နိုင်ငံခြားသားအိမ်ရှင်လင်မယား၏ နှိပ်စက်ခံရသည့် မြန်မာအိမ်အကူ စင်ကာပူ တရားရုံးသို့ ပထမဆုံးအကြိမ် တက်ရောက်မည်

ပို့စ်တင်ချိန် - 6/19/2014 07:33:00 PM



မြန်မာအိမ်အကူအား နှိပ် စက်မှုဖြင့် အမှုဖွင့်ခံထားရသော စင်ကာပူနိုင်ငံနေ နိုင်ငံခြားသား လင်မယားနှစ်ဦးကို ဇူလိုင် ၁ ရက် တွင် ဒုတိယအကြိမ် ရုံးထုတ်စစ် ဆေးမည်ဖြစ်ပြီး နှိပ်စက်ခံရသူ မမိုးမိုးသန်းကိုယ်တိုင် ရုံးတော်သို့ ပထမဆုံးအကြိမ် တက်ရောက် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘မမိုးမိုးသန်းက အခုကျွန်မ တို့ ကူညီစောင့်ရှောက်မှုအောက် မှာရှိနေပြီး ဇူလိုင် ၁ ရက် ရုံးချိန်း ကို သူတက်မယ်လို့ပြောပါတယ်။ ဇွန်လ ၁၃ မှာအိမ်ရှင်လင်မယား ကို ပထမဆုံးရုံးထုတ်ပါတယ်။ မမိုးမိုးသန်းဟာ နှိပ်စက်တာမခံ နိုင်လွန်းလို့ မြန်မာနိုင်ငံကို ခိုးပြန် သွားပြီး စင်ကာပူပို့ပေးတဲ့ အေး ဂျင့်ဆီအကြောင်းစုံပြောတော့ အဲဒီအေးဂျင့်ကပဲ မခံနိုင်လို့ စင် ကာပူကို အကုန်အကျခံပြန်ပို့ပြီး ရဲကိုတိုင်စေတာဖြစ်ပါတယ်’’ဟု မမိုးမိုးသန်းအား ကူညီစောင့်ရှောက် မှုပြုနေသော ကမ်းလက်များ (He-lping hands) အဖွဲ့မှ မကစ် တီက ပြောသည်။

မြန်မာနိုင်ငံရှိ အေးဂျင့်၏ ဦးဆောင်မှုဖြင့် မမိုးမိုးသန်းက စင်ကာပူလူ့စွမ်းအားဝန်ကြီးဌာန (MOM)ကို တိုင်ကြားခဲ့ပြီး ရဲက အမှုဖွင့်ပေးခဲ့သည်။ ရဲနှင့် MOM အရာရှိတို့ မမိုးမိုးသန်း၏ အိမ်ရှင် အိမ်သို့ သွားရောက်စစ်ဆေးရာ တွင် အင်ဒိုနီးရှားနိုင်ငံသူ အိမ် အကူတစ်ဦးကိုပါ ထပ်မံတွေ့ရပြီး ၎င်းအိမ်အကူက အိမ်မှကယ် ထုတ်ပေးပါကအမှုတွင် သက် သေလုပ်မည်ဟု ကမ်းလှမ်း ကြောင်း မကစ်တီက ပြောသည်။

‘‘အင်ဒိုအိမ်အကူက သက် သေလုပ်ပေးမယ်ဆိုတာနဲ့ MOM နဲ့ ရဲအရာရှိတွေ ထတောင်ခုန် တယ်။ ဝမ်းသာလို့။ အမှုက သက် သေမရှိဘူးဖြစ်နေတာလေ။ မမိုး မိုးသန်းကို ရဲကစုံစမ်းစစ်ဆေးနေ စဉ်အတွင်း အစိုးရအဆောင်တစ် ခုမှာထားပြီး တစ်နှစ်နဲ့နှစ်လကြာ ပါတယ်။ ပြီးခဲ့တဲ့လကမှ အမှု က တရားရုံးစရောက်တာဖြစ်ပါ တယ်’’ဟု ၎င်းက ပြောသည်။

မမိုးမိုးသန်းမှာ ကမ်းလက် များ၏ စောင့်ရှောက်မှုအောက် တွင်ရှိနေပြီး အလုပ်လုပ်ရန် ကမ်း လှမ်းမှုများရှိသော်လည်း အိမ် အကူအလုပ်ကို  ကြောက်ရွံ့၍ မလုပ်လိုတော့ကြောင်း သိရှိရ သည်။ ဇူလိုင် ၁ ရက် ရုံးချိန်းတွင် စွဲဆိုထားသော နိုင်ငံခြားသားအိမ် ရှင်လင်မယားနှစ်ဦးကို စစ်ဆေး မည်ဖြစ်ပြီး အိမ်ရှင်အမျိုးသားကို စွဲချက် ၂၁ ချက်၊ အိမ်ရှင်အမျိုး သမီးကို စွဲချက် ၁၁ ချက်ဖြင့် တရားရုံးက  စွဲချက်တင်ထား သည်။


7day daily