စားသုံးရန် အန္တရာယ်ရှိကြောင်း နာမည်ကြီးခဲ့သည့် အာလူးကြော်နှင့် အချိုရည်များကိစ္စ FDA ရှင်းပြီ

ပို့စ်တင်ချိန် - 6/19/2014 11:17:00 AM


လူထုအကြားစား သုံးရန်အန္တရာယ်ရှိသည်ဟု သ တင်းများထွက်ပေါ်ခဲ့သည့် Oishi Snack အာလူးချောင်းကြော်၊ Rockerအချိုရည်များသည် အ များပြည်သူ စားသုံးရန်အန္တရာယ် မရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲ ညွှန်ကြားရေးမှူးဒေါက်တာထွန်းဇော်က ပြောသည်။ ဇွန် ၁၈ ရက်က နေပြည် တော်၊ အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေး ဦးစီးဌာနတွင်ပြု လုပ်သော Dee Do အချိုရည်နှင့် ပတ်သက်၍ မီဒီယာများသို့အသိ ပေးရှင်းလင်းပွဲတွင်၎င်းကထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘Oishi စစ်ဆေးပြီးပြီ။စား သုံးရန်သင့်တယ်။ DeeDoလည်း ပြောပြီးပြီ။ Rocker ရှင်းပြပြီးပြီ။ Oishi ပြည်တွင်းထုတ်လုပ်ဖို့အ တွက် ထောက်ခံချက်ပေးထား တာရှိတယ်။ Rocker ပြည်တွင်း ထုတ်လုပ်ဖို့ထောက်ခံချက်ပေး ထားတယ်။ DeeDo ကို ပြည်တွင်း မှာ တင်သွင်းဖို့ပေးထားတာရှိ တယ်’’ဟု ညွှန်ကြားရေးမှူးဒေါက် တာထွန်းဇော်က ရှင်းပြသည်။

ပြည်ပစားသောက်ကုန်များ ပြည်တွင်းသို့ တင်သွင်းခြင်းကို အများပြည်သူစားသုံးရန်သင့် တော်လျှင် သွင်းခွင့်ပေးပြီး၊ စား သုံးရန် မသင့်တော်လျှင်တင်သွင်းခွင့်ကို တားမြစ်ပိတ်ပင်ကြောင်း၊ တားမြစ်ပိတ်ပင်ထားသော ပြည် ပ စားသောက်ကုန်ပစ္စည်း အ များအပြားရှိကြောင်း အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊အစားအသောက်ဌာနခွဲ မှ သတင်းရရှိသည်။

‘‘FDA က အခုလို ရှင်းပြတာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီပြဿနာတွေက ကြာခဲ့ပြီ၊ အဲ့ဒီလောက်သာ ကြာကြာနေရင်တော့ စားသုံးသူတွေ ဒုက္ခရောက်ရချည်ရဲ့’’ ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

Rocker အချိုရည် ထုတ် လုပ်ခွင့်လျှောက်ထားမှု စိစစ်ဆဲ ကာလတွင်ဈေးကွက်ထဲတွင်ဖြန့် ချိထားသဖြင့် နှစ်ပတ်အတွင်း ပစ္စည်းများ အကုန်သိမ်းစေခဲ့ ကြောင်း၊ ယင်းနောက် ရွှေပြည် သာရှိ Rocker အချိုရည်စက်ရုံထိ သွားရောက်စစ်ဆေးပြီး၊ ဈေး ကွက်တွင်းရှိRocker အချိုရည်နမူနာများကိုလည်း စစ်ဆေးခဲ့ ကြောင်း၊ စက်ရုံကို စစ်ဆေးခြင်း များဆောင်ရွက်ပြီး ထုတ်လုပ် သည့် အရည်အချင်း ပြည့်မီ၍ ထောက်ခံချက်ပေးခဲ့ကြောင်း ယင်းဌာနမှ တာဝန်ရှိသူကပြောသည်။ Oishi Snack အာလူးချောင်း ကြော် မီးရှို့လျှင် မီလောင်ခြင်း မှာ အာလူးချောင်းအခြောက်မှာ ရေမပါခြင်း၊ ဆီဖြင့်ကြော်ထား ခြင်း၊ ပွလာခြင်းတို့ကြောင့် မီးရှို့ လျှင် အခြားအာလူးချောင်းထုတ် ကုန်များနည်းတူ မီးလောင်မည် ဖြစ်ကြောင်းအဆိုပါရှင်းလင်းပွဲ တွင် ထည့်သွင်းပြောကြားခဲ့သည်။

တောင်ငူမြို့၊ ဇေယျသီရိမိ ဘမဲ့အမျိုးသမီးဂေဟာ၌ မေလ အတွင်းကဖြစ်ပွားခဲ့သော အစာအဆိပ်သင့်မှုဖြစ်စဉ်တွင် ဆန်ပြား သုပ်နှင့် DeeDo အချိုရည်တိုက် ကျွေးခဲ့ကြောင်း စိစစ်တွေ့ရှိရပြီး ကျွေးမွေးသော ဆန်ပြားသုပ်နမူ နာ၊ DeeDo အချိုရည်နမူနာ၊ ဖျော်စပ်သော၊ တိုက်ကျွေးသော ရေနမူနာများ၊ အစားအသောက် ကိုင်တွယ်သူများ၏ လက်၊ နှာ ခေါင်း၊စအိုတို့၏ နမူနာများမှ ဘက်တီးရီးယားပိုးနှင့် ပိုးဆိပ်များ ပေါက်ဖွားမှုမရှိကြောင်းစစ်ဆေး တွေ့ရှိရသည်ဟု ကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

7Day Daily