Theme Song ဆုရ ရောင်စုံဥယျာဉ် သီချင်းနဲ့ ပတ်သက်ပြီး ပြောစရာတွေ အများကြီးရှိနေ ကြောင်း လင်းထက်ဖွင့်ဟ

ပို့စ်တင်ချိန် - 12/12/2013 04:34:00 PM


မကြာမီကျင်းပတော့မယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲရဲ့ဖွင့်ပွဲမှာ တေးသံရှင်ထူးအယ်လင်း၊ ဆုန်သင်းပါရ်၊ ဂီတမိတ် အဖွဲ့ပါဝင် သီဆိုကြမယ့် ဆီးဂိမ်း Theme Song ” ရောင်စုံ ဥယျာဉ်” တေးသီချင်းဖန်တီးရှင် လင်းထက်က ဆီးဂိမ်းပြိုင်ပွဲမှာ ဖွင့်ပွဲ၊ ပိတ်ပွဲနဲ့ အားကစားပွဲတွေကို လိုက်လံအားပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ ကြောင့် ဆီးဂိမ်း Theme Song ဖန်တီးရှင်ဖြစ်တဲ့ လင်းထက်ရဲ့ ဆီးဂိမ်းပွဲတော်ကြီးနဲ့ ပတ်သက်ပြီး ကြိုးစားထားပုံတွေကို မေးကြည့်တဲ့အခါ ” ကျွန်တော့် ရဲ့ ရောင်စုံဥယျာဉ်သီချင်းလေးကို ဖွင့်ပွဲမှာ ဆိုမယ်ဆိုတာကိုတော့ ကြားထားတယ်။ ကျွန်တော်ကတော့ ဘယ်အပိုင်းမှာ ဘယ် လိုပါရမလဲဆိုတာကိုတော့ မသိသေးဘူး။

ဖွင့်ပွဲအခမ်းအနားနဲ့ပိတ်ပွဲ အခမ်းအနားသွားကြည့်မယ်။ နောက်တစ်ခုက အားကစားပွဲတွေ လိုက်အားပေးမယ်။” လို့ ပြောပါ တယ်။ ဆီးဂိမ်း Theme Song ဖြစ်တဲ့ “ရောင်စုံ ဥယျာဉ်” သီချင်းနဲ့ ပတ်သက်ပြီး ဘဝမှာ အမှတ်တရတွေ အများကြီးရှိခဲ့တဲ့ လင်းထက်က ” ဆီးဂိမ်းသီချင်းနဲ့ ပတ်သက်ပြီး ကျွန် တော့်မှာ ပြောစရာတွေအများ ကြီးရှိပါ တယ်။ ကျွန်တော့် ဘဝအတွက် တကယ်ကို အမှတ်တရ တွေ များခဲ့လို့ပါ။ ဒီသီချင်းလေးကြောင့်လည်း ဒီလောကထဲမှာ ကျယ်ပြန့်တဲ့ အသိုင်းအဝိုင်း ထဲကို ရောက် လာခဲ့ တယ်။ တကယ်တမ်းကျတော့ သီချင်း ပြိုင်ပွဲတစ်ခုလုံးကလည်း အခက်အခဲဖြစ်ခဲ့တယ်။ အားစိုက်မှုတွေ အားလုံးက ကျွန်တော့် တစ် ယောက် တည်း တင် မဟုတ်ပါဘူး။ ဝိုင်းပြီးအား စိုက်ပေးကြတဲ့ ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်။ ရာနဲ့ချီသော လူတွေဟာ ဒီသီချင်း အပေါ်မှာ အားစိုက်ခဲ့ကြ တယ်။ အဲဒီအ တွက်ကြောင့်မို့လို့ အကျိုး ဆက် လေးခံစားရတယ်လို့ပဲ မှတ်ယူပါ တယ်။ ပရိသတ်တွေဆီ ကလည်း အများကြီး အသံကြားရသလို အားကစားသမား တွေ ဆီက လည်း ပြန်ကြားရတဲ့ အ သံ လေး တွေရှိ တော့ ပိုပြီးတော့ ပျော်ပါတယ်” လို့ လင်းထက် က ပြောပါ တယ်။

မျိုးမောင်
Popular Myanmar News Journal