လား​ရှိုး​မြို့ ​လောင်း​က​စား​ရုံ​များ ​ပိတ်​ပေး​ရန် ​မြို့​ခံ​များ ​တောင်း​ဆို

ပို့စ်တင်ချိန် - 12/12/2013 12:04:00 PM


လား​ရှိုး​မြို့​ရဲ့ ​ရပ်​ကွက်​တိုင်း​လို​လို​မှာ ​ဖွင့်​ထား​တဲ့ ​အ​ကြွေ​စေ့​လောင်း​က​စား​ရုံ​တွေ​ကို ​ပိတ်​သိမ်း​ပေး​ဖို့​နဲ့ ​ဖမ်း​ဆီး​အ​ရေး​ယူ​ပေး​ဖို့ ​မြို့​ခံ​လူ​တွေ​က ​တာဝန်​ရှိ​သူ​တွေ​ကို ​တောင်း​ဆို​လိုက်​ကြ​ပါ​တယ်။

လား​ရှိုး​မြို့ ​လူ​စည်​ကား​တဲ့ ​နေ​ရာ​တွေ​ဖြစ်​တဲ့ ​စာ​သင်​ကျောင်း​၊ ​ကား​ဂိတ်၊ ​ဘူ​တာ​တွေ​ရဲ့​အ​နီး​မှာ ​ပိုက်​ဆံ​နဲ့ ​လဲ​ပြီး ​က​စား​ရ​တဲ့ ​အ​ကြွေ​စေ့ ​လောင်း​က​စား​ရုံ​တွေ ​ဖွ​င့်​လှစ်​ထား​တာ​ပါ။

Lasho​အဲ​ဒီ​လောင်း​က​စား​ရုံ​တွေ​ကြောင့် ​လူ​ကြီး​တွေ​ရော၊ ​က​လေး​တွေ​ပါ ​စာ​ရိ​တ္တ ​ပျက်​ပြား​နေ​လို့ ​ကျောင်း​ဆ​ရာ ​ဆ​ရာ​မ​တွေ၊ ​ကျောင်း​သား​မိ​ဘ​တွေ​အ​ပါ​အ၀င် ​မြို့​ခံ​လူ​ထု​က ​လောင်း​က​စား​ရုံ​တွေ ​ပိတ်​သိမ်း​ဖို့ ​လို​လား​နေ​ကြ​ပါ​တယ်။

လား​ရှိုး​မြို့​ခံ ​တ​ဦး​က “​ရပ်​ကွက် ၉ ​မှာ​ဆို​ရင် ​ငါး​မန်း​ရုံ​တွေ​က ​အ​များ​ကြီး ​ဖြစ်​နေ​ပါ​တယ်။ ​က​လေး​တွေ​လည်း ​စာ​ရိ​တ္တ ​အ​တော်​ပျက်​စီး​နေ​ပါ​တယ်။ ​ဒီ​ငါး​မန်း​ရုံ​နဲ့ ​ပတ်​သက်​ပြီး ​ခိုး​မှု​ဆိုး​မှု​တွေ ​အ​တော်​များ​များ ​ဖြစ်​နေ​ပါ​တယ်။ ​သုံး​ဘီး​သ​မား​တွေ​ဆို​ရင်​လည်း ​လင်​မ​ယား​ချင်း ​ကွဲ​ကြ၊ ​ပြဲ​ကြ ​ဖြစ်​နေ​တာ ​တော်​တော်​များ​နေ​ပါ​ပြီ။ ​အဲ​ဒါ​ကြောင့် ​ငါး​မန်း​ရုံ​တွေ ​ပိတ်​ပေး​ဖို့​နဲ့ ​ဖမ်း​ဆီး​ပေး​ဖို့ ​တိုင်​ကြား​အပ်​ပါ​တယ်” ​လို့ ​ပြော​ပါ​တယ်။

ကျောင်း​သား​မိ​ဘ​တ​ဦး​က​လည်း ​ဒီ​လောင်း​က​စား​ရုံ​တွေ​ကြောင့် ​တ​ချို့​က​လေး​တွေ ​ခိုး​တတ်​လာ​နေ​ကြ​ပြီ​လို့ ​ပြော​ပါ​တယ်။

“​ဒီ​ဟာ​တွေ​က ​မ​ရှိ​သင့်​ဘူး​ပေါ့​နော်။ ​က​လေး​တွေ​လည်း ​စာ​ရိ​တ္တ​ပျက်​တယ်။ ​တ​ချို့​က​လေး​တွေ​လည်း ​ခိုး​တက်​တဲ့​အ​ကျင့်​တွေ ​ဖြစ်​နေ​ပါ​ပြီ။ ​ကျောင်း​တွေ​လည်း ​လုံး​၀​မ​သွား​ပဲ ​က​လေး​တွေ ​အား​လုံး​က ​ဂိမ်း​ဆိုင်​ကို ​ရောက်​နေ​ပါ​တယ်။ ​သူ​များ​တွေ​လည်း ​စီး​ပွား​ရေး​တွေ ​ပျက်​ပြား​နေ​ပါ​ပြီ။ ​အဲ​ဒါ​တွေ ​ပ​ပျောက်​အောင် ​လုပ်​ပေး​ကြ​ပါ။ ”

လား​ရှိုး​မြို့​ကို ​နေ​ပြည်​တော်​က ​အ​ထူး​အ​ဖွဲ့​တွေ၊ ၀န်​ကြီး​အ​ဆင့် ​ရှိ​သူ​တွေ၊ ​ဌာ​န​ဆိုင်​အ​ရာ​အ​ကြီး​အ​ကဲ​တွေ ​လာ​ရောက်​တဲ့​အ​ချိန်​တွေ​မှာ​တော့ ​လောင်း​က​စား​ရုံ​တွေ​ကို ​ခေ​တ္တ​ပိတ်​ထား​ကြ​ပြီး ​အ​ကြီး​အ​ကဲ​တွေ ​ပြန်​သွား​ရင် ​အ​ရင်​တိုင်း ​ပြန်​ဖွင့်​ကြ​တယ်​လို့ ​မြို့​ခံ​တွေ​က ​ပြော​ပါ​တယ်။

By ​ခွန်​ဇော်​ဦး​ (ဒီဗွီဘီ)