောင်း၊ အထက်ဖော်ပြထား သည့် ပြဋ္ဌာန်းချက်များမှအပ အ ခြား ပြဋ္ဌာန်းချက်များကို ပြည် ထောင်စုလွှတ်တော်ကိုယ်စား လှယ်အားလုံး၏ ခုနစ်ဆယ့်ငါးရာ ခိုင်နှုန်းကျော် ဆန္ဒမဲဖြင့်သာ ပြင် ဆင်ရမည်ဟု လည်းကောင်း၊ အ တည်ပြုချမှတ်ခဲ့သည်။ အဆိုပါ အခြေခံမူကို ကျောထောက်နောက်ခံပြုလျက် ပုဒ်မ ၄၃၆ ကို ရေးဆွဲ၊ အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြင်ဆင်ခြင်း၊ အခန်း (၁၅)၊ ပုဒ်မ ၁၉၄ ပါ ပြဋ္ဌာန်းချက်များနှင့် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၃၆ ပါ ပြ ဋ္ဌာန်းချက်များသည် ကျောရိုးဆင် တူသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းက ထောက်ခံလျှင် ပြင် ဆင်နိုင်သော်လည်း၊ ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်များအရ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် လွှတ်တော်ကိုယ် စားလှယ်စုစုပေါင်း၏ ၇၅ ရာခိုင် နှုန်းကျော် လိုအပ်သည်။ ထို့ ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထက်ပင် ပြင်ဆင်ရန် ပိုမိုခက်ခဲ၊ တင်းကျပ် နေသည်။

အချုပ်အားဖြင့်ဆိုသော် အမျိုးသားညီလာခံ အစည်းအ ဝေးများတွင် ကိုယ်စားလှယ်အ များစုကို အစိုးရနှင့် ပြည်ခိုင်ဖြိုး အသင်းက ရွေးချယ်ခဲ့ပြီး အတည် ပြုဆုံးဖြတ်ရာတွင် အစိုးရနှင့် ပြည်ခိုင်ဖြိုးအသင်း အနေဖြင့် ကိုယ်စားလှယ်အများစုအသာစီးရခဲ့သည်။ အစည်းအဝေးများတွင် အကြိတ်အနယ်ဆွေးနွေးမှုများ၊ ပွင့်လင်းမြင်သာမှုရှိရှိ ချဉ်းကပ်သုံးသပ်ဆွေးနွေမှုများ မရှိခဲ့သည့်အပြင် လုံးစေ့ပတ်စေ့ သတင်းထုတ်ပြန်မှုလည်း မရှိခဲ့ပေ။ အမျိုးသား ညီလာခံ ကိုယ်စားလှယ်အများစုကို ရွေးချယ်ရာတွင် ပြည်သူကို အသိပေးရန်၊ ဆန္ဒယူရန် ပျက်ကွက်ခဲ့သည်။

အဆိုပါ ညီလာခံတွင် ဆုံးဖြတ် အတည်ပြုခဲ့သော အခြေခံမူများနှင့် အခန်းအလိုက် အခြေခံမူများသည် ပြည်သူလူထု၏ ဆန္ဒသဘောထားများနှင့် ဝေးကွာလွန်းပြီး အဆိုပါအခြေခံမူများအပေါ် အခြေခံလျက် ရေးဆွဲပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ပြည် သူ့အသံ၊ ပြည်သူ့ဆန္ဒများနှင့် အလှမ်းဝေးနေနိုင်ဖွယ်ရှိသည်ဟု သုံးသပ်နိုင်သည်။

7day


ဆံပင် ပြန်ပေါက်စေမည့် ဦးထုပ် ၀ယ်ဆောင်းနိုင်တော့မည်



ကမ္ဘာတစ်ဝန်း လူသား သန်း (၁၅၀၀) လောက် ထိပ်ပြောင်ခြင်း သို့မဟုတ် ဆံပင်ကျွတ်ခြင်း နှင့် ရင်ဆိုင်နေရသည်။ ယခုအခါ ဦးထုပ်ဆောင်း ထားရုံဖြင့် ဦးထုပ်ထဲတွင် တပ်ဆင်ထားသော လေဆာများက ဆံတွင်းများထဲထိ လေဆာဖြင့်ထိုးကာ ဆံပင် ပြန်ပေါက်လာအောင် နှိုးဆွ ပေးမည်ဖြစ်ကြောင်း သိရသည်။ ဦးထုပ်ကို Theradome ဟု အမည်ပေးထားသည်။ ကယ်လီဖိုးနီးယား အခြေစိုက် ကုမ္ပဏီတစ်ခုက ထုတ်လုပ်ခြင်းဖြစ်ပြီး ဒေါ်လာ (၈၀၀) ၀န်းကျင်ဖြင့် ရောင်းချမည် ဖြစ်သည်။

ထိုဦးထုပ်ကို တစ်ပတ် နှစ်ကြိမ်၊ တစ်ကြိမ်ကို မိနစ် (၂၀)သာ ၀တ်ဆင်ရမည်ဖြစ်သည်။ စတင် ၀တ်ဆင်သည့် ရက်သတ္တပတ် (၁၈) ပတ်မှ (၂၆) ပတ်ကြား ကာလတွင် ထိပ်ပြောင်နှုန်း၊ ဆံပင်ကျွတ်နှုန်း နှေးသွားပြီး လုံးဝ ရပ်သွားအောင် လေဆာရောင်ခြည် ကုထုံးဖြင့် ဦးထုပ်က လုပ်ပေးမည် ဖြစ်သည်။ ထို့နောက် (၂၈) ပတ်မှ (၅၂) ပတ်ကြား ကာလတွင်ကား ဦးရေပြားနှင့် ဆံတွင်းများသို့ သွေးစီးဆင်းမှု ကောင်းလာအောင် လုပ်ပေးခြင်း၊ ဆံပင်ဆဲလ်များ ပွားများမှု အားကောင်းလာအောင် လုပ်ပေးခြင်းများဖြင့် ဆံပင်များ ပြန်ပေါက်လာအောင် လုပ်ပေးမည် ဖြစ်သည်။

ရက်သတ္တပတ် (၁၀၀) ၀န်းကျင်သို့ ရောက်လာပြီဆိုလျှင် ထိပ်ပြောင် နေသူများပင် သဘာဝ စစ်စစ် ဆံပင်များ ထူထူထဲထဲ ပြန်ပေါက် လာသည်ကို တွေ့ရမည်ဟု ကုမ္ပဏီက ဆိုသည်။ လူတစ်ယောက်၏ ဆံပင် ပေါက်နိုင်သော ဦးခေါင်းအရေပြားသည် (၁၁၁) စတုရန်း လက်မခန့် ကျယ်ဝန်းရာ Theradome  ဦးထုပ်သည် ၉၀ စတုရန်း လက်မထိ သက်ရောက်မှု ရှိကြောင်း သိရသည်။ လေဆာ ရောင်ခြည် လွှတ်ပေးမည့် လေဆာပေါက် (၈၀) ပါဝင်သည်။ လေဆာသည် အပူဓာတ်ပါသော သမားရိုးကျ လေဆာ မဟုတ်ဘဲ အေးသော လေဆာဓာတ်ဖြစ်ရာ နေအိမ်များမှာပင် အလွယ်တကူ အသုံးပြုနိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

Theradome  သည် သမားရိုးကျ ဆံပင်ပေါက်ဆေးများကဲ့သို့ အချိန်တိုအတွင်း ဆံပင် ပြန်ပေါက်စေရမည် ဟု ကတိပေးခြင်းမျိုး မရှိဘဲ နှစ်နှစ်နီးပါး အချိန်ယူ ကုသပြီးမှသာ ဆံပင် ပြန်ပေါက်နိုင်မည်ဟု ကြေညာ ထား မှုကြောင့်လည်း လက်တွေ့ ထိရောက်မည့် ပစ္စည်းတစ်ခုအဖြစ် သုံးသပ်မှု များလည်း ရှိနေသည်။

Source: Daily Mail
မြတ်ဆုကို
Messenger

သူများအိမ်ရှေ့မှာ ခွေးအညစ်အကြေး လွှင့်ပစ်မိလို့ ရာထူးက နှုတ်ထွက်ပေးတဲ့ အမေရိကန်မြို့တော်ဝန်



အမေရိကန်ပြည်ထောင်စု ဆန်မာရီနို မြို့တော်က မြို့တော်ဝန် မစ္စတာ ဒန်းနစ်စ်ကနီယာဟာ အိမ်နီးချင်း ခြံဝန်း တစ်ခုရှေ့ လမ်းဘေးကို သူ့မှာပါလာတဲ့ ခွေးအညစ်အကြေးထုပ် လွှင့်ပစ်မိတာ လူသိများသွားခဲ့တာမို့ သူ့အပြစ်ကို ဝန်ခံခဲ့ပြီး မြို့တော်ဝန်ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။

အိမ်နီးချင်းအိမ်မှာ တပ်ထားတဲ့ CCTV မှာ အညစ်အကြေး ထုပ်လွှင့်ပစ်နေတဲ့ပုံ သက်သေနဲ့တကွ သွားပေါ်တာမို့ အိမ်နီးချင်းက ရဲကို တိုင်လိုက်တာမို့ မြို့တော်ဝန်ကြီး အရေးယူခံရတာ ဖြစ်ပါတယ်။

“အိမ်နီးချင်းကို ကျွန်တော့် လုပ်ရပ်အတွက် တောင်းပန်ပါတယ်။ အမှိုက်ပစ်မိတဲ့အတွက် ဒဏ်ငွေ ကျွန်တော် ဆောင်ပါ့မယ်” လို့ မြို့တော်ဝန် မစ္စတာ ဒန်းနစ်စ်ကနီယာက ပြောကြားပါတယ်။

မြို့တော်ဝန် ကနီယာ ပြောပုံအရ ဒီအညစ်အကြေးဟာ သူ့ခွေးဆီက မဟုတ်ဘဲ ပလက်ဖောင်းပေါ်မှာ တွေ့တဲ့ အညစ်အကြေးထုပ်ကို လမ်းဘေး အိမ်နီးချင်းအိမ်ရှေ့ကိုပစ်ခဲ့တာဖြစ်ပြီးတော့၊ တကယ်ဆို အမှိုက်ပုံးအထိ ယူသွားသင့်တာမို့ သူ့လုပ်ရပ်မှားပါတယ် လို့လည်း ဆိုပါတယ်။

အမေရိကမှာ ခွေးမွေးထားတဲ့လူတွေဟာ လမ်းပေါ်မှာ ကိုယ့်ခွေးက အညစ်အကြေးစွန့်ပြီဆိုရင် သေချာကျုံး ပြီးတော့ အမှိုက်ပုံးထဲ ရောက်အောင်ပစ်ရတဲ့ စည်းမျှဉ်းရှိပါတယ်။

ဒီဖြစ်ရပ်ဟာ မိမိကိုယ်တိုင်နဲ့ မြို့တော်ကို အရှက်ရစေတာမို့ မြို့တော်ဝန်အဖြစ်က နူတ်ထွက်ပေးခဲ့တာပါလို့ သူက ပြောသွားပါတယ်။
Messenger

လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေရန်



လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ ဇီဝ ရုပ်ဖြစ်ပျက်မှု မြန်ဆန်စေတဲ့ နည်းလမ်းတွေ လုပ်ဆောင်ပြီး ကိုယ်အလေးချိန် လျှော့ချ နိုင်ပါတယ်။

နာနတ်သီး စားပါ

နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင် က အစာအိမ်နဲ့ အူလမ်းကြောင်း မအီမ သာဖြစ်မှုတွေကို ကောင်းမွန်စေ တယ်လို့ နယူးယောခ်မှ ဒေါက်တာ ဒန်ဟမ်နာက ပြောပါတယ်။ ဘရိုမီလင်က ပန်ခရိယ ဆဲလ်တွေကို ကူညီပေး တာကြောင့် အစာ ချေဖျက်မှုကို အားပေး ပါတယ်။ ဩဂဲနစ် သီးနှံများ ကိုသာ စားသုံးပါ အသီးအနှံတွေ ဝယ်ယူတဲ့ အခါ သ ဘာဝအတိုင်း စိုက်ပျိုး ထားတဲ့ ဩဂဲ နစ်သီးနှံတွေကို ရွေးချယ် ဝယ်ယူပါ။ လေ့ လာမှုတွေ အရ ပိုးသတ်ဆေးတွေ သုံးထား တဲ့ အသီးအနှံ တွေကို စားသုံး တာကြောင့် အဆီဆဲလ်တွေ ထဲမှာ ပိုးသတ်ဆေး အ ကြွင်းအကျန်တွေ ရှိနေပြီး အဲဒါတွေက ဇီဝဖြစ်ပျက်မှုကို နှေးစေ တယ်လို့ တွေ့ရှိ ထားပါတယ်။

တရားထိုင်ပါ

နေ့စဉ်ပုံမှန် တရားအား ထုတ်တာ က ဇီဝရုပ်ဖြစ် ပျက်မှုကို မြန်စေ ပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကို အကြီးအကျယ် ထိခိုက်စေပြီး ဗိုက်ပတ် လည်မှာ အဆီပို တွေကို စုစေပါတယ်။ တရား ထိုင်တာက စိတ်ဖိစီးမှု လျှော့ချပေးပြီး ဇီဝရုပ်ဖြစ်ပျက် မှုကို ကောင်းမွန်စေပါတယ်။

လက်ဖက်ရည်ကြမ်း သောက်ပါ

လက်ဖက်ရည်ကို တစ်ကျိုက်ချင်း သောက်တာက ဇီဝရုပ်ဖြစ် ပျက်မှုကို မြန် ဆန်စေပြီး ကိုယ်အလေးချိန် ကျဆင်းစေ ပါတယ်။ လက်ဖက်ရည်ကြမ်းထဲမှာ ကက် တီချင်ပါဝင် တာကြောင့် ဇီဝရုပ်ဖြစ်ပျက် မှုမြန် ဆန်ပြီး သွေးတွင်း မကောင်းတဲ့ ကိုလက် စထရော တွေကိုလည်း လျော့နည်း စေပါတယ်။

ရေအေးအေးနှင့် ချိုးပါ

ခန္ဓာကိုယ် တုန်ယင်မှု ကလည်း ဇီဝ ရုပ်ဖြစ် ပျက်မှုကို ကောင်းစေ ပါတယ်။ ရေ အေးအေးနဲ့ ချိုးတာကြောင့် ချမ်းတုန်လာ တာက ဇီဝရုပ်ဖြစ် ပျက်မှုကို ကောင်းစေပြီး ကြွက်သားတွေ ကျုံ့ညှစ်မှုကို ဖြစ်စေပါ တယ်။ ရေအေးအေးကြောင့် အေးတဲ့ဒဏ် ကို ခံရပေမယ့် ခန္ဓာကိုယ်တွင်း အပူချိန် ပြောင်းလဲမှု မဖြစ်အောင်၊ ပုံမှန် အပူချိန်ကို ပြန်ရအောင် သဘာဝအတိုင်း ထိန်းညို တာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။

