တိုင်ချက်ဖွင့်ခံထားရခြင်းမှာ အုပ်ထိန်းသူများနှင့် နားလည်မှု လွဲခြင်းသာဖြစ်သည်ဟု ကြည်လင်း ရှင်းချက်ထုတ်

ပို့စ်တင်ချိန် - 6/19/2014 06:24:00 AM


ရှင်းလင်းချက်အနည်းငယ် ရေးသားထားသော ကြည်လင်း၏ Facebook စာမျက်နှာ။

အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်ကို သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု တိုင်ချက်အဖွင့်ခံထားရသော ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ကြည်လင်းက ၎င်း၏ ပြဿနာမှာ အုပ်ထိန်းသူများနှင့် နားလည်မှု လွဲခြင်းသာဖြစ်ပြီး အဆိုပါ မိန်းကလေးနှင့်မိမိ၏ အခြေအနေမှာ ချစ်သူများ ဖြစ်ကြသည်ဟု ၎င်း၏ တရားဝင် Facebook စာမျက်နှာတွင် ရှင်းလင်းဖော်ပြသွားခဲ့သည်။
ကမာရွတ်မြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခံထားရသည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကြည်လင်းက သူ၏ Facebook စာမျက်နှာတွင်
" ကျွန်တော်နဲ့သူနဲ့က ချစ်သူတွေပါ။ အခု ဖြစ်နေတဲ့ ကိစ္စတွေဟာ အုပ်ထိန်းသူတွေနဲ့ နားလည်မှု လွဲလို့ ဖြစ်နေရတာပါ။ လောလောဆယ် ကျွန်တော် ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်…" ဟု ရေးသားဖော်ပြထားခဲ့သည်။

Mizzima Sport News