မက်ဆီအား ဓာတ်ပုံရိုက်ယူရန်အတွက် အာဂျင်တီးနားလေ့ကျင့်ရေးကွင်း အတွင်းသို့ ခိုးဝင်ခဲ့သူဖမ်းဆီးခံခဲ့ရ

ပို့စ်တင်ချိန် - 6/19/2014 06:25:00 AM


ဘရာဇီးလ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဘရာဇီးလ်ပရိသတ် ဒင်းနစ် (Photo:AFP)

အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူး မက်ဆီအား ဓာတ်ပုံရိုက်ယူရန်အတွက် အာဂျင်တီးနားအသင်း၏လေ့ကျင့်ရေးကွင်းအတွင်းသို့ ခိုးဝင်ခဲ့သူတစ်ဦးအား ဘရာဇီးလ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်းသိရသည်။ ယင်းကဲ့သို့ ခိုးဝင်ခဲ့သူမှာ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်လူမျိုးတစ်ဦးဖြစ်သည့် ဒင်းနစ်ဆိုသူဖြစ်ပြီး ၎င်းမှာ America ကွင်းအတွင်း အာဂျင်တီးနားအသင်းသတင်းစာရှင်းလင်း ပွဲပြုလုပ်နေစဉ် ကွင်းအတွင်းသို့ကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ဒင်းနစ်သည် ပြီးခဲ့သည့်တစ်ပတ်ကလည်း အာဂျင်တီးနားအသင်း၏လေ့ကျင့်ရေးကွင်းသို့ဝင်ရောက်ကာ မက်ဆီ၏ဖိနပ်အားသန့်ရှင်းရေးပြုလုပ်ခဲ့ပြီး မက်ဆီထံမှ တီရှပ်တစ်ထည်ရယူခဲ့ကြောင်းသိရသည်။

Eleven Media Group