အရက်ကို ထိန်းချုပ်သောက်ပါ

စိတ်ထိခိုက် ခံစား နေရတာ ဒါမှမ ဟုတ် အပေါင်းအသင်း တွေနဲ့ဆုံတွေ့တာ မျိုးတွေမှာ အရက်ကို အလွန်အကျွံ သောက်မိတတ်ပါတယ်။ အရက်နဲ့ အချို ရည်ရောစပ်ပြီး ကော့တေးသောက်တာ၊ ဒါမှမဟုတ် ဝိုင်နှစ်ခွက်၊ ဒါမှမဟုတ် ဘီ ယာနှစ်ပုလင်းသောက်တာကြောင့် ခန္ဓာ ကိုယ်ရဲ့အဆီချေဖျက်နိုင်စွမ်း ၇၃ ရာခိုင် နှုန်းလျော့နည်းစေတယ်လို့ သုတေသန တွေမှာ တွေ့ရှိပါတယ်။ အသည်းက အဲလ်ကိုဟောကို အစီတိတ် အဖြစ် ပြောင်းလဲပြီး လောင်စာ အဖြစ် အသုံးပြု တာကြောင့် ခန္ဓာကိုယ်တွင်း သိုလှောင် ထားတဲ့ အဆီတွေ ဖြိုခွဲမှုလျော့ နည်းသွား ရတာပါ။

အချဉ်ဓာတ်ရှိသော သစ်သီးအနံ့ရှူပါ

အချဉ်အရသာ ရှိတဲ့ သစ်သီး တွေရဲ့ ရနံ့ ဒါမှမဟုတ် ပက်ပါမန့် ရနံ့ကို ရှူရှိုက် လိုက်တဲ့ အခါ အာရုံကြော စနစ်ကို လှုံ့ ဆော်တာကြောင့် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ လေ့ကျင့်ခန်း လုပ်နေ စဉ်မှာ သံပရာရနံ့၊ စတော်ဘယ်ရီ ရနံ့မျိုး ရတဲ့အခါ ခန္ဓာကိုယ်က ကယ်လိုရီအပို တွေ ပိုမိုလောင်ကျွမ်း နိုင်ပါတယ်။

ရေအေးအေးသောက်ပါ

ရေက ခန္ဓာကိုယ်တွင်း လုပ်ငန်း ဆောင်တာတွေ လုပ်ဆောင်ဖို့နဲ့ ဆဲလ်အ တွင်း အစာအာဟာရတွေ ရရှိဖို့အတွက် မရှိမဖြစ်ပါ။ လေ့လာမှု တွေအရ တစ်နေ့ ကို ရေ ၈-၁၂ ဖန်ခွက် သောက်သုံးသူ တွေဟာ တစ်နေ့ကို ရေလေးဖန်ခွက် သောက်သုံး သူတွေထက် ဇီဝရုပ်ဖြစ်ပျက် မှု ပိုမိုမြန်ဆန် တာကို တွေ့ရပါတယ်။ ရေဓာတ်လိုအပ်တဲ့အခါ ခန္ဓာကိုယ်က ဆာလောင်မှုနဲ့ မှားယွင်းပြီး အစာတွေ ပိုစားမိနိုင်ပါတယ်။ ရေကို ပြည့်ပြည့်ဝ၀ သောက်တာက အစာပိုမစားမိအောင် ထိန်းချုပ်ထားပြီးသား ဖြစ်စေပါတယ်။

အပူအစပ် စားပါ

အစပ်စားတဲ့အခါ စပ်လွန်းလို့ မျက် ရည်ထွက်တာ မျိုးတောင် ဖြစ်တတ်ပါ တယ်။ အစပ်စားတဲ့အခါ နှလုံးခုန် နှုန်းမြန် လာတာ၊ အဲဒီအစာကို ချေဖျက်ဖို့ စွမ်း အင်အသုံးပြု ရတာတွေကြောင့် ကယ်လို ရီတွေလောင်ကျွမ်း သွားစေ ပါတယ်။

မတ်တတ်ရပ်ပါ

အထိုင်များ တာက ကယ်လိုရီ လောင်ကျွမ်းမှု နည်းတာကြောင့် ကိုယ် အလေးချိန် တက်လာ စေပါတယ်။ မတ် တတ်ရပ်အလုပ် လုပ်ရသူတွေ အနေနဲ့ သိပ်မသိ သာပေမယ့် အထိုင်များ သူတွေ အနေ ဝမ်းဗိုက်ပိုင်းမှာ အဆီပိုတွေ သိသိ သာသာ စုလာတတ် ပါတယ်။ အထိုင်များ သူတွေ အနေနဲ့ ၃၀ မိနစ်လောက် အလုပ် လုပ်ပြီးတိုင်း ၅ မိနစ်လောက် လမ်းထ လျှောက်ပေးပါ။

ကော်ဖီသောက်ပါ

ကဖင်းက နှလုံးခုန်မြန်တာ၊ အသက် ရှူမြန်တာနဲ့ ဇီဝရုပ် ဖြစ်ပျက်မှု မြန်တာ တွေ ဖြစ်စေ ပါတယ်။ ကဖင်း ပါတဲ့ဖျော် ရည်သောက် သူတွေဟာ ကဖင်းမပါတဲ့ ဖျော်ရည်သောက် သူတွေထက် ဇီဝရုပ် ဖြစ်ပျက်မှု ၁၆ ဆ ပိုမို ကောင်းမွန် တာကို တွေ့ရပါတယ်။ ကဖင်းဓာတ် အများအ ပြားသောက်သုံး တာမျိုးကတော့ သင့် ကျန်းမာရေးကို ထိခိုက် နိုင်ပါတယ်။

အသက်ရှူလေ့ကျင့်ပါ

အသက်ရှူ လေ့ကျင့်ခန်းက အောက် ဆီဂျင်ကို အလုံအလောက် ရရှိစေပြီး ဇီဝ ရုပ်ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ ယောဂကျင့်တာ၊ တရားထိုင် တာတွေ ပြု လုပ်ပေးပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)


လူ့ငရဲ အရပ်နဲ့ လူ့နိဗ္ဗာန်အရပ် ဆိုတာ



ဖတ်ဖူးသည့် ပုံပြင် တစ်ခုကို မျှဝေလိုပါသည်။ လူတစ်ယောက် ခရီးသွားနေတုန်း ရွာ နှစ်ရွာကို ဖြတ်ရတယ်။ တစ်ရွာ ကို ငရဲရွာလို့ အမည်ပေးပြီး နောက်ထစ်ရွာကို သုခရွာလို့ အမည်ပေးထား ပါတယ်။

ပထမဆုံး ငရဲရွာကို ရောက်တော့ လက်တွေ ၁၀ ပေမက ရှည်လျားတဲ့ လူတွေနဲ့ တွေ့ရပါတယ်။ အင်မတန် ရှည်လျားတဲ့ လက်တွေ့ကြောင့် အစားအသောက် စားလို့မရအောင် ခက်ခဲကြ ပါတယ်။ အစားစားဖို့အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားကြပြီး တစ်ယောက်ကို တစ်ယောက် လုယက် နေကြ သတဲ့။

နောက်ထပ် တစ်ရွာ ဖြစ်တဲ့ သုခရွာကို ရောက်ရှိပါတယ်။ သူတို့တွေလည်း ၁၀မက ရှည်လျားတဲ့ လက်တွေ ပိုင်ဆိုင်တဲ့ သူတွေ ပါပဲ။ သို့ပေမယ့် ထူးခြားတာက သူတို့ဟာ အဖွဲ့လိုက် အတူတူ ဝိုင်းထိုင်ပြီး တစ်ယောက်ကို တစ်ယောက် အစားခွံ့ကျွေးကြပါတယ်တဲ့။ လုယက်စားသုံးမှု မရှိပဲ ကိုယ်တိုင် မစားရသည့်တိုင် အခြားသူတစ်ပါး စားရစေဆိုတဲ့ စေတနာနဲ့ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမနေတာကို တွေ့ရပါတယ်။ အဲ့ဒီရွာကို ဒါကြောင့်မို့ သုခ ရွာလို့ ခေါ်သတဲ့။

လူ့ ငရဲ အရပ်၊ လူ့နိဗ္ဗာန် အရပ်ဆိုတာ ယင်းလူသားများကသာ ဖန်တီးခြင်း ဖြစ်ပါတယ်။ အတ္တကိုယ်ဆီနဲ့ တစ်ကိုယ်ကောင်းဆန်သူများအတွက် ငရဲသာ နေ့တိုင်း ကြုံတွေ့ရမည် ဖြစ်ပြီး တစ်ဦးကိုယ်တစ်ဦး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ အစရှိသည့် ဗြမစိုရ် တရားများနဲ့ နေ့ထိုင်သည့် အရပ်က စင်စစ် လူ့နိဗ္ဗာန် အရပ် ဖြစ်ပါသည်။
.

အောင်ခမ်း (ရိုးရာလေး)

www.yoyarlay.com

ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် Beats နားကြပ်များ အသုံးပြု ခြင်းကို ဖီဖာတားမြစ်


ဘရာဇီးလ် အကျော်အမော် နေမာ အပါအဝင် ထိပ်တန်း ဘောလုံး ကစားသမားအချို့ တပ်ဆင်အသုံးပြုကြသည့် Beats by Dr.Dre နားကြပ်များကို ကွင်းအတွင်း အသုံးမပြုရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က တားမြစ်လိုက်သည်။



ယခုကဲ့သို့ Beats နားကြပ်များ အသုံးမပြုရန် တားမြစ်ခြင်းသည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို Sony က စပွန်ဆာပေးထားသည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။



ယခုကဲ့သို့ ကမ္ဘာ့အားကစားပြိုင်ပွဲများတွင် Beats နားကြပ်များ အသုံးပြုခွင့် တားမြစ်ခြင်းသည် ပထမဦးဆုံး အကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် နွေရာသီက ပြုလုပ်ခဲ့သည့် London Olympics တွင် ကမ္ဘာ့ထိပ်တန်း အားကစားသမားများထံသို့ Beats က နားကြပ်ထောင်ပေါင်းများစွာ အခမဲ့ ပေးပို့ခဲ့သော်လည်း ပြိုင်ပွဲစပွန်ဆာမှာ Beats မဟုတ်သည့် အတွက် ကမ္ဘာ့အိုလံပစ်ကော်မတီက တားမြစ်ခဲ့ဖူးသည်။ ထို့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘောလုံး ကစားသမားကဲ့သို့ပင် အိုလံပစ် ကစားသမားများကို စပွန်ဆာပေးထားသည့် နားကြပ်များ တပ်ဆင် အသုံးပြုခြင်းကိုလည်း ထိုစဉ်က ပိတ်ပင်တားမြစ်ခဲ့သည်။



ပြီးခဲ့သည့်လက Apple သည် Beats ကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် အဆိုပါ Beats အမှတ်တံဆိပ်ကို ဂီတနှင့် အားကစားလောကတွင် ရွေးချယ်စရာတစ်ခု ဖြစ်လာလိမ့်မည်ဟု Apple က ပြောကြားခဲ့သည်။



Ref: CNET

Internet Journal

အသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ (ယောကျာ်းလေးများအတွက်)



ယောကျာ်းလေးများ အသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ

၁ ။ စီးပွားရေးကို အလေးထားပါ

တချို့လူတွေက ပြောကြတယ် ပိုက်ဆံ၇ှိတိုင်း အကုန်လုပ်လို့မရနိုင်ဘူးတဲ့၊

ဒါပေမဲ့ ပိုက်ဆံမရှိရင်ရော ဘ၀ဟာ ကျေနပ်စရာ တွေနဲ့ ပြည့်စုံပါ့မလား.... ။

ဒါကြောင့် အသက် ၃၀ မတိုင်ခင် သင့်ရဲ့ အားအင် အများစုကို သင့်ဘ၀ရဲ့

အလုပ်မှာ မြှုပ်နှံပါ။ အလုပ်မှာ ဘ၀တိုးတက်ဖို့အတွက် ကြံဆနေပါ။

၂။ ပိုက်ဆံမျက်နှာ သိပ်မကြည့်ပါနဲ့

အလုပ်မှာ လစာ နည်းတယ်ဆိုပြီး စောဒက မတက်ပါနဲ့။ ဘဏ်ထဲမှာ ပိုက်ဆံ

ပမာဏဟာ ဂဏန်း ၄ လုံးလောက်ပဲ ရှိပါလား ဆိုပြီး

သောကရောက်မနေပါနဲ့။ အနာဂတ်ကို ကြိုပြီး စိတ်ပူမနေပါနဲ့....

ပင်ပန်းပါတယ်။ အခုလက်ရှိလုပ်ရမှာက ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက်

လေ့လာ သင်ယူပါ.... သင့်မှာ တကယ်လို့ ဘွဲ့ ဒီဂရီ တခု ရှိထားတယ်ဆိုရင်

သင်သိထားတဲ့ သဘောတရား သီအိုရီ တွေကို လက်တွေ့ဘ၀မှာ

အသုံးချဖို့ကြိုးစားပါ။ ရေရှည်စီမံကိန်းနဲ့ လေ့လာသင်ယူပါ.... အလုပ်ဟာ

တကယ်တော့ အခမ်းနားဆုံး ကျောင်းတော်ကြီးပါပဲ။ အဲဒီအလုပ်ကပဲ

သင်လေ့လာခဲ့တာထက်ပိုပြီးတော့ အတွေ့အကြုံတွေ အတွေးအခေါ်တွေကို

သင်ပေးပါလိမ့်မယ်... ပညာမပြည့်စုံသေးရင် စိတ်မပူပါနဲ့

ဆက်တိုက်သင်ယူနေပါ.... ပိုက်ဆံမျက်နှာ တခု ထဲကို မကြည့်နေပါနဲ့။

အသက်၃၀မတိုင်ခင် ကိုယ်ပိုင် တိုက်တွေကားတွေ ၀ယ်နိုင်တဲ့ သူဆိုတာ

ရှားပါတယ၊်။

၃။ မိဘတွေကို စာနာ နားလည်ဖို့ကြိုးစားပါ

မိဘတွေ ဆုံးမတဲ့ အရာတွေကို စိတ်မဆိုးပါနဲ့.... သူတို့ကို စာနာ

နားလည်ပေးပါ... သင်ဟာ ဘယ်လောက်ပဲ အရွယ်ရောက်ရောက် သူတို့ရဲ့

မျက်လုံး ထဲမှာ သင်ဟာ ကလေးပါပဲ... သူတို့ကို

ပျော်ရွင်အောင်ထားပါ။မတတ်နိုင်ရင်တောင် အနည်းဆုံးတော့

ဖုန်းဆက်တာ၊ လက်ဆောင်လေးတွေပေးတာ တွေက သူတို့ကို

စိတ်ချမ်းသာစေပါတယ် ၊ သူတို့ စိတ်ပျော်၇ွင်ရင် သင့်မှာလဲ ကောင်းတာတွေ

ရရှိလာပါလိမ့်မယ်။

၎။ မိတ်ဆွေကောင်းတွေကို ပေါင်းသင်းဆက်ဆံပါ

မိတ်ဆွေ သူငယ်ချင်းဆိုတာ ဘ၀မှာ အရေးပါပါတယ်....

ကိုယ်ကောင်းတဲ့အချိန်မှာပဲ ပေါင်းတဲ့ မိတ်ဆွေမျိုးတွေချည်းနဲ့ပဲ

သင့်အချိန်ကို မကုန်ပါစေနဲ့.... အနည်းဆုံးတော့ ကိုယ်အခက်အခဲ

ရှိတဲ့အချိန်မှာ ကူညီနိုင်မှသာ မိတ်ဆွေစစ်ဖြစ်တယ်။ မိတ်ဆွေကောင်းတွေကို

ကောင်းကောင်းဆက်ဆံပါ.... သူတို့တွေ ဆင်းရဲ သည်ဖြစ်စေ...

