နေတိုးပြောတဲ့ အချစ်အကြောင်း

ပို့စ်တင်ချိန် - 12/12/2013 04:43:00 PM


နေတိုးပြောတဲ့ အချစ်အကြောင်းလူရယ်လို့  ဖြစ်လာရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသလောက် ရှားမယ်ထင် ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်ရမှ အချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ် အနစ်နာခံ တာကိုလည်း အချစ်လို့ဆိုပြန်ပါ တယ်။ အချစ်ဒဿန ဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆို ကြသလိုချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြားမှာ ဘယ်လို ဆက်နွယ်မှု တွေရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့ အခါ...

ခံယူနား လည်ထားတဲ့ အချစ်ဆိုတာ

အချစ်အပေါ်မှာ ခံယူထား တယ်ဆိုတာ မျိုးတော့ မရှိပါဘူး။ ထိတွေ့မှု ဖြစ်ပေါ်လာမှု အပေါ် ဘယ်အလုပ်မဆို အကောင်းဆုံးဖြစ် အောင် တည်ဆောက် သွားရမှာပါ ပဲ။ ချစ်သူ ဘဝဆိုလည်း ချစ်သူဘ ဝ၊ အိမ်ထောင်သည် ဘဝဆိုရင်လည်း အိမ်ထောင်သည်ဘဝ အလျောက် ပေါ့။ အဓိကကတော့ တစ်ဦးအပေါ် မှာ တစ်ဦးနားလည်နိုင်မှု ရှိရမယ်။ နှစ်ဦးနှစ်ဖက် အားသာချက်၊ အား နည်းချက်တွေနဲ့ တစ်ဦးနဲ့ တစ်ဦး အ တွင်းစိတ်တွေကို မြင်နိုင်ဖို့လိုတယ်။ သိနိုင်ဖို့လိုတယ်လို့ အိမ်ထောင်တစ် ခုနဲ့ ပတ်သက်ပြီး ကျွန်တော်မြင်တဲ့ ယူဆချက်ပေါ့။

မြင်မြင်ချင်း ချစ်တယ်ဆိုတာကို ယုံကြည်ပါတယ်

 မြင်မြင်ချင်း ချစ်တယ်ဆိုတာ ကို ယုံကြည်တယ်။ ရှိလည်းရှိပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အ ချစ်ဆိုတာ မြင်မြင်ချင်းမှာလည်း ချစ် မိသွားနိုင်သလို သံယောဇဉ်တွေနဲ့ ထိတွေ့မှုများပြီးတော့ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်း ငြိ ဆိုသလိုမျိုးရှိတာပဲ။ ဒါပေမဲ့ မြင် မြင်ချင်း ချစ်တယ်ဆိုတာရှိလို့ပဲ မြင် မြင်းချင်းပဲချစ်မိတယ် ဆိုတဲ့ သီချင်း ရှိတာပေါ့။ အဲဒီလိုပဲ အချိန်ကြာမြင့် တာနဲ့ သံယောဇဉ်ဆိုတာဖြစ်လာကြ တယ် ဒါကြောင့် ကျွန်တော်တို့က ရှေးထုံးလည်း ပယ်လို့မရပါဘူး။ မိမိအနေနဲ့ အချစ်ကို ဘယ်လိုခံ ယူလဲဆိုတာထက် နှစ်ဦးစလုံး ပေါင်း ဖက်ဖို့ကတော့ တစ်ယောက်အ ကြောင်းကို တစ်ယောက်သိဖို့လို အပ်ပါတယ်။ မသိဘူး ဆိုရင်တော့ သူတို့နှစ်ယောက်ရဲ့ တန်ဖိုး၊ ခံစားမှုတွေက ကြာရှည်စွာရပ်တည် လို့မရပါဘူး။ အချစ်ရဲ့ ခံယူချက်က တော့ တစ်ယောက်နဲ့ တစ်ယောက် အတွင်းကျကျ နားလည်နိုင်ဖို့ လို အပ်တယ်လို့ ကျွန်တော်မြင်ပါတယ်။

အချစ်နဲ့ အိမ်ထောင်ပြုချင်းမှာ ခြားနားချက်တွေ ရှိပါတယ်

အချစ်နဲ့ အိမ်ထောင်ပြုခြင်း ကွဲပြားခြားနားချက်ကိုပြောရမယ် ဆိုရင်တော့ အချစ်ဆိုတာက ရင် ခုန်မှုကနေ နှလုံးသား စိတ်ခံစားမှု ပေါ့။ အိမ်ထောင်ရေးဆိုတာက တော့ ဘဝတစ်ခု တည်ဆောက် တာပေါ့။ လေးနက်မှု ကွာသွားတယ် လို့ ကျွန်တော်ထင်တယ်။ ခဏတာ လိုချင်တက်မက်မှု တဏှာကနေ သစ္စာတရားနဲ့ ပြန်လည်ပေါင်းစပ် တာကို အိမ်ထောင်ရေးလို့ ကျွန် တော်မြင်ပါတယ်။
8 DAYS A WEEK ENTERTAINMENT