Viber က မြန်မာ့ရေခံမြေခံနှင့် ကိုက်ညီသော စတစ်ကာရုပ်ပုံများကို အခမဲ့ဖြန့်မည်ဟုဆို

ပို့စ်တင်ချိန် - 7/31/2014 07:13:00 PM


Viber ကုမ္ပဏီမှ မြန်မာ့ ရေခံမြေခံနှင့် ကိုက်ညီသော စတစ်ကာ ရုပ်ပုံလေးများကို အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဗိုလ်တထောင် မြို့နယ် 50 Street Bar ၌ မီဒီယာများနှင့် တွေ့ဆုံစဉ် Viber ကုမ္ပဏီ၏ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မန်နေဂျာ Crystal Lee ကပြောသည်။

စတစ်ကာတွေကို မြန်မာ့ရေခံမြေခံ ယဉ်ကျေးမှုကို အခြေခံပြီးတော့ လုပ်မှာဖြစ်ပါတယ်။ ဒီစတစ်ကာတွေကို အခု စတင် လုပ်ဆောင်နေပါပြီ။ ကျွန်မတို့ ကြိုးစားနေပါ တယ်။ လအနည်းငယ်အတွင်း ရနိုင်အောင် စီစဉ်ပါမယ်။ အဲဒီစတစ်ကာတွေဟာ မြန်မာပြည် တစ်ပြည်လုံး ယဉ်ကျေးမှုအရလည်း အသုံးပြုလို့ရတဲ့ ရုပ်ပုံလေးတွေဖြစ်ဖို့ ကြိုးစားနေပါတယ် ဟု ၎င်းက ဆက်ပြောသည်။

၎င်းစတစ်ကာ၏ နမူနာရုပ်ပုံတွင် I Love Myanmar ဟူသော စာသားများနှင့် မြန်မာ အပျိုလေးတစ်ဦး ဆံထုံးတွင် ပန်းပန်ကာ ပါးပြင်တွင် သနားခါးလူးထားသော ပုံ၊ နောက်ခံတွင် ဆုလစ်မွန်းချွန်နှင့် ထန်းပင် ထန်းလက်များ ရေးဆွဲထားကြောင်း သိရသည်။ ယခုကဲ့သို့ ဒေသခံတိုင်းပြည်၏ ရေခံ မြေခံနှင့် ကိုက်ညီအောင် အိနိ္ဒယနိုင်ငံနှင့် ဘရာဇီးနိုင်ငံများတွင်လည်း Viber က ပြုလုပ်ခဲ့ကာ အောင်မြင်မှုလည်း ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

Viber စတစ်ကာကို ပထမ အခမဲ့ပေးပါမယ်။ နောက်တစ်ဆင့်မှာတော့ အခမဲ့နဲ့ ၀ယ်ယူခြင်းတွဲပြီး ထွက်လာမယ်ဟု Crystal Lee က ပြော သည်။ Viberသည် နိုင်ငံပေါင်း (၁၉၃) နိုင်ငံတွင် သုံးစွဲသူ သန်းပေါင်း (၃၇၀) ကျော်ရှိပြီး ယူကေ၊ ဗီယက်နမ်၊ ရုရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အစ္စရေး၊ အိနိ္ဒယ၊ ဆိုက်ပရပ်စ်၊ ဘရာဇီးနှင့် ဘီလာရုစ် နိုင်ငံများတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတွင် ဇူလိုင်လ (၃၀) ရက်နေ့၌ Viber သုံးစွဲသူပေါင်း ငါးသန်းရှိ နေပြီ ဖြစ်ကြောင်း Viber က ကြေညာခဲ့သည်။
See More: http://messengernewsjournal.com/News/Local/detail.php?id=19888

Messenger News Journal