ချမ်းသာသည်ဖြစ်စေ မိတ်ဆွေကောင်းဖြစ်ရင် ပေါင်းသင်းပါ၊

၅။ အချစ်ကို မကိုးကွယ်ပါနဲ့

အချစ်တွေ သင့်ရင်ထဲမှာ ဖြစ်လာရင် ရင်ထဲမှာပဲ သိမ်းထားပါ။ ချစ်တယ်

ဆိုတာ ကောင်းပါတယ်... လောကမှာ အချစ်အရေးကြီးဆုံးဆိုတဲ့

သူတွေပြောစကားကို နားမယောင်ပါနဲ့ .... တကယ်က

တာဝန်ယူနိုင်စွမ်းကသာ အရေးပါတာပါ။ မိန်းကလေးတွေရဲ့ စိတ်ကို

နားလည်ဖို့ခက်ပါတယ် ... သင်လုပ်ရမဲ့ အလုပ်က လက်တွဲချိန်တွဲ ....

လက်တွဲ ဖြုတ်သင့်ရင် ဖြုတ်ဖို့ပါပဲ။ အသက်၃၀ မတိုင်ခင် အချစ်ဟာ

အတုအယောင်တော့မဟုတ်ပါဘူး ဒါပေမဲ့ များသောအားဖြင့် သူတို့ဟာ

ကောင်းကောင်းမွန်မွန်မှန်ကန်စွာ ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်တွေ့

ချို့တဲ့နေပါတယ်၊ အရင်ဆုံးလေ့လာ သင်ယူသင့်ပါတယ် ... မျက်စိမှိတ်ပီး

မယုံသင့်ပါဘူး၊

၆။ အနမ်းတော့ ရှိနိုင်ပါတယ် စိတ်မပူပါနဲ့

အချစ်ဆိုတာ အရေးအကြီးဆုံး မဟုတ်ပေမဲ့ အရေးတော့ပါပါတယ် ။

လူအများစုက အသက် ၂၀ ကျော်လို့မှ ချစ်သူရည်းစားမရှိတော့ဘူးဆိုရင်

တဘ၀လုံးပဲ လူပျိုကြီးဘ၀နဲ့အရိုးထုတ်ရချည်ဆိုပြီး

ကြောက်လန့်နေတတ်ကြပါတယ်။ ဒါဟာ ယောက်ျားလေးတွေထက်

မိန်းခလေးတွေက ပိုပြီး ပူပန်တတ်ကြပါတယ်၊ အသက် ၃၀

အရွယ်ယောက်ျား တယောက်ဟာ တက်သစ်စပန်းတပွင့်နဲ့တူပါတယ်၊

ကြွေကျဖို့ထက် ပွင့်လန်းဖို့ ပိုပြီး အားသန်နေပါတယ်... ရင့်ကျက်တဲ့

ယောက်ျား တယောက်မှသာ အချစ်ဆိုတာကို ရေရှည်

တန်ဖိုးထားတတ်မှာပါ။ .. ဒါကြောင့် မိန်းကလေးတွေကို ရယူဖို့အတွက်

ရူးရူးမူးမူး ကြိုးစားနေမဲ့ အစား အသက် ၃၀ မတိုင်ခင်မှာ

တယောက်တည်းနေခြင်းရဲ့ အရသာကို ခံစားပါ။

၇၊ အကုန်လုံးကို မလုပ်ချင်ပါနဲ့

သင့်မှာ အွန်လိုင်း ဂိမ်း ကစား တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ ...

ဓာတ်ပုံရိုက်တာ စသဖြင့် ၀ါသနာတွေ၇ှိနိုင်ပါတယ်။ ဒါတွေဟာ ကျောင်း

မပြီးခင် အချိန်အထိတော့ အချိန်ပေးလုပ်ခဲ့နိုင်ပါတယ် .... ဒါပေမဲ့

ကျောင်းပြီးလို့ အခုလို အလုပ်ထဲဝင်တဲ့အချိန်မှာတော့ အဲလို

ဝါသနာတွေအတွက် အချိန်နဲ့ စွမ်းအင်တွေ အားစိုက်မှူတွေ လုပ်ဖို့

မတတ်နိုင်တော့ပါဘူး... စိတ်ဝင်စားမှု ၀ါသနာဆိုတာ လူတိုင်းမှာ

ရှိပါတယ်.... ဒါပေမဲ့ အရေးကြီးတာ မကြီးတာကို ခွဲခြားနိုင်ဖို့ ကြိုးစားပါ ...

အကုန်လုံးကို လုပ်ဖို့ မလွယ်ပါဘူး...

၈။ လူငယ်ဆိုတာ မဆုံးရှုံးပါဘူး

ကျွန်တော်တို့ဟာ စိတ်ပူပန်စရာတွေနဲ့ ကြုံလာရင်

စိတ်ပျက်အားငယ်သွားတတ်ကြပါတယ်။ အဲလိုအချိန် လူငယ်တွေမှာ

အကောင်းမြင်သဘောထား၇ှိဖို့ လိုပါတယ်။ ဆုံးရှုံးသွားရင် အစက ပြန်စပါ...

မှားယွင်းသွားရင် နောက်တခါ ထပ်မဖြစ်အောင် ကြိုးစားပါ...

အရှုံးပေးတာဟာ ကလေးဆန်တဲ့ အပြုအမူပါ။ အစွန်ဆုံးထိ အရှုံး မပေးပါနဲ့။

ကိုယ့်ကိုယ်ကို ယုံကြည်ပါ.. အမှားတခုဖြစ်ပြီး ရင် ကိုယ့်ကိုယ်ကို

အတိတ်မှာပဲအဆုံးမသတ်လိုက်ပါနဲ့... ထပ် ကြိုးစားလို့ အောင်မြင်ရင်

အတိုင်းမသိ ၀မ်းသာဖို့ကောင်းပါတယ်....

၉။ လူတွေကို အားကျပါ ဒါပေမဲ့ အတုမခိုးပါနဲ့၊ ကိုယ်နဲ့တွေ့တဲ့သူတွေကို

မေတ္တာထား ဆက်ဆံပါ

လူတွေမှာ အားကျစရာ လူတွေရှိပါတယ်... ဒါပေမဲ့ ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ...

သူတို့ကို အတုခိုးပြီးလိုက်လုပ်တာ ပင်ပန်းပါတယ်...ဘာလို့လဲဆိုတော့

သင်ဟာ သင်ပါပဲ .... ကိုယ်မကြိုက်တဲ့လူနဲ့တွေ့ရင် လဲ မဝေဖန်ပါနဲ့

လူတွေမှာ သူတန်ဖိုးနဲ့ သူ၇ှိကြပါတယ်... သူတို့ကို နားမလည်နိုင်ဘူးဆိုရင်

လက်ခံနိုင်ဖို့ အားထုတ်ပါ၊

၁၀။ တာဝန်ယူ စိတ် ၇ှိပါစေ

အရင်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ၊ လုပ်ခဲလုပ်ခဲ့ အခုအချိန်က စပြီး

မှန်ကန် ယုံကြည်ရတဲ့ လူဖြစ်အောင် ကြိုးစားပါ.... ယောက်ျားလေးတွေဟာ

အလုပ်မှာပဲ ဖြစ်ဖြစ် ဘ၀မှာပဲ ဖြစ်ဖြစ်၊ တာဝန်ယူတတ်တဲ့

စိတ်ရှိဖို့လိုပါတယ်.... ဒါမှ လူတွေက သင့်ကို ယုံကြည်ကြမှာပေါ့...

နောက်ဆုံး အိမ်ထောင်ဖက် ရွေးတဲ့ နေရာမှာတောင် မိန်းကလေးတွေဟာ

တာဝန်ယူရဲတဲံ ယောကျာ်းလေးတွေပဲ ရွေးချယ်ကြတယ်မဟုတ်လား။

၁၁၊ ယောကျာ်းလေးတွေမှာ အဆင်းက အရေးမပါပါဘူး

ရုပ်ရည် ချောမောမှုကို ဦးစားမပေးပါနဲ့ ။ ကြင်နာတဲ့ နှလုံးသား၊ သန့်၇ှင်းတဲ့

စိတ်.. ရိုးသားတဲ့ ဂုဏ်အင်တွေက ပိုပြီး အရေးပါပါတယ်..လူတွေက

ရုပ်ချောတဲ့ လူထက် မညစ်ပတ်တဲ့ သူကို ပိုသဘောကျပါတယ်။ တကယ်လို့

ရုပ်ချောတာမှ ကြိုက်တယ် ဆိုတဲ့ သူတွေနဲ့ တွေ့ခဲ့ရင် အလေးမထားပါနဲ့...

ဒီလိုလူမျိုးတွေက အမြင်ကျဉ်းမြောင်းတဲ့သူတွေ ဖြစ်နေလို့ပါပဲ၊

၁၂၊ ကိုယ်ကိုယ်ကို ကာကွယ်ဖို့ သင်ယူထားပါ

ဆေးလိပ်သောက်တာ၊ အ၇က်သောက်တာ၊ ညဘက် နောက်ကျမှ အိပ်တာ

တွေက အခုအချိန်မှာတော့ အရေးမကြီးဘူးဆိုပြီး ဆက်လုပ်ဖို့

မကြိုးစားပါနဲ့... အခုအချိန်မှာ မသိသာပေမဲ့ ၃၀ ကျော်လာတဲ့အခါမှာ သိသာ

ကွာခြားသွားပါတယ် .... ဘ၀မှာ ရှင်သန်ဖို့ အတွက် ကျန်းမာဖို့ လိုပါတယ်

... မကျန်းမာရင် ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့်ပုံမှန်ကျန်းမာဖို့

ကြိုးစားပါ.... ကိုယ့်ကိုယ်ကို ကာကွယ်ပါ။

၁၃၊မအောင်မြင်မှာကို မစိုးရိမ်ပါနဲ့

အခုအချိန်အထိသင်ဟာ အောင်မြင်တဲ့သူတယောက်မဖြစ်သေးဘူးဆိုပီး

စိုးရိမ်မနေပါနဲ့ .... အလုပ်ကို ပုံမှန်လုပ်ပြီး အသိပညာကိုသာ လေ့လာပါ...

သင်နဲ့ အသင့်တော်ဆုံးအလုပ်ကို လုပ်ပြီး သင့်ရဲ့ အောင်မြင်မှုကို

လှမ်းယူပါ...

၁၄။ အလုပ်ကို ဂရုတစိုက်လုပ်ပါ

အခုလက်ရှိအလုပ်ဟာ ပျင်းစရာ ဘယ်လောက်ပဲကောင်းကောင်း...

ဘယ်လောက်ပဲ နိမ့်တဲ့အလုပ်ဖြစ်ပါစေ...

အစွမ်းကုန်အားထုတ်လုပ်ဆောင်ပါ.... အောင်မြင်တဲ့လူဆိုတာ

အသေးအဖွဲအလုပ်တွေက စခဲ့ကြတာပါ၊ အဓိကက အလုပ်မှာ ထားတဲံ

စိတ်ထားနဲ့ အလုပ်သဘောတရားလေးတွေကို နားလည်ဖို့ကသာ

အနာဂတ်အတွက် အရေးကြီးပါတယ်။

၁၅။ စစ်မှန်တဲ့ ခံစားမှု တွေကိုပဲ အလေးပေးပါ

မိန်းကလေးတွေကို ဖိနပ်လဲစီးပေးနိုင်တဲ့ ၊ အ၀တ်အစားလှလှလေးတွေ

ဝယ်ပေးနိုင်တဲ့ သူတွေကို မနာလို မဖြစ်ပါနဲ့ ... သင့်အတွက်

အချိန်ကုန်ပါတယ်... မိန်းကလေး တွေ အစိုးရိမ်ဆုံး က ချစ်သူရှာမတွေမှာ မဟုတ်ဘူး

....ကိုယ့်ချစ်သူ ကိုယ့်အပေါ် အချစ်တွေ ကုန်ခမ်းသွားမှာကို ပဲ။ ချစ်တယ်ဆိုတဲ့

စကားလုံးလေးတလုံးက သာ သင့်ချစ်သူကို ပျော်ရွင်မှုတွေ အမှန်တကယ်

ရရှိစေပါတယ်..လောကမှာတခြားသူထက် ပိုပေးနိုင်တာထက် စစ်မှန်တဲ့

ခံစားမှု အကြင်နာကသာ အောင်မြင်ခြင်းကို ပို့ဆောင်ပေးပါတယ်...

၁၆။ အပြစ်ကင်းတဲ့ ကလေးလို စိတ်မျိုး နည်းနည်းတော့ ထားပါ

တခါတလေမှာ ကလေးဆန်တဲ့ ရိုးရှင်းတဲ့ စိတ်သဘောထားလေးကို

ထားတတ်ဖို့လိုပါတယ် ... အပြစ်ကင်းတာ တုံးအတာ မဟုတ်ပါဘူး...

ဖြူစင်တာပါ... စိတ်ထား ဖြူစင်မှသာ တကယ်ပျော်ရွင်မှုကို သင်ရရှိမှာပါ...

