ကမ္ဘာ့ဖလားရောဂါက နာဆာ အာကာသယာဉ်မှူး တွေကိုပါ စွဲကပ်နေ

ပို့စ်တင်ချိန် - 6/19/2014 05:57:00 AM


နာဆာ ရဲ့ အာကာသယာဉ်မှူးတွေ ဖြစ်တဲ့ Reid Wiseman၊ Steve Swanson နဲ့ ဥရောပအာကာသအေဂျင်စီ က  ဂျာမနီနိုင်ငံသား အာကာသယာဉ်မှူး Alexander Gerst တို့ ဟာ ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကို အာကာသကနေ တိုက်ရိုက်ကြည့်နေကြပါတယ်။ အပြည်ပြည်ဆိုင်ရာအာကာသစခန်းအတွင်းမှာ တပ်ဆင်ထားတဲ့ ဒေတာဖမ်းစက်ကနေ တိုက်ရိုက်ကြည့်ရှုနေကြကြောင်း နာဆာက တရားဝင်ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာ့ဖလားပွဲဝင် အသင်းတွေ၊ကစားသမားတွေနဲ့  ပွဲကြည့်ပရိတ်သတ်တွေအတွက် ဆုမွန်ကောင်းတောင်း ပေးထားတဲ့ စကားနဲ့ အတူ ISS (International Space Station) က ၀န်ထမ်းတွေအာကာသစခန်းအတွင်းမှာ ဆွဲငင်အားအကန့်  အသတ်နဲ့  ဘောလုံးကစားနေကြတဲ့ ဗီဒီယိုဖိုင်ကိုလည်း နာဆာက မကြာသေးမီက ထုတ်ပြန်ခဲ့ပါသေးတယ်။

နာဆာအာကာသယာဉ်မှူးတွေရဲ့ မိခင်နိုင်ငံ အမေရိကန်အသင်းနဲ့ ဥရောပအာကာသအေဂျင်စီက ဂျာမနီ အာကာသယာဉ်မှူးရဲ့ ဂျာမနီလက်ရွေးစင်အသင်းတို့ ဟာ ဂျွန်လ ၂၆ ရက်နေ့ မှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

Trend Myanmar