သိန်းလေးရာကျော်တန် စိန်နှစ်ပွင့် ပွဲစားက ပေါင်ပစ်ဟုဆို

ပို့စ်တင်ချိန် - 12/12/2013 11:34:00 AM


ရောင်းချရန် အပ်နှံထားသည့် ကျပ်သိန်းလေးရာကျော် တန်ဖိုးရှိ စိန်နှစ်ပွင့်ကို အလွဲသုံးစားလုပ်ထားသည်ဟု စွပ်စွဲချက်ဖြင့် အမှုဖွင့်တိုင်ကြားမှုတစ်ခုကို ပန်းဘဲတန်းရဲစခန်းက ဒီဇင်ဘာ ၁၀ ရက်တွင် စတင်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဗိုလ်တထောင်မြို့နယ် (၅)ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်း၊ချယ်ရီအိမ်ရာတွင် နေထိုင်သည့် ဒေါ်နီနီရွှေ သွေး ၄၄ နှစ်က အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

တိုင်ကြားသူ ဒေါ်နီနီရွှေသွေး၏ထွက်ဆိုချက်အရ ၎င်းသည် နိုဝင်ဘာလ ၂၅ ရက်က ရွှေဘုံသာလမ်း (အောက်)၊မွေးမြူရေးဘဏ်ရှေ့ လက်ဖက်ရည်ဆိုင်တွင် မိတ်ဆွေ ဒေါ်ခင်သန်းဦးနှင့်အတူရှိနေစဉ် တန် ဘိုး ကျပ် ၄၂၆ သိန်းရှိ Kကာလာ (၂ ဒသမ ၀၃ ကာရက်) စီရှိသော စိန်နှစ်ပွင့်ကို ၀ယ်လက်သို့ ပြသ ရောင်းချနိုင်ရန် ကြည့်မြင်တိုင်၊ ထီးတန်းရပ်ကွက်၊ ထီးတန်း (၁)လမ်း၊ အမှတ် (၉)တွင် နေထိုင်သည့် ကုန်သည်ပွဲစားဖြစ်သူ ဒေါ်အေးစီဆိုသူထံ ပေးအပ်ထားသည်ဟု အမှုဖွင့်ရာတွင် ပြောဆိုထားသည်။

ထို့နောက် အဆိုပါစိန်နှစ်ပွင့် ရောင်းရငွေများအား ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် စုံစမ်းရာတွင် (၂၄) လမ်းရှိ မစန်းစန်းနုထံတွင် ပေါင်နှံထားရှိကြောင်းနှင့် ဒေါ်အေးစီသည် အပေါင်လက်မှတ်များကိုသာ ပြန် လည်အပ်နှံပြီး စိန်နှစ်ပွင့်အား ပြန်လည်ရွေးချယ်ပေးခြင်းမရှိဘဲ အကြောင်းအမျိုးမျိုးပြ တိမ်းရှောင်နေခဲ့ သည်ဟုလည်း စွပ်စွဲထားသည်။ ထို့အတွက် ဒေါ်အေးစီကို အလွဲသုံးစားလုပ်မှုဖြင့် အရေးယူပေးရန် စွပ် စွဲတိုင်တန်းထားခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ တိုင်တန်းမှုကို ရဲစခန်းက (ပ)၄၀၅/၂၀၁၃ ဖြင့်အမှုဖွင့် ပြီး တိုင်တန်းခံထားရသူကို လိုက်လံရှာ ဖွေနေကာ ပြစ်မှုမှန်ကန်ပါကလည်း ပုဒ်မ ၄၀၆ ဖြင့် အရေးယူသွားမည်ဟု ပန်းဘဲတန်း ရဲ တပ်ဖွဲ့က ဆိုထားသည်။

Mizzima Burmese