ဘ၀မှာ အောင်မြင်တာ ကျရှုံးတာ မပြည့်စုံတာ အစရှိတဲ့ လောကဓံတွေကို

ဖြူစင်တဲ့ စိတ်ထားလေးနဲ့ ကြည့်ပြီး ပျော်ရွင်နိုင်ဖို့ကြိုးစားကြည့်ပါ

 မူရင်း ၊ ၊ http://www.duwenzhang.com/wenzhang/lizhiwenzhang/20110422/180680.html မှ ဘာသာပြန်ခံစားတင်ပြပါသည်။

credit : kyawzayyar blog



အမေ့လက်များ




လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ ပထမ အင်တာဗျူး ဖြေဆိုအောင်မြင်သွားတာကြောင့် အခုဆို နောက်ဆုံးအဆင့် အင်တာဗျူးအတွက် ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

ဒါရိုက်တာလုပ်သူက လူငယ်ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကြည့်လိုက်တဲ့အခါ ပညာရေးအဆင့် အောင်မြင်မှုမှာ ထိပ်တန်းဖြစ်နေတာကို တွေ့ရပါတယ်။ ဒါနဲ့ လူငယ်ကို
“ ညီလေး ကျောင်းမှာ ပညာသင်ဆု မလျှောက်ခဲ့ဘူးလား ” လို့မေးပါတယ်။
“ မလျှောက်ခဲ့ဘူးဗျ ”
“ ဒါဆို ကျောင်းစရိတ်တွေကို ညီလေးအဖေက တော်တော်ထောက်ပံ့ပေးခဲ့ရမှာပေါ့ ”
လူငယ်ခေါင်းခါပါတယ်။
“မဟုတ်ဘူးဗျ။ ကျနော်အဖေက ကျနော် တစ်နှစ်သားလောက်မှာ ဆုံးသွားတာ။ ကျနော့် ကျောင်းစရိတ်တွေ ထောက်ပံ့ပေးခဲ့တာ ကျနော့်အမေပါ ”
“ ဒါဆို ညီလေးအမေက ဘာအလုပ်လုပ်တာလဲ ”
“ အမေက ခ၀ါသည်ပါ ”

လူငယ်ရဲ့အဖြေကိုကြားတော့ ဒါရိုက်တာဟာ လူငယ်ရဲ့လက်ကို သူ့အားခဏပြဖို့ တောင်းဆိုပါတယ်။ လူငယ်ဟာ ဒါရိုက်တာရဲ့ တောင်းဆိုမှုကို လက်ခံပြီး သူ့လက်တွေကို ဖြန့်ပြလိုက်တဲ့အခါမှာတော့ သိပ်ကိုနူးညံ့ချောမွေ့ပြီး လှပတဲ့ လက်တစ်စုံ ဖြစ်နေပါတယ်။
“ ညီလေး အမေ အ၀တ်တွေလျှော်တဲ့အခါ ညီလေး ကူလျှော်ပေးခဲ့ဖူးလား ”
“ ဟင့်အင်း... ကျနော် ဘယ်တော့မှ မလျှော်ပေးခဲ့ရပါဘူး..ဘာဖြစ်လို့လဲဆိုတော့ အမေက ကျနော့်ကို စာပဲ ကြိုးစားခိုင်းခဲ့တာ... ပြီးတော့ အမေအ၀တ်လျှော်တာ ကျနော့်ထက်ပိုမြန်တယ်လေ ”
“ သြော်... ဒါဆို အစ်ကို တစ်ခုလောက် တောင်းဆိုစရာရှိတယ်... ညီလေး အိမ်ပြန်ရောက်တဲ့အခါ အမေ့ဆီ သွားပြီး သူ့လက်တွေကို ဆေးကြောပေးနိုင်မလား... ပြီးရင် မနက်ဖြန် အစ်ကို့ကို ပြန်လာတွေ့ပါ ”
ို
လူငယ်ဟာ သူအလုပ်ရဖို့ ဒီအခွင့်အရေးဟာ အရေးကြီးတယ်ဆိုတာ သိပါတယ်။ ဒီတော့ သူအိမ်ပြန်ရောက်တဲ့အခါမှာ မိခင်ဆီသွားပြီး မိခင်ရဲ့လက်တွေ ဆေးကြောပေးချင်ကြောင်း ခွင့်တောင်းပါတယ်။ မိခင်လုပ်သူက သားရဲ့စကားဆန်းတွေကြောင့် အြံ့သ၀မ်းသာသွားပါတယ်။ စိတ်ခံစားမှုတွေ ရောပြွန်းနေရင်းနဲ့ သူမရဲ့လက်တွေကို သားရှေ့မှာ ထုတ်လိုက်ပါတယ်။

လူငယ်က မိခင်ရဲ့လက်တွေကို ဖြေးဖြေးချင်း ဆေးကြောပါပြီ။ အဲဒီအခိုက်မှာ သူ့မျက်ရည်တွေ စီးကျလို့လာပါတယ်။ မိခင်ရဲ့လက်တွေဟာ ဇရာကြောင့် တွန့်ရှုံ့ပျော့တွဲနေပြီး ဒဏ်ရာတွေ တော်တော်များများရှိနေတာကို ပထမဆုံးအကြိမ်အဖြစ် သူသတိထားမိသွားပါတယ်။ တချို့ဒဏ်ရာတွေဆို သူထိလိုက်တာနဲ့ မိခင်က တွန့်ခနဲ ဖြစ် ဖြစ် သွားတဲ့အထိ နာကျင်နေတာဖြစ်ပါတယ်။

ဒီလက်တွေဟာ သူ့ကျောင်းစရိတ်တွေကို ပေးချေနိုင်ဖို့ နိစ္စဓူဝ အ၀တ်တွေလျှော်လာခဲ့တဲ့ လက်တစ်စုံပါလားဆိုတဲ့အသိကို သူခံစားမိတာ ဒါ ပထမဦးဆုံးပါပဲ။ မိခင်ရဲ့လက်က ဒဏ်ရာတွေဟာ သူ့ပညာရေးအတွက် သူ့ကျောင်းကိစ္စတွေအတွက် သူ့အနာဂတ်အတွက် လဲလှယ်ပေးဆပ်ခဲ့ရတဲ့ အဖိုးအခတွေပါပဲ။

လူငယ်ဟာ မိခင်ရဲ့လက်တွေကို ဆေးကြောပြီးတဲ့နောက်မှာ မိခင်လျှော်ဖို့ရှိနေတဲ့ အ၀တ်တွေအားလုံးကို နှုတ်ဆိတ်ငြိမ်သက်စွာ လျှော်ဖွတ်ပေးခဲ့ပါတယ်။

အဲဒီညမှာ သားအမိနှစ်ယောက် စကားလက်ဆုံကျရင်း အချိန်အတော်ကြာသွားပါတယ်။

နောက်တစ်နေ့မနက်မှာတော့ လူငယ်ဟာ ဒါရိုက်တာရုံးခန်းဆီ သွားပါတယ်။

ဒါရိုက်တာက
“ ညီလေး မနေ့က အိမ်မှာဘာတွေလုပ်ပြီး ဘာတွေသင်ယူခဲ့လဲဆိုတာ ပြောပြနိုင်မလား ” လို့ မေးတဲ့အခါ လူငယ်ရဲ့မျက်ဝန်းမှာ မျက်ရည်စတွေ တွဲခိုလို့နေပါတယ်။

“ အခုတော့ ဘယ်အရာကို တန်ဖိုးထား ကျေးဇူးတင်ရမယ်ဆိုတာ ကျနော်သိသွားပါပြီ... ကျနော့်အမေ မရှိဘဲနဲ့ ဒီကနေ့ ကျနော်ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး... တစုံတရာ ပြီးမြောက်အောင်မြင်ဖို့ ဘယ်လောက်ထိ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ ကျနော့်အမေကို ကူညီရင်း အခုမှသိရတာပါ.... မိသားစုကို ကူညီထောက်ပံ့ခြင်းရဲ့ အရေးကြီးမှုနဲ့ အဖိုးအခကြီးမှုတွေကိုလည်း တန်ဖိုးထားသိမြင်လာရပါတယ် ”

လူငယ်ရဲ့အဖြေမှာ ဒါရိုက်တာက နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပါတယ်။
“ ဒါဟာ အစ်ကိုလိုချင်တဲ့ မန်နေဂျာမှာရှိရမယ့် စိတ်နေသဘောထားပါပဲ... အစ်ကို အလုပ်ခန့်ချင်တာက တခြားလူတွေရဲ့ အကူအညီကို တန်ဖိုးထားတတ်တဲ့ လူမျိုး၊ အလုပ်ကိစ္စတွေ ပြီးမြောက်ဖို့ တခြားလူတွေရဲ့ အခက်အခဲကိုလည်း မြင်အောင်ကြည့်တတ်တဲ့
လူမျိုး၊ ငွေကို ဘ၀ရဲ့ပန်းတိုင်လို သဘောမထားတတ်တဲ့လူမျိုးပါ... ညီလေးကို အလုပ်ခန့်လိုက်ပါပြီ ”

လူငယ် အလုပ်ရသွားပြီး အလုပ်ကိုလည်း အင်မတန်ကြိုးစားခဲ့ပါတယ်။ သူနဲ့တွဲဖက်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှုကိုလည်း ရရှိခဲ့ပါတယ်။ လူငယ်ရဲ့ ၀န်ထမ်းတွေအားလုံးကလည်း စည်းလုံးတဲ့အဖွဲ့တစ်ဖွဲ့အဖြစ် အလုပ်ကို ၀ီရီယထား ကြိုးစားကြတယ်။ ရလဒ်အဖြစ် ကုမ္ပဏီရဲ့တိုးတက်မှုတွေဟာ အံ့မခန်းဖြစ်လာတော့တာပါပဲ။

ဖြစ်ရပ်ကလေးက ဒါပါပဲ။

ဘာပဲလိုလို အမြဲတမ်းရပြီး အလိုလိုက် အကာအကွယ်ပေးခံနေရတဲ့ ကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဗဟိုပြုစဉ်းစားတဲ့ အတ္တစိတ်တွေ ဖွံ့ဖြိုးလာတတ်တယ်။ သူ့ကိုယ်သူ အမြဲရှေ့တန်းတင်လာတတ်တယ်။ သူ့နောက်ကနေ ထောက်ပံ့နေတဲ့ မိသားစုရဲ့ ကြိုးစားအားထုတ်မှုတွေကို မျက်ကွယ်ပြုလာတတ်တယ်။ သူအလုပ်လုပ်တဲ့အခါ သူ့စကားကို အမြဲတမ်းနားထောင်ရမယ်ဆိုတာမျိုး ဖြစ်လာတတ်တယ်။ သူ မန်နေဂျာဖြစ်လာတဲ့အခါ သူ့လက်အောက်ဝန်ထမ်းတွေရဲ့ အခက်အခဲ ဒုက္ခတွေကို စာနာ နားလည်ပေးလိမ့်မှာ မဟုတ်ဘဲ အမြဲတမ်း ဆူပူကြိမ်းမောင်းနေပါလိမ့်မယ်။ အဲဒီလို လူမျိုးတွေဟာ ပညာရေးအရတော့ ထူးချွန်ကောင်း ထူးချွန်ကြပါလိမ့်မယ်။ ဘ၀မှာ ခဏတဖြုတ် အောင်မြင်ကောင်း အောင်မြင်နိုင်ကြလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို ခံစားနားလည်ရမှာ မဟုတ်ပါဘူး။ သူတို့ဟာ ပိုမိုတဲ့ လိုချင်မှုတွေအတွက် မကျေမနပ်နဲ့ မြည်တွန်းတောက်တီးနေကြမယ်။ အမုန်းတရားတွေနဲ့ ဖုံးလွှမ်းနေကြမယ်။ ကတောက်ကဆ စကားများရန်ဖြစ်နေကြမယ်။ ကဲ ဒီလိုဆို ကျနော်တို့ဟာ ကလေးတွေကို စိတ်တိုင်းကျ အလိုလိုက်ပြီး အမြဲကာကွယ်ပေးနေတတ်တဲ့ မိဘတွေဖြစ်နေရင် ဒါဟာ သူတို့ကို တကယ်ချစ်ရာရောက်သလား.... ဒါမှမဟုတ် အဲဒီအစား ကိုယ့်ကလေးကိုယ် ဖျက်ဆီးနေကြတာများလား ? ? ?

သင်ဟာ သင့်ကလေးကို အိမ်ကောင်းရာကောင်းနဲ့ နေခွင့်ပြုနိုင်တယ်။ စားကောင်းသောက်ဖွယ်တွေ ကျွေးနိုင်တယ်။ စန္ဒရားတီးတတ်အောင် သင်ပေးနိုင်တယ်။ ကြီးမားတဲ့ ဖန်သားပြင်ရှိတဲ့ ရုပ်မြင်သံကြားစက်တွေကြည့်ခိုင်းနိုင်တယ်။ ဒါပေမဲ့ သင့်အိမ်ခြံဝင်းထဲက မြက်တွေ ရိတ်ဖြတ်တဲ့အခါ သူတို့ကိုလည်း အဲဒီအတွေ့အကြုံနဲ့ ထိတွေ့ခွင့်ပေးပါ။ ထမင်းစားပြီးတဲ့အခါမှာ စားပြီးသား အိုးခွက်ပန်ကန်းတွေဆေးဖို့ သူတို့အစ်ကိုအစ်မတွေနဲ့အတူ ၀ိုင်းဝန်းလုပ်ခွင့်ပေးပါ။ ဒါက အိမ်ဖော်ငှားဖို့ ပိုက်ဆံမရှိလို့ ဒီလိုလုပ်ရတာမဟုတ်ပါဘူး။ သင်က သူတို့ကို သင့်မြတ် မှန်ကန်တဲ့နည်းနဲ့ ချစ်ရာရောက်အောင်လို့ပါ။ မိဘတွေ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ.. တစ်နေ့မှာ အထက်ပါ ဖြစ်ရပ်ထဲက မိခင်လိုပဲ မိဘတွေဟာ ဆံပင်တွေဖြူ အိုမင်းရင့်ရော်သွားမယ်ဆိုတာ သင့်ကလေးတွေကို နားလည်စေရပါမယ်။ အရေးကြီးဆုံးကတော့ စွန့်လွှတ်ပေးဆပ်ရမှုတွေကို ဘယ်လိုတန်ဖိုးထားရမယ်... အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားရမယ်... ပြီးတော့ အရာကိစ္စတွေ ပြီးမြောက်အောင်မြင်ဖို့ အခြားလူတွေနဲ့ တွဲဖက်လုပ်ကိုင်တဲ့အခါ လိုအပ်တဲ့စွမ်းရည်တွေကို သင့်ကလေး သင်ယူတတ်မြောက်ဖို့ပါပဲ။

မိတ်ဆွေ.... ဒီဖြစ်ရပ်ကလေးကို တတ်နိုင်သလောက်များများ မျှဝေဖို့ ကြိုးစားပါ။ ဒီဖြစ်ရပ်ကလေးကို သိရတဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ဘ၀ကံကြမ္မာဟာ ထူးထူးခြားခြား ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်ပါတယ်။

.
Credit to >> Suesha Nay

ရွှေတံဆိပ်ရ အသက် ၁၇ နှစ် အရွယ် ရဲဘော် Jacklyn H. Lucas



Jacklyn ဆိုတဲ့ လူငယ်ဟာ အသက် ၁၄ နှစ်အရွယ်မှာ စတင် စစ်မှု ထမ်းပါ တယ်။ အသက်မပြည့်သေးပေမယ့် စစ်ထဲကို အသက်လိမ် ဝင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ အရည်အချင်း ကြောင့်မို့ သုံးနှစ် အတွင်း ပထမ တန်းစား (First Class) မရိန်း တပ်တား ဖြစ်ခဲ့ ပါတယ်။


ဒုတိယ ကမ္ဘာစစ်ကာလက စစ်မှုထမ်းပြီး ဂျပန်ကို စတင်ဝင်တိုက်တဲ့ the Iwo Jima campaign မှာ သူ့ရဲ့ ရဲစွမ်း သတ္တိကြောင့် အမေရိကန် သမ္မတ ကိုယ်တိုင် ၁၉၄၅ ခုနှစ်က နိုင်ငံတော် အဆင့် ရွှေတံဆိပ်ဆု ချီးမြင့်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်းပေါ် ချီတက်တဲ့ စစ်သားတွေကြားမှာ ရိုင်ဖယ်မပါတာတောင် ဗုံးဒဏ်ကြောင့် သေဆုံးရတော့မယ် ရဲဘော်ရဲဘက်တွေကိုယ် ကယ်ပါ တယ်။ နောက်ဆုံးတော့ ပေါက်ကွဲတော့မယ့် ဗုံးတွေကို သူ့ကိုယ်နဲ့ ကာတဲ့ အထိ အသက်စွန့် ရဲဝံ့ခဲ့ ပါတယ်။ ကံကောင်းတော့ သူဟာ အသက်မသေ ပဲ ဆေးရုံ ကနေ ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။

သူ့ရဲ့ အင်မတန် ရဲစွမ်း သတ္တိရှိတဲ့ လုပ်ရပ်ကြောင့်မို့ အသက် ၁၇ နှစ် အရွယ်မှာ တင် သာမန်လူ ရခဲ့တဲ့ နိုင်ငံအသိမှတ်ပြု ဆုများ ရရှိခဲ့ ပါတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)

.

