ကိုရီးယားအနုပညာရှင်များ မြန်မာနိုင်ငံသို့ ယဉ်ကျေးမှုဖလှယ်ရန် လာရောက်မည်

ပို့စ်တင်ချိန် - 7/09/2013 09:02:00 AM

ကိုရီးယားနိုင်ငံမှ ပန်းချီ ၊ ပန်းပု ၊ ဓါတ်ပုံ ၊ ဆောင်းပါးရေးသူများ ပါဝင်သော ကိုရီးယားအနုပညာရှင် (၈) ဦးမှာ မြန်မာပြည်သို့ ဇူလိုင်လ (၉) ရက် မှ သြဂုတ်လ (၂)ရက်နေ့ အထိ လာရောက်လည်ပတ်မည်ဟု သိရသည်။

ကိုရီးယား အနုပညာရှင်များသည် မြန်မာနိုင်ငံ ရန်ကုန် ၊ မန္တလေး ၊ ပုဂံ ၊ ညောင်ဦးဒေသများသို့ လေ့လာရေးခရီး သွားကာ ပန်းချီဆွဲ ၊ ပန်းပုထု ၊ ဓါတ်ပုံရိုက်ကူးကြမည်ဖြစ်သည်။

ကိုရီးယား အနုပညာရှင်များမှာ မြန်မာပြည်သို့ လေ့လာရေးခရီးသွားရောက်ရာ၌ ရွှေအလင်းတန်း မြန်မာ အသင်း (ကိုရီးယား) မှ ပံ့ပိုးကူညီပေးရမည့်အချက်များကို တာဝန်ရှိသူများနှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရသည်။

ဇူလိုင်(၂၂) ရက်နေ့ နောက်ပိုင်းတွင် လှော်ကား တပ်ဦးကျောင်းရှိ ကလေးငယ်များအတွက် စာအုပ် ၊ ခဲတံ ၊ အကျီ ၊ ပန်းချီဆွဲသည့် ကိရိယာများ ၊ ကစားစရာပစ္စည်းများကိုလည်း ကိုရီယား အနုပညာရှင်များမှ လှူဒါန်း သွားမည်ဟု သိရသည်။

ဇူလိုင်(၂၇) နေ့တွင် လေ့လာရေးခရီးအတွေ့အကြုံများအား New Zero Art Space တွင် ပန်းချီ ၊ ပန်းပု ၊ ဓါတ်ပုံများကို ပြပွဲ တစ်ရပ် ပြုလုပ် ကျင်းပမည် ဖြစ်ကြောင်းနှင့် အဆိုပါ ပြပွဲသို့ ပြည်တွင်း မီဒီယာများမှ သတင်းများ လာရောက် ရယူနိုင်ကြောင်း သိရှိရသည်။

အဆိုပါ လေ့လာရေးခရီးကို ဂျောန်ငန်းယောင်း ၊ ဆောဂျူန်ဟို တို့မှ ဦးဆောင်ပြီး ကိုရီးယား အနုပညာရှင် (၈) ဦးတို့ လာရောက်ကြမည်ဖြစ်သည်။

အဖွဲ့ဝင် (၈)ဦးပါ မြန်မာပြည်လေ့လာရေးခရီးလာရောက်ရခြင်း ရည်ရွယ်ချက်မှာ   မြန်မာ-ကိုရီးယား ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်ကြောင့် ဖြစ်သည်ဟု သိရသည်။

ရွှေမြစ်မခ