ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် Beats နားကြပ်များ အသုံးပြု ခြင်းကို ဖီဖာတားမြစ်

ပို့စ်တင်ချိန် - 6/19/2014 03:11:00 PM


ဘရာဇီးလ် အကျော်အမော် နေမာ အပါအဝင် ထိပ်တန်း ဘောလုံး ကစားသမားအချို့ တပ်ဆင်အသုံးပြုကြသည့် Beats by Dr.Dre နားကြပ်များကို ကွင်းအတွင်း အသုံးမပြုရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က တားမြစ်လိုက်သည်။



ယခုကဲ့သို့ Beats နားကြပ်များ အသုံးမပြုရန် တားမြစ်ခြင်းသည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို Sony က စပွန်ဆာပေးထားသည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။



ယခုကဲ့သို့ ကမ္ဘာ့အားကစားပြိုင်ပွဲများတွင် Beats နားကြပ်များ အသုံးပြုခွင့် တားမြစ်ခြင်းသည် ပထမဦးဆုံး အကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် နွေရာသီက ပြုလုပ်ခဲ့သည့် London Olympics တွင် ကမ္ဘာ့ထိပ်တန်း အားကစားသမားများထံသို့ Beats က နားကြပ်ထောင်ပေါင်းများစွာ အခမဲ့ ပေးပို့ခဲ့သော်လည်း ပြိုင်ပွဲစပွန်ဆာမှာ Beats မဟုတ်သည့် အတွက် ကမ္ဘာ့အိုလံပစ်ကော်မတီက တားမြစ်ခဲ့ဖူးသည်။ ထို့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘောလုံး ကစားသမားကဲ့သို့ပင် အိုလံပစ် ကစားသမားများကို စပွန်ဆာပေးထားသည့် နားကြပ်များ တပ်ဆင် အသုံးပြုခြင်းကိုလည်း ထိုစဉ်က ပိတ်ပင်တားမြစ်ခဲ့သည်။



ပြီးခဲ့သည့်လက Apple သည် Beats ကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် အဆိုပါ Beats အမှတ်တံဆိပ်ကို ဂီတနှင့် အားကစားလောကတွင် ရွေးချယ်စရာတစ်ခု ဖြစ်လာလိမ့်မည်ဟု Apple က ပြောကြားခဲ့သည်။



Ref: CNET

Internet Journal