ဘန်ကောက်သွားမည့် တရားမ၀င် မြန်မာ ၁၈ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး


ဘန်ကောက်ကို သွားမယ့် တရားမဝင် မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းစစ်သားတွေက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးမှာ ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်အနီးက မက်ရာမတ်မှာ ဒီနေ့မနက် ၁ နာရီ ဝန်းကျင်လောက်က တရားမဝင် မြန်မာနိုင်ငံသား ၁၈ ဦးကို တင်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား တဦး မောင်းတဲ့ကားကို ထိုင်းစစ်သားတွေ ဖမ်းဆီးလိုက်တာပါ။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၁၂ ဦးတို့ဟာ ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့ ဖြစ်ပါတယ်။

သူတို့အဖွဲ့က ဘန်ကောက်အရောက် ၁ ယောက်ကို ဘတ် ၁ သောင်း ၅ ထောင်ပေးပြီး ကားတစီးကို အပြတ် ငှားထားကြတာပါ။

စစ်တပ်က သူတို့တွေကို ရဲတွေလက်ထဲကို အပ်လိုက်ပြီး ရဲတွေက တရားမဝင် အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား တဦးကိုတော့ အမှုဖွင့် တရားစွဲဆိုထားတယ်လို ပြောပါတယ်။ မြန်မာအလုပ်သမားတွေကိုလည်း မဲဆောက်မှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တရားဝင်နဲ့ တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီး စစ်ဆေးနေတာတွေကြောင့် အိမ်ပြန်နေကြသူတွေ ရှိသလို အခုလို ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသူတွေလည်း ရှိနေပါတယ်။


DVB Burmese

ရေမြောင်းတွေပိတ်၊ ရေကြီး ရေလျှံဖြစ်ရတာ စစ်အာဏာရှင်စနစ်ဆိုးကြောင့်



ခေါင်းစဉ်ကိုဖတ်ပြီး မပြုံးကြပါနဲ့။ အားလုံးသိကြတဲ့အတိုင်း မိုးတွေရွာလိုက်တိုင်း ရန်ကုန်မြို့က လမ်းတွေပေါ် ရေကြီး ရေလျှံဖြစ်တာ တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး ဆိုးလာနေပါတယ်။ ဒီ့ထက် ပိုဆိုးစေတာက လမ်းတွေပေါ်မှာ ကားတွေများလာတဲ့ ကိစ္စပါ။ ဒါကလည်း မျက်မြင်အရရော စာရင်းဇယားတွေအရပါ ပြောနိုင်ပါတယ်။ ဒီတော့မိုးများပြီး ရေလျှံ၊ ကားလမ်းပေါ်ရေတွေ ပြည့်၊ နဂိုကတည်းကမှ ပိတ်ကျပ်နေတဲ့ ကားလမ်း ရွှေ့မရ မောင်းမရ၊ ကားတွေလည်း ပိတ်၊ ရှေးခေတ်ဟောင်း သမိုင်းဦးဘုံမြေခေတ်ကလို ကားပေါ်က ဆင်း လမ်းလျှောက်မယ်ဆိုရင်လည်း ခါးလယ်လောက် မြုပ်နေတဲ့ရေကြောင့် အဆင်ကမပြေ၊ လမ်းလည်း လျှောက်မရ၊ မဖြစ်မနေ လျှောက်ရသူတွေကလည်း အလွန့်အလွန် ညစ်ပတ် နံစော်တဲ့ ရေဆိုးကြောင့် ရောဂါဘယတွေ ကူးစက်မှာလည်း စိုးရ။ ဟုတ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်ရတာဖြစ်ပြီး အခုအစိုးရသစ်တက်လာတဲ့အချိန်ထိ အဲဒီအမွေဆိုး မပြုပြင်နိုင်သေးတာကြောင့်လို့ ဆွေးနွေးတင်ပြချင်ပါတယ်။

စစ်အာဏာရှင် စနစ်ဆိုးလို့ ပြောပြီဆိုမှတော့ အရင်ခေတ်က အကြောင်းတွေနဲ့ အစပြုရပါလိမ့်မယ်။ ၁၉၈၈ စစ်အစိုးရ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ အပါအ၀င် တစ်နိုင်ငံလုံးမှာ စည်ပင်သာယာရေးအဖွဲ့တွေ ဖွဲ့ကြပါတယ်။ သိကြတဲ့အတိုင်း ဦးဆောင်သူတွေနဲ့ အရာရှိ အားလုံးနီးပါးဟာ စစ်ဗိုလ်တွေနဲ့ စစ်ဗိုလ်ဟောင်းတွေပါ။ ရှင်းရှင်းပြောရရင် အဲဒီ စစ်ဗိုလ်တွေဟာ မြို့ပြတည်ဆောက်ရေး၊ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ဘာတစ်ခုမှမသိ၊ ကျွမ်းလည်း မကျွမ်းကျင်ဘဲနဲ့ စည်ပင်သာယာရေးအဖွဲ့ကြီးတွေကို တာဝန်ယူကြတာပါ။ သူတို့တာဝန်ယူကြတာကလည်း သိပ်အချိန်ကြာကြာ မဟုတ်ပါဘူး။ အနှစ် ၂၀ ကျော်လာတဲ့ ဒီနေ့ အချိန်အထိ တိုင်အောင်ပါပဲ။

သူတို့ ဘာလုပ်ကြသလဲ၊ အထူးသဖြင့် ရန်ကုန်မှာ ဘာတွေ လုပ်ကြသလဲ မေးစရာ မေးခွန်းရှိပါတယ်။ တည်ဆောက်ရေးဆိုင်ရာ လိုင်စင်တွေ ချပေးပါတယ်။ ဈေးတွေ ဖျက်ပြီး အသစ်ဆောက်၊ ထွက်လာတဲ့ ဆိုင်ခန်းတွေကနေ ကိုယ်ကျိုးရှာပါတယ်။ သန့်ရှင်းရေးလုပ်ငန်းတွေမှာ ၀န်ထမ်းပေါင်း မြောက်မြားစွာခန့်ထားပြီး ကိုယ်တိုင်ကိုယ်ကျ လုပ်ကြပါတယ်။ မဆုံးနိုင်တဲ့၊ နှစ်စဉ် နှစ်တိုင်း မရိုးနိုင်အောင်လုပ်ရတဲ့ လမ်းပြုပြင်ရေးလုပ်ငန်း၊ ပလက်ဖောင်း ပြုပြင်ရေး လုပ်ငန်း၊ ရေမြောင်းဆယ်ရေးလုပ်ငန်းတွေ လုပ်ကြပါတယ်။ အဓိကကတော့ စည်ပင်လုပ်ငန်းလုပ်ပြီး ပြည်သူတွေဆီက ငွေကောက်၊ ရလာတဲ့ငွေနဲ့ အစိုးရဘတ်ဂျက်ထဲက ငွေတွေအားလုံးကို ကိုယ့်ဖာသာကိုယ် လုပ်ငန်းတွေ ထူထောင်ပြီး သုံးနေတာပါ။ စီမံခန့်ခွဲမှု သက်သက်လုပ်တာ မဟုတ်ပါဘူး။

ဒီလိုနည်းနဲ့ နှစ်ပေါင်းများစွာကြာတဲ့အခါ အရည်အသွေးမပြည့်မီတဲ့၊ စည်းကမ်းချက်အရ ကားပါကင် ထည့်ရမယ်လို့ဆိုပေမယ့် ကားပါကင်မရှိတဲ့ တိုက်တွေနဲ့ ပြည့်နှက်နေတဲ့မြို့တော် ဖြစ်လာပါတယ်။ အရင်က လိုအပ်ချက်အရထားတဲ့ အန်ကြီးတဲ့ ရေမြောင်းတွေ၊ ရေအိုင်ကြီးတွေကို မြေဖို့ပြီး တိုက်ဆောက် ပစ်ပါတယ်။ ဒီနည်းနဲ့ အင်္ဂလိပ်က သူ့ခေတ်သူ့အခါက စနစ်တကျ ကောင်းကောင်း တည်ဆောက်ထားခဲ့ပါတယ်ဆိုတဲ့ ရန်ကုန်မြို့ ပုံပျက်လာပါတယ်။

ကြားဖြတ်ပြီး ရယ်စရာတစ်ခု ပြောပြချင်ပါသေးတယ်။ ရန်ကုန်မြို့ နေရာအနှံ့ ရေဘေးဒုက္ခတွေ တွေ့နေချိန် အလွန်နက်တဲ့ ဗားကရာချောက်ဘက်မှာ ဘာကြောင့် ရေတွေ မတင်ကျန်ရစ်သလဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က အင်္ဂလိပ်အစိုးရ ရေမြောင်းစနစ် ဘယ်လိုလုပ်ထားသလဲ ခေတ်သစ် စည်ပင်ဝန်ထမ်းတွေ သွားလေ့လာကြပါတယ်တဲ့။ နိုင်ငံတော်ပိုင် သတင်းစာကြီးက တစ်ခမ်းတစ်နားဖော်ပြတာပါ။ အဲဒီမှာ မြောင်းထဲ သက်စွန့်ဆံဖျားကိုယ်တိုင် ဆင်းကြည့်တဲ့ သတင်းထောက်က လက်ရှိ စည်ပင်အနေနဲ့ အရင်နှစ် ၁၀၀ ကျော်က အင်္ဂလိပ်အစိုးရရဲ့လုပ်ရပ်ကို စံထား အတုယူပြီး ရေမြောင်းတွေ ပြုပြင်ဖောက်သင့်ကြောင်း တကယ့်ကို အကြံပေးပါတယ်။

ခုတော့ ရန်ကုန်မှာ မိုးရွာရင် မြောင်းထဲက ရေလျှံပြီး ရေမစီးတဲ့ ရိုးရိုးပြဿနာအပြင် ကားတွေများလာလို့ လမ်းကျပ်တာပါ ခံစားနေရပါပြီ။ မှတ်ပုံတင်စာရင်းတွေအရ ၂၀၁၂ နှစ်ဆန်းကနေ ၂၀၁၃ နှစ်ဆန်းအထိ မြန်မာနိုင်ငံမှာ ကားအစီးရေ ခုနစ်သောင်းနီးပါး တိုးပွားပါတယ်။ အများစု ရန်ကုန်မှာပါ။ နောက်တစ်နှစ် ၂၀၁၄ နှစ်ဆန်းရောက်တော့ နောက်ထပ် ကား တစ်သိန်းနီးပါးလောက် ထပ်တိုးပါတယ်။ ဒါလည်း ရန်ကုန်မှာ အများစုပါပဲ။ အဲဒီ ကားတွေအတွက် ပါကင်မရှိလို့၊ တစ်နည်း ပြောရရင် ပါကင်ပြဿနာ စည်ပင်က စစ်ဗိုလ်ဟောင်းတွေ လုပ်မပေးနိုင်လို့ အားလုံး အခု လမ်းပေါ်မှာချည်းပါပဲ။ ကွန်ကရစ် လမ်းတွေခင်း၊ လမ်းတွေ မြင့်၊ အိမ်တွေက နိမ့်၊ ရေမြောင်းစနစ်က ပျက်ဆိုတော့ အဲဒီ ကားလမ်းကြီးတွေ ကိုယ်တိုင် ရေမြောင်း အကြီးစားတွေဖြစ်ပြီး ခုလို ပြဿနာပေါင်းစုံ တက်ရတာ ဖြစ်ပါတယ်။

ဟုတ်ကဲ့။ စည်ပင် အလွန်အလုပ်လုပ်ပါတယ်။ နေ့မအား ညမနား ၀န်ထမ်းပေါင်း မြောက်မြားစွာနဲ့ လုပ်နေပါတယ်။ ခင်ဗျားတို့ ဝေဖန်တာတွေကို ဂရုမစိုက်အားပါဘူး။ ဘယ်လောက်တောင် လုပ်သလဲဆို ရလာတဲ့ ၀င်ငွေတွေနဲ့ မလောက်လို့ ဗဟိုအစိုးရဆီက ဘီလီယံနဲ့ချီတဲ့ ဘတ်ဂျက်တွေ ထပ်တောင်းလိုက်ပါသေးတယ်။ အားလုံး စည်ပင်က စစ်ဗိုလ်တွေ ကိုယ့်လက်နဲ့ကိုယ် ကိုင်သုံးဖို့ချည်းပါပဲ။ အဓိက အရင်းခံ ပြဿနာဟာ အဲဒီပြဿနာပါ။

တကယ်ဖြစ်သင့်တာက ရန်ကုန်မြို့ကို ဘယ်လို တည်ဆောက်မလဲ ရေတိုရေရှည် စီမံကိန်းတွေကို ပညာရှင်တွေဆီကနေ ယူရပါမယ်။ စည်ပင် အဓိက တာဝန်ရှိသူတွေဟာ မြို့ပြကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ ဖြစ်ရပါမယ်။ ချထားတဲ့ ရေတိုရေရှည် စီမံကိန်းတွေ၊ လုပ်ငန်းလေးတွေ အကောင်အထည်ဖော်ဖို့ တစ်ခုချင်းစီ တင်ဒါစနစ်နဲ့ ပွင့်ပွင့်လင်းလင်း အကောင်အထည် ဖော်ရပါမယ်။ ဥပမာ မြောင်းဘယ်လို ဖောက်ဖို့လိုလဲ၊ ကားပါကင် ဘယ်လို ဖော်ထုတ်မလဲ၊ ဆာဗေးအရင်လုပ်မလား၊ လုပ်ဖို့ အဖြေထွက်လာရင် လုပ်မယ့်အပိုင်းအလိုက် ကျွမ်းကျင်ကုမ္ပဏီတွေကို တင်ဒါခေါ်ပြိုင်ခိုင်း လုပ်ခိုင်းရပါမယ်။ စည်ပင်ရဲ့အလုပ်က စီမံခန့်ခွဲဖို့နဲ့ ကုမ္ပဏီတွေက စည်းကမ်းချက်ပါအတိုင်း အကောင်အထည်ဖော် မဖော် ကြီးကြပ်ဖို့ပဲ တာဝန် ရှိပါတယ်။ ဒါဆို ပုဂ္ဂလိက ကုမ္ပဏီတွေလည်း ကြီးထွားလာပါမယ်။

လက်ရှိဖြစ်နေတဲ့ ရေကြီးတဲ့ ပြဿနာ၊ ကားကျပ်တဲ့ ပြဿနာ၊ လမ်းဘေးဈေးသည်တွေကို စနစ်တကျ နေရာမ ချနိုင်တဲ့ ပြဿနာ၊ မြို့တော်ကြီး ညစ်ပတ်နေတဲ့ ပြဿနာ အားလုံးရဲ့ အရင်းခံဟာ စစ်ဗိုလ်ဟောင်းတွေဟာ ဘီလီယံနဲ့ချီတဲ့ ဘတ်ဂျက်တွေကိုင်ပြီး သူတို့ဖာသာသူတို့ လုပ်ချင်ရာ လုပ်နေကြတဲ့ ပြဿနာပါ။ ကားပါကင် လုပ်ရရင်၊ ပက်လက်ဖောင်းခင်းနေ ရရင်၊ ရေမြောင်း ဖော်နေရရင် အလွန်ပျော်ပါတယ်။ ကိုယ့်ဖာသာ ငွေကြေး ကိုင်ပြီး လုပ်နေရရင် အလွန်ပျော်ရွှင်တဲ့ သဘောပါ။ ဒါပေမဲ့ အားလုံးမြင်တဲ့အတိုင်း မြို့တော်ကြီး ပုံပျက်ပန်းပျက်ဖြစ်နေပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်ရတာ၊ လက်ရှိ အမွေဆက်ခံသူတွေ၊ အထူးသဖြင့် ရန်ကုန်စည်ပင်ဟာလည်း အရင်ခေတ်ကအတိုင်း ဘာမှမပြောင်းလဲလို့ ဖြစ်ရတာဆိုရင် လွန်ရာကျပါသလား။


