တ​ရုတ်​လုပ်​ငန်း​ရှင်​များ​ကို ​တာဝန်​သိ ​ရင်း​နှီး​မြှုပ်​နှံ​မှု ​လုပ်​စေ​လို

ပို့စ်တင်ချိန် - 12/12/2013 03:15:00 PM


တ​ရုတ်​လုပ်​ငန်း​ရှင်​တွေ​အ​နေ​နဲ့ ​မြန်​မာ​နိုင်​ငံ​မှာ ​ရင်း​နှီး​မြှုပ်​နှံ​တော့​မယ်​ဆို​ရင် ​နိုင်​ငံ​တ​ကာ ​စံ​ချိန်​စံ​ညွှန်း​တွေ​နဲ့​အ​ညီ ​တာဝန်​သိ​သော ​ရင်း​နှီး​မြှုပ်​နှံ​မှု​ကို​ပဲ ​လုပ်​စေ​ချင်​တဲ့​အ​ကြောင်း ​မြန်​မာ​နိုင်​ငံ ​ကုန်​သည်​များ​နဲ့ ​စက်​မှု​လုပ်​ငန်း​ရှင်​များ ​အ​သင်း​ချုပ် (UMFCCI ​ရဲ့ ​တွဲ​ဖက်​အ​တွင်း​ရေး​မှူး ​ဦး​အေး​လွင်​က ​ပြော​ပါ​တယ်။

တ​ရုတ်​နိုင်​ငံ ​ကွမ်​ကျိုး​မြို့​က ​စီး​ပွား​ရေး​လုပ်​ငန်း​ရှင် ၇၀ ၀န်း​ကျင် ​ရန်​ကုန်​ကို ​လာ​ရောက်​ပြီး ​မြန်​မာ ​စီး​ပွား​ရေး​လုပ်​ငန်း​ရှင် ၅၀ ​လောက်​နဲ့ ​ရန်​ကုန် ​ဆီ​ဒိုး​နား​ဟို​တယ်​မှာ ​ဒီ​ဇင်​ဘာ ၁၁ ​ရက်​နေ့​က ​တွေ့​ဆုံ​ဆွေး​နွေး​ချိန် ​သူ​က ​ခု​လို ​ပြော​လိုက်​တာ ​ဖြစ်​ပါ​တယ်။

လက်​ရှိ ​အ​ချိန်​မှာ ​တ​ရုတ်​တင်​မ​က ​ဂျ​ပန်၊ ​တောင်​ကို​ရီး​ယား​နဲ့ ​အ​နောက်​နိုင်​ငံ​က ​ရင်း​နှီး​မြှုပ်​နှံ​မှု​တွေ ၀င်​ရောက်​စ​ပြု​နေ​ပြီ ​ဖြစ်​လို့ ​တ​ရုတ်​လုပ်​ငန်း​ရှင်​တွေ​ကို ​ခု​လို ​သ​တိ​ပေး ​ပြော​ကြား​လိုက်​တာ ​ဖြစ်​ပါ​တယ်။

အဲ​ဒီ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​မှာ ​စက်​မှု​လုပ်​ငန်း​၊ ​လယ်​ယာ​မြေ​လုပ်​ငန်း​၊ ​ရေ​အား​လျှပ်​စစ်​လုပ်​ငန်း ​နဲ့​  ​လျှပ်​စစ်​ပ​စ္စည်း​ထုတ်​လုပ်​တဲ့​လုပ်​ငန်း ​အ​ပါ​အ၀င် ​လုပ်​ငန်း​ပေါင်း​များ​စွာ ​လုပ်​ကိုင်​နိုင်​မယ့် ​ကိ​စ္စ​တွေ​ကို ​ဆွေး​နွေး​ခဲ့​ကြ​ပါ​တယ်။
ဒီဗွီဘီ