အာဘွားသီချင်းကို ပရိသတ်များနဲ့အတူ ရိုက်ကူးမယ့် ဝိုင်းစု

ပို့စ်တင်ချိန် - 6/19/2014 10:52:00 AM


ဝိုင်းစုခိုင်သိန်း၏ တတိယမြောက် တစ်ကိုယ်တော်အခွေခေါင်းစီးသီချင်း အာဘွား အမ်တီဗီကို ပရိသတ်များနှင့်ရိုက် ကူးသွားမည်ဖြစ်သည်။

‘‘ဝိုင်းစုရဲ့ တတိယအယ်လ် ဘမ်ထဲက Title Song ဖြစ်တဲ့ ‘အာဘွား’သီချင်း MTV​ ရိုက်ကူးရေးမှာ ရန်ကုန်မှာရှိတဲ့ ဝိုင်းစု Fan Pa-ge ထဲက ချစ်ပရိသတ်တွေကို အမှတ်တရအနေနဲ့ ဝိုင်းစုနဲ့အတူ ပါဝင်စေချင်ပါတယ်’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။သီချင်းအမ်တီဗီရိုက်ကူးမှု တွင် ပရိသတ်များကို ၎င်း၏ ဖျော် ဖြေပွဲလာရောက်ကြည့်ရှုသူများ နေရာတွင်ထည့်သွင်းရိုက်ကူး သွားမည်ဖြစ်ပြီး ဇွန်လ ၁၉ ရက် နံနက်တွင် စတင်ရိုက်ကူးမည်ဟု ဆိုသည်။

ယခုကဲ့သို့ ပရိသတ်များကို ပါဝင်စေခြင်းမှာ ထာဝရအတွက် အမှတ်တရဖြစ်အောင် ပြုလုပ်ခဲ့ ခြင်းဖြစ်သည်ဟု ဝိုင်းစုခိုင်သိန်းက Fan Page တွင် ရေးသားထား သည်။

အာဘွားစီဒီကို ပြီးခဲ့သည့် နှစ်က စတင်ဖြန့်ချိခဲ့ကာ ပရိသတ် အားပေးမှုရရှိခဲ့ပြီး စီးတီးအက်ဖ် အမ်မှ ချီးမြှင့်သော ၂၀၁၃ ခုနှစ် အတွက် ရောင်းအားအကောင်း ဆုံးအမျိုးသမီးအဆိုရှင်ဆု ရရှိခဲ့ သည်။

ဝိုင်းစုခိုင်သိန်းသည် ၎င်း၏ Fan Page Like နှစ်သိန်းပြည့် အထိမ်းအမှတ်အဖြစ် ပရိသတ် များကို မေးခွန်းများမေးကာ အမှန်ကန်ဆုံးဖြေဆိုနိုင်သည့် ပရိသတ်ဆယ်ဦးနှင့် တွေ့ဆုံသည့်ပွဲကိုလည်း ဇွန်လ ၃ ရက်က ပြုလုပ်ခဲ့သည်။

7Day Daily