စည်သူအောင်မြင့်
Mizzima Burmese 

မြန်မာဒုက္ခသည်တွေ ဌာနေပြန်ပို့နိုင်ရေး မဲဆောက်မှာဆွေးနွေး



ထိုင်းနိုင်ငံတွင်းမှာ နှစ်ပေါင်း ၂၀ ကျော်  အခြေချနေထိုင်နေတဲ့ ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ နေရပ်ရင်းကို ပြန်လို့ ရ - မရ ဆိုတာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီက တာဝနှ်ရှိသူတွေ အပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်တွေက UNHCR စတဲ့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေနဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ ၃ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့အတွက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နယ်စပ်တလျှောက်မှာ နှစ်ရှည်လများ ခိုလှုံခွင့်ပေးထားရတဲ့ မြန်မာဒုက္ခသည်တွေ ကိစ္စကိုလည်း ဆွေးနွေးမှုတွေ လုပ်လာတာပါ။ တာ့ခ်ခရိုင်တွင်းက ဒေသဆိုင်ရာ အာဏာပိုင်တွေ အပါအ၀င် ထိုင်းနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အပါအ၀င် အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေနဲ့ တွေဆုံပြီး ဒုက္ခသည်တွေ ပြန်လို့ရနိုင်မှု ရှိ မရှိ အခြေအနေကို တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ဆွေးနွေးဖလှယ်ခဲ့ကြတာပါ။ ကရင်ဒုက္ခသည်ကော်မတီရဲ့ ဒုဥက္ကဌ ဆရာဂျော့ကတော့ ငြိမ်းချမ်းရေးမရရှိသေးဘဲ ဒုက္ခသည်တွေ ပြန်လို့မရဘူးလို့ ပြောဆိုလိုက်ပါတယ်။

“မိုင်းကိစ္စကဒီလောက် အရေးမကြီးသေးဘူး။ ကျနော့်အနေနဲ့ အရေးကြီးတာက peace ရောက်ဖို့ peace ရလာလို့ရှိရင် မိုင်းက အလိုအလျောက်နဲ့ ကျနော်တို့ ရှင်းသွားမှာပေါ့။ ဟုတ်တယ်မို့လား။ အခုဟာက peace မရလို့ ကျနော်တို့ ရှင်းပြီးရင် သူများပြန်မြှုပ်ရင်လည်း ရတာပဲဟာ ဟုတ်တယ်မို့လား။ အဲဒါ ကျနော်တို့ KRC ရဲ့ stand (ရပ်တည်ချက်) ပေါ့လေ။”

မေး။             ။ ဒါဆိုရင် ဆရာရေ၊ အတင်းအကျပ်တွေများ ပြန်ပို့တာမျိုးတွေ ဖြစ်လာမယ်၊ အခုလည်း ဒီ KNU နဲ့ မြန်မာအစိုးရတို့က စီစဉ်နေတဲ့ pilot project တွေအရ ဒီဒုက္ခသည်တွေ ရွှေ့ပြောင်းမယ် ဆိုတာမျိုးတွေလည်း ကြားနေရတာတွေ ရှိတယ်ဆိုတော့ အဲဒါမျိုး အခြေအနေအပေါ်မှာရော၊ ဆရာတို့အနေနဲ့ ဘယ်လိုစဉ်းစားမလဲရှင့် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ -
ဖြေ။              ။ “ကျနော်တို့ ဒုက္ခသည်အရေးအခင်းက local issue မဟုတ်ဘူး။ international issue ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ international principle အတိုင်းပဲ သွားမယ်နော်။ မိမိဆန္ဒအရ ကျနော်တို့ အခြေခံမယ်။ ဒုံးဒိုင်း၊ ဒုံးဒိုင်း ဖြစ်နေပေမဲ့လည်း ပြန်ချင်တဲ့လူ၊ ပြန်ရဲတဲ့လူ spontaneous return ကို ကျနော်တို့ မတားဘူး။ ဒါကတော့ UNHCR ရဲ့ principle ထဲမှာလည်း ပါတယ်လေ။”

မေး။             ။ ဒုက္ခသည်တွေကရော၊ ဆရာတို့ တွေ့မိသလောက် အခြေအနေမျိုးမှာ အများစုက ပြန်ချင်ကြတာမျိုးရောရှိလားဆရာ။
ဖြေ။              ။ “လမသာရင် ဘယ်သူမှ အိမ်၊ရွာမပြန်ချင်သေးဘူးလေ၊ ဆရာမ။ အဲဒီတော့ ကျနော်တို့က ကြည့်ရမယ်။ ကျနော်တို့ရွာမှာ လသာနေပြီလား။”

ကရင်လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ KHRG ကတော့ မိုင်းတွေရှင်းလင်းမှု မရှိသေးတဲ့ကိစ္စတွေနဲ့ မြေယာပြဿနာတွေ ရှိနေတာမျိုးတွေ လူအခွင့်အရေး ချိုးဖောက်မှုတွေ ကရင်ပြည်နယ်တွင်းမှာ ရှိနေသေးပေမဲ့ ကရင်ဒုက္ခသည်တွေရဲ့ သဘောထားဆန္ဒအတိုင်းသာ ဖြစ်သင့်တယ်လို့ လူအခွင့်အရေးအဖွဲ့ရဲ့ တာဝန်ခံတဦးဖြစ်တဲ့ ကိုစောဝေလင်းက ဆိုပါတယ်။

“ကျနော်တို့ သွားဆုံးဖြတ်ပေးလို့ မရဘူး။ သူတို့ဒီက တကယ်ဒုက္ခသည်မှာနေတဲ့ ဒုက္ခသည်တွေ နေတဲ့လူတွေ သူတို့မှာ ပြန်သင့်လို့ပြန်ရင်၊ သူတို့မှာ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။”

မေး။             ။ ဆိုတော့ ခုလောလောဆယ် အခြေအနေမျိုးမှာ ဒီမြန်မာအစိုးရပဲဖြစ်ဖြစ်၊ KNU ပဲဖြစ်ဖြစ်၊ ထိုင်းအစိုးရပဲဖြစ်ဖြစ်၊ ဆုံးဖြတ်ပြီးတော့ ပြန်ခိုင်းတယ်ဆိုရင် သင့်တော်မှုရှိမလားရှင့်။
ဖြေ။              ။ “ဒုက္ခသည်တွေ မပြန်ချင်ပဲနဲ့ အတင်းပြန်ခိုင်းလို့ရှိရင် ဘယ်လိုပြောမလဲ forced return, forced repatriation ဖြစ်သွားမှာပေါ့။ အဲဒီလိုမျိုး လုပ်ပြီးလို့ရှိရင် မသင့်တော်ဘူးလို့ ကျနော်ထင်တာပဲ။”

ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်းပေါင်း ၉ ခုရှိပြီး ကုလသမဂ္ဂရဲ့ တရားဝင်စာရင်းအရ ဒုက္ခသည် ၁ သိန်း ၂ သောင်းကျော် ရှိနေပါတယ်။ ဒါပေမဲ့လည်း နောက်ထပ် ရောက်လာတဲ့ ဒုက္ခသည်တွေနဲ့ဆို လူဦးရေက ဒီထက်မက ပိုရှိနေတာပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွေ လုပ်ခဲ့ပေမဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာတွေ ပဋိပက္ခတွေ ရှိနေသေးတဲ့အတွက် ပြည်တွင်းမှာလည်း ဒုက္ခသည်ဦးရေက တိုးနေတာပါ။

နော်ဝေနိုင်ငံအခြေစိုက် ဒုက္ခသည်များကောင်စီရဲ့ အစီရင်ခံစာမှာတော့ ၂၀၁၃ ခုနှစ်အတွင်းမှာ ပြည်တွင်းဒုက္ခသည် ၆ သိန်း ၄ သောင်းကျော်ရှိတယ်လို့ ပြောဆိုထားတာပါ။ မတည်ငြိမ်တဲ့ အခြေအနေအောက်မှာ ကရင်ပြည်နယ်တွင်းက ဒုက္ခသည်တွေကလည်း နေရပ်ရင်းပြန်ပို့ဖို့ကိစ္စကို စိုးရိမ်ပူပန်နေကြပါတယ်။ မဲဆောက်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲကတော့ ထိုင်းနိုင်ငံဘက်က  နေရပ်ရင်းကို အတင်းအကျပ် ပြန်ပို့မယ်ဆိုတဲ့ သဘောထားတွေတော့ မထုတ်ပြန်သေးပါဘူး။ ဒုက္ခသည်တွေအနေနဲ့ကတော့ ဒီသတင်းကြားပြီးတဲ့နောက်မှာ စိုးရိမ်ပူပန်မှုတွေ ရှိလာတယ်လို့ ကရင်ဒုက္ခသည်ကော်မတီကတော့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေအနေနဲ့ကတော့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေနဲ့ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေ လျော့နည်းလာတဲ့အပေါ်မှာ နယ်စပ်မှာနေထိုင်ရတာတွေနဲ့ စားသောက်ရေးကအစ အခက်အခဲတွေ ရှိလာပြီဖြစ်ပါတယ်။

မအေးအေးမာ
VOA

Facebook ကျင့်ဝတ် ဆောင်ရန်-ရှောင်ရန် များ


၁)
ဆောင်ရန်။ နှစ်ကိုယ်ကြား ကိုယ်ရေးကိုယ်တာကိစ္စများ Wall-Timeline ပေါ်တွင် မရေးပဲ Chat / Private Message ပို့၍သာ ပြောရန်
သင့်တွင် လျှို့ဝှက်ချက်များ ဖောက်သည်ချလိုစိတ် ရှိနိုင်သည်။ ဒါကို စောဒက မတက်လိုပါ။ သို့သော် ကာယကံရှင်များ နစ်နာမည့် အရေးကိုလည်း နည်းနည်းတွေးပေးလိုက်ပါ။ ဥပမာ။ သင့်ဆီ အလည်လာသော မိတ်ဆွေများ မူးရူးနေပုံကို သင့်စာမျက်နှာတွင် တင်လိုက်သင့်ပါသလား ?
သူတို့ မူးရူးနေကြသည်ဆိုသော်လည်း လူပုံအလယ်တွင် မူးရူးနေခြင်း မဟုတ်၊ စိတ်ချ လုံခြုံသော သင်၏အိမ် တနေရာတွင် မူးရူးနေခဲ့ခြင်းသာ ဖြစ်သည်။ နံရံတွင် နားရှိသည်။ Facebook Wall တွင်လည်း နားပေါင်း များစွာ ရှိလေသည်။

၂)
ဆောင်ရန်။ ပို့စ်မတင်ခင် တင်သင့်၊ မတင်သင့် သေချာစဉ်းစားပါ။
သင့်တွင် Friends ပေါင်း ရာချီ၍ ရှိနေနိုင်သည်။ ၎င်းတို့ လူချင်းမတူ အသက်ရှူခြင်းလည်း မတူပါ။ ရေမြေ၊ နောက်ခံအကြောင်းချင်းရာ၊ အလုပ်အကိုင်၊ ယုံကြည်ကိုးကွယ်မှု၊ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထား စသည် ကွဲပြားနေကြပါမည်။ ကိုယ်တင်လိုက်သည့် ပို့စ်သည် မိမိအတွက် ဘာမှ ထိခိုက်မှု မရှိသော်လည်း ၎င်းတို့ အမြင်တွင် ထိခိုက်သွားနိုင်သည်။ မိမိပို့စ်ကို အထင်မလွဲစေရန် ဘက်ပေါင်းစုံ စဉ်းစား၍ တင်သင့်မှ တင်ပါ။

၃)
ဆောင်ရန်။ အရေးကြီး သတင်း၊ ကိစ္စများ ပို့စ်တင်၍ မပြောပဲ ဖုန်းဆက်ပေးလိုက်ပါ။

ဒါကတော့ ဖေ့စ်ဘုတ်ကျင့်ဝတ်လို့ ပြောရမည့်အစား လူမှုကျင့်ဝတ် တစ်ခုပါပဲ။ မိတ်ဆွေနှင့် ၎င်း၏မိသားစုထံ အရေးကြီး သတင်း၊ ကိစ္စများ (ဥပမာ နာရေး) ပြောရန် ရှိလာပါက လူအများမြင်အောင် ပို့စ် မတင်ပဲ ဖုန်းနဲ့ ချက်ချင်း ဆက်သွယ်ပေးလိုက်ပါ။ ဖုန်းဆက်မရ၍ အကြောင်းပြပြီး SMS နဲ့ သတင်းမေးခြင်း မလုပ်ရပါ။ ရိုင်းသွားတတ်ပါသည်။

၎)
ဆောင်ရန်။ ကွန်းမန့်ထဲတွင် မိမိအတွက် မေးခွန်းပါလာပါက ဖြေပေးရပါမည်။
မိမိတင်လိုက်သော ပို့စ်အား မိတ်ဆွေများက ဖတ်၍ ကွန်းမန့် ပေးခြင်း Like လုပ်ခြင်း ပြုကြလိမ့်မည်။ ထိုအခါ မိမိ ဘက်မှ ပြန်၍ ၎င်းကို အသိအမှတ်ပြုကြောင်း ကွန်းမန့် ပြန်ပေးရပါမည်။ အထူးသဖြင့် ကွန်းမန့်တွင် မိမိအတွက် မေးခွန်းပါလာပါက ဖြေပေးရပါမည်။ ဒါ ကိုယ့်ကို ကွန်းမန့်ပေးသည့် မိတ်ဆွေများကို လေးစားသမှုပြုခြင်းပင် ဖြစ်ပါသည်။

၅)
ဆောင်ရန်။ နေရာတကာ ကွန်းမန့် လိုက်ပေးခြင်း ဆင်ခြင်ပါ။
ခြွင်းချက်။ မိမိ စိတ်ဝင်စားနေသော သူမှ လွဲ၍ ဖြစ်ပါသည်။
နေရာတကာ ကွန်းမန့် လိုက်ပေးသည့် အကျင့်ကို ပြင်ပါ။ မိတ်ဆွေများ၏ Wall ကို ဝင်ကြည့်သည့် အကျင့် Facebook သုံးသူတိုင်းတွင် ရှိသည်။ ဒါပေမည့် ပို့စ်တိုင်းတွင် ကွန်းမန့် လိုက်မရေးပါနှင့်။ မကောင်းသော အလေ့အကျင့် ဖြစ်ပါသည်။ နေရာတကာ ကွန်းမန့်လိုက်ရေးသူကို “pest” ဟု ခေါ်ကြပါသည်။

မှတ်ချက်။
အပြောအဆို ဆင်ခြင်ပါ။

Facebook သည် စာရေးဆက်သွယ်သည့် နေရာ ဖြစ်သော်လည်း စာထဲတွင် လေသံကော ဟန်ပန်ကော ရောပါနေတတ်သည်။ စာဖတ်ကြည့်ရုံဖြင့် သင်သည် ထေ့၊ ငေါတတ်သူလားဟု ထင်ခံရနိုင်သည်။ လူတိုင်းတွင် ကိုယ်ပိုင်အမူအရာနှင့် ဟန်များရှိကြသည်။ ၎င်းသည် စာမှတဆင့် မြင်တွေ့နိုင်လေသည်။
သံသယများကို ခြေဖျက်ရန် နည်းလမ်း တစ်ခု ရှိလေသည်။ ၎င်းမှာ အပြုံး ပင် ဖြစ်သည်။ သင်္ကေတအားဖြင့် :) ဖြစ်သည်။ အကန့်အသတ်ဖြင့် သုံးပါက တင်းမာမှုများ ပြေပျောက်နိုင်သည်။ ထို့ကြောင့် သင်လည်း ပြုံးပါ။ ကမ္ဘာကြီးက ပြန်ပြုံးပြပါလိမ့်မည်။ :)

Don’ts ရှောင်ရန်
၁)
ရှောင်ရန်။ လူစိမ်းများကို မိတ်လိုက်ဖွဲ့ခြင်း ဆင်ခြင်ပါ။
အချို့သူများတွင် Friends အရေအတွက် များများရအောင် လုပ်ချင်စိတ် ရှိကြသည်။ ပြင်ပရှိ မိတ်ဆွေအရေအတွက်ထက် Facebook တွင် Friends အရေအတွက် များနေတတ်တာတော့ မထူးဆန်းပေမည့်။ လူစိမ်းများကို မိတ်လိုက်ဖွဲ့ခြင်းကတော့ ကောင်းသော အမူအကျင့် မဟုတ်ပါချေ။ ဒါကို ဆင်ခြင်လိုက်ရုံဖြင့် သင့်အပေါ် မကောင်းမြင်မှု လျော့ကျသွားမည်။ အမှန်က ဒီလို မကောင်းမြင်မခံရခြင်းကပ သင် အဖြစ်ချင်ဆုံး ကိစ္စပဲ မဟုတ်ပါလား။

၂)
ရှောင်ရန်။ ပုံဆိုးပန်းဆိုးများ (‘Unglam’ Shots ) တွင် မိတ်ဆွေများကို တက်ဂ် Tag ခြင်း
ယောင်္ကျားလေးများအတွက် မမှုလောက်သော ကိစ္စဖြစ်နိုင်ပေမည့်၊ မိန်းခလေးများအတွက်တော့ အလွန်ရေးကြီးခွင်ကျယ်ကိစ္စ ဖြစ်ပါသည်။ ကျကျနန ဆတက်တင်ချိန်ရိုက်သော ပုံပင်ဖြစ်သော်ငြား ‘Unglam’ Shots ဖြစ်ပါက မတင်ပါနဲ့။

၃)
ရှောင်ရန်။ Status တင်လွန်းခြင်း
သင့် Newsfeed / Noti ကို သင်စစ်ကြည့်ချိန်တွင် လူတစ်ဦးတည်းက သူ့ Status နဲ့တင် ပြည့်နေသည် ဆိုပါစို့။ (၁၀) မိနစ် တစ်ခါ သူဘာလုပ်နေသည်ကို တောက်လျောက် တင်နေသည်ကို မြင်နေရသည် ဆိုပါစို့။ သင် ဘာလုပ်မည်နည်း။ သူ့ status များကို Noti မတက်စေရန် သင် ဆုံးဖြတ်ပေလိမ့်မည်။ ဒီလို အဖြစ်မျိုး ကြုံဘူးကြမယ် ထင်ပါသည်။ အလွန် အာရုံနောက်သော ကိစ္စပင် ဖြစ်ပါသည်။ ဘယ်သူမှ သူများတကာ ၁၀ မိနစ်ခြားတစ်ခါ ဘာလုပ်သလဲ မသိလိုကြပါ။ ၎င်းအစား မိမိ၏ Noti တွင် မိတ်ဆွေတိုင်း၏ ရေးကြီးခွင်ကျယ်ကိစ္စများသာ မြင်လိုကြပါသည်။

၎)
ရှောင်ရန်။ အလုပ်ကိစ္စ ပေါက်ကွဲပြခြင်း
Facebook သည် နှစ်ဘက်ချွန် ဓားသွား ဖြစ်သည်။ mutual friendships မှတဆင့် သင့်မိတ်ဆွေ၏ မိတ်ဆွေ၏ မိတ်ဆွေလည်း သင့် Status ကို ဖတ်ခွင့် ရနေနိုင်သည်။ ဒီလို ဖတ်ခွင့်ရခြင်းဟာ တခါတရံကောင်းသော်လည်း တခါတရံမှာ သင်မသိပဲ သင့် Information များကို သူများ အလွယ်တကူ ရယူနိုင်လေသည်။ သူများ မဖတ်အောင် privacy settings ကို မည်မျှ မြှင့်သည် ဆိုစေကာမူ သင် ပြဿနာ မတက်ချင်ဆုံး သူများ (ဥပမာ။ ဘော့ဇ်၊ လုပ်ဘော်ကိုင်ဘက်များ) ဆီ နောက်ဆုံး သင့် Status ရောက်သွားနိုင်သည်။ ထို့ကြောင့် ပေါက်ကွဲတော့မည်ဆိုရင် တခြားနေရာ သွားပေါက်ကွဲပါ။ Facebook ပေါ်တွင် မပေါက်ကွဲပါနှင့်။

၅)
ရှောင်ရန်။ မြှောက်တိုင်း ခြောက်တိုင်း လိုက်မရှဲပါနှင့်။
ဒီစာရရင် လူဘယ်နှစ်ယောက်ကို ပြန်ရှဲပါ။ မရှဲရင် သင်ဘာဖြစ်မယ် ညာဖြစ်မယ်။ စသည့်စာမျိုး၊ ဒီပုံကလေး Like / Share လုပ်ရင် ဘယ်ကုမ္ပဏီကြီးက ပုံထဲက ကလေးအတွက် တစ်ခါရှဲ တစ်ဒေါ်လာ ပေးမည်စသည့်စာမျိုး သင် ရဘူးပါသလား။ မရှဲရ မနေနိုင်အောင် ရေးထားသော စာများကို လက်ခံရရှိသော် လုံးဝ ပြန်မရှဲပါနှင့်။ ကောင်းကျိုးပေမည့် စာများ မဟုတ်ပဲ၊ အရူးထ၍ ရေးသော စာများသာ ဖြစ်ပါသည်။ သင့် စိတ်ကို မကောင်းဖြစ်စေပြီး သင့်ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတတ်သော စာများသာ ဖြစ်ပါသည်။

မှတ်ချက် ။
သူများ ဒေါသထွက်အောင် မလှုံ့ဆော်ပါနှင့်။ မီးမရှို့ပါနှင့်။

လူတိုင်းတွင် မိမိအမြင်ကို လွတ်လပ်စွာ အင်တာနက်တွင် တင်ပြ ဖော်ထုတ်ခွင့်ရှိသည်။ သို့သော် မိမိအမြင်နှင့် မတူသူများ မိမိနှင့် မတည့်သူများ နောက်ကောက်ကျ ရှုံးနိမ့်အောင် လုပ်ရန် နေရာ မဟုတ်ပါ။ သူတို့၏ လွတ်လပ်ခွင့်ကိုလည်း မိမိက ပြန်လေးစားရမည် ဖြစ်ပါသည်။
အချို့သူများသည် မိမိနှင့် အယူအဆ မတူသော မိမိမိတ်ဆွေ၏ မိတ်ဆွေ၏ ရေးသားချက်ကို လွန်ကဲစွာ တုံ့ပြန်တိုက်ခိုက်မှု ပြုတတ်ကြသည်။ ၎င်းအမူအကျင့်မှာ မိမိကိုယ်တိုင်ကိုကော မိမိမိတ်ဆွေကိုပါ သိက္ခာကျစေသော အမူအကျင့်ပင် ဖြစ်သည်။ မိမိရေးသော စာများ အပြုသဘောဆောင်သော ကောင်းသောစာများ ဖြစ်ပါက သူများကို မပုတ်ခတ် မတိုက်ခိုက်မိရန် အလေးထား ရေးစေလိုပါသည်။ မိမိကြောင့် သူများတကာ စိတ်မငြစ်နူးပါစေနှင့်။

Essential Facebook Etiquette: 10 Dos and Don'ts မှ ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

LU ZEIN

Myanma Spectrum


မဟာသမ္မတမင်းနှင့် ဒီမိုကရေစီသဘော



       Democracy is defined as the government of the people, by the people, for the people.
       တက္ကသိုလ်မှာတုန်းက မဟာသမ္မတမင်းနှင့်ပတ်သက်တဲ့ သင်္ခန်းစာတစ်ခု သင်ရပါတယ်။ ဒီမိုကရေစီဆိုတာ ခုနောက်ပိုင်း မှ ခေတ်စားလာတာမဟုတ်ပါဘူး။ ဟိုကမ္ဘာဦးကာလတွေကတည်းက ရှိခဲ့တာပါ။ ထိုခေတ်မှာတုန်းက အုပ်ချုပ်သူမရှိသေးပါဘူး။ ဒီလိုပဲ ကိုယ်သဘောနဲ့ကိုယ် ရှင်သန်နေခဲ့ကြတယ်။ အစပိုင်းမှာ အေးအေးချမ်းချမ်းပဲ သတ်တာဖြတ်တာမရှိ၊ လိမ်တာမရှိ၊ ခိုးတာ မရှိသေးပါဘူး။ ကာလအတန်ကြာလာတဲ့အခါမှာတော့ လူအဖွဲ့အစည်းထဲမှာ အချို့လူတွေဟာ တဖြည်းဖြည်းနဲ့ ခိုးခြင်းဝှက်ခြင်း၊
လိမ်ပြောခြင်းစသော မကောင်းမူတွေပြုလုပ်လာခဲ့ကြတယ်။ အဲဒီအခါမှာ်ထိုမကောင်းမူလုပ်တဲ့သူတွေကို အပြစ်ပေးဆုံးမဖို့နဲ့ လူအဖွဲ့အစည်းကို မျှမျှတတဖြစ်အောင် စီမံကွပ်ကဲနိုင်ဖို့အတွက် အသိဥာဏ်ပညာနဲ့ပြည့်စုံတဲ့ သူတစ်ယောက်ကို ပြည်သူတွေ က ၀ိုင်းဝန်းပြီး ခေါင်းဆောင်ခန့်ခဲ့ကြတယ်။ လူအများက တင်မြောက်ခဲ့လို့ သူ့ကို မဟာသမ္မတမင်းလို့ ခေါ်တယ်။
       မဟာသမ္မတမင်းဟာ လုပ်ရည်ကိုင်ရည်ရှိတယ်။ ရုပ်ရည်လည်း တည်ကြည်ခန့်ငြားတယ်။ ဥာဏ်လည်းထက်တယ်။ ကိုယ့်ကျင့်ကောင်းတဲ့အပြင် စိတ်ထားလည်း ရိုးသားလှပါတယ်။ မျှမျှတတနဲ့ စီမံနိုင်ခဲ့ပါတယ်။ ဒီလိုဂုဏ်နဲ့ပြည့်စုံလို့လည်းပဲ သူ့ကို ၀ိုင်းပြီး တင်မြောက်ခဲ့ကြတာပေါ့။ မဟာသမ္မတမင်းဆိုတာ ကမ္ဘာအဦးပိုင်းက ပထမဆုံးသော ဒီမိုကရေစီ ခေါင်းဆောင်ပါပဲ။ လူတွေဟာ သူ့ကို ဘာလို့ ခေါင်းဆောင်တင်ရတာလဲဆိုတော့ လူအဖွဲ့အစည်းကို အေးချမ်းအောင်၊ တရားမျှတအောင်၊ ဒုစရိုက်တွေကင်းရှင်းအောင်၊ ချမ်းသာကြွယ်ဝအောင် စသောလူလောကအကျိုးစီးပွားကို ဆောင်ရွက်စေဖို့အတွက် ခန့်ခဲ့တာပါပဲ။
ဒါကြောင့် ဒီမိုကရေစီရဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုတဲ့အခါ တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရသည် ပြည်သူတွေရဲ့ အစိုးရ၊ ပြည်သူတွေကနေ ခန့်အပ်ထားတဲ့ အစိုးရ၊ ပြည်သူတွေအတွက်လုပ်ဆောင်နေတဲ့ အစိုးရဖြစ်မှ ဒီမိုကရေစီဖြစ်တယ်ဆိုတာကို မဟာသမ္မတမင်းက သက်သေခံနေပါတယ်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

စားသုံးရန် အန္တရာယ်ရှိကြောင်း နာမည်ကြီးခဲ့သည့် အာလူးကြော်နှင့် အချိုရည်များကိစ္စ FDA ရှင်းပြီ


လူထုအကြားစား သုံးရန်အန္တရာယ်ရှိသည်ဟု သ တင်းများထွက်ပေါ်ခဲ့သည့် Oishi Snack အာလူးချောင်းကြော်၊ Rockerအချိုရည်များသည် အ များပြည်သူ စားသုံးရန်အန္တရာယ် မရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲ ညွှန်ကြားရေးမှူးဒေါက်တာထွန်းဇော်က ပြောသည်။ ဇွန် ၁၈ ရက်က နေပြည် တော်၊ အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေး ဦးစီးဌာနတွင်ပြု လုပ်သော Dee Do အချိုရည်နှင့် ပတ်သက်၍ မီဒီယာများသို့အသိ ပေးရှင်းလင်းပွဲတွင်၎င်းကထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘Oishi စစ်ဆေးပြီးပြီ။စား သုံးရန်သင့်တယ်။ DeeDoလည်း ပြောပြီးပြီ။ Rocker ရှင်းပြပြီးပြီ။ Oishi ပြည်တွင်းထုတ်လုပ်ဖို့အ တွက် ထောက်ခံချက်ပေးထား တာရှိတယ်။ Rocker ပြည်တွင်း ထုတ်လုပ်ဖို့ထောက်ခံချက်ပေး ထားတယ်။ DeeDo ကို ပြည်တွင်း မှာ တင်သွင်းဖို့ပေးထားတာရှိ တယ်’’ဟု ညွှန်ကြားရေးမှူးဒေါက် တာထွန်းဇော်က ရှင်းပြသည်။

ပြည်ပစားသောက်ကုန်များ ပြည်တွင်းသို့ တင်သွင်းခြင်းကို အများပြည်သူစားသုံးရန်သင့် တော်လျှင် သွင်းခွင့်ပေးပြီး၊ စား သုံးရန် မသင့်တော်လျှင်တင်သွင်းခွင့်ကို တားမြစ်ပိတ်ပင်ကြောင်း၊ တားမြစ်ပိတ်ပင်ထားသော ပြည် ပ စားသောက်ကုန်ပစ္စည်း အ များအပြားရှိကြောင်း အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊အစားအသောက်ဌာနခွဲ မှ သတင်းရရှိသည်။

‘‘FDA က အခုလို ရှင်းပြတာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီပြဿနာတွေက ကြာခဲ့ပြီ၊ အဲ့ဒီလောက်သာ ကြာကြာနေရင်တော့ စားသုံးသူတွေ ဒုက္ခရောက်ရချည်ရဲ့’’ ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

Rocker အချိုရည် ထုတ် လုပ်ခွင့်လျှောက်ထားမှု စိစစ်ဆဲ ကာလတွင်ဈေးကွက်ထဲတွင်ဖြန့် ချိထားသဖြင့် နှစ်ပတ်အတွင်း ပစ္စည်းများ အကုန်သိမ်းစေခဲ့ ကြောင်း၊ ယင်းနောက် ရွှေပြည် သာရှိ Rocker အချိုရည်စက်ရုံထိ သွားရောက်စစ်ဆေးပြီး၊ ဈေး ကွက်တွင်းရှိRocker အချိုရည်နမူနာများကိုလည်း စစ်ဆေးခဲ့ ကြောင်း၊ စက်ရုံကို စစ်ဆေးခြင်း များဆောင်ရွက်ပြီး ထုတ်လုပ် သည့် အရည်အချင်း ပြည့်မီ၍ ထောက်ခံချက်ပေးခဲ့ကြောင်း ယင်းဌာနမှ တာဝန်ရှိသူကပြောသည်။ Oishi Snack အာလူးချောင်း ကြော် မီးရှို့လျှင် မီလောင်ခြင်း မှာ အာလူးချောင်းအခြောက်မှာ ရေမပါခြင်း၊ ဆီဖြင့်ကြော်ထား ခြင်း၊ ပွလာခြင်းတို့ကြောင့် မီးရှို့ လျှင် အခြားအာလူးချောင်းထုတ် ကုန်များနည်းတူ မီးလောင်မည် ဖြစ်ကြောင်းအဆိုပါရှင်းလင်းပွဲ တွင် ထည့်သွင်းပြောကြားခဲ့သည်။

တောင်ငူမြို့၊ ဇေယျသီရိမိ ဘမဲ့အမျိုးသမီးဂေဟာ၌ မေလ အတွင်းကဖြစ်ပွားခဲ့သော အစာအဆိပ်သင့်မှုဖြစ်စဉ်တွင် ဆန်ပြား သုပ်နှင့် DeeDo အချိုရည်တိုက် ကျွေးခဲ့ကြောင်း စိစစ်တွေ့ရှိရပြီး ကျွေးမွေးသော ဆန်ပြားသုပ်နမူ နာ၊ DeeDo အချိုရည်နမူနာ၊ ဖျော်စပ်သော၊ တိုက်ကျွေးသော ရေနမူနာများ၊ အစားအသောက် ကိုင်တွယ်သူများ၏ လက်၊ နှာ ခေါင်း၊စအိုတို့၏ နမူနာများမှ ဘက်တီးရီးယားပိုးနှင့် ပိုးဆိပ်များ ပေါက်ဖွားမှုမရှိကြောင်းစစ်ဆေး တွေ့ရှိရသည်ဟု ကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

7Day Daily


ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးရွာများတွင် လူဦးရေ စစ်ဆေးရေးလုပ်ငန်းများ ရှောင်တခင်ဆောင်ရွက်နေရာ ဘင်္ဂါလီများ ငြင်းဆန်မှုများရှိနေ



လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့်အတူ သန်းခေါင်စာရင်းကောက်ယူနေမှုကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးရွာများတွင် လူဦးရေစစ်ဆေးရေးလုပ်ငန်းများ ရှောင်တခင်ဆောင်ရွက်နေရာ ဘင်္ဂါလီများ ငြင်းဆန်မှုများရှိနေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မောင်တောမြို့နယ် တောင်ပိုင်းရှိကျေးရွာများကို အပိုင်းသုံးပိုင်းခွဲ၍ အိမ်ထောင်စုစာရင်းနှင့် လူဦးရေ စာရင်းကောက်ခံခြင်းများကို စတင်ပြုလုပ်သည့် နေ့တွင်ပင် ဘင်္ဂါလီများက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ရှောင်တခင် လူဦးရေစစ်ဆေးရေးလုပ်ငန်းကို ဆောင်ရွက်နိုင်ရေးအတွက် ဇွန် ၁ ရက်က မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် တင်ကိုကိုက ကျေးရွာအုပ်ချုပ်ရေးမှူးများ အားလုံးကို အသိပေးခဲ့ကြောင်းနှင့် ဇွန် ၁ဝ ရက်တွင် စတင်ကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နှင့် မ.က.ဖ အဖွဲ့တို့ ပူးပေါင်း၍ လုံခြုံရေးအင်အားအပြည့်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
အလယ်သံကျော်ကျေးရွာအုပ်စု၊ ကံပူးကျေးရွာတွင် စစ်ဆေးခြင်းမခံဘဲ ငြင်းဆန်ခဲ့ကြောင်း၊ အလားတူပင် မြို့မအနောက်ရပ်ကွက် အမှတ် (၁) ရပ်ကွက်၊ ကျီးကန်းပြင်ကျေးရွာအုပ်စု၊ ဖားဝပ်ချောင်း၊ ပဒေါင်းကျေးရွာတို့ တွင်လည်း တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ခံရာ ဒေသခံရွာသားများ ရုန်းရင်းဆန်ခတ်ပြုလုပ် ကာ အစစ်ဆေးမခံဘဲ ငြင်းဆန်ခဲ့ကြောင်း သိရသည်။
“အခုလုပ်နေတဲ့ ရှောင်တခင် လူဦးရေစစ်ဆေးခြင်းကိစ္စကို နိုင်ငံတော်ကတရားဝင် အသိပေးပြီး မလုပ်ဘဲ၊ န.စ.က လို လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ဒေသခံတွေ လုံးဝပါဝင်အစစ်ဆေးခံမှာ မဟုတ်ပါဘူး”ဟု ဒေသခံ ဘင်္ဂါလီတစ်အားကိုးကားကာ RB အင်တာနက်စာ မျက်နှာတွင် ဖော်ပြထားသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
ဇွန် ၁၁ ရက် က ညောင်ချောင်းကျေးရွာ၊ မြို့သူကြီးကျေးရွာ၊ မြို့ဦးဧတာလျာကျေးရွာ၊ သီဟိုဠ်ကျွန်းကျေးရွာ၊ ကျီးကန်းပြင်ကျေးရွာ၊ မောင်နှမကျေးရွာနှင့် အမှတ် (၆) ရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများ၊ အဖွဲ့ဝင်များ နှင့် ဒေသခံအချို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒု-ကွပ်ကဲရေးမှူးက အစည်းအဝေးခေါ်ယူ၍ ဥပဒေအတိုင်း အေးအေးဆေးဆေး စစ်ဆေးမှုခံယူကြရန် စည်းရုံးပြောကြားခဲ့ကြောင်းလည်း သိရသည်။
ဇွန် ၁၅ ရက်တွင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှောင်တခင် လူဦးရေစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ရာ စစ်ဆေးခံရန် ငြင်းဆန်ခဲ့ပြီး ဘင်္ဂါလီအမျိုးသားများက
ရှောင်တိမ်းနေကြောင်းလည်း သိရသည်။
နယ်စပ်လုံခြုံရေးအား န.စ.က တာဝန်ယူခဲ့ချိန်က နှစ်စဆွဲတင်စစ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး တရားမဝင်ခိုးဝင်သူများနှင့် နေအိမ်ဆောက်လုပ်ခြင်းများအား စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ကြောင်း၊ န.စ.က ဖျက်သိမ်းပြီးနောက် ယင်းကဲ့သို့ လူရေစစ်ဆေးခြင်းများကို ဆောင်ရွက်ခြင်းမရှိခဲ့ဘဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ပထမဆုံးအကြိမ် ရှောင်တခင် လူဦးရေစစ်ဆေးခြင်းများအား ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
န.စ.က အားဖျက်သိမ်းပြီးနောက်ပိုင်း ဘီဒီပြေးများ မောင်တောမြို့နယ်အတွင်း ဝင်ရောက်ကာ အကြမ်းဖက် မှုများ၊ ဓါးပြမှုများ ကျူးလွန်နေပြီး မြို့နယ်အတွင်း ကျေးရွာများတွင် တိမ်းရှောင်နေသည်များရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ယင်းကဲ့သို့ တိမ်းရှောင်နေသည့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် တရားမဝင် ခိုးဝင်ဘင်္ဂါလီများ ရှိ မရှိသိရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ လူဦးရေ စစ် ဆေးခြင်းလုပ်ငန်းများအား လုပ်ဆောင်ရာတွင် ယခင်က ရရှိထားသော မှတ်တမ်းဓါတ်ပုံများ၊ အချက် အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ကြောင်း၊ စစ်ဆေးခြင်းအား ကျေးရွာအများစုတွင် ငြင်းဆန်မှုများ၊ စစ်ဆေး ရေးအဖွဲ့အား ရှောင်တိမ်းနေခြင်းများ ရှိနေသော်လည်း ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့နှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်နေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံမှ သိရသည်။
Eleven Media Group

တိုက်လေယာဉ် ပျက်ကျပေမယ့် လေသူရဲတွေ ဘာလို့ ဂုဏ်ပြုခံရတာလဲ


စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတဲ့ အချိန်မှာ ပျက်ကျခဲ့တဲ့ မကွေးလေတပ် စခန်းက MiG-29 UB လေ့ကျင့်ရေး တိုက်လေယာဉ်ကို မောင်းခဲ့တဲ့ လေသူရဲနှစ်ဦးကို ကာကွယ်ရေးဦးစီးချုပ် (လေ) က ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

လေယာဉ် မတော်တဆမှုကို အချိန်မီထိန်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် လေသူရဲတွေဟာ လေယာဉ်ပေါ်ကနေ ခုန်ထွက်ခဲ့ကြပါတယ်။ အဲလို အရေးပေါ် အခြေအနေမှာ အချိန်တိုအတွင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချခဲ့တဲ့ အတွက် ဂုဏ်ပြု မှတ်တမ်းတင်ရတာ ဖြစ်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)ရဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

“ပျက်ကျတာက သူတို့အမှား မဟုတ်ဘူး။ လေယာဉ်စက် ချို့ယွင်းလို့ဖြစ်တာ” လို့ နိုင်ငံတော် သမ္မတရုံးက အကြီးတန်းအရာရှိတစ်ဦးက ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် နင်းကြမ်းရွာအနီးမှာ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက စက်ချို့ယွင်းလို့ ပျက်ကျခဲ့တဲ့ အဲဒီတိုက်လေယာဉ်ကို မကွေးလေတပ်စခန်းက ဒုတိယ ဗိုလ်မှူးကြီး လှိုင်မြင့်နဲ့ ဗိုလ်ကြီး ကျော်ဇင်သန့်တို့ နှစ်ဦးက မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။

thevoicemyanmar

ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းကုန်များ စားသုံးရန် သင့်မသင့် နိုင်ငံအနှံ့စစ်ဆေးမည်



မောင်သင်တုန်း၊ မင်းမင်း| ကြာသပတေးနေ့၊ ဇွန်လ ၁၉ ရက်၊ ၂၀၁၄ ခုနှစ်

စာသင်ကျောင်း မုန့်ဆိုင်များတွင် ရောင်းချနေသည့် အစားအစာများ စားသုံးရန် သင့်၊ မသင့်ကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)က နိုင်ငံအနှံ့ စစ်ဆေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ဇွန်လ ၁၈ ရက်တွင် ပြောဆိုလိုက်သည်။

“အဓိကတော့ ဆိုးဆေးကို စစ်မယ်။ အသေးစိတ် စစ်မယ်ဆိုရင်အများကြီး စစ်ရမယ်”ဟု ၎င်းက ပြောသည်။ ယခုပညာသင်နှစ်အတွင်း စစ်ဆေးသွားမည်ဖြစ်ကာ တစ်လလျှင် မုန့်အမျိုး အစားပေါင်း ၁,၅၀၀ ခန့် စစ်ဆေးနိုင်ရန် စီစဉ်ထားသည်။

စစ်ဆေးတွေ့ရှိပါက ကျောင်းအုပ်ကြီး ၏ ကြီးကြပ်မှုဖြင့် ရောင်းခွင့်မပြုဟု ဆိုသည်။ သို့သော် အဆိုပါစစ်ဆေးမှု စတင်မည့်
ရက်အတိအကျကိုမူ ညွှန်ကြားရေးမှူးက ပြောဆိုခြင်း မရှိသေးပေ။

ယခုကဲ့သို့ စီစဉ်နေမှုအပေါ် မြန်မာနိုင်ငံစားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ကြိုဆိုလိုက်ပြီး “ဟန်ပြသက်သက်မလုပ်ဘဲနဲ့ စားသုံးသူကို တကယ်စေတနာထားပြီး တကယ် ထိထိရောက်ရောက် လုပ်ဖို့တိုက်တွန်းပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် စာသင်ကျောင်းများ၌ ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိအပေါ် ကျောင်းသားမိဘများက စိုးရိမ်လျက်ရှိနေသည်။

ကမာရွတ်မြို့နယ်၊ သံလမ်းတွင် နေထိုင်သော ကျောင်းသားနှစ်ဦးမိခင် ဒေါ်သူဇာက “တကယ်စစ်ပေးမယ်ဆိုရင် ကောင်းတယ်။ ကလေးတွေကို မုန့်တွေက စွဲတယ်ဆိုလို့ ပိုက်ဆံတောင် မပေးရဲဘူး။ ငယ်သေးတော့ စွဲသွားမှာလည်း ကြောက်တယ်။ အိမ်ကနေ မုန့်ထည့်ပေးရတယ်”ဟု ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံစာသင်ကျောင်းများတွင် အန္တရာယ်ရှိသည့် ဓာတုဆိုးဆေးများပါဝင်သော အစားအသောက်များ ရောင်းချနေမှုကို ထိရောက်စွာပိတ်ပင်ရန် တိုင်းအမတ်တစ်ဦး၏ အရေးဆိုမှုကို ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် ဧပြီလ ၃၀ က အတည်ပြုထားသည်။

စာသင်ကျောင်းများတွင် ကလေးငယ်များ စိတ်ဝင်စားသည့် (ဥပမာ-စက်ရုပ်၊ သင်္ဘော)ပုံစံဖြင့် ပြုလုပ်ထားသော ဓာတုဆိုးဆေးပါ အစားအသောက်များ ရောင်းချမှုများရှိနေသကဲ့သို့ ဓာတုဆိုးဆေးပါ အစားအစာများကို ဆရာမများကိုယ်တိုင် ရောင်းချနေသည်ဟု ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက်တာညိုညိုသင်းက အရေးဆိုခဲ့ခြင်းဖြစ်သည်။

သာကေတမြို့နယ်ရှိ အမှတ် (၅) အထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းကို ဇူလိုင် ၁၇ ရက်တွင် မြို့နယ် ကျန်းမာရေးအဖွဲ့က လာရောက်စစ်ဆေးခဲ့သေးသည်ဟု အဆိုပါစာသင်ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းကလည်း အောက်မြန်မာပြည် အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်၊ ဧရာဝတီနှင့် ဒေသအချို့ရှိ စာသင်ကျောင်းများကို ၀င်ရောက်စစ်ဆေးမည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။ စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်တွင် သတိပေးမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် တရားစွဲဆိုသည်အထိ
အရေးယူသွားမည်ဟု ဆိုသည်။

Mizzima Burmese